Tuesday, September 29, 2009

အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ် စတင်လှုပ်ရှားပြီ

အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ်
ခမိခဆဲ မှမျှဝေသည်။

လွှတ်တော်ကိုယ်စားလှယ်အတု သိန်းစိန်နှင့် ဉာဏ်ဝင်း ဖိနပ်စာမိမှတ်တမ်း


သိန်းစိန်နှင့် ဉာဏ်ဝင်း ကို ယခုလို ပညာပေးနိုင်ခဲ့သော နယူးယောက်မြို့ ၃၉ လမ်းရှိ East Gate ဟိုတယ်ရှေ့တွင် ဆန္ဒပြသူ အပေါင်းအား လေးစားစွာဖြင့် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

Monday, September 28, 2009

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဖိနပ်နဲ.ပစ်ပေါက်ခံရ


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ မှာ အစည်းအဝေးတက်ရောက်ဖို့ ဟိုတယ်မှာရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ကို ဆန္ဒပြသူတွေကဖိနပ်နဲ့ ပစ်ပေါက်
ခဲ့ကြ သလို မိန့်ခွန်းပြောဖို့ ကုလသမဂ္ဂကို သွားမယ့် ၀န်ကြီးချုပ် သိန်းစိန်ဟာလည်း ဆန္ဒပြသူတွေက
ဟိုတယ်ထွက်ပေါက်တွေကို ပိတ်ထားကြလို့ ဟိုတယ် နောက်ပေါက်ကနေ ထွက်ခွာခဲ့ရပါတယ်။

BBC

"အမှန်တရားအတွက် ဒေါ်အောင်ဆန်းစုကြည်"



# အမှန်တရားအတွက် ကိုယ်ကျိုးမငဲ့
ဦးဆောင်ဦးရွက် ရှေ့တန်းတက်ကာ
ရွတ်ရွတ်ချွန်ချွန်ဆောင် ထောင်တန်းမကြောက်
ထိုးဖောက်ခဲ့သူ........................................။

# အမှန်တရားအတွက်
ရဲဝင့်စွန့်စား
ကိုယ်ကျိုးမဆောင် ပြည်သူအောင်ဖို့
လမ်းပြဖော်ဆောင်......................။

# မနေမနား ကြိုးစားရှာလို့
စစ်ဖိနပ်အောက်က ပြည်သူ့ဘဝ
လွတ်မြေက်ဖို့ရန် စိတ်ရည်သန်လို့
မိမိဘ၀ နစ်မွန်းခံလို့
ဆောင်ရွက်ခဲ့ပြီ............................။

# ချီးမွန်းလောက်သည်
"ဒေါ်အောင်ဆန်းစုကြည်".................။

အစတေးခံ ခွပ်ဒေါင်းတမန်
ပေးပို့လာသော ခွပ်ဒေါင်းတမံအားကျေးဇူးတင်ပါသည် ဆက်လက်ပေးပို့ပါ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ သုတေသနနှင့်ဝေဖန် သုံးသပ်ချက်

DPNS Commentary 10 2009

နောက်တစ်ခါ ၁၀၀၀၀ တန်ထုပ်မည်ဆိုလျှင် ဒီပုံဖြစ်မှာသေချာပါသည်။

နိုင်ငံတော်တော်များများတွင် ငွေပိုက်ဆံ၏အပေါ် တွင် သူတို.၏ အုပ်ချုပ်သူ အကြီးအကဲများ၏ ပုံများကို ရေးဆွဲ ထားလေ့ ရှိသည်။ကျွန်တော်တို့ မြန်မာနိုင်ငံတွင်ကား ငွေပိုက်ဆံများပေါ်တွင် တိရစ္ဆာန်များ၏ ပုံများကိုသာ ရေးဆွဲထားခြင်း သည် ကျွန်တော်တို့ နိုင်ငံအား အုပ်ချုပ်သူအကြီးအကဲများသည် တိရစ္ဆာန်များ ဖြစ်နေပြီလားဟု ကျွန်တော် တွေးနေမိပါတော့သည်။

ဖိုးရှုပ်လေး

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ၏ ရွှေဝါရောင်နှစ်ပတ်လည် လှုပ်ရှားမှု။



အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ မှ စက်တင်ဘာလ (၂၇) ရွှေဝါရောင်နှစ်ပတ်လည်နေ့တွင် မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ ကလေး ၊ လားရှိုး၊ ပင်လုံနှင့် ရွှေဘို မြို့များတွင် ၄” x ၆” အရွယ်အစားရှိ ဒေါ်အောင်ဆန်စုကြည်ပုံပါ ပို့စကဒ် အစောင်ရေ (၁၀၀၀) ကျော်အား ဖြန့်ဝေသည့် လှုပ်ရှားမှုအား ပြုလုပ်ခဲ့ကြပါသည်။

ထိုလှုပ်ရှားမှု ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသားတော် အရှင်သူမြတ်များ သွေမြေ ကျခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကို ဦးညွတ် အလေးပြုသည့် အနေဖြင့် လည်းကောင်း ၊ သံဃာတော်များ ဦးဆောင်ပြီးပြုလုပ်မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှတဆင့် အမျိုးသားလွတ်မြောက်ရေး လုပ်ရှားမှုကြီးကို ထောက်ခံသောအားဖြင့် လည်းကောင်း ပြုလုပ်ခြင်း ဖြစ်ပါသည်။

ထို့အပြင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှတဆင့် အမျိုးသား လွတ်မြောက်ရေး လုပ်ရှားမှုကြီးတွင် အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ သံဃာတော် အရှင် မြတ်များ နှင့် အတူ လက်တွဲပြီး အောင်ပွဲရသည်အထိ စစ်အစိုးရအား တိုက်ပွဲဝင် သွားမည်ဖြစ်ပါသည်။

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ။
ကိုနစ် ဆီမှ ကူးယူဖော်ပြ ပါသည်

Saturday, September 26, 2009

ရွှေဝါရောင်တော်လှန်ရေး အတွင်းသံဃာ့သွေးမြေခခဲ့ရသောနေ့(ညီပေါက်)


အချိန်ကား လွန်ခဲ့ပြီးခဲ့သောနှစ် မိုးဦးကာလ ကုန်လုကုန်နီး ဆောင်းဥတုဝင်စ စက်တင် ဘာလနေသည် အလွန်ပူလျင်လည်း ပူနေလိမ့်မည်။မိုးသည်လည်း သည်းသည်းမည်းမည်း ရွာ ချင်ရွာနေလိမ့်မည်။

လွန်လေပြီးသော နှစ်များအတွင်း သံဃာတော်များစွာတို့တွင် ဆွမ်းကွမ်းစသော ကိစရပ်များတွင် ခက်ခဲမှုများ ဖြစ်ပေါ်နေသည်။ယခင်ကများစွာလှူနိုင်သော ဒကာတို့သည်ယခုအခါ အနည်းငယ်မျှသာ လှူဒါန်းနိုင်ပေသည်။ယခင်အနည်းငယ်မျှသာ လှုနိင်သောသူုတို.သည် ယခုအခါ လှူနိင်တလည့် မလှူနိင်အခါခါ ဖြစ်နေပေသည်။၎င်းအကြောင်းအရာ တို့ကို သံဃာတော်တို့သည်နေစဉ်းစားဆင်ခြင်သုံးသပ်တော်မူသောအခါတွင်ရရှိသောအဖြေသည်ကား ဒကာ ဒကာမများစွာတို့သည် လွန်စွာပင်ကြပ်တည်းနေသည်ကို တွေ့ရလေသည်။၎င်းအချိန်တွင်ပင် လောင်စာဆီဈေး တက်မှုကြောင့်ဟု အကြာင်းပြကာ bus car ခမှ Taxi ခ အဆုံး ယာဉ်စီးခများတိုးမြင့်ကောက်ခံရန်န အ ဖ မှခွင့်ပြုလိုက်သည်။ခရီးသွားပြည်သူတို့ကား ထင်မှတ်မထားမှုကြောင့် လည်း

ကောင်း ရရှိသည့်ဝင်ငွေနှင့် ခရီးသွားစရိတ်တို့ ညီမျှမှုမရှိခြင်းတို့ကြောင့် လည်းကောင်းစိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ကြရသည်။မြန်မာပြည်သူပြည်သားတို့ကား ထိုအချိန်ကာလတွင် ထိုဈေးနှုန်းများကြာင့် ငတ်မွတ်ခေါင်းပါးမှုများစွာ ပေါ်ပေါက်လာလေတော့သည်။

ထိုအရေးကို များစွာမခံရပ်နိုင်သောအခါ NLD မှ နိုင်ငံရေးသမားများနှင့် ကျောင်းသားများသည်းလမ်းလျောက်ချီတက် ဆန္ဒပြကြကုန်တော့သည်။ ၎င်းအရေးကားသံဃာတော်များ ကြည့်မနေတော့ချေ။ထိုအရေးတွင်မိမိတို့ ပါဝင်မှဖြစ်တော့မည်ဟု စဉ်းစားဆင်ချင်တော်မူ၏။

ထိုအရေးကို န အ ဖ အစိုးရက ပခုကူတွင် ဆန္ဒပြသံဃာတော်များအား ရိုက်နှတ်ခြင်းဖြင့်ကာယကံမြောက် စော်ကားလေသည်။ဟင်္သာတ ဘက်တွင်လည်း ကြိုတင်ကာကွယ်သည့် အနေနှင့် သံဃာတော်တို့အား အဆိပ်ခတ်သောဆွမ်း လောင်းလှူခဲ့သည်။ က်ျသို့ သံဃာတော်တို့အား ကာယကံမြောက် ကျူးလွန်ခြင်းကို အခြားသံဃာတော်တို့သည် မဖြစ်တော့ပြီဟု ဆိုကာ အမြို.မြို.အနယ်နယ်တိုင်းတွင်တ်ာလှန်ရေးဆင်နွဲရန် သံဃာ့ဆန္ဒ အလျောက်ဆုံးဖြတ်ခဲ့ ကြသည်။သံဃာတို့ ကိုင်စွဲသည့် လက်နက်ကား အကြမ်းမဖက်ရေး ဖြစ်သော မေတ္တာပို့အမျှဝခြင်းပင်ဖြစ်ပေတော့သည်။

က်ျသို.ဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၊ ကမ္ဘာ့လူထုအသီးသီးမှ အသိအမှတ်ပြုပေးခဲ့ရသာရွှေဝါရောင်တော်လှန်ရေး

သည် မြန်မာပြည်ရှိ မြို.နယ်တိုင်းတွင်ပေါ်ပေါက်လာခဲ့ပေသည်။က်ျတော်လှန်ရေးတွင် သက်တော်(၈၀)ကျော် ဘုန်းကြီးများမှ အစ သက်တော်(၁၀)နှစ်ပင် မပြည့်သေးသောကိုရင်ငယ်အထိ၊သီလရှင်များပင် ထိုတော်လှန်ရေးတွင် ပါဝင်လာခဲ့ပေသည်။သံဃာတော်တို့၏ ရင်တွင်း တွင်ကားအစိုးရဟူသည်လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်ကို မျက်ကွယ်ပြုရ်ျ လူးအခွင့်အရေးချိုးဖောက်မှုများစွာကျူးလွန်နေသော၊အာဏာဖြင့် ဖိနှိပ်နှိပ်စက်ခြင်း မှလွဲရ်ျ စီမံခန့်ခွဲမှု အသိပညာ မဲ့နေသော၊တိုင်းသူပြည်သားတို့၏ ဆင်းရဲမွဲတေမှုကို မျက်ကွယ်ပြုနေသော န အ ဖ အစိုးရအား အပြောင်းအလဲတစ်ခု ဖြစ်လာအောင်ဟူသော ဆန္ဒသည်ကား သံဃာတော်တို့၏ ရင်တွင်းတွင် ကိန်းအောင်းနေပေသည်။

က်ျသို.ဖြင့် ရွှေဝါရောင်တော်လှန်ရေးကြီးကား ရာမှသည် ထောင်၊ထောင်မှသည် သောင်း၊သောင်းမှသည်သိန်း ဂဏန်းအထိ အထိတော်လှန်တိုက်ပွဲဝင် လာခဲ့ကြပေသည်။ ပြည်သူထုသည်လည်း ဘယ်မျှနေနိုင်တော့မည်နည်း။သံဃာဟူသည် မိမိတို့လက်ရှိ ဘုရား၏ တရားတော်များကို ပို့ချပေးနေသူ ဘုရား၏သားတော်များပင်ဖြစ်ပေရာ ရဟန်းသံဃာတိုနှင့် အတူ၎င်း တော်လှန်ရေးကြီးကိုပါဝင်ဆင်နွဲ ခဲ့ကြပေသည်။သံဃာနှင့်ပြည်သူတို့သည် မိုးရွာချင်သလောက်ရွာပါစေ နေပူချင်သလောက်ပူပါစေ မိမိတို့၏ဆန္ဒအား ရဲဝံ့စွာ ထုတ်ဖေါ်ခဲ့ကြပေသည်။အစပထမတွင် အသေးအဖွဲကိစသာ သဘာထားခဲ့သော န အ ဖ အစိုးရသည် များစွာပင်တုန်လှုပ်သွားခဲ့ရသည်။က်ျတော်လှန်ရေးကြီးအား န အ ဖ စစ်အစိုးရသည် အထိကရုန်းဟုအမည်တပ်ရ်ျ ၎င်း၏လက်နက်ဖြစ်သော အာဏာသုံးရ်ျ လက်အောက်ငယ်သားများအား မိမိအာဏာ တည်မြဲရေး၊မိမိကိုယ် ကြိုး စီးပွား တည်မြဲရေးအတွက်က်ျတော်လှန် ရေးကြီးအား အကြမ်းဖက် ဖြိုခွင်းစေခိုင်း လိုက်လေသည်။ထိုနေ့ကား မြန်မာ့သမိုင်းတွင်မမေ့နိုင်သော၊ အမှတ်ရစေခဲ့ သောနေ့ တစ်နေ့ဖြစ်ခဲ့ရလေပြီ။ထိုနေ.ကား (၂၆ရက်၊စက်တင်ဘာလ၊၂၀၀၉ခုနှစ်) ပင်ဖြစ်ပေ တော့သည်။ထိုနေ့ကား န အ ဖ စစ်အစိုးရသည် ဗုဒ္ဓဘာသာဝင်များဖြစ်လျှက် ဗုဒ္ဓ၏သား တော်များတို့အား ကာယကံ၊၀စီကံ၊မနာကံ ကံအားလုံးချိုးဖောက်ကာ စော်ကားသော နေ့တစ်နေ့ပင် ဖြစ်ခဲ့လေသည်။

ထိုနေ့တွင်သံဃာတော်တို့အား ရိုက်နှတ် ပစ်ခတ်ခြင်းကြောင့် ပြည်သူ့အရေး၊ နိုင်ငံ့အရေးတွက် တိုက်ပွဲဝင်ရင်း သံဃာ့သွေးများစွာတို့သည် မြေသို့ခခဲ့ရပေသည်။

ကျေးဇူးတရားကြီးမားလှသော သံဃာတော်အပေါင်းတို့အား

“သံဃံ သရဏံ ပူဇေမိ ”

ညီပေါက်

(ကိုညီပေါက်ရေ ကျွန်တော်တို့လည်း ဒီနေ့ကိုဘယ်တော့မှ မမေ့ပါဘူးဗျာ)

ဖိုးရှုပ်၎

Friday, September 25, 2009

ဗုံးခြောက်လုံးခွဲတဲ့ တရားခံ


ဗုံးခြောက်လုံးခွဲတဲ့ တရားခံ မောင်သန်းရွှေ နဲ့သားတပည့်များ
``ရန်ကုန်မြို့မှာ နေ့ရောညပါ လုံခြုံေ၇းတွေ အပြည့်ချထားပါတယ်။ ကျွန်တော်တို့အထင်တော့ ၂၀၀၇ စက်တင်ဘာလို ရွှေဝါရောင်တော်လှန်ရေးကြီး ထပ်မံပေါ်ပေါက်လာမှာ ကိုကြောက်နေပုံရပါတယ်။ ဟိုတစ်ရက်က ဗုံးခြောက်လုံးခွဲတဲ့ တရားခံဟာလည်း မောင်သန်းရွှေ နဲ့သားတပည့်များ ဆိုတာကိုလည်း ကလေးကအစ သိပါတယ်။ ဘာလို.လဲဆိုတော့ ကိုညီညီအောင် ကိုရှိပြီးသား အမှုတွေထဲက အမှုပိုလေးပေးလိုက်ရအောင် ဆိုပြီးတော့ရယ် စက်တင်ဘာလုံခြုံရေး တင်းကြပ်တာကိုလည်း ဝေဖန်တာတွေမခံရအောင် လုပ်တာပါ ရှင်းပါတယ်´´
လို့ဆိုပြီး ပြည်းတွင်းမှ ကျောင်းသားတစ်ဦးမှ အီးမေးလ်ကတဆင့် သတင်းပေးပို့လာပါတယ်။

Thursday, September 24, 2009

မြင်းခြံတွင် လူငယ် ၄ ဦးထပ်မံ ဖမ်းဆီးခံရ

မြင်းခြံတွင် လူငယ် ၄ ဦးထပ်မံ ဖမ်းဆီးခံရ
Thursday, 24 September သန်းထိုက်ဦး ဧရာဝတီ
စစ်အာဏာပိုင်များက ယခု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၂နှစပတ်လည် ကာလအတွင်း မန္တလေးတိုင်း
မြင်းခြုံမြို့မှ နိုင်ငံရေး တက်ကြွ လှုပရှားသည့် လူငယ် ၄ ဦးကို ထပ်မံ ဖမ်းဆီးလိုက် ကြောင်း သိရှိရသည်။
အဆိုပါ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်မှ ကိုနိုင်နှင့်ကိုအောင် အပါအ၀င် လူငယ် ၄ ဦးကို အာဏာပိုင်များက ထပ်မံ
ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံ ကိုကြည်ဝင်းက ဧရာဝတီ သို့ ပြောသည်။
“မြို့ထဲမှာ ပြောနေတာကတော့ နာဂစ်အတွက် အလှူခံတယ်လို့ကြားတယ်၊ အတိအကျတော့ မသိရသေးဘူး၊
ဘာကြောင့်ဖမ်းတယ်ဆိုတာလဲ အာဏာပိုင်တွေက မပြောဘူး၊ ဒီကလူတွေကလည်း ဘာမှ လုပ်တာမရှိဘူး”ဟု
၎င်းက ဆိုသည်။
9
ကိုကြည်ဝင်းသည် လွန်ခသည့် အပတ် စက်တင်ဘာ ၁၆ ရက်နေ့က မြင်းခြံမြို့မှဖမ်းဆီးခံရသည့် ၈ ဦးထဲတွင်
ပါဝင်သော ဒေါက်တာဝင့်သူ၏ မိသားစုဝင် တဦးဖြစ်သည်။ ယင်း ၈ ဦးတွင် သံဃာတော် တပါးလည်း
ပါဝင်သည်။
၎င်းတို့ကို မန္တလေးတိုင်း အထူးရဲတပ်ဖွဲ့မှ အကြောင်းပြချက် တစုံတရာမရှိဘဲ လာရောက်ခေါ်ဆောင်သွားခဲ့
ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူ လူငယ်များကို မန္တလေးမြို့သို့ ခေါ်ဆောင်သွားသည့်သတင်းသာ ကြားရသော်လည်း မိသားစုဝင်
များက လိုက်လံစုံစမ်းမေးမြန်းခဲ့ရာ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း မိသားစု
ဝင်များက ပြောပြသည်။
အဖမ်းခံရသော လူငယ်များမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိသော်လည်း ဒေါ်အောင်ဆန်းစု
ကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲများတွင် တက်တက်ကြွကြွပါဝင်ခဖူး
၍ မြင်းခြံမြို့ရှိ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက)မှ တာဝန်ရှိသူများက ခေါ်ယူသတိ
ပေးခြင်းခံရဖူး ကြောင်းသိရသည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း (AAPP) တွဲဖက်အတွင်းရေးမှူး
ဦးဘိုကြည်ကမူ နိုင်ငံရေး တက်ကြွလှုပ်ရှားနေသည့် လူငယ်များကို ဖမ်းဆီးမှုနှင့် ပတ်သက်၍ စစ်အစိုးရ
အာဏာပိုင်များက လူထုလှုပ်ရှားမှုမျိုးထပ်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ယခုက့သို့ ဖမ်းဆီးခြင်း ဖြစ်နိုငသည်
ဟု ပြောသည်။
“အဓိကတော့ စက်တင်ဘာ ကိစ္စလိုမျိုး တခုခုထပ်ဖြစ်မှာကို စိုးရိမ်နေတဲ့ပုံရိတယ်၊စိုးရိမ်နေတဲ့ပုံရှိတ့အခါကျတော့
နိုင်ငံရေး တက်ကြွလပ်ရှားတယ်ဆိုလို့ရှိရင် အကြောင်းအမျိုးစုံပြပြီး ဖမ်းဖို့အမြဲတမ်းပြင်ဆင်နေတယ်”ဟု ၎င်းက
ဆိုသည်။
AAPP ၏ ပြောပြချက်အရ ယခုလ အတွင်း နိုင်ငံရေး လှုပ်ရှားသူများအပါဝင် စုစုပေါင်း လူဦးရေ ၃၀ ခန့်
ရှိကြောင်း သိရသည်။
လွန်ခ့သည့် အပတ်က မကွေးတိုင်း ပခုက္ကူမြို့ရှိ သာသနာ့ ဝိပုလာရာမ ပါဠိတက္ကသိုလ် (အနောက်တိုက်) တွင်
ဝင်ရောက်သတင်းမေးခဲ့သော အမျိုးသမီးတဦးအပါဝင် အကူ အညီပေးခဲသည့် အမျိုးသား၂ ဦး ကို အာဏာ
ပိုင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် လွန်ခ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ ရန်ကုန် နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့အပါအ၀င်
မြောက်ဦး၊ ပုဏ္ဏား ကျွန်း၊ မြေပုံမြို့နယ် စသည်တို့မှ ရခိုင် ကျောင်းသားနှင့် လူငယ် (၁၆) ဦးခန့်ကို အဆောင်နှင့်
နေအိမ်များတွင် ရန်ကုန်မြို့ရှိ ရဲအထူးတပ်ဖွက ဖမ်းဆီးခဲ့သည်။
စစ်အစိုးရက ပြီခ့သည့် စက်တင်ဘာ ၁၈ရက်နေ့မှ စတင်ပြီးအကျဉ်းသား ၇၁၁၄ ဦးကို လွှတ်မည်ဟု ကြေညာ၍
လွှတ်ပေးရာတွင် နိုင်ငံရေး အကျဉ်းသား ၁၂၈ ဦးသာပါဝင်ကြောင်း AAPP က ထုတ်ပြန်ထားသည်။

အမေရိကန်၏ မူဝါဒသစ်ကို ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

(AFP သတင်းဌာန၏ သတင်းတပုဒ်ကို ဘာသာပြန်ထားခြင်း ဖြစ်သည်။)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရက စစ်ဗိုလ်ချုပ်များကို
သံတမန်နည်းလမ်းအရ စေ့စပ်ညှိနှိုင်းရန် ပြင်ဆင်နေခြင်းကို ကြိုဆိုသည်ဟု သူ၏ ရှေ့နေက ယနေ့
ပြောလိုက်သည်။
မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာရန် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆိ့မှု ရုပသိမ်းရေး
သို့မဟုတ် လျှော့ပေါ့ပေးရေးနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က
ကြေညာ ပြောကြားပြီး နောက်တရက် အကြာတွင် ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ချက် ပေါ်ထွက်လာခြင်း
ဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် စေ့စပ်ညှိနှိုင်းတာဟာ ကောင်းတယ်လို့ ပြောပါတယ်” ဟု သူ၏ရှေ့နေ
ဦးဉာဏ်ဝင်းက ပြောပြသည်။
ဦးဉာဏ်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံလွှာ တင်သွင်းရေးအတွက် ယနေ့ သူနှင့် သွားရောက်
တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
မိုးမခ မှကူးယူ ဖော်ပြသည်

စာရေးသူဖြစ်ချင်သော ငါးထောင်ကျပ်တန်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အောက်တိုဘာလ ၁ ရက်နေ့တွင် ငါးထောင်ကျပ်တန် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြားတွင် ယနေ့ည သတင်းတွင် ကြေညာသွားသည်ဟုသိရသည်။ အဆိုပါသတင်းအရ ငွေစက္ကူတွင် ဆင်ဖြူရတနာပုံနှင့် နေပြည်တော်ကို နောက်ခံထားမည်။ ၂၅ ကျပ်တန်အရောင်နှင့် ခပ်ဆင်ဆင်တူမည် ဖြစ်ကြောင်းသိရသည်။ ပြည်သူလူထုအတွင်း လည်ပတ်စွာသုံးစွဲသွားရန် ထိုငါးထောင်ကျပ်တန်ကို ထုတ်လုပ်မည်ဟုဆိုသည်။ စာရေးသူဖြစ်ချင်သော ငါးထောင်ကျပ်တန်ကို ဖော်ပြလိုက်ပါသည်။


Wednesday, September 23, 2009

ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏ သတင်းကို MRTV တွင် ထုတ်ပြန်ကြေငြာသွား

ရွှေဝါရောင်သတင်းလွှာ / မြန်မာနိုင်ငံတွင် မွေးဖွားခဲ့ပြီး အမေရိကန်နိုင်ငံသား လက်မှတ် ကိုင်ဆောင်ထားသူ ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ခြင်းနှင့် ပါတ်သက်ပြီး ယနေ့ည ၈နာရီ MRTV သတင်းတွင် ထုတ်ပြန် ကြေငြာသွားသည်။

MRTV ၏ ထုတ်ပြန်ကြေငြာချက်တွင် ကိုညီညီအောင်သည် ၁၉၉၅ ခုနှစ် ထိုင်းနိုင်ငံမှ မထွက်ခွာမီ မြန်မာ ကျောင်းသားများ ဒီမိုကရက်တစ် လှုပ်ရှားမှုအဖွဲ့ကို တည်ထောင်ခဲ့ကြောင်း စွပ်စွဲသွားခဲ့သည်။ ထို့အတူ သူသည် ထိုင်းနိုင်ငံက မထွက်ခွာခင်က ABSDF အဖွဲ့ဝင်တယောက် ဖြစ်ခဲ့သည်အပြင် ရခိုင်ကျောင်းသား လူငယ်များ ကွန်ဂရက်၏ အဖွဲ့ဝင်တယောက်ဖြစ်ခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံမှ မထွက်ခွာမှီ ၁၉၉၃ ခုနှစ်က ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ထောင်ဒဏ်တနှစ် ကျခံခဲ့ရဘူးကြောင်း ကြေငြာသွားခဲ့ပါသည်။ ထို့နောက် ကိုညီညီအောင်သည် အမေရိကန်နိုင်ငံသို့ UNHCR ၏ အစီအစဉ်ဖြင့် သွားရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန် နိုင်ငံသားအဖြစ်ကို ရရှိခဲ့သည်ဟု ဆိုပါသည်။

MRTV ထပ်မံကြေငြာသော စွပ်စွဲချက်များတွင် ကိုညီညီအောင်သည် FDB ခေါ် Forum for Democracy in Burmaနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်သွေးကြွ အုပ်စုဖြစ်သော 88 Generation Students အဖွဲ့ကို ကျပ်ငွေ သန်းပေါင်းများစွာ ထောက်ပံ့ခဲ့သည်ဟု စွပ်စွဲခဲ့ပါသည်။ ထို့အပြင် ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံသို့ ၈ကြိမ်တိုင် ပြန်လာခဲ့ဘူးကြောင်း ပြောဆိုခဲ့သလို သူသည် NLD ၏ အချို့ လှုပ်ရှားမှုများတွင် ပါဝင် ပါတ်သက်ခဲ့ကြောင်းနှင့် စစ်အုပ်စုကို ဆန့်ကျင်သော သံဃာတော်များ၏ လှုပ်ရှားမှု များတွင်လည်း ပါဝင် ပါတ်သက်ခဲ့ကြောင်း စွပ်စွဲသွားခဲ့ပါသည်။

ထို့အတူ ကိုညီညီအောင်သည် သူအဖမ်းခံရပြီး ရက်အတန်ကြာမှ စက်မှုဇုံများတွင် ပေါက်ကွဲခဲ့သော လူအသေအပျောက် မရှိခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပါတ်သက်ကြောင်းကိုလဲ SPDC ၏ ရုပ်မြင်သံကြားဌာန ဖြစ်သော MRTV က စွပ်စွဲ ပြောဆိုသွားခဲ့ပါသည်။

ထူးခြားချက်တခု အနေဖြင့် Saffron Mail Letter မှ ဘလော့ဖတ်သူများကို သုံးသပ်တင်ပြလိုသည်မှာ MRTVမှ စွပ်စွဲသွားသော အဖွဲ့များမှာ နအဖက အမျိုးမျိုးစွပ်စွဲခဲ့သော်လည်း မည့်သည့် အချိန်ကမှ ဖေါက်ခွဲရေး ကိစ္စများတွင် ပါဝင် ပါတ်သက်ဘူးသည့် အထောက်အထား ခိုင်လုံစွာ မရှိခဲ့ခြင်းပင်ဖြစ်ပါသည်။

FDB ခေါ် Forum for Democracy in Burma သည် မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် အကြမ်းမဖက်သော နည်းလမ်းဖြင့် ဆောင်ရွက်နေသော အဖွဲ့ အစည်းဖြစ်သလို၊ 88 Generation Students အဖွဲ့သည်လည်း ငြိမ်းချမ်းစွာ အကြမ်းမဖက်သော နည်းလမ်းဖြင့် လှုပ်ရှား ဆောင်ရွက်သော အဖွဲ့ပင် ဖြစ်ပါသည်။ ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ အကြမ်းမဖက် ငြိမ်းချမ်းစွာ တောင်းဆို လှုပ်ရှားမှုများသည် ထင်ရှားသော သက်သေပင်ဖြစ်ပါသည်။ ထို့ အတူ NLD ၏ လှုပ်ရှားမှုများနှင့် သံဃာတော်များ၏ ငြိမ်းချမ်းစွာ လှုပ်ရှားတောင်းဆိုမှုများကို အကျယ်ချဲ့ရေးရန် မလိုတော့ပါ။ NLD၏ တောက်လျှောက် ငြိမ်းချမ်းစွာ လှုပ်ရှားမှုများနှင့် ၂၀၀၇ သံဃာတော်များ၏ အကြမ်းမဖက်သော ရွှေဝါရောင်တော်လှန်ရေးက ကမ္ဘာသိ သက်သေပင်ဖြစ်သည်။ ကိုညီညီအောင်၏ မိခင်နှင့် ညီမဖြစ်သူသည် စစ်အာဏာရှင်များ၏ မတရား ဖမ်းဆီးချုပ်နှောင်မှုကို ခံစားနေရသည့် အချက်ကိုမူ MRTV မှ ထုတ်ပြန် ကြေငြာခြင်း လုံးဝမပြုခဲ့ပါ။ ထို့အတူ သူတို့၏ ထုတ်ပြန်ကြေငြာချက်တွင် ထိုအချက်အပေါ် ထည့်သွင်း သုံးသပ်မှုလည်း မပါရှိခဲ့ပါ။

ထို့ကြောင့် နအဖသည် အမေရိကန်နိုင်ငံမှ ဆီနိတ်တာ ဂျင်ဝက်နှင့် ရရှိထားသော ယုံကြည်ချက်ကို မပျက် သွားစေရန်နှင့် အမေရိကန်နိုင်ငံက မြန်မာ စစ်အုပ်စုအပေါ် သူတို့၏ အကျိုးစီးပွါးများ ထိခိုက်စေသည့် စီးပွါးရေး ပိတ်ဆို့မှုအပေါ် ပြန်လည် သုံးသပ်နေမှုများကို မထိခိုက်စေရန်အတွက် သူတို့ လက်ရှိ ဖမ်းဆီးညှင်းပမ်း နှိပ်စက်ထား၍ လက်ကျိုးခဲ့ရသလို ရုပ်ပိုင်းဆိုင်ရာ နှိပ်စက် ညှင်းပမ်းမှု အမျိုးမျိုးခံစားခဲ့ရသူ အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို အမေရိကန်နိုင်ငံသားတို့ စိုးရိမ်သော အကြမ်းဖက်မှု ကိစ္စများဖြင့် စွပ်စွဲကာ ဆက်လက် ဖမ်းဆီးထားရန် ကြံစည်နေခြင်းသာဖြစ်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။
အမှန်တကယ်မှာမူ အမေရိကန် နိုင်ငံမှာမွေး၍ အမေရိကန်နိုင်ငံသား ဖြစ်ခဲ့သူ မြန်မာ စစ်အုပ်ချုပ်သူများ၏ တားမြစ်ထားသော ဥပဒေများကို ထင်ရှားစွာ ကျူးလွန်ခဲ့သူ ဖြစ်၍ တရားဝင် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ် ခံထားရသူဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သူ မစ္စတာ ဂျွန်ယက်တော မှာမူ ဆီနိတ်တာ ဂျင်ဝက်ကြောင့် ကင်းလွတ်ခွင့် ရခဲ့ပါသည်။

သို့ရာတွင် ထင်ရှားသော မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ခဲ့သူ (သို့) နအဖတို့ အဆိုအရ ၈ ကြိမ်တိုင် မြန်မာနိုင်ငံသို့ တရားဝင်ဗီဇာ ခွင့်ပြုချက်ဖြင့် ပြန်လည်ဝင် ရောက်ပြီး ဥပဒေမဲ့ ဖမ်းဆီးခံနေရသူ ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပမ်းမှု များကို ဆိုးရွားစွာခံစားခဲ့ရသူ (မှတ်ချက်။ ။ထိုအခြေအနေကို မြန်မာပြည်ဆိုင်ရာ အမေရိကန်သံရုံးမှ တာဝန်ရှိသူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်သည်) မိခင်နှင့် ညီမဖြစ်သူတို့ အတွက် တတ်နိုင်သမျှ အားပေးကူညီ နှစ်သိမ့်မှု ပြုပေးနေသည့် ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကိုမူ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူ ဖြစ်သောကြောင့် စစ်အုပ်စု၏ အခြေအမြစ်မရှိ စွပ်စွဲချက်များကို လက်ခံ၍ မည်သည့် အရေးယူဆောင်ရွက်မှုကိုမျှ မပြုလုပ်လျှင် အမေရိကန်နိုင်ငံသည် ၄င်းတို့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုထား သူများကို မွေးဖွားရာ ဇာတိအပေါ် မူတည်၍ ခွဲခြား သတ်မှတ်မှုများပြုနေသည်ဟု ယူဆစရာ ဖြစ်နေပါသည်ဟု တင်ပြလိုက်ရပါသည်။
ရွှေဝါရောင်သတင်းလွှာ မှရယူသည်။

Tuesday, September 22, 2009

IT နှင့် ဂျပန်စာတွင်စိတ်ဝင်စားသော လူငယ်များအတွက် အခွင့်အလမ်း

Myanmar DCR Co., Ltd မှဝန်ထမ်းရွေးချယ်မှုနှင့်ပက်သက်သော ရှင်းလင်းပွဲ

နေ့ရက် - ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်(တနင်္ဂနွေ)

ပထမအကြိမ်ရှင်းလင်းပွဲ - ၁၀း၀၀ မှ ၁၂း၀၀ နာရီ (Reception Time ၉း၃၀ နာရီ)

ဒုတိယအကြိမ်ရှင်းလင်းပွဲ - ၁၄း၀၀ မှ ၁၆း၀၀ နာရီ (Reception Time ၁၃း၃၀ နာရီ)

နေရာ - CHATRIUM Hotel (အမှတ် ၄၀၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်)၊ (ယခင်Nikko Hotel)

ပထမအကြိမ် နှင့် ဒုတိယအကြိမ်ရှင်းလင်းပွဲ၏ အကြောင်းအရာများမှာ အတူတူပင်ဖြစ်သည်။

ဂျပန်နိုင်ငံရှိ Daiichi Computer Resources (DCR) ကုမ္ပဏီလီမိတက် (၀န်ထမ်းဦးရေ ၁၄၀၀၊ ၂၀၀၈ခုနှစ်အတွက်ရောင်းအား $128M) မှ ၄.၇.၂၀၀၈ တွင် ရန်ကုန်မြို့တွင် ဂျပန်လူမျိုးပိုင် Myanmar DCR ကုမ္ပဏီလီမိတက်ကိုတည်ထောင်ခဲ့ပါသည်။ ယခုလက်ရှိတွင် ဂျပန်လူမျိုးဝန်ထမ်း(၄)ဦး၊ မြန်မာလူမျိုးဝန်ထမ်း (၁၅၀)ဦး (Regular၀န်ထမ်းနှင့် Intern၀န်ထမ်း) ဖြင့်လုပ်ငန်းလုပ်ဆောင်လျက်ရှိပါသည်။

အဓိကလုပ်ငန်းမှာ ဂျပန်နိုင်ငံမှ System Development လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ အရည်အချင်းပြည့်မီသော ၀န်ထမ်းကောင်းများကိုလည်း နောင်တွင်ဂျပန်-မြန်မာ အသွားအပြန်ပြုလုပ်ကာ အလုပ်လုပ်ဆောင်နိုင်မည့် အခွင့်အရေးများလည်း ရရှိမည် ဖြစ်ပါသည်။ ယခုရှင်းလင်းပွဲတွင် ရန်ကုန်ရှိ ကျော်ကြားသော ဂျပန်စာသင်ကျောင်းများဖြစ်သည့် Win Japanese Language Schooll နှင့် Momiji Japanese Language Centerတို့မှလည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။

တက်ရောက်ရန် ကြိုတင်စာရင်းပေးသွင်းထားသောသူများသာ ရှင်းလင်းပွဲခန်းမအတွင်းသို့ ၀င်ခွင့် ပြုမည်ဖြစ်သည်။

သတ်မှတ်ထားသော အရည်အချင်းများ

* Regular ၀န်ထမ်း (ယခုနှစ် Intern ၀န်ထမ်းမရွေးချယ်ပါ။)

- ITတွင်စိတ်ဝင်စားပြီး Programmer/System
Analyst/Consultant အဖြစ်အလုပ်လုပ်ကိုင်ချင်သော၊ ဂျပန်စာတွင် စိတ်ဝင်စား
လေ့လာချင်သောသူ

- ကွန်ပျူတာတက္ကသိုလ်မှကျောင်းသားကျောင်းသူများ
(၂၀၁၀ခုနှစ်၊ ၄လပိုင်းတွင်ဘွဲ့ရရှိမည့်သူ၊ ကျောင်းပြီးမည့်သူ)

- ဆေးတက္ကသိုလ်မှကျောင်းသားကျောင်းသူများ (၂၀၁၀ခုနှစ်၊
၎လပိုင်းတွင်ဘွဲ့ရရှိမည့်သူ၊ ကျောင်းပြီးမည့်သူ)

- အခြားတက္ကသိုလ်များတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ (၂၀၁၀ခုနှစ်၊ ၄လပိုင်းတွင်ဘွဲ့ရရှိမည့်သူ၊ ကျောင်းပြီးမည့်သူ)

အသက်ကန့်သတ်ချက်အနေဖြင့်

၂၀၁၀ခုနှစ် မတ်လ ၃၁ရက်နေ့တွင်
- တက္ကသိုလ်ကျောင်းသားကျောင်းသူများ ၂၁ နှစ် (ယခုနှစ်၂၀နှစ်နှင့်အောက်)

- Thesis ကျောင်းသားကျောင်းသူများ ၂၃ နှစ် (ယခုနှစ်၂၂နှစ်နှင့်အောက်)

- ဆေးတက္ကသိုလ်ကျောင်းသားကျောင်းသူများ ၂၅ နှစ် (ယခုနှစ် ၂၄နှစ်နှင့်အောက်)

* Thesis ကျောင်းသားကျောင်းသူများအနေဖြင့် ၂၀၁၀ခုနှစ် မတ်လ ၃၁ရက်နေ့တွင် Thesis ပြီးဆုံးနိုင်မည့်သူဖြစ်ရမည်။

** အထက်ပါကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံတွဲများမှ အနည်းဆုံးဂုဏ်ထူး(၂)ခု ရရှိသူများသာလျှောက်ထားနိုင်ပါသည်။

** ယခင်နှစ်များတွင် Myanmar DCR မှကျင်းပခဲ့သော ၀န်ထမ်းရွေးချယ်ပွဲများတွင် ၀င်ရောက်ဖြေဆိုဖူးခြင်း မရှိသောသူ ဖြစ်ရမည်။

**ရှင်းလင်းပွဲတက်ရောက်ရာတွင် ယူဆောင်လာရမည့်စာရွက်စာတမ်းများ

- မှတ်ပုံတင်ကတ် မူရင်းနှင့်မိတ္တူ

- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ

(၀န်ထမ်းရွေးချယ်မှုတွင် အသက်အကန့်အသတ်ရှိပါသဖြင့် မပျက်မကွက်ယူဆောင်လာပါရန်)

ကန့်သတ်ချက်များနှင့်ကိုက်ညီမှုမရှိဘဲ ၀န်ထမ်းအဖြစ်ဝင်ရောက်ကြောင်းသိရှိလျှင် ၀န်ထမ်းအဖြစ်မှ ချက်ချင်း ရပ်ဆိုင်းမည်ဖြစ်ပါသည်။

*** ရှင်းလင်းပွဲသို့တက်ရောက်ရန် လူဦးရေကန့်သတ်ထားပါသဖြင့် အောက်ဖော်ပြပါလိပ်စာတွင် (၂၂.၉.၂၀၀၉)မှ စတင်၍ ကြိုတင်စာရင်းပေးသွင်းပါရန်

Myanmar DCR Co., Ltd.

အခန်းအမှတ် (၄၀၈(B))၊ ယုဇနတာဝါ၊

ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ဖုန်း- ၀၁-၅၅၈၂၂၉

စာရင်းလက်ခံချိန် ။ ။ ၉း၀၀ မှ ၁၁း၃၀ နာရီ / ၁၃း၃၀ မှ ၁၆း၃၀ နာရီ

Monday, September 21, 2009

အန်တီုစု လုံခြုံရေးအတွက် စိတ်မချရသဖြင့် NLD သို တိုက်တွန်းစာ

NLD ခင်ဗျား

ယခုပြီးစီးသွား သော ဒေါ်အောင်ဆန်းစုကြည် အမှုတွင်- ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် လုံခြုံရေး
အပြည်.ချထားပါ လျှက်နှင့်တစိမ်းတစ်ယောက် ၀င် ရောက်လာမှုကို လုံခြုံရေး ရယူသူမှာလည်း
တာဝန်ရှိပါ သည် ဟုပြောဆိုခဲ့ခြင်းမှာ ယင်းလုံခြုံရေးစိတ်မချရခြင်းမှာ ထင်ရှားနေပါသည်။

သို.ဖြစ်ရ်ျ-ယခု အကျယ်ချုပ်ဖြင့် နေအိမ်တွင်ပြန်လည်ရေက်ရှိနေသောေ
ဒ်ါအောင်ဆန်းစုကြည် အတွက်
လုံခြုံေ၇းမှာ စိတ်ချရမည် မဟုတ် ဟုထင်ရပါသည် ။
ယခုတစ်ခါ ထပ်မံ၇်ျ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ၀င်ရောက်ပြီး လုပ်ကြံ သတ်ဖြတ်သွားမည်ဆိုလျှင်
သူတို.လုံခြုံရေးနှင့် မဆိုင်ပါဟု ပြောလာအုံးမည် မှာ ထင်ရှားပါသည်။

သို.ဖြစ်ရ်ျ ဒေါ်အောင်ဆန်းစုကြည် အတွက် ဆိုးရိမ် ရသည်မှာ အမှန်ပင် ဖြစ်ပါသဖြင့်။
NLD အနေဖြင့် ယခု ကဲ့သို. မဖြစ်ရလေအောင် နှင့် ယခုထက် ပိုဆိုးသော အခြေအနေမျိုး အထိမဖြစ်
ရလေအောင် "လုံခြုံရေးနှင့် ပက်သက်ပြီး မည်သို.မည် မျှ အကာအကွယ်ပေးနိုင် မည်" ဟူသော
အကြောင်းအရာ ကိုစစ်အစိုးရအားတင်ပြသင့်ပါသည်။

ယခုလို ဒေါ်အောင်ဆန်းစုကြည် အတွက်ပူပန်နေ သည်မှာ စာရေးသူ တစ်ဦးတည်းမဟုတ်ပါ။
အများပြည်သူအားလုံးကပူပန်နေခြင်းဖြစ်ပါသည်။
ယင်းကြောင့် NLD ပါတီ သည် ထို အကြောင်းအရာ ကို စစ်အစိုးရအားတင်ပြ သင့်ပါသည်။

ပြည်သူ တစ်ရပ်လုံး က ထောက်ခံထားသောပါတီအား လေးစားယုံကြည် လျှက်။

ဖိုးရှုပ်(ဒဂုံ အဝေးသင်)နှင့် သူငယ်ချင်းများ

နိုင်ငံကာ ငြိမ်းချမ်းရေးနေ့ကို အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) အိန္ဒိယ ဆွေးနွေးပွဲ့ဓါတ်ပုံမှတ်တမ်း

ငြိမ်းချမ်းစွာ ချီတတ်လမ်းလျှောက်ပွဲ ထိုင်းနှင့်မြန်မာ ပူးပေါင်းကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်ပြုလုပ်ခဲ့

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရန်အတွက် ထိုင်းနှင့်မြန်မာ နိုင်ငံသားများ ပထမဆုံးအကြိမ်ပူးတွဲကာ ယနေ့နံနက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့၌ မေတ္တာပို့လမ်းလျှောက်ပွဲ ပြုလုပ်ခဲ့သည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့ငြိမ်းချမ်းရေးနေ့တွင် ထိုင်း အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လမ်းလျှောက်ပွဲကို ကျင်းပခြင်းဖြစ်ပြီး မြန်မာ့အရေးဆောင်ရွက်နေကြသည့် ထိုင်းအစိုးရမဟုတ်သောအဖွဲ့ (၆) ဖွဲ့နှင့် မြန်မာပြည်ဒီမိုကရေစီ ရရှိရေးအဖွဲ့အချို့တို့ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။ လမ်းလျှောက်ပွဲ ဦးဆောင်သူတဦးဖြစ်သူ Forums-Asia အဖွဲ့မှ ခွန်ချာလီဒါဖားကျလိမ်းဆတ်က “ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့ လမ်းလျှောက်ပွဲ ကျင်းပရခြင်းဖြစ်တယ်” ဟု ပြောသည်။

မေတ္တာပို့လမ်းလျှောက်ပွဲကို လူအင်အား (၂၀၀) ခန့်က မဲဆောက်မြို့ထိပ်ရှိ ထိုင်းသူရဲကောင်းကျောက်တိုင်မှ မဲဆောက်မြို့ကိုဖြတ်ကာ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအထိ (၁၀) ကီလိုမီတာအကွာအဝေးကို လမ်းလျှောက်ကြပြီး လမ်းခရီးတလျှောက်တွင် မြန်မာပြည်ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးသားထားသည့်ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကြပြီး မြန်မာသံဃာတော်များက မေတ္တာသုတ်များ ရွတ်ဆိုပေးကြသည်။

မေတ္တာပို့လမ်းလျှောက်ရာတွင်ပါဝင်သည့် ဂျာမနီမှကြွရောက်လာသည့် ဘုန်းတော်ကြီး အရှင်သောပါကမှ “မြန်မာပြည်မှာ ငြိမ်းချမ်းရေးရစေချင်တယ်။ ဦးပဉ္စင်းတို့တိုင်းပြည်မှာ ပြည်တွင်းစစ်တွေဖြစ်နေတယ်၊ နျူကလီးယားတွေထုတ်နေတယ်၊ ဒါတွေကိုစိုးရိမ်တယ်။ ဒါကြောင့် အခုလိုမေတ္တာပို့လမ်းလျှောက်ရတာဖြစ်တယ်” ဟု မိန့်ကြားသည်။

အစီအစဉ်အရ သောင်ရင်းမြစ်ကမ်းနားအထိ မေတ္တာပို့သရန်ရှိသော်လည်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားခွင့်မပြုဘဲ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းအထိသာ ခွင့်ပြုသဖြင့် ညနေ (၃) နာရီခွဲခန့်တွင် မေတ္တာပို့လမ်းလျှောက်ပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

မြ၀တီ-မဲဆောက် ခရီးသည်တင်ယာဉ်မောင်းတဦးက “မြ၀တီဘက်ကတော့ ဒီကိစ္စ အတော့်ကိုသတိထားတယ်။ ဒီနေ့လမ်းလျှောက်ပွဲရှိတော့ မနက်ကတည်းကနေ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင် အကုန်လုံးပဲ ကမ်းနားတလျှောက်မှာ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားတယ်။ ဒါလည်း ဟာသတမျိုးပဲ” ဟု ပြောသည်။

ယခင်က အလားတူ မြန်မာများ မေတ္တာပို့လမ်းလျှောက်ပွဲကျင်းပရာ ဒေသခံအာဏာပိုင်များက ခွင့်မပြုဘဲ ဖမ်းဆီးမှုများရှိခဲ့ရာမှ ယခုတကြိမ်တွင် ခွင့်ပြုချက်ရရှိပြီး လမ်းခရီးလုံခြုံရေးအတွက်ပါ တာဝန်ယူပေးခဲ့သည်။
သတင်း NEJ မှ ရယူသည်။