Monday, November 30, 2009

မြန်မာလူငယ်များ ရွေးကောက်ပွဲတွင် မဲပေးမည်လော

၂ဝ၁ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော နိုင်ငံရေးပါတီ မရှိပါက လူငယ်များက ရွေးကောက်ပွဲတွင် မဲပေးမည် မဟုတ်ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲကြီး ကျင်းပချိန်က မဲပေးရန် အသက်ပြည့်မီခြင်း မရှိသော်လည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးရန် အသက်ပြည့်နေပြီဖြစ်သည့် လူငယ်များကို ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဧရာဝတီက စစ်တမ်းကောက်ခဲ့ရာ အများစုက ထိုသို့ ဖြေဆိုကြခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ လူငယ်သဘောထား စစ်တမ်းဖြေဆိုကြသူများတွင် အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား လူငယ်များသာပါဝင်ပြီး တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၁၀ ဦး၊ သတင်းမီဒီယာသမား ၇ ဦး၊ လူငယ်ရှေ့နေ ၄ ဦး၊ အခြေခံ ပညာ အလယ်တန်းအဆင့် အထိသာ ပညာသင်ကြားခဲ့ပြီး ကြုံရာကျပန်းအလုပ် လုပ်ကိုင်နေသည့် လူငယ် ၇ ဦး၊ စစ်တက္ကသိုလ်ကျောင်းဆင်း လူငယ်စစ်ဗိုလ် ၁ ဦး အပါအ၀င် အလွှာပေါင်းစုံမှ လူငယ် စုစုပေါင်း ၆၀ နီးပါး ပါဝင်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် နှစ်ပေါင်းများစွာ သက်တမ်း ရှည်ကြာလာပြီ ဖြစ်သည့် ယူနီဖောင်းဝတ် စစ်ဗိုလ်အုပ်ချုပ်ရေး စနစ်ကို တရားဝင် အဆုံးသတ်ပေးမည့် ရွေးကောက်ပွဲဟု တချို့က ယူဆကြသည်။ သို့သော်လည်း ထိုရွေးကောက်ပွဲကြောင့် ပြည်သူကို ကိုယ်စားပြုသော ဒီမိုကရေစီအစိုးရ တရပ် မပေါ်ပေါက်နိုင်ကြောင်း စစ်တမ်းတွင် ပါဝင်သည့် လူငယ် အများစုက သုံးသပ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ စသည့် အာဏာပိုင်တို့ ကျောထောက်နောက်ခံပေးထားသော အဖွဲ့အစည်းများက ရွေးကောက်ပွဲတွင် အပြိုင်အဆိုင် ပါဝင်လာကြဖွယ် ရှိသောကြောင့် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော နိုင်ငံရေးအဖွဲ့များ ပေါ်ထွက်ရန် အခွင့် အလမ်း နည်းပါးသည်ဟု လူငယ်များက ပြောသည်။

အစိုးရရဲ့ ကြံ့ခိုင်ရေးအသင်းက ရွေးကောက်ပွဲ မတိုင်မီ စည်းရုံးလှုပ်ရှားမှုတွေ အများကြီး လုပ်လာတယ်။လမ်းခင်း၊ တံတားခင်းအလုပ်တွေကအစ သာရေး၊ နာရေး အဆုံး ကြံ့ခိုင်ရေး အလံတွေ တလူလူ လွှင့်ထူပြီး စည်းရုံးရေး လုပ်တယ်။ ရွေးကောက်ပွဲဥပဒေ မထွက်ခင် ကြံ့ခိုင်ရေးက မဲရဖို့ စည်းရုံးမှုတွေကအတော် ခရီးရောက်နေပြီ ဟု ရန်ကုန်မြို့မှ အသက် ၂၅ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား တဦးက ဆိုသည်။

၂၀၁၀ ပြည့်နှစ်သို့ ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ထုတ်ပြန်ပါကလည်း နိုင်ငံရေးပါတီများ အလွယ် တကူ ဖွဲ့စည်းနိုင်ခြင်း မရှိစေရန် ထိန်းချုပ်၊ ကန့်သတ်၊ တင်းကျပ်သော နည်းဥပဒေ နှင့် စည်းမျဉ်းစည်းကမ်းများ သေချာပေါက် ပါဝင်ဖွယ် ရှိကြောင်း ရှေ့နေလူငယ်များက ခန့်မှန်းကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ကြိုက် ရေးဆွဲအတည်ပြုပြီးပြီ။ မကြာမီထုတ်ပြန်မယ့် ရွေးကောက်ပွဲဥပဒေမှာ နိုင်ငံရေးပါတီတွေ အလွယ်တကူဖွဲ့လို့မရအောင် တင်းကျပ်တဲ့ နည်းဥပဒေ သေချာပေါက် ပါလိမ့်မယ်။ ပြည်သူတွေ အတွက်ကတော့ 'မိအေး နှစ်ခါနာ' ပေါ့ ဟု ရန်ကုန်အခြေစိုက် အလုပ်သင် ရှေ့နေလူငယ်တဦးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သမ္မတကို ပြည်သူလူထုက တိုက်ရိုက် တင်မြှောက်မှု မပြုနိုင်ခြင်း၊စစ်ဦးစီးချုပ်က လက်နက်ကိုင်တပ်များ၏ ဦးစီးချုပ်ဖြစ်ပြီး နိုင်ငံတော်သမ္မတထက် အာဏာရှိနေခြင်း၊ စစ်ဦးစီးချုပ်တွင် တရားဝင် အာဏာသိမ်းပိုင်ခွင့်ရှိခြင်း အပါအ၀င် ဒီမိုကရေစီ စံ နှင့် မကိုက်ညီသည့် အချက် များစွာ တွေ့ရသည့်ဟု လူငယ်ရှေ့နေများက ထောက်ပြကြသည်။ အခြေခံဥပဒေ၏ အဖွင့် စာမျက်နှာတွင်ပင် လွဲမှားမှုများရှိနေသည်ဟု ဆိုသည်။

အခြေခံဥပဒေမှာ 'နိုင်ငံတော်သည် စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည်' ဆိုပြီး စဖွင့်တယ်။ ဒီမိုကရေစီမှာ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ၊ စည်းကမ်းမရှိတဲ့ ဒီမိုကရေစီ ဆိုတာမျိုး မရှိပါဘူး ဟု အမျိုးသမီးလူငယ်ရှေ့နေတဦးက သုံးသပ်သည်။

စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတဲ့ စကားရပ်ကိုက ဒီမိုကရေစီ သဘောအရ မှန်ကန်မှု မရှိဘူး၊ လွဲနေတယ် ဟု သူက ဆက်ပြောသည်။

နိုင်ငံရေးအနေအထားသည် အကျဉ်းအကျပ်ထဲတွင် ရောက်ရှိနေသောကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် သာလျှင် မြန်မာ့နိုင်ငံရေး ထွက်ပေါက် ဖြစ်သည်ဟု ပြည်တွင်းပညာရှင် တချို့ ဦးစီး ဖွင့်လှစ်သည့် Myanmar Egress အဖွဲ့၏ စွမ်းရည်မြှင့်တင်ရေး သင်တန်းတခုရှိ လူငယ်တချို့က ဆိုသည်။

စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးဖြစ်အောင် ညင်ညင်သာသာ ကူးပြောင်းချင်တဲ့ တပ်မတော် အစိုးရကို အားလုံးက သဘောထား ကြီးကြီး ကူညီရမယ်။ ၂၀၁၀ ရွေးကောက်ပွဲကသာ ဒီမိုကရေစီစနစ်သစ်ဆီ သွေးချောင်းမစီးဘဲ သွားဖို့ ဦးဆုံး ခြေလှမ်းပဲ ဟု Myanmar Egress သင်တန်းမှ လူငယ်တဦးက ပြောသည်။

Myanmar Egress သင်တန်းသား လူငယ် တချို့က ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ထောက်ခံသော်လည်း ရွေးကောက်ပွဲတွင် မဲပေးလိုစိတ်မရှိဟု ဆိုသည်။

စစ်တက္ကသိုလ်ကျောင်းဆင်း အသက် ၂၆ နှစ်အရွယ် စစ်ဗိုလ် လူငယ်တဦးကမူ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲ ကြောင့် အုပ်ချုပ်ရေး စနစ် ပြောင်းလဲပြီး နိုင်ငံ တိုးတက်လာမည်ဟု အခိုင်အမာယုံကြည်ကြောင်း ရှင်းပြသည်။

အပြောင်းအလဲကို ပြည်သူတွေပဲ လိုချင်တာမဟုတ်ဘူး။ တပ်ထဲမှာလည်း အပြောင်းအလဲကိုပဲ တမ်းတနေကြတယ်။ ကျနော်တို့လို အရာရှိငယ်တွေ တော်တော်များများလည်း ၂၀၁၀ မှာ ဖြစ်လာမယ့် ပြောင်းလဲမှုတွေကို မျှော်ကြတယ် ဟု စစ်ဗိုလ်လူငယ်က ပြောသည်။

၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် မကြုံလိုက်ရသော လူငယ်များအတွက် ပထမဦးဆုံးသော၊ စိတ်လှုပ်ရှားဖွယ်ရာများဖြင့် ပြည့်နှက်နေသော ရွေးကောက်ပွဲ အတွေ့အကြုံ ဖြစ်လိမ့်မည်ဟု လူငယ်များက ဆိုသည်။

၂၀၁၀ ကို လူငယ် တော်တော်များများက စိတ်လှုပ်ရှားစွာနဲ့ စောင့်နေတယ်။ နိုင်ငံရဲ့ အနာဂတ်မှာ လူငယ်တွေ ဘယ်လောက်ထိ ပါဝင်ခွင့်ရမလဲ ဆိုတာက စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ ဟု KMD ကွန်ပျူတာကုမ္ပဏီတွင် IT ပညာရှင်အဖြစ် အလုပ် လုပ်ကိုင်နေသူ လူငယ်တဦးက ပြောသည်။

ကျောင်းပညာရေး ဆုံးခန်းတိုင်ခြင်း မရှိသည့် လက်လုပ် လက်စား လူငယ်တချို့ ကမူ ၂၀၁၀ ရွေးကောက်ပွဲမှ စားဝတ်နေရေး နှင့် စီးပွားရေး ပြေလည်စေရန် ဖန်တီးနိုင်သည့် အစိုးရတရပ် ပေါ်ပေါက်စေလိုသည်ဟု ပြောကြသည်။

ချောင်ချောင်လည်လည်နဲ့ မိသားစုတွေ ၀၀လင်လင် စားနိုင်၊ နေနိုင်ဖို့အရေးကြီးတယ်။ အဲဒီလို ဖန်တီးနိုင်မယ့်သူမျိုးကို မဲပေးမယ် ဟု ၁၀ တန်းအထိ ပညာသင်ကြားခဲ့သည့် စက်ရုံအလုပ်သမား လူငယ်တဦးက ဆိုသည်။

လွတ်လပ် ပွင့်လင်း တရားမျှတသော၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု အစိုးရက ကတိ ပေးထားသော်လည်း ယခုအချိန်အထိ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် မပြုသေးပေ။ ထို့အပြင် စစ်အစိုးရက နိုင်ငံရေးသတင်းရေးသားမှုများ ကို ပိုမို တင်းကျပ်လာသောကြောင့် သတင်းသမားများ အခက်ကြုံနေရသည်။

“ခုချိန်ထိရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်း လွတ်လွတ်လပ်လပ် ဖော်ပြခွင့် မရှိသေးတဲ့အပြင် စာပေစိစစ်ရေးက နိုင်ငံရေး၊ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို တင်းတင်းကျပ်ကျပ် ပိုပြီး ပိတ်ပင်တယ် ဟု ရန်ကုန်ပုဂ္ဂလိက သတင်းမီဒီယာတခုမှ အသက် ၂၇ နှစ်အရွယ် အမှုဆောင် အယ်ဒီတာ တဦးက ပြောသည်။

ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ယခုအချိန်အထိ မရရှိပါက ၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့် မရှိနိုင်သည့်အပြင် တရားမျှတသော ရွေးကောက်ပွဲလည်း မဖြစ်နိုင်ကြောင်း သတင်းသမားလူငယ်များက ဆိုသည်။

တိုင်းပြည်နားမျက်စိလို့ တင်စားတဲ့ သတင်းသမားတွေတောင် လွတ်လွတ်လပ်လပ် ရေးသား ထုတ်ဖော်ခွင့် မရရင် သာမန်ပြည်သူတွေအနေနဲ့ ပါတီတွေကို မဲပေးဖို့ ခက်လိမ့်မယ်။ စာပေစိစစ်ရေးက ခုအချိန်ထိ ရှိနေဆဲဆိုတော့ ၂၀၁၀ မှာ သတင်း လွတ်လပ်ခွင့်ရဖို့ သိပ်မမြင်ဘူး ဟု သတင်းထောက်တဦးက ဆိုသည်။

အာဏာပိုင်တို့သည် လူပေါင်းတသိန်းကျော် သေဆုံးခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ၀င်ရောက်တိုက်ခတ်သည့် ၂၀၀၈ ခုနှစ် မေလတွင် ၄င်းတို့စိတ်ကြိုက် ရေးဆွဲထားသော အခြေခံ ဥပဒေနှင့် ပတ်သက်ပြီး လူထု ဆန္ဒခံယူပွဲကို ပြုလုပ်ခဲ့သည်။

ထို့နောက် အခြေခံဥပဒေကို ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် ရရှိသည်ဟု ဆိုကာ အတည်ပြုကြောင်း ကြေညာခဲ့သည်။

အောင်သက်ဝိုင်း

သတင်းပေးဆိုသည်မှာ

.သတင်းပေးဆိုသည်မှာ အသိရှိရှိ သတင်းပေးရှိသလို အသိကင်းမဲ့စွာ သတင်းပေးလည်း ရှိတတ်ပါသည်။
စိတ်ဓာတ်စစ်ဆင်ရေးဌာနဆိုပြီး စတင်ဖွဲ့စည်းစဉ်ကတည်းက စစ်အုပ်စုသည် 'သတင်းပေးမွေးမြူရေး' ကို စီမံကိန်းချ ဆောင်ရွက်ခဲ့သည်။
• လက်နက်ချပြီးမှ စစ်အုပ်စုအလိုကျ ရေးကြသူများက အန္တရာယ်မရှိပါ။ သူ့အကြောင်း ကိုယ်ကသိပြီးဖြစ်လို့ အန္တရာယ်
ကြီးကြီးမားမား မပေးနိုင်ပါ။
• ကိုယ့်အတွင်းမှာ မြှုပ်ထားတဲ့ သတင်းပေးကပဲ အန္တရာယ်ကြီးကြီး ပေးတတ်ပါသည်။
ကိုယ့်အတွင်း သတင်းပေးမြှုပ်သည့်နည်းတွေ စစ်အုပ်စုမှာ အများကြီးရှိသည်။
.သိမ်းကြုံးပြီးဖမ်း၊ စစ်ကြောရေးလုပ်၊ 'စာမေးပွဲ' ဖြေခိုင်း၊ အဖြေလွှာကိုကြည့်ပြီး သတင်းပေးအဖြစ်
'မြှုပ်' ထားဖို့ စီစဉ်သည့်နည်း။
.သိမ်းကြုံးဖမ်းတဲ့အထဲမှာ တမင်မဖမ်းဘဲ ချန်ထားသည့်နည်း။ သူ့ကိုတော့ 'တည်ကြက်' အဖြစ်
သုံးတတ်သည်။ ငါ့ကို သူတို့မသိသေးဘူးဆိုပြီး ပေါ့ပေါ့ဆဆ လုပ်မိလျှင် ရန်သူကို
သတင်းပေးသလိုဖြစ်ကာ သူ့ကြောင့် ဒုက္ခရောက်တတ်သည်။ သတင်းပေးကို လူအုပ်ထဲရောပြီး ထည့်ပေးလိုက်သည့်နည်း။ ဒီနည်းကို အသုံးများသည်။ A/S ကာလမှာ တောခိုသူတွေထဲ ရောထည့်သည်။ လူထုလှုပ်ရှားမှုကာလမှာ လှုပ်ရှားမှုထဲ ရောထည့်ပေးသည်။
www.cpburma.org အားလုံးသိထားရမယ့်ကိစ္စ ဆောင်းပါးမှ မိတ်ဆွေများသိစေချင် လို့ ဖေါ် ပြပေးလိုက်ပါတယ်။

ဖိုးရှုပ်လေး

Thursday, November 26, 2009

သခင်တင်မြသို့ ၂၅.၁၁.၂၀၀၉

(၁) ဗိုလ်စိုးမောင် ကျဆုံးတာနဲ့ ပတ်သက်ပြီး ရေးတဲ့စာ ဖတ်ရလို့ ခင်ဗျားသိစေဖို့ ဒီစာကို ရေးလိုက်ပါတယ်။

(၂) သခင်တင်ထွန်းနဲ့ဗိုလ်စိုးမောင် တနေရာစီမှာ ကျဆုံးတာပါ။ ဒီကိစ္စက အရေးမကြီးပါ။ အခု ရေးမှာက ဘာ့ကြောင့် ရှမ်းပြည်က ဗကပ ကို

ဗိုလ်နေဝင်းက သဲကြီးမဲကြီးအလေးထား စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်သလဲဆိုတဲ့ကိစ္စကို ရေးချင်တာပါ။ (သခင်တင်ထွန်းနဲ့

ဗိုလ်စိုးမောင်တို့ ဘယ်တုန်းက ဘယ်လိုကျဆုံးတယ်ဆိုတာကို စစ်ဗိုလ်ဟောင်းတယောက်ရေးတဲ့ စာအုပ်ထဲမှာ ပါပါတယ်။ သူရေးတဲ့

ရက်စွဲက အမှန်ပါပဲ။ ဒါပေမဲ့ သူတို့ မရေးတာတခု ရှိတယ်။ အဲဒါက သတင်းရအောင် ဘယ်လို လူထုကို စစ်ကြောရေး လုပ်ခဲ့သလဲဆိုတာ

မရေးဘူး။ တရွာလုံး လူကုန်ဖမ်းပြီး စစ်ကြောရေးလုပ်ခဲ့ပုံ၊ ဆရာစံသူပုန်တုန်းက ဗိုလ်လုပ်ခဲ့သူရဲ့သားကိုဖမ်းပြီး တရွာလုံးရှေ့မှာ

ဓားနဲ့မွှန်းကာ ဗကပ စခန်းကို ဖော်ထုတ်ဖို့ စစ်မေးခဲ့ပုံ၊ အဲဒီလိုနဲ့ ကျဆုံးသွားရပုံ ဒါတွေကို ဘယ်တော့မှ မရေးပါဘူး။ သခင်တင်ထွန်း

ယာယီစခန်းချနေတ့ဲ နေရာကိုပြဖို့ ဘယ်နည်းန့ဲ စစ်ကြောရေးလုပ်ခသဲ့ လဆဲိုတာကိုလည်း မရေးပါဘူး။ သူရဦးထနွ်းတင်ကတော့  ရှင်းတယ်။

သခင်တင်ဖေကို ဘယ်လိုကျဆုံးအောင် တိုက်ခဲ့သလဲဆိုတာကို လုံးလုံးမရေးပါဘူး။ "သူရ" ဘွဲ့ ဘာကြောင့်ရတယ်ဆိုတာတောင်

မရေးပါဘူး။ 'လူထုက သတင်းပေးတယ်' ဆိုတဲ့ အရေးအသားကိုတော့ ခင်ဗျားအနေနဲ့ ရှောင်စေချင်ပါတယ်။

(၃) အဓိက ရေးချင်တာ (အသိပေးချင်တာ) ကိုပဲ ရေးပါမယ်။

နေဝင်းက ဆူဟာတိုကို အားကျပြီး '၁၉၆၇' မှာ ဆူဟာတို လုပ်ခဲ့သလို လုပ်လိုက်တယ်။

o အင်ဒိုနီးရှားက ကျွန်းနိုင်ငံပဲ။ ဗမာပြည်က ခြံစည်းရိုးပဲခြားတဲ့ နိုင်ငံပါ။

o အင်ဒိုနီးရှားကွန်မြူနစ်နဲ့ ပင်လယ်ရပ်ခြားတရုတ်တွေက (အဲဒီတုန်းက) တရုတ်ပြည်ထဲမှာ များများစားစား မရှိဘူး။

ဗမာပြည်ကတော့ သင်တန်း (၃) နှစ်တက်ပြီး ပြန်ဖို့ပို့ထားတဲ့ 'ပညာတော်သင်' တွေ ရှိနေတယ်။ ဗကပ

ဗဟိုကော်မတီတွေ၊ PB တွေလည်း တရုတ်ပြည်မှာ ရှိနေတယ်။ မူကြီး (၅) ချက်ကြောင့် သူတို့တတွေ ဗမာပြည်

မပြန်နိုင်ကြဘူး။ တရုတ်ပြည်မှာ ရာသက်ပန်ဧည့်သည်ဘဝနဲ့ နေရမလို ဖြစ်နေတယ်။

o စစ်ရှုံးပြီး ပြေးဝင်လာတဲ့ ဗိုလ်နော်ဆိုင်းတပ်ကလည်း တရုတ်ပြည်မှာ ရှိတယ်။

o နယ်စပ်မှာ KMT တပ်ကြွင်းတပ်ကျန်တွေကို တိုက်ဖို့မွေးမြူထားတဲ့ လူမျိုးစုပြောက်ကျားတပ်ကလေးတွေကလည်း

အများကြီး ရှိတယ်။

o အင်ဒိုနီးရှားဆူဟာတိုကို ဒဏ်ခတ်ဖို့ မတတ်နိုင်ပေမယ့် နေဝင်းကိုတော့ ဒဏ်ခတ်ဖို့ တရုတ်မှာ သုံးနိုင်တဲ့အင်အား

ရှိနေတယ်လို့ ပြောချင်တာပါ။ ဗကပ ဧည့်သည်များကလည်း ဗမာပြည်ပြန်ပြီး တော်လှန်ရေးလုပ်ဖို့ တကျည်ကျည်

ပူဆာနေတယ်။

o နေဝင်းက မူကြီး (၅) ချက်ကို ချိုးဖျက်သလို လုပ်မိတော့ ဗကပ ဟာ ဘယ်တုန်းကမှ ကျည်ဆံတတောင့်၊

လက်နက်တလက် တရုတ်ဆီက မရခဲ့ဖူးပေမယ့် ၁၉၆၇ မှာကျတော့ သုံးမကုန်၊ ဖြုံးမကုန်အောင် ရတယ်။

o ဗကပ က SSIA, KIA စတဲ့ လူမျိုးစုတပ်တွေကိုတောင် လက်နက်တွေ ထောင်နဲ့ချီပြီး အလှူကြီးပေးနိုင်ခဲ့တယ်။

o ဗကပ က ပဲခူးရိုးမကို၊ မြစ်ဝကျွန်းပေါ်ကို ဒီလက်နက်တွေ အောတိုက်ပြီး ပို့ချင်တယ်။ ဒါပေမဲ့ လမ်းက မပေါက်ဘူး။

ရှမ်းပြည်အင်းလေးကို ရောက်ဖို့က လွယ်တယ်။ ဒါပေမဲ့ ဟိုဘက်ကို တိုးလို့မရဘူး။ KNU ကို စည်းရုံးတယ်။ မရဘူး။

ပဲခူးရိုးမနဲ့ မြစ်ဝကျွန်းပေါ်မှာ ဗကပ မရှိရင် သူတို့ချည်း အပိုင်စားရမယ် ထင်နေတယ်။ ဒါက အဲဒီတုန်းက မိမိတို့

အခြေအနေ။

(၄) စစ်အုပ်စုအခြေအနေက ဗိုလ်နေဝင်း မိုက်မိုက်ကန်ကန်းလုပ်လိုက်တာ မှားပြီဆိုတာ သူတို့အားလုံး သိနေတယ်။ ဒါပေမဲ့ နေဝင်းကို

မပြောရဲဘူး။ ဗိုလ်အောင်ကြီးကတော့ နေဝင်းဆီကို စာပို့တယ်။ "ဗကပ ကို ဟိုချီမင်းလမ်း ပဲခူးရိုးမ၊ မြစ်ဝကျွန်းပေါ်အထိဖောက်ခွင့်

မပေးလိုက်ပါနဲ့။ လမ်းပေါက်သွားရင် သူတို့ရှုံးပြီ။ ဒါကြောင့် ပီကင်းသွားပြီး တောင်းပန်ဖို့ မစ်ရှင်တခု အမြန်လွှတ်ပါ။ အဲဒီ မစ်ရှင်မှာ

ဦးနုခေါင်းဆောင်ပြီး သူ့ကို အဖွဲ့ဝင်အဖြစ် ထည့်ပေးပါ။ ဟိုတုန်းကလည်း သူတို့ အတောင်းပန်ကောင်းလို့ 'ဗကပ' တွေ တရုတ်ပြည်က

ပြန်မလာနိုင် ဖြစ်ခဲ့ဖူးတယ်" စသဖြင့် စာရှည်ကြီး ရေးတယ်။ ပီကင်းသွားမစ်ရှင်ပြီးမှ သူ့ကို ထောင်ထဲပြန်ထည့်ချင်ထည့်ပါလို့တောင် ပါတယ်။

သူ့ကိုယ်ကျိုး လုံးဝမပါဘူး။ စစ်အုပ်စုအကျိုးဆောင်တာပါလို့ ဆိုချင်ဟန်ရှိတယ်။

ဗိုလ်နေဝင်းက မင်းတို့သွားမှလား၊ ငါသွားတောင်းပန်လိုက်တာက ပိုကောင်းမပေါ့ဆိုပြီး ပီကင်းကို တောင်းပန်ဖို့ လာတယ်။

နေဝင်းက အစိုးရအဖွဲ့ချင်း တရားဝင်ဆွေးနွေးတာမှာ ဗကပ အကြောင်း လုံးဝမပြောဘူး။ ဘေးမှာကျမှ တရုတ်ခေါင်းဆောင်တွေ

နားကိုပေါက်အောင် ဂျပန်ခေတ်တုန်းက သူဟာ ဗကပ ဗဟိုကော်မတီတဦးပါ။ နောက်ကျမှ ဗကပ က သူ့ကို အကြောင်းမပြဘဲ

ဖြုတ်ပစ်တာပါ။ ဗကပ ဟာ သိပ်ပြီးဂိုဏ်းဂဏစိတ်၊ အစုစိတ် ကြီးတယ်ဆိုတာကို ခဏခဏပြောတော့တာပဲ။

တရုတ်ရဲ့လုပ်နည်းကလည်း နိုင်ငံခြားဧည့်သည်တော်လာရင် အစိုးရချင်းကိစ္စတွေ ပြောကြမယ်။ စာချုပ်ချုပ်စရာရှိ ချုပ်ကြမယ်။

အဲဒါပြီးရင် ဧည့်သည်တော်ကို ဧည့်ခံမယ့် ခေါင်းဆောင်တယောက်နဲ့ စကားပြန်အဖွဲ့ပဲ ထည့်ပေးပြီး 'လှည့်လည်ကြည့်ရWှုရေး' နဲ့

ဧည့်ခံတဲ့အလေ့ ရှိတယ်။

နေဝင်း အကြိုက်တွေ့တယ်။ မီးရထားပေါ်၊ သင်္ဘောပေါ်စတဲ့နေရာတွေမှာ အဲဒီ 'ကျွန်တော်ဟာ ဗကပ ဗဟိုကော်မတီပါ'

ဓာတ်ပြားကို ဖွင့်ပြတော့တာပဲ။

တရုတ်ကို အမျက်ပြေလုပ်ပြီးတော့ ဟိုချီမင်းလမ်းပေါက်ခွင့် မပေးရေး ထိုးစစ်တွေ ဆက်တိုက်လုပ်တယ်။ ရှမ်းပြည်နယ်က

အဓိကပဲဆိုတာသိလို့ ရှမ်းပြည်နယ် စစ်ဆင်ရေးတွေ လုပ်တယ်။ အသတ်ခံရတဲ့ လူထုကလည်း မနည်းဘူး။ တရွာလုံး စစ်ကြောရေး

ဝင်ကြရပါတယ်။ တောထဲက စစ်ကြောရေးက မြို့ပေါ်နဲ့ မတူပါဘူး။ ပိုပြီးရက်စက်တယ်။ ကြမ်းပါတယ်။ ဘယ်လူ့အခွင့်အရေးသမားမှ

(အခုခေတ်လို) မရှိပါဘူး။ ကွန်မြူနစ်ချေမှုန်းရေး လုပ်တာကို အားပေးပါတယ်။

(ဦးနု လက်နက်ကိုင်တော်လှန်ရေးလုပ်တမ်း ကစားတာလည်း ဗိုလ်နေဝင်းရဲ့ တံတိုင်းပြိုရင် သူက ယိုးဒယားနယ်စပ်မှာ

တံတိုင်းသစ်တခု တည်ဆောက်ထားချင်လို့ပဲဆိုတာကို လောရုံကို ဆရာတင်ကတည်းက အကင်းပါးသူတိုင်း သိကြမှာပါ။

နေဝင်းက အောင်ကြီး အကြံဉာဏ်အတိုင်း 'ဟိုချီမင်းလမ်းဖေါက်ခွင့် မပေးရေး' လုပ်တော့ ဒုတိယတံတိုင်းကို (အမေရိကန်က)

အသုံးမလိုတော့ပါဘူး။ ဒါကတော့ ကြုံလို့ပဲ ရေးတာပါ။) ဒါပါပဲ။

www.cpburma.org__မှ ကူးယူသည်။

ဖိုးရှုပ်လေး

Sunday, November 22, 2009

သန်းရွှေရဲ့ ဒံပေါက်နဲ့ဒေါ်လာနှစ်ရာတန် ဆိုတာ

သန်းရွှေရဲ့ စိတ်ဓါတ်စစ်ဆင်းရေးက တော်တော် ကောင်းတာပဲ၊ ဘာကြောင့်လဲဆိုတော့ (၁၂-၁၁-၀၉)နေ့မှာ သိရီလင်္ကာနိုင်ငံရောက်တယ်၊ မြန်မာစာ သင်သံဃာတော် ၃၀၀-လောက် အ၀င်အထွက်ရှိတဲ့ မကုဋာရာမ မြန်မာကျောင်းကို မလာရဲပါဘူး။ တကယ် လာခဲ့ရင်လည်း ပြဿနာတက်မှာ ကျိမ်းသေတယ်။

ကျောင်းကလည်း ကားလေးတစီးစာ ၀င်ရရုံလေးပဲရှိပါတယ်။ ပြဿနာတက်ရင်တော့ သန်းရွှေ ဇော်ချွေးပြန်ရုံမကဘူး ဖင်မွေးတောင် ထောင်လာမယ်။ သန်းရွှေရောက်တော့လည်း ကြည့်ဦးလေ ဗုဒ္ဒ္ဓစွယ်တော်ရှိတဲ့ ဂန္ဓီမြို့ကိုသွားတယ်၊ ဗိုက်နာလို့ ဆေးရုံတင်ရတယ်။

အရှင်မဟိန္ဒပွင့်ဆောင်လာတဲ့ ဗောဓိပင်ရှိရာ အနုရာထပူရမြို့ ကိုရောက်တော့ ဗောဓိပင်ဖူးမယ့်လုပ်တော့ မိုးက အကြီးအကျယ်ရွာတယ်။ အဲ ပြောရပြန်ပြီ ကိုလံဘိုမြို့ရောက်တော့ သိရီလင်္ကာနိုင်ငံရှိ လက်ရှိအတိုက်ခံ ပါတီက (မြန်မာပြည်သား တယောက်မှမပါ) ဆန္ဒပြကြပြန်တယ်။ ဂန္ဓီမြို့ကိုရောက်စဉ်တော့ နအဖ၏ရိက္ခာနဲ့ ကျောင်းတက်နေတဲ့ ဦးဇင်း( ၅ )ပါးကို ဆွမ်းကပ်တယ်။

ဒေါ်လာ(၂၀၀)စီ လှူသွားတယ်တော့ သတင်းရတာပဲ။ သန်းရွှေပြန်သွားတော့ အေးပြီမှတ်တာ၊ ဘယ်ဟုတ်မလဲ သံရုံးကိုစီစဉ်ခိုင်းသွားတာလေ ကြည့်ကြပါဦး---- ဒီနေ့ဗျာ မြန်မာကျောင်းသို့ သံရုံးကလာပြီ ဒံပေါက်ဆွမ်းနဲ့ သင်္ကန်းတစုံ၊ ရူပီးငွေ (၂၁၀၀၀=US 200) လှူတယ်ဗျာ။ ဘုန်းပေးလိုက်တဲ့ ဆရာတော်တွေကလည်း အားရပါးရဆိုပဲ။

ဘုန်းပေးတဲ့ဆရာတော်တွေကိုလည်း အပြစ်မပြောချင်ပါဘူး။ ဒါပေမယ့်ဗျာ မိမိတို့သာသနာ့ညီနောင်တွေရဲ့ သွေးတွေ၊ ချွေးတွေ၊ မေတ္တာပို့ခဲ့တဲ့အသံတွေ၊ ထောင်ရောက်နေတဲ့အဖော်ရဟန်းတွေ၊ ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်တွေ၊ ရှောင်ပုန်းပြေးလွှာနေရတဲ့ဆရာတော်တွေ၊ ဘုန်းကြီးကျောင်းတွေကို ရန်သူစခန်းတခုကြီးလို ၀င်စီးခဲ့တာတွေ၊ လက်ရှိအပိတ်ခံထားရဆဲ သာသနာ့ပိုင် နယ်မြေတွေ၊ ပြောစရာတွေကအများကြီးပါပဲ။

အထက်ကပြောခဲ့တဲ့အချက်တွေကို မျက်လုံးစုံမှိက်ပြီး ဘုန်းပေးတဲ့ဆရာတော်တွေကိုတော့ တော်တော်လေး အံ့သြမိပါတယ်။
(မှတ်ချက်။ ။ အလှူခံတဲ့အထဲမှာ ၂၀၀၇-စက်တင်ဘာလ ၁၈-ရက်နေ့တွင် ကိုလံဘိုမြို့ရှိ မဟာဝိသုဒ္ဓါရာမကျောင်းက သိမ်အတွင်း၌ကံဆောင်တော်မူကြတဲ့ ဆရာတော်(၄၈)ပါးမပါပါ။ ပြီးတော့သာသနာ့ စိတ်ဓါတ်ပြင်းပြတဲ့ ဆရာတော်များမပါဝင်ပါ။) ဤသို့သတင်းရရှိပါသည်။
လင်္ကာဒီပစာသင်သားလေး

ကိုဖိုးတုတ်နှင့် ကိုကံမြင့်တို့အားထောင်သက်တမ်းများ ထပ်မံတိုးမြင့်ခြင်းမှာလွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်အား ချိုးဖောက်ခြင်းဖြစ်

StatementonSPDCviolation Normal.doc 21 Nov2009

Monday, November 16, 2009

စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ကြောင်း ဖော်ပြခဲ့

" ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " သည်ဟု ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ သောကြာနေ့၊ (၁၃၊ ၁၁၊ ၂၀၀၉)နေ့ထုတ် ရတနာပုံ သတင်းစာ၊ အတွဲ (၁၈)၊ အမှတ် (၁၉၇) နောက်ကျောဖုံး (စာမျက်နှာ- ၁၆) မှာ တရားဝင်ဖော်ပြခဲ့ပါ၏။ (ပူးတွဲပါ ဓာတ်ပုံကို ရှု)



ပုံမှန်အတိုင်း ဆိုလျှင် " ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု စစ်အဆိုးရက ဖော်ပြလေ့ရှိသော်လည်း ယခုလို " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု မန္တလေးထုတ် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) က ဖော်ပြလိုက်ခြင်းသည် ဗမာပြည်သူလူထုအား " ဒီမိုကရေစီရလိုလျှင် ဆူကြပူကြ " ဟု ရတနာပုံသတင်းစာ (သို့မဟုတ်) စစ်အဆိုးရကိုယ်တိုင်က နှပ်ကြောင်းပေးသည့် သဘောဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသုံးသပ် နေလျက်ရှိကြ၏။



နောက်တစ်မျိုးစဉ်းစားကြည့်မည်ဆိုလျှင် -
ထို (၁၃၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံ သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင် ကိုသန်းရွှေ သီရိလင်္ကာ ထွက်ခွာကြောင်း သတင်းကို ဖော်ပြထားပြီး နောက်ကျောဖုံးတွင် " ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် " ဟု ရေးသားဖော်ပြထားရာ ၎င်းနှစ်ခုကို ယှဉ်တွဲ အဖြေထုတ်ကြည့်မည်ဆိုပါက ကိုသန်းရွှေ သီရိလင်္ကာမှာ ရှိသခိုက် ဗမာပြည် ဒီမိုကရေစီရရှိဖို့ ဗမာပြည်သူပြည်သားများ ဆူကြပူကြရန် မန္တလေးထုတ် ရတနာပုံ သတင်းစာက တိုက်တွန်းနေဘိသကဲ့သို့ ရှိနေပါတော့သည်။

ကဲ ... ဒီမိုကရေစီရရှိဖို့ ဆူကြပူကြ စို့ !!!
(ညိုကြီး ပြောတာ မဟုတ်ဘူးနော်။ ရတနာပုံသတင်းစာက ဆော်ဩတာ။)

ညိုကြီး
-----------------------


မှတ်ချက်

(၁၄၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံသတင်းစာ နောက်ဖုံးမှာတော့
" ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် " ဟု ပြန်လည် ပြင်ဆင်ဖော်ပြထားကြောင်း တွေ့ ရှိရပါသည်။ (အောက်ပုံ)


16.11.2009 လောက်ကောင် အေးလွင် ရဲ့ စမ်းချောင်းမြို့နယ်စည်းရုံးရေး

16.11.2009 စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်၊ ဦးညိုလမ်း၊ အိမ်အမှတ် (၆၁) တွင် NlD ပါတီ ခွဲ ထွက် ဖောက်ပြန်ရေးသမား အေးလွင် ၎င်း၏ ပါတီအတွက်စည်းရုံးရေးဆင်းခဲ့ကြောင်း မေးလ် မှ တဆင့်ပေးပို့လာပါတယ်။

ကျွန်တော်တို့ ရပ်ကွက်မှာလာလုပ်တာ တချို့ ကဘာမှန်းမသိကြဘူးဗျ။ ခွပ်ဒေါင်းတံဆိပ် ယင်ထိုးတွေနဲ့ အဲဒီ အိမ်ကိုဝင်သွားကြတယ်။

ပြီး ခဏလဲ ကြာရော အဲအိမ်မှာရှိတဲ့ စပီ ကာနှစ်လုံးကို အိမ်ရှေ့ ၀ရန်တာမှာထုတ်ပြီး သူတို့ အခန်းအနား အစီအစဉ်တွေကိုပြောတယ်။
အဲဒီအိမ်ထဲမှာ စမ်းချောင်းမြို့နယ်က ရဲနှစ်ယောက်လဲရှိနေတယ်။

အဓိကပြောတာတွေကို အေးလွင်ကပဲပြောတယ်။ ပြီးတော့ သူပြောတဲ့ အထဲမှတော့ ဒီပါတီ ဖွဲ့စည်းတာ စစ်တပ်ကိုတိုက်ခိုက်ဘို့မဟုတ်ဘူးလို့လဲပြောတယ် ပြီးတော့ စီးပွားရေးပိတ်ဆို့တာကို ပြည်သူကလက်မခံဘူးလို့လဲပြောတယ်။ အဲဒီဟာ ကို ဗိုလ်ချုပ်အောင်ဆန်းသမီးလဲဖြစ် နိုဘယ်ဆုရှင်လဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့တဲဘက်ကရပ်တည် နေတာ အံ့သြဘို့ကောင်းတယ်လို့ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မကောင်းကြောင်းတွေအပုတ်ချတယ်။

ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲ ကိုထောက်ခံရမယ်လို့လဲပြောတယ်။ ဒီရွေးကောက်ပွဲပြီးရင် လွတ်လပ်ခွင့်တွေရမယ်။ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေရမယ် ပြောရေးဆိုခွင့်တွေရမယ်ဆိုပြီးစီးရုံးပါတယ်။

လမ်းပေါ်တက်ဆန္ဒပြလို့ ဒီမိုကရေစီမရပါဘူး ဆိုပြီးတော့လဲ စစ်အစိုးရ အာဘော်အတိုင်းပြေပါတယ်။
နောက်ဆုံးမှာတော့ ဒီမိုကရေစီရရှိရေးဒို့ အရေမဟုတ်ဘူး တဲ့ အရပ်သားအစိုးရပေါ်ပေါက်ရေး ဒို့ အရေးပဲလို့ ဟစ်ကြွေးပြီး အခမ်းအနားကို ရုတ်သိမ်းသွားတယ်ဗျ။

အဲဒီအိမ်ကလဲ အေးလွင်ရဲ့ ပါတီ ၀င်တွေပဲဗျ။ ကိုစိုးအောင်+မပပစိုး တဲ့သူတို့က တစ်ရပ်ကွက်လုံးလိုလိုနဲ့ မတည့်ဘူးဗျ။ ကိုစိုးအောင်က ပိုက်ကျော်ခြင်းကို Burma ၀င်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်

အဲဒီအချိန် အဲဒီ ရပ်ကွက်က လူတချို့ ပြောနေတာတွေနဲ့ ပြုမူနေတဲ့ ပုံလေးတွေကတော့.............

အိမ်တစ်အိမ်က မျိုးကြီးရဲ့ နာနားပြီးပြောကို အကြယ်ကြီးဖွင့်ပြီးတိုက်ခိုက်တယ်ဗျ။
ခဏနေတော့ အဲဒီအိမ်ကပဲ ဆရာတော် ဥူးသုမင်္ဂလရဲ့ တရားကို စပီကာနဲ့ အကြယ်ကြီးဖွင့်တယ်ဗျ တစ်ရပ်ကွက်လုံးက အဲဒီအိမ်ကိုထောက်ခံ အားပေးကြပါတယ်။

ပြီးတော့ တချားလူတွေကတော့ ရပ်ကွက်ကိုခဏနေရင်ရေးဆေးမယ် ရေအလှူ ထည့်ချင်တဲ့လူတွေလာခဲ့ လို့ပြောကြပါတယ်။

သူတို့ စည်းရုံးရေးကတော့ ၂၀၁၀ ရွေးကောက်ပွဲ ကိုထောက်ခံ ဘို့ပါ။ ဒီလိုဖောက်ပြန်ရေးသမားတွေက ဒီလိုပြောလာတော့ တစ်ခုတော့ကောင်းသွားပါတယ် အဲဒီရပ်ကွက်ကလူတွေ ၂၀၁၀ ရွေးကောက်ပွဲ ကို ဆန့်ကျင်ရမယ်ဆိုတဲ့ အသိတစ်ခုရသွားပါတယ်။

မှတ်ချက်။ ။ ဒီမှတ်ချက်လေးကိုမိုးမခမှ ကူးယူပါသည်။ သူရေးထားသလို ကိုအေးလွင်က အင်န်အယ်ဒီပါတီ ခွဲထွက် မဟုတ်ပါ။ သူက အင်န်အယ်ဒီပါတီဝင်တဦး မဟုတ်ခဲ့ပါ။ အရေးအခင်းပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲအတွက် ပြည်သူ့အရေးတော်ပုံပါတီ ကို ကျောင်းသားလူငယ်တွေနဲ့ ထောင်ခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်မရပါဘူး။ နောက် ၁၉၉၀ နောက်ပိုင်းမှာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း လုပ်ကိုင်တဲ့ဖက် ရောက်သွားပြီးတော့ အဲသည်ကိစ္စတွေထဲက တခုနဲ့ အမှုအခင်းဖြစ်ပြီး ထောင်ကျခဲ့ပါတယ်။ ယခု သူထူထောင်ထားတာက ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ (မြန်မာနိုင်ငံ) ဖြစ်ပါတယ်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် စသည့် ကျောင်းသားခေါင်းဆောင်များရဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ဆိုတာနဲ့ မည်သို့မျှ သက်ဆိုက်ခြင်း မရှိပါ။
ဖိုးရှုပ်လေး ကြိုးစားပါအုန်းမည်။

Sunday, November 15, 2009

သီဟသူရ တင်အောင်မြင့်ဦး စစ်တပ်ရာထူးမှ တိတ်တဆိတ်နုတ်ထွက်

စစ်အစိုးရအဖွဲ့၏ နံပါတ် ၄ ရာထူးအဆင့်ရှိသည့် အတွင်းရေးမှူး(၁) စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် လက်ရှိစစ်တပ်ရာထူးမှ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်သွားကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် စစ်တပ်ရာထူးမှ နုတ်ထွက်သော်လည်း အတွင်းရေးမှူး(၁) တာဝန်ကို ဆက်လက် ယူထားမည်ဖြစ်သည်ဟု ဆိုသည်။

၎င်းအနေဖြင့် လက်ရှိစစ်တပ်တာဝန်များနှင့် နိုင်ငံရေး လောကတွင် ပါဝင်ထမ်းဆောင်ရ မည့် တာဝန်များကို ကာလကြာ ရှည်စွာ လုပ်ဆောင်လိုခြင်းမရှိကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးက ပြောဆိုမှုများရှိခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခု ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၏ သတင်းနှင့်ပတ်သက်ပြီး စစ်အစိုးရ၏ မီဒီယာများတွင် ဖော်ပြခြင်းကို မတွေ့ရှိရပေ။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် စစ်ထောက်ချုပ်၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံဖြိုးရေးကောင်စီတွင် အတွင်း ရေးမှူး(၁) တာဝန်များကိုယူထားပြီး ယခုအချိန်တွင် ၎င်း၏နေရာအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟုဆိုသော စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက တာဝန်ယူထားကြောင်း သိရသည်။

ထိုသို့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး နုတ်ထွက်ရခြင်းအကြောင်းမှာ ၎င်း၏သားဖြစ်သူ နိုင်ငံခြားသို့ ဆန်တင်ပို့မှုလုပ်ငန်း လုပ်ကိုင်နေသည့် ဧရာဟင်္သာ ကုမ္ပဏီပိုင်ရှင် ဗိုလ်ကြီးဟောင်း နိုင်လင်းဦး (တေဇာစောဦး) နှင့်ပတ်သက်နိုင်သည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များက ထင်မြင်ယူဆနေကြသည်။

ပြီးခဲ့သည့်လကဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်ခေါ် ဖိုးလပြည့်က တေဇာစောဦးပိုင် နာမည်ကြီး ကဖေး ဆိုင်ဖြစ်သော “7 Lekker” ကဖေးဆိုင်အား ၀င်ရောက်ဖျက်ဆီးခဲ့သည်ဟုသတင်းများထွက်ပေါ်လာခဲ့ကြောင်း၊ ၎င်းဆိုင်မှာ တေဇာစောဦးပိုင်ဆိုင်သည့် ဆိုင်ဖြစ်ပြီး ၀န်ကြီးဦးစိုးသာ ၏သား အပါအ၀င် တခြားစီးပွားရေးလုပ်ငန်းရှင်တဦး လည်း အစုရှယ်ရာပါဝင်သည်ဟု သိရသည်။

၎င်းကဖေးဆိုင် ဖျက်ဆီးခံရမှုသည် ဆိုင်အနီးတွင်ရှိသည့် ပညာရေးဌာနပိုင် မြေနေရာအား ဗိုလ်ချုပ်မှူးကြီးမြေးက Night Club အဖြစ်ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း လူအများကြားတွင် ပြောဆိုနေကြသည်။

ယင်းပြဿနာနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးအားခေါ်ယူပြီး မေးမြန်းခဲ့ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးက ၎င်း၏သား တေဇာစောဦးထံသို့ စစ်အရာရှိတဦးစေလွှတ်၍ ယခုဖွင့်လှစ်ထားသည့် ကဖေးဆိုင်သည် တရားဝင်ဖွင့်လှစ်ထားသည့်ဆိုင်မဟုတ်ဟု ၀န်ခံလက်မှတ်ထိုးခိုင်းကြောင်း၊တေဇာစောဦးက လက်မှတ် မထိုးနိုင်ဟုငြင်းဆန်ခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးသည် စစ်ဖက်ဆိုင်ရာသီဟသူရဘွဲ့ကို ၁၉၈၀ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီနှင့်တိုက်ခိုက်ခဲ့ သည့် တိုက်ပွဲများတွင်ရရှိခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် တရုတ်နယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့သည်။

၎င်းသည်၁၉၉၀ ခုနှစ်တွင် တပ်ရင်းမှူးအဖြစ် စစ်ကိုင်းတိုင်းရှိ ခြေလျင်တပ်ရင်း ၁၁၁ တွင် တာဝန်ယူခဲ့ပြီး၊ ၁၉၉၂ မှ ၁၉၉၄ ခုနှစ် အထိ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တွင် ဗျူဟာမှူးတာဝန်ယူခဲ့သည်။ ထို့နောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်( စကခ-၁ )တွင် ဗိုလ်မှူးချုပ် ဖြစ်လာပြီး ၁၉၉၇ ခုနှစ်တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်၌ နအဖ အဖွဲ့ တွင် အတွင်းရေးမှူး (၁) ဖြစ်လာသည်။ ၂၀၀၉ခုနှစ် မတ်လ မှစတင်ပြီး ဗိုလ်ချုပ်ကြီး ရာထူးကို လက်ခံရယူခဲ့သည်။

ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး၏ သီရိလင်္ကာ ခရီးတွင် ကန့်ကွက်သူတချို့နှင့်ရင်ဆိုင်ရ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သီရိလင်္ကာ ခရီးစဉ်အတွင်း ကြိုဆို နုတ်ဆက်သူ အများအပြားနှင့် တွေ့ခဲ့ရသည့်အပြင် ဆန္ဒပြ ကန့်ကွက်သူတချို့နှင့်လည်း ရင်ဆိုင်ခဲ့ရသည်။
မြို့တော် ကိုလံဘိုတွင် ကန့်ကွက်သူတချို့က ဗိုလ်ချုပ်မှူးကြီးကို သီရိလင်္ကာမှ ထွက်သွားရန် အော်ဟစ်ခဲ့ကြသည်။ လက်ထဲတွင်လည်း "သံဃာများကို သတ်ဖြတ်သူ ပြန်ထွက်သွား" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားကြသည်။

"ကိုယ့်နိုင်ငံထဲကို ဒီလိုမျိုး စစ်ခေါင်းဆောင်မျိုး လာလည်တဲ့တာ ကျနော်တို့ ရှက်ပါတယ်။ ဒီလို လာလည်တာကို မကြိုက်တဲ့အကြောင်း ပြသတဲ့အနေနဲ့ အခုလို ကန့်ကွက်ရတာ ဖြစ်ပါတယ်" ဟု ရှေ့နေတဦးဖြစ်သူ Shiral Lakthileka ၏ ပြောကြားချက်ကို ဘီဘီစီ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးက ၅ နှစ်အတွင်း သူ၏ ပထမဆုံးသော ပြည်ပခရီးတွင် စစ်အစိုးရခေါင်းဆောင် အများအပြားအပြင် သူ၏ မိသားစုဝင်များကိုလည်း ခေါ်ဆောင်သွားသည်ဟု သီရိလင်္ကာမှ လာသော သတင်းများတွင် ရေးထားသည်။
မိုးမခအထောက်တော် အမှတ် ၀၀၂

Friday, November 13, 2009

တခြားသော အမျိုးသားကို မုန်းတီးခြင်းသည် အမျိုးသားရေး မဟုတ်ဟု ဒေါ်စုပြောကြား

တခြားသော အမျိုးသားကို မုန်းတီးခြင်းသည် အမျိုးသားရေး မဟုတ်ဟု ဒေါ်စုပြောကြား

တခြားသော အမျိုးသားများကို မုန်းတီးခြင်းသည် အမျိုးသားရေး မဟုတ်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

”သူ (ဒေါ်အောင်ဆန်းစုကြည်) တခုပဲ ပြောပါတယ်။ အမျိုးသားရေးဆိုတာ အင်မတန်ကောင်းတယ်။ အမျိုးသားရေးဆိုတာ ကိုယ့်အမျိုးသားကို ကောင်းစားစေချင်တဲ့ စေတနာ မေတ္တာတွေ ကောင်းတယ်။ ဒါပေမယ်လို့ တခြားအမျိုးသားကို ထိခိုက်စေတဲ့ဟာ၊ တခြားအမျိုးသားကို မုန်းတီးတာဟာ အမျိုးသားရေး မဟုတ်ဘူးဆိုတာပဲ ပြောလိုက်တယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည် ပြောစကားကို ကိုးကား၍ မဇ္ဈိမကို ပြောသည်။

ရှေ့နေလည်းဖြစ်သော ဦးဥာဏ်ဝင်းနှင့် နေအိမ်ချုပ်ကျခံနေရသော ပါတီခေါင်းဆောင်တို့ ယနေ့နံနက်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြရာ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ယနေ့သည် မြန်မာ့ရိုးရာ ပြက္ခဒိန်အားဖြင့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ဖြစ်ပြီး ၈၉ နှစ်မြောက် အမျိုးသားနေ့ ဖြစ်သည်။ အင်္ဂလိပ် ကိုလိုနီ အစိုးရလက်အောက် ၁၉၂၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပညာရေးအဆင့် မြှင့်တင်စေလိုသော ကောလိပ်ကျောင်းသားများ၏ သပိတ်စတင်သောနေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြသည်။

စစ်အစိုးအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အမျိုးသားနေ့မိန်းခွန်း ပြောကြားသည်ကို ယနေ့ထုတ် စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မျက်မှောက်ကာလတွင် ခေတ်သစ်ကိုလိုနီနယ်ချဲ့ နိုင်ငံကြီးများက အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး နယ်ပယ်အသီးသီး ကို လွှမ်းမိုးခြယ်လှယ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီး၏ ပြောဆိုသည့် စကားကို ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်နေသည့်အတွက် ပြည်သူများက ပူးပေါင်း ဆောင်ရွက်ရန်လည်း တောင်းဆို လိုက်သေးသည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၊ သြစတြေးလျား အပါအဝင် စီးပွားရေးနှင့် သံတမန်ရေးရာ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရေးတွင် ပါဝင်ကူညီပေးမည်ဆိုသော ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်က စစ်ခေါင်းဆောင်ထံ စာရေးသား ပေးပို့ပြီးနောက် နောက်ဆက်တွဲ အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် အများပြည်သူ မြင်ကွင်းတွင် ပြန်လည်ပေါ်ထွက်လာခဲ့ကာ သူမ၏ ပြောစကားများလည်း တဆင့်စကားအဖြစ် ပုံမှန်ထွက်ပေါ်လာနေခဲ့သည်။

ရန်ကုန်ရှိ အန်အယ်ဒီ ရုံးချုပ်တွင် ကျင်းပသော အမျိုးသားနေ့ အခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည်က ဦးဥာဏ်ဝင်းမှတဆင့် နှုတ်ဖြင့် သဝဏ်လွှာပါး ကျေးဇူးတင်စကား ဆိုလိုက်သည်။ ပြည်နယ်နှင့် တိုင်း အသီးသီးမှ ခေါင်းဆောင်များ မအားလပ်သည့်ကြားမှ အခမ်းအနား တက်ရောက်ခြင်းအပေါ် ကျေးဇူးတင်သည်ဟု သူမက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် ထပ်မံတောင်းဆိုလိုက်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင် များအား အမြန်ဆုံးလွှတ်ပေးရန် လိုအပ်သည်ဟု ဆိုသည်။

ထို့အပြင် အဖွဲ့ချုပ် ရုံးများကို ကာလရှည်ကြာ ပိတ်ထားခြင်းမှ ပြန်လည်ဖွင့်ခွင့်ပြုရန်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်၊ တရားဝင် စည်းရုံးခွင့်ပေးရန်၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲတွင် အနိုင်ရပြီးမှ ဖျက်သိမ်းခံပါတီများ အပါအဝင် နိုင်ငံရေးပါတီများကို နိုင်ငံရေး မှတ်ပုံတင်ခွင့်ပေး၍ စည်းရုံးခွင့်ပြုရန်တို့ကို စစ်အစိုးရအနေဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အမျိုးသားနေ့ အထိန်းအမှတ်အဖြစ် “ဒီအမျိုးသားနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို နှုတ်နဲ့ သဝဏ်လွှာပါးခွင့်ရတာဟာ ထူးခြားတယ်လို့ ပြောချင်ပါတယ်။ မြန်မာ့နိုင်ငံအရေး ပြေလည်မှု အလားလာ တိုးတက်လာသလားလို့ မျှော်လင့်နိုင်တယ်ဆိုရင်တော့ အားတက်စရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်နှင့် တိုင်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဝါရင့်နိုင်ငံရေးသမားများ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ - CRPP နှင့် ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အပါအဝင် လူဦးရေ ၁၀၀၀ ခန့် တက်ရောက် ခဲ့သည်။

မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှုတွင် ကာလရှည်စွာ ပါဝင်လာခဲ့သည့် ဝါရင့်နိုင်ငံရေးသမားအစုကလည်း တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ပါဟု ပြောဆိုလိုက်သည်။

မဇ္ဈိမ (ချင်းမိုင်)

ဦးရုက္ခစိုး အဖမ်းခံရခြင်း

ဦးရုက္ခစိုး တယောက်တည်း နေပြည်တော်သို့ တရားကျင့်ရန် ရောက်နေသည်။ ဦးရုက္ခစိုး အခြေချရာ ချင်းမိုင်ရှိ ဒွိုင်ဆူထေ့ တောင်ထက်ပင် နေပြည်တော်ကြီးက တိတ်ဆိတ်လွန်းလှ၏။

တခါတုန်းက ကြပ်ပြေး နေပြည်တော်တွင် ကျက်စားနေသော ကြပ်ငပွေးဖြင့် အလည်အပတ် လိုက်ခဲ့ဖူးရာ နေပြည်တော် ရွှေမြို့တော်ကြီးကား တိတ်ဆိတ်လွန်း၍ တရားမှတ်ရန် အလွန်ကောင်းသော နေရာတခုအဖြစ် သတိရမိပြီး ဖိုးရှုပ်တို့ကိုပင် မခေါ်ဘဲ ရောက်လာခြင်းဖြစ်သည်။

သုသာန် တစပြင်အလား ခြောက်ကပ်တိတ်ဆိတ်လှသော နေပြည်တော်ကြီးရှိ ကျိုးတိုးကျဲတဲ ပေါက်နေသော သစ်ပင်ငယ် တပင်အောက်တွင်ထိုင်ကာ တရားမှတ်နေစဉ် သူ့အနားသို့ ချိုကုပ်ဒူးကြီး အမောတကော ပျာပျာသလဲ ပြေးလာသည်။

ချိုကုပ်။ ။ ဟာ ဟာ … ဦးရုက္ခစိုးကြီး … ခု ရပ်၊ ခု ရပ်။

ရုက္ခစိုး။ ။ ဘာဖြစ်လို့လဲဗျ၊ အမေရိကန်တပ်တွေ ဝင်လာလို့လား။

ချိုကုပ်။ ။ မဟုတ်ဘူး … ခင်ဗျားကို ဖမ်းရလိမ့်မယ်။

ရုက္ခစိုး။ ။ ဘာမှုနဲ့ ဖမ်းမှာလဲဗျ။ ခင်ဗျားတို့ နေပြည်တော်မှာ တိတ်ဆိတ်ငြိမ်သက်လွန်းလို့ သဒ္ဓါစိတ်ပွားပြီး တရား ကျင့်မလို့လေ။

ချိုကုပ်။ ။ အဲဒါကြောင့် ဖမ်းရမှာဗျ။ တရားကျင့်တယ် ပြောရုံနဲ့ ဘယ်ရမလဲ။ ခင်ဗျား မှတ်နေတဲ့ တရားတွေကို ဆင်ဆာမှ မတင်ဘဲဟာ။

ချိုကုပ်ဒူးကြီး၏ စကားကြောင့် ဦးရုက္ခစိုး အလွန်အမင်းအံ့သြသွားသည်။

ရုက္ခစိုး။ ။ ထူးဆန်းပါပေ့ဗျာ၊ မှတ်မယ့် တရားတောင် ဆင်ဆာ တင်ရမယ်လို့။

ချိုကုပ်။ ။ မထူးဆန်းပါဘူးဗျာ၊ ခင်ဗျား သတင်းတွေ မဖတ်ဘူးထင်တယ်၊ NLD က အင်္ဂါဆုတောင်း အဖွဲ့တွေ ဆိုရင် လက်ထဲမှာ ကမ္မဝါ စာရွက်တွေ့လို့ ဖမ်းပြီးပြီ။

ရုက္ခစိုး။ ။ ဟာ ကမ္မဝါဖတ်တာ ဘာဖြစ်လို့လဲ။ ပိဋကတ်သုံးပုံ ဘုရားဟောထဲမှာလည်း ပါတာပဲဟာ။

ချိုကုပ်။ ။ အဲဒီ ဘုရား ဆိုတာကိုတောင် အတုလား၊ အစစ်လား ခွဲရမယ်။ မှတ်ပုံတင် ရှိ၊ မရှိ စစ်ရမယ်။ တောင်ကြာ အတုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျားပြောတဲ့ ပိဋကတ် သုံးပုံ ဆိုတာလည်း အခု ပြန် စိစစ်ရမယ်။ အစိုးရဆန့်ကျင်ရေးပါရင် ဖြတ်ပစ်မယ်။ သူ့ထဲမှာက ပါဠိလိုတွေ ရေးထားတာဗျ။

ရုက္ခစိုး။ ။ သြော် ဆင်ဆာက လူတွေကတော့ ပါဠိလို နားလည်တယ်ပေါ့နော်၊ တော်ကြရှာသားပဲ။

ချိုကုပ်။ ။ ဘယ်ကလာ နားလည်ရမှာလဲ။ ဒီလိုပဲ ဆင်ဆာဘုတ်က ခွင့်ပြုသည်ဆိုပြီး ဆိုင်းထိုး၊ ပြီးရင် စာအုပ်ရှေ့မှာ နိုင်ငံပျက်ရေး ဦးတည်ချက်တို့၊ စီးပွားပျောက်ရေး ဦးတည်ချက်တို့ ထည့်ရိုက်လိုက်ရင် တရား ဝင်ပြီ။ ဟိုလူတွေရဲ့ ကမ္မဝါ စာရွက်မှာက အဲဒါတွေမှမပါဘဲ။ အဲဒီတော့ ဖမ်းတာပေါ့။

ရုက္ခစိုး။ ။ ဒါဆို ကျုပ်က ခင်ဗျားတို့ မဖမ်းအောင် ဘယ်လိုလုပ် တရားမှတ်ရမှာလဲ။
ချိုကုပ်။ ။ အသံထွက်မှတ်လေ။ ဒါပေမယ့် မေတ္တာပို့ရင်တော့ ဖမ်းမယ်။ အေးငြိမ်းကြပါစေတို့၊ ချမ်းသာကြ ပါစေ တို့ ပါလာရင် ဖမ်းမယ်။ ကောင်းတာကတော့ ကမ္မဝါတို့ ဘာတို့လို လူနားမလည်တဲ့ ပါဠိတွေ ရွတ်မယ့်အစား သူတို့တာဝန်အရေး ၃၆ ပါးတို့၊ နိုင်ငံပျက်ရေးဦးတည်ချက်တို့၊ စီးပွားပျောက်ရေး ဦးတည်ချက်တို့ ရွတ်ပြီး တရားမှတ်ပေါ့။

ရုက္ခစိုး။ ။ သြော် … မှတ်သားလောက်ပါ ပေရဲ့။ ဖိုးရှုပ်တို့ရေ ငါ့ လာကြည့်ကြပါဦးဟ။

ဦးရုက္ခစိုးက ဖိုးရှုပ်ကို တ လိုက်သော်လည်း အနားသို့ ရောက်လာသူက ချိုကုပ်ဒူးကြီး၏မြေး ဖိုးလောက်လန်း ဖြစ်နေသည်။

ဖိုးလောက်လန်း။ ။ ဘိုးဘိုးတို့ ရုတ်ရုတ်ရုတရုတ်နဲ့ ဘာဖြစ်နေကြတာလဲ။

ချိုကုပ်။ ။ ဒီမှာ ဦးရုက္ခစိုးကြီးလေ၊ ဘိုးဘိုးရဲ့ နေပြည်တော်မှာ မဖွယ်မရာ တရားလာကျင့်နေလို့ ပညာပေးနေတာ။

ဖိုးလောက်လန်း။ ။ ဦးရုက္ခစိုးတို့ကလည်း တရားကျင့်ဖို့၊ မေတ္တာပို့ဖို့၊ ကမ္မဝါဖတ်ဖို့လောက်ပဲ သိတယ်။ လုံးဝ ဒိတ်အောက်တယ်ဗျာ။ ခက်တာပဲ။ မြန်မာပြည်ကြီး မတိုးတက်တာ ခင်ဗျားတို့လို လူတွေ … အဲ … နတ်တွေ ကြောင့်ဗျ သိလား။

ဖိုးလောက်လန်းကပါ အဘိုးလေသံဖမ်း၍ ဦးရုက္ခစိုးကို ဝင်ငေါက်နေသည်။

ချိုကုပ်။ ။ ဒါနဲ့ ငါ့မြေးက ရန်ကုန်ကနေ ဘယ်လိုလုပ် နေပြည်တော်ရောက်နေရတာတုန်း။

ဖိုးလောက်လန်း။ ။ ပိုက်ဆံလာတောင်းတာလေ၊ ဘိုးဘိုးပဲ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီ ချီတက်မလို့ဆို။

ဦးရုက္ခစိုးကြီးက “အင်း … တရားလည်း မှတ်မရမယ့် အတူတူ … ဒီမြေးအဘိုး ပေါက်တတ်ကရတွေ ပြောတာ နားထောင်ရင် ရယ်ရမယ်ထင်တယ်” ဟုစဉ်းစားကာ နားစိုက်ထောင်လိုက်သည်။

ချိုကုပ်။ ။ ဟုတ်တယ်လေ … ငါ့မြေးပဲ တလောက ပြောတယ်မဟုတ်လား။ စက်မှုခေတ်ကို သွားမှ ရမယ်ဆိုတာ။ အဲဒါနဲ့ အဘိုးလည်း အောက်ကချိုကုပ်တွေကို ပြောပြလိုက်သေးတယ်။ သူတို့တွေ မှတ်သားပြီး မြန်မာ့အမှောင်ထဲမှာ ထည့်ရေးကြတယ်လေ။ ငါ့မြေးက သိပ်တော်တာပဲ။

ဦးရုက္ခစိုး။ ။ မြန်မာပြည်မှာ စက်မှုတော်လှန်ရေး စတော့မယ် ဆိုပါတော့။

ဖိုးလောက်လန်း။ ။ ဟုတ်တယ် ဦးရုက္ခစိုးရဲ့။ ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ပြတဲ့နေရာမှာ၊ ဖိုးလောက်လန်းက ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာ နောင်လာနောက်သားတွေ သိစေရမယ်။


ဦးရုက္ခစိုးရွဲ့ပြောသည်ကို ပြောမှန်းမသိဘဲ ဖိုးလောက်လန်း သွေးနားထင်ရောက် သွားသည်။

ချိုကုပ်။ ။ ဒါနဲ့ ငါ့မြေးခုဏက တောင်းတဲ့ ပိုက်ဆံက ဘာလုပ်ဖို့လဲ။

ဖိုးလောက်လန်း။ ။ ကားဟောင်းတွေ ဝယ်မလို့။

ချိုကုပ်။ ။ ဟာ … ငါ့မြေးက ကားဝပ်ရှော့ ထောင်တော့မလို့လား။ ဝယ်ရင်လည်း ကားအသစ်တွေ ဝယ်ပါလား ငါ့မြေးရယ်။

ရုက္ခစိုး။ ။ ဟုတ်တယ်လေ၊ ဟို … စီးပွားရေးသမား တေဂွရဲ့ သားတွေတောင် ဖယ်ရာရီ စီးနေကြတာ၊ ချိုကုပ်ဒူးကြီးမြေးက ကားဟောင်းတွေဝယ်စီးတယ် ဆိုတော့ အရပ်ရပ် နေပြည်တော် ကြားလို့မှမတော်။

ဖိုးလောက်လန်း။ ။ အဲဒါခက်တာပေါ့ ဘိုးဘိုးတို့၊ ဦးရုက္ခစိုးတို့ ဒိတ်အောက်နေကြပြီ။ ကျနော်က ကား အဟောင်းတွေကို ဝယ်မယ်၊ ဆေးသုတ်၊ မိတ်ကပ်လိမ်း၊ ပေါင်ဒါဖို့၊ ပန်းပါပန်ပြီး မိတ်အင် ဖိုးလောက်လန်း ဆိုပြီး လုပ်မှာ။ တေဂွသားတွေက သူများလုပ်ထားတဲ့ ကားကို ပိုက်ဆံပေးစီးတာ၊ ကျနော်က ကိုယ်တိုင် လုပ်ရောင်းမှာ။

ချိုကုပ်။ ။ ဒါမှ ငါ့မြေးကွ၊ ကောင်းလိုက်တဲ့ ဦးနှောက် ရွှေချထားဖို့တောင် ကောင်းတယ်။

ရုက္ခစိုး။ ။ ဟို ဟို … အဲဒီကားတွေက ဂျာမနီတို့ …

ဦးရုက္ခစိုးစကားမဆုံးခင် ဖိုးလောက်လန်းက လက်ကာပြလိုက်သည်။

ဖိုးလောက်လန်း။ ။ သူ့ဘာသာသူ ဘယ်နိုင်ငံကပဲ လုပ်လုပ် … ကျနော်က ပုံပြောင်းပြီး တံဆိပ်ကပ်လိုက်ရင် ကျနော်လုပ်တဲ့ကားပဲ။ အင်းလျားလိတ်မှာ လုပ်တဲ့ အကြီးကျယ်ဆုံး ပြိုင်ကားပြပွဲကြီးကို သွားလေ့လာပြီးပြီး။ ဘိုးဘိုး ပိုက်ဆံသာ အဆင်သင့်ပြင်ထားတော့။

ချိုကုပ်။ ။ ပိုက်ဆံအတွက်မပူပါနဲ့ ငါ့မြေးရယ်။ ခုဆို အသံတိတ်ဂျာနယ်က အယ်ဒီတာလေးကလည်း ဘိုးဘိုးတို့ အတွက် သူ့ဂျာနယ် စာမျက်နှာပေါ်မှာ အလှူခံပေးနေပြီ။
ရုက္ခစိုး။ ။ အဲဒါက ၂၀၁၀ ရွေးကောက်ပွဲအတွက် မဟုတ်လား ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်။ ။ သူရေးထားတာ ခင်ဗျားမတွေ့ဘူးလား၊ ဒိုင်လူကြီးဖြစ်တဲ့ တပ်မတော်ကို အဲဒီအလှူငွေတွေ အပ်မှာတဲ့။ အဲဒီတော့ တပ်မတော်ရဲ့ အချုပ်ကြီးဖြစ်တဲ့ ကျုပ်ပဲရမှာပေါ့။ မပူနဲ့ ငါ့မြေး ဆက်ပြော။ ငါ့မြေးလုပ်မယ့် အလုပ်က နိုင်ငံတော် ရှေ့ရေးအတွက် အရမ်းအရေးပါတယ်။
“ဘုရား၊ ဘုရား … ” ဟု ဦးရုက္ခစိုးကြီး ယောင်ပြီးတလိုက်မိရာ ချိုကုပ်ဒူးကြီးက မျက်ထောင့်နီကြီးနှင့် လှည့်ကြည့် သဖြင့် ငြိမ်နေလိုက်ရသည်။

ဖိုးလောက်လန်း။ ။ အစီအစဉ်တွေ အကုန်ချပြီးပြီ ဘိုးဘိုးရဲ့။ ကားတွေကို ပုံပြောင်းဖို့က လွယ်ပါတယ်။ ကားဘီးတွေကို ဖြုတ်လိုက်မယ်၊ ပြီးရင် ဒီမှာတင်လုပ်တဲ့ နွားလှည်းဘီးတွေ တပ်လိုက်ရင် ပြီးသွားပြီပေါ့။

ရုက္ခစိုး။ ။ မောင်းလို့ကော ရပါ့မလားကွ။

ဖိုးလောက်လန်း။ ။ မောင်းလို့ရစရာ မလိုဘူးလေ။ ကားဖြစ်ရင်ပြီးရောပေါ့။ အဲဒီလို ကားတွေကို ပုံပြောင်းပြီး ဈေးကွက်တင်တဲ့အခါကျ … ဝက်ဝံရွှေရည်တို့၊ ဆောင်းဟေခိုတို့၊ တင်ဇာဝင့်ထော်တို့လို မော်ဒယ်လေးတွေကို မလုံ့တလုံဝတ်ခိုင်းပြီး ကားတွေပေါ်မှာ ကော့်ကော်ကန်ကား ထိုင်ခိုင်းမယ်။ ဒါကတော့ နိုင်ငံတကာ ပုံစံပေါ့လေ။ ကျနော့်ကားဝယ်တဲ့သူကို မော်ဒယ်လေး တယောက်စီ လက်ဆောင် ထည့်ပေးလိုက်မယ်ဆိုရင် ချက်ချင်းကို ပြိုက်ခနဲ ကုန်သွားမှာ၊ အဲဒီမှာ အဘိုးကော မြေးကော ကမ္ဘာကျော်ပြီပေါ့ဗျ။

မြေးလုပ်သူ၏ စကားကိုကြားသောအခါ စက်မှုနိုင်ငံအိပ်မက် မက်နေသော ချိုကုပ်ဒူးကြီးလည်း သွားရည်များ တမြားမြားဖြင့် အနာဂတ်ကို စိတ်ကူးယဉ်ရင်း ကြည်နူးနေသည်။ ဒီတခါတော့ ဦးရုက္ခစိုးကြီး စိတ်ထဲကပဲ ဘုရား တလိုက်သည်။

ရုက္ခစိုး။ ။ မော်ဒယ်လေးတွေက လိုက်ပါ့မလားဗျ၊ ကြည့်လည်းလုပ်ပါဦး။

ချိုကုပ်။ ။ မလိုက်လို့ရမလား … ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် … ဆိုရင် လိုက်ရမှာပေါ့။ ဒါ နိုင်ငံတော် အတွက်ပဲဟာ …။

ဒီတခါတော့ ဦးရုက္ခစိုးပါးစပ်က လွှတ်ခနဲ ထွက်သွားတော့သည်။

ရုက္ခစိုး။ ။ ဘုရား၊ ဘုရား၊ သြော် … အနိစ္စ၊ ဒုက္ခ၊ အနတ္တ … ။ လူအချင်းချင်း နှိပ်စက်ခြင်း … ကင်းဝေးကြပါစေ၊ လှည့်ဖျားလိုခြင်း အချင်းချင်း … ကင်းရှင်းကြပါစေ၊ မေတ္တာအစွမ်း ကမ္ဘာလွှမ်း လွှမ်းပတ်သာယာ ရှိစေသော် …။အနန္တစကြာဝဠာ၊ အနန္တသတ္တ၀ါတို့ … ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ … ဒေါသခပ်သိမ်း ကင်းရှင်းကြပါစေ … နှလုံးစိတ်ဝမ်း ……။

ဦးရုက္ခစိုးကြီး၏ မေတ္တာပို့သံ မပြီးဆုံးမီ ချိုကုပ်ဒူးကြီး၏ “ဖမ်း” ဟူသော အသံကြီး ထွက်ပေါ်လာသည်။ ထို့ကြောင့် ဦးရုက္ခဆိုးလည်း သူ၏ နောက်ဆက်တွဲ မေတ္တာပို့ကို ဘယ်ခေါ်သွားမှန်းမသိသည့် ကားပြာကြီးပေါ်တွင် အသံ မထွက်ဘဲ ဆက်ရွတ်နေရ လေတော့သတည်း။ ။

ရန်ကုန်သားတာတေ ဧရာဝတီ

ကမ္ဘာပျက်တော့ ဘာဖြစ်လဲ

ချိုကုပ်ဒူးကြီး အကြီးအကျယ် စိတ်ညစ်နေသည်။ သူ့ထံ တဖွဲဖွဲ ရောက်နေသော ထောက်လှမ်းရေး တပ်ဖွဲ့တို့၏ အစီရင်ခံစာများ၊ ကမ္ဘာအရပ်ရပ်ရှိ မြန်မာသံရုံးတို့က ပို့လာသည့် ထိပ်တန်း လျှို့ဝှက် သတင်းလွှာများတွင် ၂ဝ၁၂ ခုနှစ်၌ ကမ္ဘာပျက်မည်ဟု သတင်း အတိအကျ ရကြောင်း ရေးထားကြသောကြောင့် ဖြစ်လေသည်။

ထုံးစံအတိုင်း သူ၏ အခါပေး ဗေဒင်ဆရာ၊ နက္ခဗေဒပညာရှင်များကို ဖုန်းဆက်ပြီး ကမ္ဘာပျက်မည်ဟု သတင်းရကြောင်း၊ မည်သည့်အချိန်တွင် ပျက်မည် ဆိုသည်ကို သိလိုကြောင်း မေးလိုက်သည်။ သူ၏ အခါပေး ဆရာကြီးများလည်း ချက်ချင်း အလုပ်ရှုပ်သွားပြီး ကမန်းကတန်း တွက်ချက်ကြရလေသည်။

ဆရာကြီးများထံမှ တွက်ချက် ခန့်မှန်းမှုများ ရောက်လာသောအခါ တွက်ချက်မှု အားလုံးက တူနေကြ၏။ ၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီတိတိတွင် ကမ္ဘာပျက်မည် ဟူသတည်း။

ထို့ကြောင့် ချိုကုပ်ဒူးကြီး အကြီးအကျယ် စိတ်ညစ်နေခြင်း ဖြစ်သည်။ စိတ်ညစ်သဖြင့် အိပ်ရေးပျက်၊ အစားအသောက် ပျက်သည့် ၁၂ ရက်မြောက်နေ့တွင် မြေးတော်မောင် မျောက်မူးလဲက သူ့ထံ ရောက်လာသည်။ ချစ်လှစွာသော သူ၏ ဘိုးအတွက် အကြံကောင်းတခု ပေးလေသည်။

မျောက်မူးလဲ။ ။ ယိုးဒယားမှာ ဘိုးဘိုးကြီး အတိတ်မေ့သွားတုန်းက ပြန်သတိရလာအောင် လုပ်တဲ့နည်း ပေးတဲ့သူကို မှတ်မိလား။

ချိုကုပ်ဒူးကြီး။ ။ အတိတ်မေ့ပါတယ် ဆိုမှ ငါ ဘယ်မှတ်မိမလဲကွ။ သူ ဘယ်သူလည်း၊ မင်းတို့အဘွား ကွိုင်ကွိုင်လား။

မျောက်မူးလဲ။ ။ ဟုတ်ပါဘူး။ အဘွားကြီးက ဘာမှ မသိပါဘူး။ ယိုးဒယား ရောက်နေတဲ့ အဲဒီပုဂ္ဂိုလ်က အရမ်း အစွမ်းထက်တာ။ သူ့မှာ အိုင်ဒီယာ အလန်းစားတွေ အများကြီး ရှိပုံရတယ်။ သူ့ကို မေးကြည့်ပါလား။ ကမ္ဘာပျက်ရင် ဘယ်လို အသက်ဆက်ရှင်မလဲ ဆိုတာ သူသိမှာပေါ့။

ဤသို့ဖြင့် ချိုကုပ်ဒူးကြီးက ချင်းမိုင် ရုက္ခစိုးကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး သူ့အား ကူညီ စောင်မရန် အပူကပ်လေသည်။ ကမ္ဘာပျက်မည်ဟု ယုံကြည်နေသည့် ချိုကုပ်ဒူးကြီးကို နှစ်သိမ့်ရန် ရုက္ခစိုးကြီး နေပြည်တော်သို့ ရောက်သွားလေသည်။

ချိုကုပ်ဒူးကြီး။ ။ ဦးရုက္ခစိုးရေ … ကမ္ဘာပျက်တော့မယ် တဲ့၊ ဘယ်လို လုပ်ကြမလဲ။ ကျုပ်ရဲ့ ဗေဒင်ဆရာတွေကလည်း ပြောတယ် ယတြာချေလည်း မရဘူး၊ ပျက်မှာပဲ … တဲ့။

ရုက္ခစိုး။ ။ ဒါက ဒီလိုရှိတယ် ချိုကုပ်ဒူးကြီးရဲ့။ မြောက်အမေရိကတိုက် မာယာလူမျိုးတွေက … …

ချိုကုပ်ဒူးကြီး။ ။ အဲဒီ မာယာလူမျိုးတွေအကြောင်း ကျုပ် အကုန်သိပြီးပြီ။ သူတို့ရဲ့ ပြက္ခဒိန်က နောက် ၃ နှစ်ဆို ကုန်ပြီ … တဲ့။ ကမ္ဘာလည်း ပျက်ပြီ … တဲ့၊ ကဲ … ဒါထက် သေချာတာ ဘာရှိဦးမလဲ။

ရုက္ခစိုး။ ။ နာဆာ လို့ ခေါ်တဲ့ အမေရိကန် အာကာသသိပ္ပံ လေ့လာရေး အဖွဲ့ကြီးကလည်း အဲဒီသတင်း မှားတယ်လို့ ပြောထားတယ်နော်။

ချိုကုပ်ဒူးကြီး။ ။ အမေရိကန်တွေ ပြောတိုင်း လက်ခံရမှာလား၊ ခက်လိုက်ပါဘိ ဦးရုက္ခစိုးရယ်။ ကမ္ဘာက ပျက်ဖို့ ၃ နှစ်ပဲ လိုတော့တာနော်။ ရုပ်ရှင်တွေထဲမှာ ရိုက်ထားတာ ကွက်ကွက် ကွင်းကွင်းပဲ တဲ့၊ သူတို့ အမေကြီးကားက ကာလီဖိုးနီးယား ပြည်နယ်ကြီးတောင် ရေထဲကို မြှုပ်သွားတာတဲ့။

ရုက္ခစိုး။ ။ အင်း … ဒီလောက်တောင် ကမ္ဘာပျက်မယ် ဆိုတာကို ယုံနေရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပေါ့။ ဒါဆို နာမည်ကောင်း ရမယ်လေ။

ချိုကုပ်ဒူးကြီး။ ။ ကမ္ဘာကတော့ သေချာပေါက် ပျက်မှာ။ ဒါပေမယ့် အောင်ဆန်းစုကြည်ကိုတော့ လွှတ်ပေးလို့ မဖြစ်ဘူး။ မဖြစ်လို့ ထောင်တောင် ၃ နှစ် ချထားတာ မတွေ့ဘူးလား။

ရုက္ခစိုး။ ။ ဟ … ကမ္ဘာပျက်မယ်ဆို လွှတ်ပေးရမှာပေါ့။

ဦးရုက္ခစိုး၏ စကားကြောင့် ချိုကုပ်ဒူးကြီး ဒေါသ အချောင်းလိုက် ထွက်သွား၏။ နဖူးကြောများ ထောင်လာ၏။ ဦးရုက္ခစိုးကို မျက်စောင်းထိုးလိုက်လေသည်။ ချိုကုပ်ဒူးကြီးက ဒဏ္ဍာရီထဲမှ နဂါးမင်း မဟုတ်သောကြောင့်သာ ဦးရုက္ခစိုး မီးတောက်လောင်မသွားခြင်း ဖြစ်၏။

ချိုကုပ်ဒူးကြီး။ ။ ကမ္ဘာပျက်ဖို့ ၃ နှစ် လိုသေးလို့ သူ့ကို ထောင် ၃ နှစ်ပဲ ချထားတာပေါ့။ ၅ နှစ်လိုမယ် ဆိုရင် ၅ နှစ် ချမှာပေါ့။

ရုက္ခစိုး။ ။ ဟိုက် … ဒေါ်အောင်ဆန်းစုကြည်ကို ၁ နှစ်ခွဲပဲ ချထားတာ မဟုတ်ဘူးလား။ ၁ နှစ်ခွဲ လျှော့ပြီးပြီဆို။

ချိုကုပ်ဒူးကြီး။ ။ ခင်ဗျားကြီးက လည်မလိုလိုနဲ့ တော်တော် တုံးသေးတာပဲ။ ကျုပ်ရဲ့ ကြေညာချက်ကို သေချာ ပြန်ဖတ်လိုက်ဦး၊ ၁ နှစ်ခွဲ လျှော့တယ် သို့သော် စည်းကမ်းရှိရှိ နေရမယ်၊ ရင့်ကျက်ရမယ် ဆိုတဲ့ ခြွင်းချက်တွေနဲ့ ချည်ထားတာ မတွေ့ဘူးလား။

ရုက္ခစိုး။ ။ သြော် … ဟုတ်ပေသားပဲ။

ချိုကုပ်ဒူးကြီး။ ။ ခင်ဗျားကြီး ကျုပ်ကို စကားလမ်းကြောင်း ပြောင်းဖို့ မစဉ်းစားနဲ့။ ကမ္ဘာပျက်တော့မယ် တဲ့၊ လုပ်စမ်းပါဦး၊ ခင်ဗျားကို သစ်ပင် လေးငါးပင် မကဘူး၊ သစ်တောကြိုးဝိုင်း လေးငါးခု ပေးပါ့မယ်။

ကမ္ဘာပျက်တော့မည်ဟု ပြောပြီး သစ်တောကြိုးဝိုင်းများ လက်ညှိုးထိုးပေးမည် ဆိုသဖြင့် ဦးရုက္ခစိုး စိတ်ညစ်သွားသည်။

ရုက္ခစိုး။ ။ ကမ္ဘာပျက်ပြီဆိုမှ ဒီသစ်ပင်တွေမှာ နေလို့ ဘယ်ရတော့မှာလဲ။

ချိုကုပ်ဒူးကြီး။ ။ စဉ်းစားဗျာ။ ခင်ဗျားကြီးမှာ အိုင်ဒီယာ ကောင်းကောင်းလေးတွေ ရှိတတ်တယ် ဆိုလို့ ကျုပ်မြေးကတော့ အင်မတန် အထင်ကြီးနေတာ။

ရုက္ခစိုး။ ။ ကမ္ဘာပျက်မယ့် အချိန်မှာ ချိုကုပ်ဒူးကြီးက ဘာဖြစ်ချင်တာလဲ။

ချိုကုပ်ဒူးကြီး။ ။ ကျုပ်လား … ကျုပ်က ကမ္ဘာပျက်တဲ့အချိန်မှာ အသက် မသေချင်ဘူး၊ ပြီးတော့ အာဏာလည်း ဆက်ပြီး ကိုင်ထားချင်သေးတယ်။

ဦးရုက္ခစိုးလည်း အကြီးအကျယ် စိတ်ညစ်သွားသည်။ ကမ္ဘာပျက်မည်ဆိုသည့် သတင်းမှားများကြောင့် ပျာယာခပ်နေသည့် ချိုကုပ်ဒူးကြီးအတွက် နှစ်သိမ့် ဆွေးနွေး ပညာပေးရမည့် နည်းလမ်းများ အမှန်တကယ် လိုအပ်သည်ဟုလည်း တွေးနေမိသည်။

ချိုကုပ်ဒူးကြီး။ ။ စဉ်းစားစမ်းပါ။ ခင်ဗျားကြီးကို ကျုပ်က မြိုးမြိုးမြက်မြက် ပေးမှာပါ။

ရုက္ခစိုး။ ။ နည်းလမ်းတခုတော့ ရှိတယ်၊ အဲဒါ … အလုပ်ဖြစ်မလားတော့ မသိဘူး။

ချိုကုပ်ဒူးကြီး။ ။ (မျက်လုံးများ ပြူးထွက်လာပြီး) ဘာနည်းလမ်းလဲ၊ ပြောပါဦး။

ရုက္ခစိုး။ ။ နေပြည်တော်မှာ လိုဏ်တွေ အခိုင်အခန့် တူးနေတယ်ဆိုတော့ အဲဒီထဲမှာ ၀င်နေပေါ့ဗျ။ ကမ္ဘာပျက်မှာကို ဘာကြောက်စရာ ရှိမလဲ။

ချိုကုပ်ဒူးကြီး။ ။ မရဘူး … မရဘူး … ၊ ကမ္ဘာပျက်ရင် အဲဒီ တောင်တွေကြားမှာ ဖောက်ထားတဲ့ လိုဏ်တွေလည်း ပျက်မှာပဲလို့ မြောက်ကိုရီးယား ပညာရှင်တွေက ကျုပ်ကို ပြောပြီးပြီ၊ သူတို့လည်း အာမ မခံဘူး တဲ့။ အဟင့် … ငိုချင်လာပြီ။

ငိုမည့်ဟန် ပြင်နေသည့် ချိုကုပ်ဒူးကြီးကို ကြည့်ပြီး ဦးရုက္ခစိုး အကြံတခု ရလာသည်။

ရုက္ခစိုး။ ။ ဒီလိုလုပ်ပါလား။

ချိုကုပ်ဒူးကြီး။ ။ ဘယ်လို လုပ်ရမှာလဲ။

ရုက္ခစိုး။ ။ အခု တူးနေတဲ့ လိုဏ်တွေကို ဆက်တူးလိုက်။ ဒါပေမယ့် လမ်းကြောင်း ပြောင်းရမယ်။ ဟိုး … မြေကြီးအောက်ကို ဆက်ပြီးတူးပေါ့။

ချိုကုပ်ဒူးကြီး။ ။ ခပ်နက်နက် တူးရမှာပေါ့ … ဟုတ်လား။

ရုက္ခစိုး။ ။ ဟုတ်တယ်၊ နက်နက် တူး၊ ငရဲပြည်ရောက်တဲ့အထိတူး။ ကမ္ဘာပျက်လည်း ငရဲပြည်က ပျက်မှာမှ မဟုတ်တာ။ အဲဒီမှာ နေပေါ့။

ချိုကုပ်ဒူးကြီး အနည်းငယ် တွေဝေသွားသည်။ ရင်တဒိတ်ဒိတ် ခုန်လာပြီး ညာဘက်လက်ညှိုးကိုပင် ပါးစပ်ထဲထည့်၍ ကိုက်ထားလိုက်မိသည်။

ချိုကုပ်ဒူးကြီး။ ။ ခင်ဗျားကြီး စိတ်ကူးကတော့ သိပ်ကောင်းတယ်၊ ဂွတ်ရှယ်ပဲ၊ ဒါပေမယ့် ကျုပ်က အဲဒီမှာဆို သာမန်လူ ဖြစ်သွားမှာ။ အာဏာ မရှိတော့ဘူး။

ရုက္ခစိုး။ ။ (ခွက်ထိုးခွက်လှန် ရယ်မောပြီး) ငရဲပြည်မှာ အာဏာရှိဖို့က လွယ်လွယ်လေး။

ချိုကုပ်ဒူးကြီး။ ။ ဟာ … ဟုတ်လား၊ လွယ်သလား။ ယမမင်းက ခင်ဗျားနဲ့ သိသလား။

ရုက္ခစိုး။ ။ သိစရာ မလိုပါဘူး။ ချိုကုပ်ဒူးကြီး ငရဲပြည်ရောက်တဲ့အခါ ငရဲပြည်က ယမမင်းကို အာဏာသိမ်းလိုက်ပေါ့ဗျာ၊ အဲဒါဆို အာဏာရှိသွားမှာပေါ့။

ချိုကုပ်ဒူးကြီး၏ မျက်နှာ ၀င်းခနဲ ဖြစ်သွားသည်။ ထို့နောက် အကြံကောင်း ဉာဏ်ကောင်း၊ အိုင်ဒီယာကောင်း ပေးသည့် ဦးရုက္ခစိုးကို ၀မ်းသာအားရ ဖက်ပြီး နမ်းလိုက်လေသည်။

ရန်ကုန်သားတာတေ

Monday, November 9, 2009

လုံခြုံရေးကြောင့် တက္ကသိုလ် ကျောင်းသားများ စိတ်အနှောင့်အယှက်ဖြစ်

အောင်သက်ဝိုင်း | မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် အရပ်ဝတ် ရဲတပ်ဖွဲ့ဝင် အများအပြားဖြင့် လုံခြုံရေး တင်းကျပ်ထား သောကြောင့် ကျောင်းသား ကျောင်းသူများ စိတ်အနှောင့်အယှက် ဖြစ်နေသည်ဟု သိရသည်။

နိုင်ငံရေး အခြေခံသော ကျောင်းသား ဆန္ဒပြမှုများ မပေါ်ပေါက် စေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်း တပ်ဖွဲ့ဝင်များက စောင့်ကြည့် နေကြကြောင်း အနောက်ပိုင်း တက္ကသိုလ် ဆရာ၊ ဆရာမ တချို့က ပြောသည်။

“လုံခြုံရေးကို ရဲနဲ့ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့တွေ ပူးပေါင်း လုပ်တာပါ” ဟု ဒဂုံတက္ကသိုလ်မှ နည်းပြ တဦးက ဧရာဝတီကို ရှင်းပြသည်။

အဝေးသင် ကျောင်းသားများ၏ ရက်ပိုင်း ကျောင်းတက်ချိန်၊ စာမေးပွဲဖြေချိန်တွင်သာမက ပုံမှန် တက္ကသိုလ် နေ့ကျောင်းများ ပြန်ဖွင့်သည့်အခါတွင်လည်း လုံခြုံရေး တင်းကျပ်လေ့ရှိသည်ဟု သူက ပြောသည်။

လုံခြုံရေး စည်းကမ်းချက်များ အရ ကျောင်းသား၊ ကျောင်းသူများသည် စိစစ်ရေးကတ်များ ရင်ဘတ်တွင် ချိတ်ဆွဲပြီးမှ စာသင်ဆောင်များ အတွင်းသို့ ၀င်ခွင့်ရနိုင်သည်။

“ကျောင်းသားကတ် မေ့ကျန်ခဲ့လို့ပါ ဆိုရင်လည်း မရဘူး၊ စာသင်ဆောင်ထဲ လုံးဝကို ၀င်ခွင့် မပြုတာ။ တကယ်လို့ ကျောင်းသားကတ် မပါဘဲ အတင်းဝင်မယ် ဆိုရင် ကျောင်းစည်းကမ်း ဖောက်ဖျက်မှုနဲ့ အရေးယူခံမယ် လို့ ပြောတယ်” ဟု လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်းတက္ကသိုလ်မှ ကျောင်းသားတဦး က ရှင်းပြသည်။


လုံခြုံရေး တင်းကျပ်ထားခြင်းမှာ နိုင်ငံရေး နှင့် ဆက်နွယ်သူများ ၀င်ရောက်ပြီး ကျောင်းသားများကို လှုံ့ဆော်ခြင်းမှ ကာကွယ်ရန်၊ တည်ငြိမ် အေးချမ်းစွာ ပညာသင်ကြားမှုကို ဖျက်ဆီးမည့် အဖျက်သမားများ ရန်မှ ကာကွယ် တားဆီးရန် ဖြစ်သည် ဟု အနောက်ပိုင်း တက္ကသိုလ် မော်ကွန်းထိန်းရုံးမှ ၀န်ထမ်းတဦးက ပြောဆိုသည်။


“ကျောင်းသားကတ် မပါရင် ကျောင်းသားလား၊ နိုင်ငံရေး လှုပ်ရှားသူလား၊ အကြမ်းဖက် ဗုံးထောင်မယ့်သူလား ကျမတို့က ဘယ်လို ခွဲခြားလို့ရမလဲ။ ကလေးတွေ စာ အေးအေး ဆေးဆေး သင်နိုင်အောင် ဒီလို အစီအမံတွေ လုပ်ထားတာပါ” ဟု ၎င်းက ဆိုသည်။


အာဏာပိုင်တို့က ကျောင်းသား ကျောင်းသူ အချင်းချင်း စုစည်း ညီညွတ်မှု မရှိစေရန်လည်း တင်းကျပ်သော စိစစ်မှုများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားပုံရသည်ဟု ကျောင်းသား တဦးက သုံးသပ်သည်။


“မြန်မာစာကျောင်းသားက ပထ၀ီဝင် ကျောင်းသားဆီ အလည်သွားလို့ မရဘူး။ မြန်မာစာ ကျောင်းသားကတ်နဲ့ ပထ၀ီဆောင်ထဲ ၀င်လို့ မရဘူး။ ပေးမ၀င်ဘူး။ ကျောင်းသူ ကျောင်းသားတွေ စုစည်းလို့ မရအောင် လုပ်ထားတာလို့ ပြောလို့ရတယ်” ဟု အနောက်ပိုင်းတက္ကသိုလ် မြန်မာစာကျောင်းသားတဦးက ပြောသည်။


ကိုယ်ပိုင်ကား၊ အငှားကားတို့ဖြင့် လာသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အမည်နှင့် ခုံနံပါတ် မှတ်သားခြင်း၊ ကားနံပါတ်နှင့် ယာဉ်မောင်း အမည်ကို စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ပြီးမှ ကျောင်းတွင်းသို့ ၀င်ခွင့်ပြုသည်ဟု ဆိုသည်။


ကျောင်းသား ကျောင်းသူများ စိတ်အနှောင့်အယှက် ဖြစ်ရသည့် အကြောင်းရင်းမှာ လုံခြုံရေး တင်းကျပ်မှု တခုတည်းကြောင့် မဟုတ်ပေ။


ယနေ့ခေတ် တက္ကသိုလ် ကျောင်းများမှာ ဝေးလံ ခေါင်သီလှသော မြို့ပြင်ဒေသများတွင် တည်ရှိသည့် အတွက် ကျောင်းသားများက နေ့စဉ် အချိန်ကြာမြင့်စွာ ခရီးသွားလာကြရသည်။


“လိုင်းကား တိုးစီးရတာနဲ့ ကျောင်းရောက်ရင် စာသင်ဖို့ အားမရှိတော့ဘူး။ နေ့တိုင်း ပင်ပင်ပန်းပန်းနဲ့ ကျောင်းတက်နေရတာပါ” ဟု ဒဂုံတက္ကသိုလ် ကျောင်းသူတဦးက ပြောသည်။


ရန်ကုန်တွင် ကျောင်းသား ဆန္ဒပြမှုများ မကြာခဏ ဖြစ်ခဲ့ဖူးသည့် အတွက် မြို့တွင်း အချက်အချာကျ နေရာများရှိ ရန်ကုန်တက္ကသိုလ်၊ စက်မှုတက္ကသိုလ် တို့ကို ဒဂုံမြို့သစ်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျှင် စသည့် မြို့ပြင် ဆင်ခြေဖုံးဒေသများသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်ဟု အများက ယုံကြည်ကြသည်။


ယခု အဝေးသင်တက္ကသိုလ် စာမေးပွဲများ ပြုလုပ်နေချိန်အတွင်း ရန်ကုန်တွင် လုံထိန်းရဲကားများ လှည့်လည် သွားလာနေသည်ကို တွေ့ရသည်။


မြန်မာနိုင်ငံ တ၀န်းတွင် အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းများ၊ စာမေးပွဲများကို အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် နှစ်သုတ်ခွဲ ပြုလုပ်နေပြီး ဒီဇင်ဘာလတွင် နေ့စဉ် တက်ရသည့် တက္ကသိုလ် ကျောင်းများ အားလုံး တပြိုင်တည်း ဖွင့်လှစ်မည် ဖြစ်သည်။


အဝေးသင်တက္ကသိုလ် ကျောင်းသားများ အတွက် စာသင်ရက်များမှာ စာသင်နှစ် တနှစ်လျှင် ၁၀ ရက်သာရှိသည်။ သိပ္ပံဘာသာရပ် အထူးပြု ကျောင်းသားများသည် စနေ တနင်္ဂနွေနေ့များတွင် လက်တွေ့ခန်း အသုံးပြုနိုင်သည်။ စာသင်နှစ် တနှစ်လျှင် ၅ လခန့် လက်တွေ့ ဆင်းရန် သတ်မှတ်ထားသည်။


၁၉၉၁/၉၂ ပညာသင်နှစ်မှ စတင်ခဲ့သော အဝေးသင် တက္ကသိုလ် ပညာရေး စနစ်သည် ကျောင်းသားများ စုစည်းမှု မရှိကြစေရန် အာဏာပိုင်တို့က ကျင့်သုံးခဲ့သော စနစ်ဖြစ်သည်ဟု အကဲခတ်များက ယူဆကြသည်။



Sunday, November 8, 2009

မဖူးနိုင် မပွင့်နိုင်သော ပန်းကလေးများ­­­

ဒီပုံလေးကိုတော့ အခွေတစ်ခွေထဲက ခွင့်မတောင်းပဲကူးယူလိုက်ပါတယ်


ပန်းကလေးများပွင့်တော့မည်။

ဖူးတံဝင့်လို့ခြည်၊

နေခြည်မှာရွှေရည်လောင်း၊

ငါတို့စာသင်ကျောင်း။

အင်အားများစွာပါသော၊ အဓိပါယ်လေးနက်သော၊ လိုတိုရှင်းရေးဖွဲ့ခဲ့သော၊ ပျဉ်းမနား မောင်နီသင်း၏ ကျော်ကြားသောကဗျာတစ်ပုဒ်။ယနေ့ခေတ်ပညာရေး စနစ်တွင် ထိုပန်းကလေးများသည် ဖူးနိုင် ပွင့်နိုင်ပါမည်လော။

ကျွန်တော်တို့ငယ်စဉ်က ထိုကဗျာလေးအပါအ၀င် အခြား ကျောင်းသင်ခန်းစာတို့အား ပိတုန်းတို့ အော်မြည်သံပမာ သံပြိုင်ရွတ်ဆိုခဲ့ဖူးကြလေသည်။ ၎င်း ကဗျာလေး အတိုင်းပင် နောင်တစ်ချိန် ပွင့်လန်းလာမည့် အဖူးကလေးတွေဘ၀စတင်ပြီး အနာဂတ်တွင် လူတော်လူကောင်း အဖြစ်၊ပညာတက်တစ်ယောက်အဖြစ် စိတ်ကူးရှိခဲ့ကြသည်။

တစ်ခေတ်တစ်ခါကပညာတက် သူများကိုများစွာအထင်ကြီး၍ ပညာတက်လျှင် ရာထူး ရာခံ နှင့် အရာရှိတစ်ယောက်ဖြစ်မည်ဟု ယုံကြည်ထားကြလေသည်။ သို့သော် အရာရှိကြီး ဖြစ်မလာပဲ ဘွဲ့ရပါလျှက် ဆိုက်ကားသမား၊ ဈေးသည်၊ စပယ်ယာ စသည်တို့များပြား လာသော အခါ၌ကား ပညာတက်တော့ဘာဖြစ်လာမလဲ ဟူသော မေးခွန်းတစ်ခုပေါ်လာ သော အခါပညာ၏တန်ဘိုးကိုမသိသော မိဘတော်တော်များများ တို့သည် ပညာရေးကို အလေးမထားတော့ချေ။

အလားတူ လက်ရှိအစိုးရသည်လည်း နိုင်ငံတကာနှင့် သဟဇာတဖြစ်ရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးမှုစီမံကိန်းများတွင် လက်ညိုးထောင် ခေါင်းညိမ့် လက်မှတ်ထိုး စတာတွေကို ပြုလုပ်ခဲ့သည်။ ထိုအထဲတွင် စာမတက်သူပပျောက်ရေး စီမံကိန်းလည်း ပါဝင်ခဲ့သည်။ ထိုစီမံကိန်းအရ တိုင်းပြည်တွင် စာမတက်သူပပျောက်အောင် ပြုလုပ်ရပေလိမ့်မည်။ စာတက်အောင် သင်ပေးနိုင်သော ဆရာအင်အားလုံလောက်စွာ မရှိပါပဲ နှင့် ကလေးတို့ စာတက်သည်မတက်သည်ထား တစ်နှစ်တစ်တန်းသာ အတန်းမှန်မှန်တင်ပေးတော့သည်။ ထို “မအောင်မရှိငါ့တပည့်” စီမံကိန်းကြောင့် သုံးတန်းကလေးတစ်ယောက်သည် ကိုယ့်အ မည်ကို ကိုယ်တိုင်မရေးတက်သူတို့ပင် တွေ့ရှိခဲ့ရလေသည်။ထိုသို့အတန်းမှန်မှန် တင်ပေး နေသော ပညာရေးစနစ်ကြောင့် မိဘတို့သည်ပညာရေးအား အလေးအနက်မထား လစ်လျူရှုထားကြတော့သည်။ ထို့ကြောင့်ပင် ထိုကဗျာလေး၏ လှပသောသံစဉ်တစ်ခုသည် ပတ်ဝန်းကျင်မှ ကွယ်ပျောက်လုနီင်္းနီးရှိခြေတော့သည်။

ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရ၏ ပညာရေးစနစ်အား ကျွန်ပညာရေးစနစ် သတ်မှတ်ကာ ဆန့်ကျင်ခဲ့ကြလေသည်။ ထိုပညာရေးစနစ်ထဲရှိ ကောလိပ်ကျောင်းသား၊ အထက်တန်းကျောင်းသား တို့သည် အင်္ဂလိပ်လိုရေးတက် ပြောတက် ဖတ်တက် ရုံမျှမက အချိန်တန်လျှင် မြို့အုပ်၊ မြို့ပိုင် ဖြစ်မည်ဟူသော အနာဂတ်ရှိလေသည်။ ယခုခေတ်ဘွဲ့ရ ပညာတက်တစ်ယောက်သည် “ ၁၃ နှစ် ” တိုင်တိုင် အင်္ဂလိပ်လို သင်ကြားခဲ့ရပါလျှက် အဘယ်ကြောင့် အင်္ဂလိပ်လို မရေးတက် မဖတ်တက် မပြောတက် ဖြစ်နေရပါသနည်း။ ဆရာဝန်တစ်ယောက်သည် အထူးကုဖြေရန် အင်္ဂလိပ်စာသင်တန်းတက်ရလေသည်။

ထို့အတူ ဓာတုဗေဒ ကျောင်းသားတစ်ယောက်သည် လူသုံးကုန်ပစ်စည်းဖြစ်သော မဲနယ်ပင် မပြုလုပ်တက်ချေ။ နည်းပညာတကသိုလ်မှဘွဲ့ရတစ်ယောက်သည် မီးခေါင်းတစ်ခု ပျက်လျှင်ပင်မပြင်တက်ချေ။ မြန်မာစာနှင့် ကျောင်းပြီးခဲ့သော သူတစ်ယောက်သည် ရတု ရကန် ဒွေးချိုး လေးချိုး ရေးတက်ဘို့ဝေးစွ အမျိုးအစားပင်မခွဲတက်ချေ။ စီင်္းပွားရေးဘွဲ့ရ တစ်ယောက်သည် စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ဘို့ဝေးစွ စာရင်းဇယားပင် ကိုင်တွယ် ဖြေရှင်းတက်ခြင်း မရှိချေ။ ထိုသို့ဖြစ်နေသည်မှာ ၁၀၀ လျှင် တစ်ယောက်မဟုတ်ချေ။ ၁၀၀ လျှင် ၉၉ ယောက်ဖြစ်နေလေတော့သည်။ ၎င်းတို့သည် ဘာပညာများတက်မြောက်ခဲ့ သနည်း။ စသည့်မေးခွန်းများစွာရှိနေသည်။ ၎င်းဘွဲ့ရသည့်အထဲမှ ကံကောင်းထောက်မ အလိုက်ကောင်း၍ ရာထူးရာခံနှင့်အရာရှိ ဖြစ်ခဲ့လျှင် ၀န်ထမ်းဖြစ်ခဲ့လျှင် ထိုသူတို့သည် ၎င်းတို့၏လစာဖြင့်ဝမ်းရေး ဖြေရှင်းမရနိုင်သောကြောင့် ခိုးစားသူ သူခိုးများဖြစ်လာကြသည်။ ဤသို့ဖြင့် ပညာတက်သူခိုးများ ဖြစ်လာလေတော့သည်။ နိုင်ငံတော်မှပေးသော ဘွဲ့လက်မှတ် သည် အရောင်းစာရေးရာထူးသာရရှိမည် ဖြစ်သည်။ စာရင်းကိုင်ရာထူးလောက် လိုချင် ပင်လျှင် စာရင်းကိုင်သင်တန်း တက်ရမည်။ ကိုလိုနီခေတ်ပညာရေးအား ကျွန်ပညာရေးဟု သတ်မှတ်ခဲ့လျှင် ယခုခေတ် မြန်မာနိုင်ငံပညာရေးအား မည်သို့သတ်မှတ်မည်နည်း။

လပေါ်တွင် လူနေထိုင်ရန် စမ်းသပ်လေ့လာနေသော ခေတ်ကာလတွင် တကယ့်ပညာ မရှိသော နိုင်ငံသည် အဘယ်မှာ ဖွံ့ဖြိုးတိုးတက်မှုရှိနိုင်မည်နည်း။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ဘို့ဆိုလျှင် ပညာရှင် ပညာတက် များများရှိမှ ဖြစ်ပေလိမ့်ည်။ ယခုပညာရေးစနစ် နှင့်ဆိုလျှင်တော့ ဖွံ့ဖြိုးတိုးတက်ဘို့ ဝေးစွ ကြာလာလျှင် ခွက်ဆွဲတောင်းစားရမည့် သူတောင်းစားတိုင်းပြည်ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ယခုခေတ်ပညာရေးရေစီးကြောင်းတွင် စီးမျောနေသောကျောင်းသားထု သည် မိမိတို့သင်ကြားနေရသော ပညာရေးအား အပြန်ပြန် အလှန်လှန် စဉ်းစားသုံးသပ်ရ်ျ ဘာလုပ်သင့်သည်ဆိုတာကို မိမိတို့ဘာသာပင် ဆုံးဖြတ်ရပေလိမ့်မည်။

စမ်းချောင်းလေး

စမ်းချောင်းလေးအား အထူးကျေးဇူးတင်ရှိပါသည်။