Friday, May 27, 2011

ရွေးကောက်ပွဲရှိတိုင်းလည်း ဒီမိုကရေစီမရှိဟု ဒေါ်စုပြော


မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၂၇၊ ၂၀၁၁

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၂၁ နှစ်မြောက်နေ့ ဖြစ်သည့် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာမီက လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ တွေ့ဆုံပွဲ၊ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းဖတ်ပွဲကို ကျင်းပခဲ့သည်။

ထိုပွဲသို့ NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှူဆောင်များလည်း တက်ရောက်ကြပြီး မကြာမီက လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၂၀ ကျော် တက်ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီပါတီဝင် မဟုတ်သူများ အပါအ၀င် ထောင်မှ လွတ်လာသူ အားလုံးကို ကြိုဆိုကြောင်း၊ အသက်အရွယ်အားဖြင့် ၂၀ ကျော်မှ ၈၀ ကျော်အထိ ရှိကြသဖြင့် မျိုးဆက် တဆက်မက ပါဝင်ကြောင်း၊ အကျဉ်းကျရခြင်းအကြောင်းမှာ နိုင်ငံရေး ခံယူချက်ကြောင့်ဖြစ်ပြီး ဂုဏ်သိက္ခာ၊ မာနကို ခံယူချက် ရပ်တည်ချက်ကို ထိန်းသိမ်းပြီး အကျဉ်းအကျပ်ထဲ နေထိုင်ဖြတ်သန်းခဲ့ရသည့် အတွက် ဂုဏ်ယူပါကြောင်း၊ လွတ်လာသည့် သူများနှင့် တွေ့ဆုံရေးအတွက် ယနေ့ကို ရွေးခြင်းမှာ တိုက်ဆိုင်မှု သက်သက် မဟုတ်ကြောင်း၊ အခြားသော အကြောင်းကြောင်းများကြောင့် ကြိုဆိုခြင်း ဖြစ်ကြောင်း ပြောကြားသည်။

၉၀ ရွေးကောက်ပွဲကို သမိုင်းမှာ ကျန်ရစ်ခဲ့ပြီဟု တချို့က ပြောကြသည်ကို သူ သဘော မတူကြောင်း ၉၀ ရွေးကောက်ပွဲသည် သမိုင်းတင်ခဲ့သည်၊ သမိုင်း ၀င်ခဲ့သည်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကပင် ရွေးကောက်ပွဲတွင် အစိုးရက ပေးခဲ့သည့် ကတိတွေကိုမတည်ခဲ့သည့် အဖြစ်၊ ထိုအဖြစ်သည် အန်အယ်ဒီကို အာဏာမပေးခြင်းကြောင့် ပြောဆိုခြင်း မဟုတ်ပဲ ပြည်သူလူထုကို ပေးခဲ့သည့် ကတိ မတည်၍ ပြောနေရခြင်း ဖြစ်သည်ဟု ဆိုသည်။ ရွေးကောက်ပွဲရှိတိုင်း ဒီမိုကရေစီရှိသည်ဟု မဆိုနိုင်ဘဲ ဒီမိုကရေစီမရှိသည့် နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲ ရှိနေသည့် အဖြစ်ကိုထောက်ပြခဲ့သည်။ တရားဥပဒေ စိုးမိုးရေး အရေးကြီးကြောင်း၊ တရားဥပဒေ စိုးမိုးမှု မရှိလျင် ဒီမိုကရေစီ မရှိနိုင်ကြောင်းလည်း ထောက်ပြ ပြောဆိုခဲ့သည်။

ယနေ့ ကျင်းပသည့်ပွဲသို့ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ သာမက NLD ပါတီဝင်နှင့် အခြား စိတ်ဝင်စားသူ စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

ယနေ့ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ၂၁ နှစ်ပြည့် အခမ်းအနားသို့ မိဘဖြစ်သူနှင့် လိုက်လာသည့် ခလေးငယ်တဦး
ယနေ့ အခမ်းအနားသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ၉၀ ရွေးကောက်ပွဲ နှစ်လည် အခမ်းအနားနှင့် မကြာမီက လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ ဦးတင်ဦး အမှာစကားပြောကြားစဉ်

မိုးမခ မှကူးယူဖေါ်ပြပါသည်။

ဖိုးရှုပ်လေး

Thursday, May 26, 2011

ဘုရင်ရူးရူးနေတဲ့ သန်းရွှေရဲ့ အပါးစေလူယုံတော်ကြီး သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ရာဇပလ္လင်ကြီး ရောက်လို့  နေ။

အောက်ဖေါ်ပြပါ ပုံက ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ထားရှိထားတဲ့ သီပေါဘုရင် ထိုင်ခဲ့တဲ့ သီဟာသန ပလ္လင်ကြီး ဖြစ်ပါတယ်။






























အခုတော့ ဘုရင်ရူးရူးနေတဲ့ သန်းရွှေရဲ့ အပါးစေလူယုံတော်ကြီး သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ရာဇပလ္လင်ကြီးကို ထားထားတာ အင်မတန် မသင့်တော်တဲ့ လုပ်ရပ်ပါဘဲ။























ရာဇပလ္လင်ဆိုတာ ရှေးခေတ် မြန်မာနိုင်ငံရဲ့  သက်ဦးဆံပိုင် ဘုရင်တွေ ထိုင်ခဲ့တဲ့ အထွဋ်အမြတ်ထားရာ နေရာထိုင်ခင်း ဖြစ်ပါတယ်။ ရာဇပလ္လင်တစ်မျိုးဖြစ်တဲ့ သီဟာသနပလ္လင်ဆိုတာ ခြင်္သေ့ရုပ်ခံဖြစ်ပြီး ယမနေသားနဲ့  ထုဆစ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ဟာ လွှတ်တော်ကျင်းပရာခန်းမဆောင်အတွင်းမှာ ထားရှိပြီး လွှတ်တော်အတွင်း မှူးမတ်အပေါင်းတို့ ရဲ့  ပူဇော်ခံပြီး လွှတ်တော်ကျင်းပတာ ဖြစ်ပါတယ်။ သီဟာသနပလ္လင်ဟာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ပလ္လင် (၈) ပါးထဲက အထွဋ်အထိပ်ထားတဲ့ အမြင့်မြတ်ဆုံး ပလ္လင်ဖြစ်ပါတယ်။

နေပြည်တော်ဆောက်လုပ်နေစဉ် သတင်းထွက်ပေါ်လာခဲ့တဲ့ ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ထားရှိထားတဲ့ သီပေါဘုရင် ထိုင်ခဲ့တဲ့ သီဟာသန ပလ္လင်ကြီးနဲ့  ပုံစံတူတဲ့ ပလ္လင်ကြီးတစ်ခုကို နေပြည်တော်ကို ရွှေ့ တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့တာ အခုတော့ တကယ်ကို သိန်းစိန်ရဲ့  ရုံးခန်းထဲမှာ ရောက်နေတာ တွေ့ မြင်ရပါပြီ။

ဒီနေရာမှာ ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ခေတ်အဆက်ဆက်က ထားရှိခဲ့တဲ့ သီဟာသနပလ္လင်ကြီးရော ဆက်ရှိနေသေးရဲ့ လား၊ အခု သိန်းစိန်ရဲ့  ရုံးခန်းထဲကို ရောက်နေတဲ့ သီဟာသနပလ္လင်ကြီးက အမျိုးသားပြတိုက်ထဲကနေ ပြောင်းယူခဲ့တဲ့ ပလ္လင်အစစ်ဖြစ်နေပြီး ရန်ကုန်က အမျိုးသားပြတိုက်ထဲမှာတော့ အတုနဲ့ အစားထို့  လဲထားပြီး အများပြည်သူအမြင်မှာ ဟန်မပျက်ရှိနေအောင် ဖန်တီးထားသလားဆိုတာ မေးစရာဖြစ်နေပါပြီ။

သန်းရွှေတို့  သိန်းစိန်တို့  အာဏာရူးတွေ ဖြောင်ပြစ်နေတဲ့ အစစ်ကို အတုနဲ့  ပှုံမှားရိုက်ပြီး အစားထိုးထားတဲ့ မြန်မာ့ရှေးဟောင်းအမွေအနှစ်တွေ ဘုရားစေတီပုထိုးက သယံဇာတတွေ ဌာပနာတွေ ဘယ်လောက်တောင်ရှိနေပြီးလည်း ကုန်ဆုံးပျောက်ကွယ်နေပြီလည်းဆိုတာ တွေးကြည့်ရပါတော့မယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးတောင် ရွှေ့ ယူလို့ ရမယ်ဆိုရင် အခုဆို နေပြည်တော် ရောက်နေလောက်ပါပြီ၊ နောက်ဆုံး ဘုရားစေတီပုထိုးတွေ အတုလိုက်လုပ်ပြီး တန်ခိုးအရှိအ၀ါရှိအောင်ဆိုပြီး မလုပ်သင့်တာ လုပ်နေတဲ့ သန်းရွှေတို့  သိန်းစိန်တို့ အာဏာရူးတွေရဲ့  ပြောမယုံ ကြုံဖူးမှသိဆိုသလိုဘဲ အခု သိန်းစိန်ရဲ့  ရုံခန်းထဲရောက်နေတဲ့ သီဟာသနပလ္လင်ကြီးက သက်သေပြနေပါပြီ။

သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ အလှပြထားရမယ့်အရာ မဟုတ်ပါဖူး။ နိုင်ငံခြားသား သံတမန်တွေ လူမျိုးခြား ဧည့်သည်တွေကို မြန်မာပြည်ရဲ့  အခြားသော လက်မှုအနုပညာများနဲ့  ပြသလို့  ရပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့  တော်ဝင်ပစ္စည်း သမိုင်းအမွေအနှစ်တွေကို အစစ်ကိုဖြစ်စေ ပုံတူတုလို့ ဘဲ ဖြစ်စေ တန်ဖိုးမဲ့စွာ လုပ်ပြဖို့  မသင့်တော်ဖူးဆိုတာ တိုင်းပြည်ရဲ့  ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုပြီး ပြောပြောနေတဲ့ သန်းရွှေတို့  သိန်းစိန်တို့  က အမျိုးမျိုး ဖောက်ပြန်လုပ်ဆောင်နေတာပါလား။









































































































သမိုင်းအမွေအနှစ်တွေ ပြည်သူပိုင်ပစ္စည်းတွေ တိုင်းပြည်ရဲ့  ရှေးဟောင်းအမွေအနှစ်တွေကို သိန်းစိန်တို့  အခုလို လက်လွတ်စပယ်လုပ်နေကြတာဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို အကြီးအကျယ် စော်ကားနေတာ ဖြစ်ပါတယ်။
















http://niknayman-niknayman.co.cc/ မှကူးယူဖေါ်ပြပါသည်။

ဖိုးရှုပ်လေး

Friday, May 20, 2011

နိုင်ငံရေး ဂီတ နှလုံးခုန်သံနဲ့အတူ...




သမ္မတ ဦးသိန်းစိန် အစိုးရသစ် ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကော့သောင်း ထောင်မှ မကြာသေးခင် ရက်ပိုင်းက ပြန်လည် လွတ်မြောက်လာသော ဇေယျာသော်ကို ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားပါသည်။

ဇေယျာသော်သည် ဟစ်ပ်ဟော့ပ် ဂီတကို မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ခဲ့သော ACID တေးဂီတ အဖွဲ့မှ အဆိုတော် တဦး ဖြစ်သည်။

အဆိုတော် ဇေယျာသော်

ဇေယျာသော် ၏ ဦးဆောင်မှုဖြင့် Generation Wave(GW)အဖွဲ့ကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် ထူထောင်ခဲ့သည်။ GW အဖွဲ့သည် အစိုးရဆန့်ကျင်သည့် လက်ကမ်းစာစောင်များ၊ သီချင်းများကို လူငယ်များအကြား ဖြန့်ဝေခဲ့ပြီး လူငယ်ထု နိုးကြားလာရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်း တခုဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် ဇေယျာသော်ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယင်းနောက် တရားမ၀င်အသင်း ဖွဲ့စည်း တည် ထောင် မှု၊ နိုင်ငံခြားငွေ တရားမ၀င် ကိုင်ဆောင်မှုများဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။ လွတ်မြောက်ရန် လပိုင်းမျှ အလို တွင် တနှစ်လျှော့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။


မေး။ ။ နာမည်ကြီး အဆိုတော် တယောက်အနေနဲ့ နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျသွားတာ ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးလမ်းကြောင်းအပေါ် လျှောက်မယ်ဆိုရင် ၉၀ ရာခိုင်နှုန်းကတော့ အကျဉ်းထောင်ထဲ ရောက်နိုင်ပါတယ်။ ဒါကို ကျနော် သေသေချာချာ စဉ်းစားဝေဖန်ပိုင်းဖြတ်ပြီးမှ ဒီနိုင်ငံရေး အလုပ်ကို လုပ်ခဲ့တာပါ။ ဒီလို ဖြစ်တဲ့ အတွက်ကြောင့် ကျနော် ၀မ်းမနည်းသလို စိတ်မကောင်းလည်း မဖြစ်ပါဘူး။ ဂုဏ်ယူစရာ တရပ်အနေနဲ့ ကျနော် သတ်မှတ် ပါတယ်။

မေး။ ။ အဆိုတော် တယောက်အနေနဲ့ နိုင်ငံရေးလုပ်ဖို့ ဘာဖြစ်လို့ ဆုံးဖြတ်ခဲ့တာလဲ။

ဖြေ။ ။ အနုပညာသမားတွေက ပြည်သူတွေနဲ့ အမြဲတမ်းထိတွေ့ ဆက်ဆံနေရပါတယ်။ အဲဒီတော့ ပရိသတ် ဖြစ်တဲ့ ပြည် သူတွေရဲ့ စိတ်ခံစားမှုတွေ၊ သူတို့ရဲ့ မပြေလည်မှုတွေ၊ သူတို့ရဲ့မွန်းသိပ်ကျပ်တည်းမှုတွေ ဒါတွေ ကျနော်တို့အနုပညာသမားတွေရဲ့ ရင်ထဲကို လာပြီးတော့ ရိုက်ခတ်တယ်ခင်ဗျ။ ဒီလိုမျိုးရိုက်ခတ်လာတဲ့ အချိန်မှာ ပြည်သူတွေဘက်က မားမား မတ်မတ် ရပ်ပြီး ပြည်သူတွေရဲ့အသံကို ကျနော်ကြိုးစားထုတ်ကြည့်တာပါ။ ပြည်သူတွေရဲ့ကိုယ်စား ပြည်သူ့အတွက် ပြည်သူ့ အသံကို ထုတ်ကြည့်တာပါ။

မေး။ ။ ကိုဇေယျာသော် ၂၀၀၈ ခုနှစ်က စားသောက်ဆိုင်မှာအဖမ်းခံခဲ့ရတဲ့ အကြောင်းရော နည်းနည်းပြောပြပေးပါလား။

ဖြေ။ ။ ကျနော်အပါအ၀င် ကျနော်တို့ သူငယ်ချင်း ၆ ယောက် စားသောက်ဆိုင်မှာရှိနေတဲ့အချိန် စရဖ (စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့)ကနေပြီး လာဖမ်းသွားတာပါ။

မေး။ ။ ကိုဇေယျာသော် အနေနဲ့ စုံစမ်းစစ်ဆေးရေးဌာနမှာလည်း ရိုက်နှက် နှိပ်စက်ခံရတယ်လို့ ကြားတယ်။ အဲဒီ အတွေ့ အကြုံလေးရော ပြောပြပေးပါလား။

ဖြေ။ ။ ကျနော်တို့ကို ပထမဦးဆုံး အနေနဲ့ အနီးဆုံး စခန်းဆိုပြီး ဗဟန်းစခန်းထဲကို အရင်သွားပါတယ်။ ဗဟန်း စခန်းထဲ ရောက်ပြီးတဲ့ အချိန်နောက်ပိုင်း မိုးချုပ်လာတဲ့ အချိန်ကျတော့ မျက်နှာကိုအ၀တ်နဲ့စည်းပြီးတော့ ဘယ်မှန်းမသိတဲ့နေရာပေါ့ဗျာ။ အဲဒီနေရာကို ကားနဲ့ ခေါ်သွားပါတယ်။ သွားပြီးတော့ အဲဒီမှာ စစ်ကြောမေးမြန်းတဲ့အချိန် သွေးထွက်သံယိုဖြစ်တဲ့အထိ အကြမ်း ဖက်မေးမြန်းမှုတွေ ရှိခဲ့ပါတယ်။ ကျနော့်အနေနဲ့ ဒီစကားကိုပြောတာက အာဃာတ တခုအနေနဲ့ ပြောတာ မဟုတ်ပါဘူး။ ကျနော် လူပုဂ္ဂိုလ် တဦးတယောက်ကို မုန်းတီးလို့လည်း မဟုတ်ပါဘူး။ ကျနော် ဒီစကားကို ပြောရတာက မစစ်မှန်တဲ့ မှားယွင်းနေတဲ့ စနစ်တခုရဲ့အပြစ်ကိုပဲ ကျနော်ပြောတာပါ။ စနစ်ဆိုးရှိနေတဲ့အတွက် ဘက်၂ဘက် ဆိုတာ ဖြစ်သွားပါတယ်။ ကျနော်တို့က စနစ်ဆိုးကို တိုက်ဖျက်တဲ့ ဘက်ကို ရောက်နေတယ်။ ကျနော်တို့ကို စစ်ဆေးမေးမြန်းတဲ့ သူတွေကတော့ ဒီစနစ်ဆိုးကြီးကို ကာ ကွယ်တဲ့ဘက်ကို ရောက်နေတယ်။ အကယ်၍ ဒီစနစ်ဆိုးကြီးကို ဖျောက်ဖျက်နိုင်လိမ့်မယ်ဆိုရင် ဘက်ဆိုတာလည်း မရှိတော့ပါဘူး။ ဒါကြောင့်မို မှားယွင်းတဲ့ စနစ်ဆိုးကိုသာ ကျနော်ပြောခြင်းဖြစ်ပါတယ်။ အဃာတ တခုအနေနဲ့ မဟုတ်ဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။
ACID

Acid အဖွဲ့- ရန်ရန်ချန်း- ဇေယျာသော်- အနဂ္ဂ- ဟိန်းဇော်



မေး။ ။ ဘယ်လို အကြမ်းဘက်စစ်ဆေးမှုတွေနဲ့ ကြုံခဲ့ရလဲ နည်းနည်း အသေးစိတ်ပြောပြပါလား။

ဖြေ။ ။ အသေးစိတ်တော့ ကျနော် မပြောချင်ပါဘူး ခင်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ အသေးစိတ်ပြောတယ် ဆိုရင် ကျနော် အငြိုးအတေးနဲ့ ခုနက ကျနော်ပြောသလိုပေါ့ အငြိုးအတေးတွေ အာဃာတတွေနဲ့ ပြောသလို ဖြစ်နေမှာပါ။ အဲဒီတော့ အသေးစိတ်က မပြောတာဘဲ ကောင်းပါတယ်။ ခုနက ကျနော်ပြောသလိုပေါ့။ သွေးထွက်သံယို ဖြစ်တဲ့အထိ အကြမ်းဖက်ပြီး စစ်ဆေး မေးမြန်းတဲ့ ဖြစ်စဉ်မျိုးတွေရှိခဲ့တယ်ဆိုရင်တော့ လုံလောက်ပါပြီ ခင်ဗျ။

မေး။ ။ ဘယ်နှစ်ရက်လောက် အဲသလို စစ်ဆေးမေးမြန်းတာ ခံခဲ့ရလဲ။

ဖြေ။ ။ အဲဒီအချိန်မှာက ကျနော်တို့ကို အခန်းထဲမှာ တယောက်စီ ပိတ်ထားပြီး မီးတလုံးထွန်းထားတယ်ဗျာ။ ပြီးသွားတော့ နာရီမသိ အချိန်မရှိဆိုတော့ ဘယ်နှစ်နေ့ ဘယ်နှစ်ရက်ဆိုတာတော့ မသိလိုက်ဘူးပေါ့ဗျာ။ ပြီးသွားတော့ ပြန်ထွက်လာတဲ့အချိန် ကျတော့မှ ဘယ်နှစ်ရက်ဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်တွက်ယူကြတာကို တယောက်နဲ့ တယောက်နဲ့ကတော့ စစ်ဆေး မေး မြန်းတာရော နောက် အလေးထားမှု မထားမှုပေါ်မှုတည်ပြီးတော့ ရက်တွေ အချိန်တွေက ကွာခြားမှုရှိပါတယ်။ ကျနော်လည်း တဦးချင်းစီ မဟုတ်တော့ သက်ဆိုင်ရာ သက်ဆိုင်ရာ လူတွေကြားမှာပဲ ပြောတာကောင်းပါတယ်။ ကျနော်တို့ကို စစ်ကြောပြီး တဲ့ အချိန်မှာ နောက်ပိုင်း အင်းစိန်အကျဉ်းထောင်ကို ပို့ပါတယ်။ အင်းစိန် အကျဉ်းထောင်ကနေပြီး ရုံးတင်တရားစွဲ နောက်ဆုံး အမိန့်ချပြီးတဲ့ အချိန်ကျတော့မှ ကျနော့်ကို ကော့သောင်း အကျဉ်းထောင်ကို ပြောင်းတာပါ။

မေး။ ။ ကော့သောင်း ထောင်မှာ နိုင်ငံရေးသမား ဘယ်သူတွေနဲ့ တွေ့ခဲ့ရလဲ။

ဖြေ။ ။ ကော့သောင်းအကျဉ်းထောင်မှာ ကျနော်မရောက်ခင်ရောက်နေတာဆိုလို့ ၈၈ မျိုးဆက်ကျောင်းသားထဲကဆို ကိုပြုံး ချိုရှိပါတယ်။ နောက်ပြီး ကိုအောင်မျိုးပိုင် ဆိုတာရှိပါတယ်။ နောက် ကိုဇော်မင်း၊ ကိုမျိုးမင်း၊ ကိုထွန်းမင်းအောင် နောက်ပြီး ဦးလေး ဦးချစ်ခင် ဆိုတဲ့ အသက် ၆၅ နှစ်ကျော်နေတဲ့သူတယောက် အားလုံး ပေါင်း ၆ ယောက်ရှိပါတယ်။ ကိုထွန်းမင်းအောင်က ၂၀၀၉ မှာလွတ်သွားပြီး ဦးချစ်ခင်ကတော့ ၂၀၁၀ ဒီဇင်ဘာလမှာ လွတ်သွားပါတယ်။ နောက်ဆုံးလွတ်တာက ကျနော်ပါ။

မေး။ ။ အဲဒီမှာ ကိုပြုံးချိုတို့နဲ့ ရော တွေ့ဆုံဆွေးနွေး စကားပြောဖြစ်ခဲ့လား။

ဖြေ။ ။ ကျနော်တို့ကို တိုက်၂ တိုက်ခွဲထားတယ်ခင်ဗျ။ ကိုအောင်မျိုးပိုင်ရယ် ကိုမျိုးမင်းရယ် ကိုဇော်မင်းရယ်က တတိုက်ဖြစ်ပြီး ကျနော်နဲ့ ကိုပြုံးချိုနဲ့က တတိုက်ပါ။ တခြားတိုက်ကလူတွေနဲ့တော့ ကျနော်တို့ တွေ့ဆုံခွင့် စကားပြောခွင့်တော့ မရှိပါဘူး။
ဒါပေမယ့် တတိုက်တည်းဖြစ်တဲ့ ကိုပြုံးချိုနဲ့ကတော့ ရံဖန်ရံခါတော့ စကားပြောဖြစ်ပါတယ်။

မေး။ ။ ကိုပြုံးချိုနဲ့က ဘာတွေဆွေးနွေးဖြစ်လဲ။

ဖြေ။ ။ အဲဒါကတော့ ကျနော်မပြောတော့ဘူးဗျ။ ကျနော်နဲ့ ကိုပြုံးချိုနဲ့ စကား အေးအေးဆေးဆေး ပြောလို့ရတယ်ဆိုတာ ထွက်သွားလို့ရှိရင် ဟိုဘက်မှာ တံခါးပိတ်တဲ့ ကာလတွေ ရက်တိုးကုန်မှာ စိုးလို့ပါ။

မေး။ ။ ထောင်ထဲမှာ ဘယ်လို ဖြတ်သန်းခဲ့တယ်ဆိုတဲ့ အတွေ့အကြုံလေးရော နည်းနည်းပြောပြပေးပါလား။

ဖြေ။ ။ အကျဉ်းထောင်ကတော့ အကျဉ်းထောင်ဖြစ်နေတဲ့ အတွက်ကြောင့် မို့လို သူရဲ့ စည်းမျဉ်း စည်းကမ်းတွေ လိုက်နာ ရမယ့်ဟာတွေ ကျင့်ဝတ်တွေ ဥပဒေတွေ ဒါတွေကတော့ အများကြီးရှိတာပေါ့ဗျာ။ ဒါပေမယ့် ဘယ်လို အခက်အခဲနဲ့ပဲ ကြုံကြုံ ကျနော်တို့က ကိုယ့်ရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကို မြဲမြဲ ဆုပ်ကိုင်ပြီးတော့ပဲ နေ့စဉ်နေ့တိုင်း ကျော်ဖြတ်ခဲ့ကြတာပါပဲ။

မေး။ ။ ထောင်တွင်းမှာ လူအခွင့်အရေးချိုးဖောက်တာတွေ ဘာတွေရောရှိနေလား။ ကော့သောင်း အကျဉ်းထောင် အခြေ အနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ ကော့သောင်း အကျဉ်းထောင်မှာ တိုက်တတိုက်နဲ့ သီးသန့် နေရတယ်၊ အဲဒီတိုက်ကိုလည်း ၀င်းတ၀င်းနဲ့ခတ်ထားပြီး သား ဖြစ်နေတယ်ဗျ။ အဲဒီတော့ တခြားနေရာတွေကို မမြင်ရတဲ့ အတွက်ကြောင့် ကျနော်ကောင်းသည်ဆိုးသည် မသိပါဘူး။ ကျနော်တို့ လက်ရှိနေနေရတဲ့ ပုံစံအရဆိုရင်တော့ အဓိက လိုအပ်နေတာကတော့ ကျန်းမာရေး စောင့်ရှောက်မှု ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုပြုံးချိုက သွေးတိုးရောဂါရှိပါတယ်။ ရှေ့ရှိခဲ့တဲ့ ဆရာဝန် အဆက်ဆက်တွေကလည်း သွေးတိုးရောဂါရှိသည် သွေးနေ့စဉ် ပုံမှန်သွေးပေါင် ချိန်ဖို့လိုအပ်ပါသည် ထူးခြားချက်ရှိလျှင် ချက်ချင်းသတင်းပို့ ရပါမည်ဆိုပြီး မှတ်ချက်ရေးထားပါတယ်။ ဒါပေမယ့် အခု လက်ရှိအခြေအနေမှာတော့ ကျနော်တို့ ကျန်းမာရေး စောင့်ရှောက်မှုက ၆ လလောက် လွတ်နေတယ်ဗျ။ အဓိက လိုအပ်နေတာကတော့ ကျန်းမာရေး စောင့်ရှောက်မှုလို့ ထင်ပါတယ်။

မေး။ ။ ကိုဇေယျာသော်အနေနဲ့ နိုင်ငံရေးမှုနဲ့ ထောင်ကျနေတဲ့ ရဲဘော်ရဲဘက် အနုပညာရှင်တွေ အတွက် ဘာပြောချင်လဲ။

ဖြေ။ ။ ကျနော့် အရှေ့မှာဆိုရင် ကိုဝင်းမော်ရှိပါတယ်။ ကိုဝင်းမော်ဆိုရင်လည်း ရှေ့မှာ ထောင်ဒဏ် ၇ နှစ် ကျခံပြီးသွားတဲ့ နောက် အခု ဒီတခေါက်ဆိုရင် ထောင်ဒဏ် ၁၄ နှစ် ကျခံနေရတာပါ။ နောက် အခြားအခြားသော အနုပညာရှင်တွေထဲက လည်းရှိပါသေးတယ်။ ဥပမာ ပြောရမယ်ဆိုရင် ကိုဇာဂနာကြီးဆိုရင်လည်း မဖြစ်သင့်တဲ့ ပုဒ်မနဲ့ မပေးသင့်တဲ့ ပြစ်ဒဏ်တွေကို ကျခံနေရတာပါ။ ဒါမျိုးတွေက ၂၁ ရာစုမှာ မရှိသင့်တော့ပါဘူး။ မိမိနဲ့ နိုင်ငံရေးခံယူချက်ခြင်းမတူတာနဲ့ အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ထားမယ်ဆိုတာက ဒီခေတ်ကြီးထဲမှာ မလုပ်သင့်တော့ပါဘူး။ နိုင်ငံရေး အမြင်မတူတာတွေက ညှိနှိုင်း ဖြေရှင်းလို့ ရတာကြီးပါပဲ။ ဒါကို ညှိနှိုင်း ဖြေရှင်းခြင်းမလုပ်ဘဲနဲ့ ဒီလိုမျိုးပဲ ဖမ်းဆီး ဖြေရှင်းနေမယ်ဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရေရှည် လက္ခဏာ မကောင်းပါဘူး။

မေး။ ။ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်ရော ဘယ်လို ဆောင်ရွက်ချင်လဲ။ သူတို့တွေအတွက် တစုံတရာ ကြိုးပမ်းဆောင်ရွက်ချင်လား။

ဖြေ။ ။ မိမိရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူတွေ မြန်မာ တနိုင်ငံလုံးမှာ အများကြီးရှိနေပါသေးတယ်။ ဒီလူတွေ ပြန်ပြီး လွတ်လာဖို့အတွက် ကျနော် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းလုပ်ဆောင် နေမှာပါ။

မေး။ ။ ကိုဇေယျာသော်အနေနဲ့ Generation Waveကို ထူထောင်တဲ့နေရာမှာလည်း ပါဝင်ခဲ့တယ်ဆိုတော့ သူတို့လှုပ်ရှားမှု
တွေ အပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျနော်ကတော့ မနေ့ကမှ အထိန်းသိမ်းခံဘ၀ကနေ ပြန်လည် လွတ်မြောက်လာတဲ့ အတွက်ကြောင့်မို့လို GW ဘာတွေလုပ်နေတယ်။ ဘယ်လိုတွေ ဆက်လုပ်မယ့် အစီအစဉ်တွေ ရှိနေတယ် ဒါတွေကိုတော့ ကျနော်မသိပါဘူး။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းမို့လို့ ပါဝင်တဲ့ သူတွေကိုလည်း ယုံကြည်ပါတယ်။ သူတို့တွေအားလုံးက ကျနော်တို့ နိုင်ငံ ကျနော်တို့ ပြည်သူတွေ အကျိုးရှိမယ့်အလုပ်တွေကို ဆက်ပြီးလုပ်နေကြမယ်လို့ ကျနော်ထင်ပါတယ်။ နောက်ပြီး GW အနေနဲ့ကလည်း အကျဉ်းထောင်ထဲမှာ ကျခံနေရတဲ့ သူတွေအများကြီးကျန်သေးတယ်။ ဒီလူတွေ အားလုံးကိုလည်း လွတ်မြောက်အောင် ကျနော် တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်သွားမှာပါ။

မေး။ ။ ကိုဇေယျာ်သော်အနေနဲ့ Rap သီချင်းတွေကတဆင့် Hip Hop သီချင်းတွေကနေတဆင့် အစိုးရကို လှောင်ပြောင် သရော်တဲ့ သီချင်းမျိုးတွေဆိုခဲ့တာရှိလား။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ သီချင်းသီဆိုခဲ့တာမျိုးကတော့ မရှိပါဘူး။ သီဆိုချင်တဲ့သူကို သီဆိုခွင့်ရအောင် ဖန်တီးပေး တဲ့ နေရာမှာပဲ ကျနော် လုပ်ခဲ့တာပါ။ နောက်တခုအနေနဲ့ကလည်း အစိုးရကို လှောင်ပြောင် သရော်တာမျိုးမဟုတ်ပါဘူး။ မှားနေတဲ့ အရာတွေကို ဝေဖန်ထောက်ပြတဲ့အနေနဲ့ သီဆိုကြတာဖြစ်ပါတယ်။

မေး။ ။ အဲဒီလို သီချင်းမျိုးတွေကိုကျတော့ ကိုဇေယျာသော်အနေနဲ့ ဘယ်လိုမြင်လဲ။ အစိုးရကိုဆန့်ကျင်တဲ့သီချင်းအဖြစ် မြင် လား။ လွတ်လပ်စွာ ဖော်ထုတ်မှု တခုအနေနဲ့ မြင်လား။

ဖြေ။ ။ သီချင်းတင်မဟုတ်ပါဘူး။ လုပ်ရပ်တွေအားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ ကျနော်တို့ အတွက် အမှန်တကယ် လိုအပ်နေတဲ့ အချက်တွေ အမှန်တကယ် ပြုပြင်သင့်တဲ့ အချက်တွေ ပြောင်းလဲသင့်တဲ့အချက်တွေ ဒါတွေကို ဝေဖန် ထောက်ပြ တယ် လို့ပဲ ကျနော် မြင်ပါတယ်။ ဒါဟာ မိမိရဲ့ ဆန္ဒ သဘောထားကို လွတ်လပ်စွာ ထုတ်ဖော်တာပါ။ ဝေဖန်ပုတ်ချခြင်း တခု တည်းနဲ့တော့ ကျနော်တို့ အလုပ်ဆက်လုပ်လို့မရပါဘူး။ မှားနေတဲ့ အရာတွေကို ထောက်ပြမယ်။ မှန်နေတဲ့ အရာ ဘာပါဆိုတာကို ကျနော်တို့ အနေနဲ့ ထပ်ပြီး တင်ပြနိုင်မယ်ဆိုရင်တော့ ပိုပြီးကောင်းလာမယ့် ပုံစံမျိုးလေးတွေ ဖြစ်လာနိုင်ပါတယ်။

မေး။ ။ ကိုဇေယျာသော်အနေနဲ့ သီချင်းတွေ ပြန်စပ်ပြီးတော့ ပြန်ဆိုဖို့ရှိလား။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ ဂီတဆိုတာ သွေးထဲမှာ စီးဆင်း နေတာပါ။ ပရိသတ်ရှေ့ကို ချပြလို့ရမရ အပေါ်မှာပဲ မှုတည် ပါတယ်။ မိမိဘက်က မိမိကတော့ ဖန်တီးနေမှာပါပဲ။ ကျနော့်အနေနဲ့ အနုပညာရှင်တယောက်အနေနဲ့ ကျနော် ပြောချင် တာကတော့ အနုပညာရှင်တယောက်အနေနဲ့ကော မြန်မာပြည်မှာနေထိုင်တဲ့ ပြည်သူပြည်သားထဲက ပြည်သူတယောက် အနေ နဲ့ရော နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိမယ့်အလုပ်တွေ ပြည်သူပြည်သားတွေ အမှန်တကယ် အကျိုးရှိမယ့် အလုပ်တွေ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ကျနော်ကြိုးစား ဖော်ဆောင်သွားမယ်လို့ ကတိပြုပါတယ်။

ဧရာဝတီ မှကူးယူဖေါ်ပြပါသည်။

ဖိုးရှုပ်လေး

Tuesday, May 17, 2011

ကာတွန်း


မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေး မီဒီယာအားမီဒီယာဖြင့် တိုက်ပွဲဝင်အံ့
မြန်မာပြည်တွင်း မှကြည့်ရှုမရသော လင့်များကို အောက်ပါ လိပ်စာအတွင်းဝင်ရောက်ဖွင့်လှစ် ကြည့်ရှုနိုင်ပါသည်။
http://free-myanmar.appspot.com

မှ ညီအကို များပေးပို့ပါသည်။

နိုင်ငံရေး အကျဉ်းသားတချို့လွတ်မြောက်



Photo from -nawohnhla.blogspot.com


ယနေ့ နိုင်ငံတ၀န်းလွတ်မြောက် လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကျော် ပါဝင်ပါတယ်။ ဒေါပုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တာဝန်ခံ ၃ ကိုညီညီအောင်၊ မမိမိလေး (အင်းစိန်ထောင်)၊ နော်အုန်းလှ၊ ကိုမြသန်းထိုက် (တောင်ငူထောင်) ၊ ဗကသ ကိုရဲမင်းဦး (မြင်းခြံထောင်) ကိုဇင်လင်းအောင် (ပေါင်းတည်ထောင်) ကိုသိန်းဆွေ (မိုင်းဆတ်ထောင်) မသန္တာ၊ထက်ထက်ဦးဝေ ၊ မမြမြသိန်း (ပူတာအိုထောင်)၊ ကိုစိုင်းမင်းသိမ်း (ခန္တီးထောင်) တို့ဖြစ်ပါတယ်
သတင်းရင်းမြစ် ဒီဗီဘီ

အားလုံးကိုနွေးထွေး ၀မ်းမြောက်စွာကြိုဆိုလျှက်

ဖိုးရှုပ်လေး

Monday, May 16, 2011

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ဂျာနယ်တစောင် ယာယီအပိတ်ခံရ


E-mail အပတ်စဉ်ထုတ် ပြည်တွင်း သတင်းဂျာနယ် တစောင်ဖြစ်သည့် True News (သစ္စာ) သတင်းဂျာနယ်ကို ထုတ်ဝေခွင့် နှစ်ပတ် ရပ်ဆိုင်းလိုက်သည်ဟု မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ စာစစ်မှူးတဦးက ပြောသည်။

True-news-journal-bannd

True News (သစ္စာ) သတင်းဂျာနယ်

ယင်းသို့ သတင်းဂျာနယ်တစောင်ကို ပိတ်ပင်ခြင်းသည် သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်သည်။

မေလ ၃ ရက်က ထုတ်ဝေခဲ့သည့် သစ္စာသတင်းဂျာနယ်တွင် ကျပ် ၁၅ သိန်းတန် ဂျီအက်စ်အမ် ဖုန်းပိုင် ဆိုင်ထားသူများ ကျပ် တသိန်း ရှစ်သောင်း ထပ်မံပေးသွင်းလျှင် ငါးသိန်း တန် ဂျီအက်စ်အမ် ဖုန်း တလုံးရမည် ဆိုသည့်သတင်းအား မြန်မာ့ဆက်သွယ် ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ ယင်းသတင်းနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးမှ စာပေစိစစ်ရေးကို ကန့်ကွက်စာပို့ခဲ့သဖြင့် ယခုကဲ့သို့ထုတ်ဝေခွင့် နှစ်ပတ်ရပ်နားလိုက်ခြင်းဖြစ်သည်ဟု အမည် မဖော်လိုသူ အထက်ပါ စာစစ်မှူးက ဧရာဝတီသို့ပြောသည်။

“အကြောင်းပြချက်ကတော့ မျက်နှာဖုံးသတင်းကို ခွင့်ပြုချက်မရဘဲ ထုတ်ဝေတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်တာပါ”ဟု သစ္စာဂျာနယ် နှင့်နီးစပ်သူတဦးက ဆိုသည်။

မေလ ၃ ရက်နေ့တွင် ထုတ်ဝေခဲ့သော သစ္စာသတင်းဂျာနယ် အတွဲ ၃ အမှတ် ၃၄ တွင် အဆိုပါ ဂျီအက်စ်အမ် ဖုန်းသတင်းနှင့်အတူ ယူနီဖောင်းသာလဲပြီး လူပြောင်းလဲခြင်းမရှိဟူသော အဓိပ္ပာယ်ဖြင့်ရေးဆွဲထားသည့် ကာတွန်းဆရာ အော်ပီကျုယ်၏ကာတွန်း၊ နာရေး ကူညီမှုအသင်း ဘဏ္ဍာရေးမှူး ရွှေဇီးကွက် ၏ ကိုယ်တိုင်ရေးဆောင်းပါးများပါ ထည့်သွင်းဖော်ပြခဲ့သဖြင့် ယင်းသို့ပိတ်ပင်ခြင်းဖြစ် နိုင်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အဲဒီအပတ်မှာ နာရေးကူညီမှုအသင်းကို ဒေါ်အောင်ဆန်းစုကြည်လာတဲ့သတင်း တင်တယ် ခွင့်မပြုဘူး။ ကျော်သူအင်တာဗျူးတင်တယ်။ ဆိုင်းငံ့ဆိုပြီး နောက်တပတ်ရွှေ့လိုက်တယ်။ တယ်လီဖုန်းသတင်းကလည်း သူတို့ဌာနက တာဝန်အရှိဆုံးလူပြောထား တာကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ရှိတယ်”ဟု အမည်မဖော်လိုသူ သတင်းထောက် တဦးက ပြောပြသည်။

သမ္မတသစ် ဦးသိန်းစိန်က မတ်လ ၃၁ ရက်နေ့ သမ္မတအိမ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စု အဆင့်အစိုးရ အဖွဲ့ဝင်များကိုပြောကြားသည့်မိန့်ခွန်းတွင်“စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းများရဲ့ အခန်းကဏ္ဍကိုအလေးထားဖို့လိုအပ်ပါတယ်။ စာနယ်ဇင်းများ က တဆင့် ပြည်သူတွေသိသင့်တဲ့အချက်များကို အသိပေးသွားဖို့လိုသလို စာနယ်ဇင်းများက အပြုသဘောဆောင် အကြံပြုချက်များကိုလည်း အလေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု ထည့်သွင်းပြောကြားထားသည်။

ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း သတင်းဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ဓာတ်ပုံများကိုဖော်ပြ ခွင့်ပြုခြင်း၊ ယခင်ခွင့်မပြုခဲ့သည့် အကြောင်းအရာတချို့ကို ရေးသားခွင့်ပြုခြင်းတို့ကြောင့် စာပေလွတ်လပ်ခွင့် တစုံတရာရလာမည်လားဟု မျှော်လင့်ချက် ရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို လူထုက ဆက်လက်ထောက်ခံဆဲ ဆိုသည့်သတင်း၊ လယ်ယာမြေ အဓမ္မ သိမ်းယူသည့်သတင်း၊ အလုပ်သမားများ အခွင့်အရေး ဆုံးရှုံးသည့် သတင်းများကိုဖော်ပြခွင့် မပြုကြောင်း သတင်း ဂျာနယ် အယ်ဒီတာ တဦးက ပြောဆိုသည်။

“သူတို့ လွတ်လပ်ခွင့် ပေးလာတယ်ဆိုတာမျိုး ဖြစ်အောင်အပေါ်ယံပေးတာပါ။ ဒေါ်အောင်ဆန်းစုကြည် ဆိုလည်း ဓာတ်ပုံကိုပဲ ပေး တာ။ နာရေးအသင်းကိုလာတော့ လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုလိုက်ကြည့်တယ်။

ဘယ်လိုကြိုဆိုတယ်ဆိုတာမျိုးတွေဆိုခွင့်မပြုဘူး။ နောက်ပြီး NLD က ဘာတွေလုပ်တယ်ဆိုတာမျိုး ခွင့်မပြုဘူး။ ကလေးစစ်သားကိစ္စတို့၊ လယ်သိမ်းတာတို့ကို အမှန်အတိုင်းရေးလည်းခွင့်မပြုဘူး”ဟုလည်း ၎င်းက ပြောပြသည်။

သစ္စာသတင်းဂျာနယ်ကို ၂၀၀၈ ခုနှစ် ဇွန်လ ၆ ရက်တွင်စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ် အောက်တိုဘာလကလည်း ထိုင်းနိုင်ငံရောက် ကလေးအလုပ်သမားတဦး ၏ ဓာတ်ပုံကိုဖော်ပြခဲ့သဖြင့် နှစ်လ ပိတ်ပင်ခြင်းခံခဲ့ရဖူးသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ် မြောက်လာသည့် သတင်းနှင့်ဓာတ်ပုံကို မျက်နှာဖုံးတွင်ဖော်ပြခဲ့သဖြင့် သတင်းဂျာနယ် ၉ စောင်ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံခဲ့ရသည်။

အစိုးရသစ်လက်ထက်တွင် အားကစား၊ သုတရသ၊ ဂမ္ဘီရ၊ နည်းပညာ၊ အနုပညာနှင့် ကလေးစာပေ ထုတ်ဝေသည့် ဂျာနယ်အမျိုးအစားခြောက်မျိုးကို စာပေစိစစ်ရေး တင်ပြရန်မလိုဘဲ ထုတ်ဝေခွင့်ပြုမည်ဟု တာဝန်ရှိသူများက ပြောဆိုခဲ့သော်လည်း ယနေ့အထိ မည်သည့်အချိန် စတင်ခွင့်ပြုမည်ကို တိတိကျကျထုတ်ပြန်ခြင်း မရှိသေးပေ။

ပြီးခဲ့သည် မေလ၂ ရက်နေ့ က ၀ါရှင်တန်အခြေစိုက် Freedom House အဖွဲ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် သတင်းလွတ်လပ်ခွင့် မရှိဆုံး ၁၀ နိုင်ငံစာရင်း၌ မြန်မာနိုင်ငံပါဝင်ကြောင်းဖော်ပြထားပြီး ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်သည့် မေလ ၃ ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားကလည်း မြန်မာနိုင်ငံသည် ကျူးဘား၊ မြောက်ကိုရီးယား နိုင်ငံများကဲ့သို့ သတင်းစာလွတ် လပ်ခွင့် မရှိသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောဆိုထားသည်။

ှhttp://www.irrawaddy.org/ မှကူးယူဖေါ် ပြပါသည်။

အရပ်သားအစိုးရလက်ထက် သတင်းလွတ်လပ်ခွင့်ရနေပြီလား?

ဖိုးရှုပ်လေး

Sunday, May 15, 2011

နယ်ခရီးစဉ် မကြာခင်စတင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

2011-05-13

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမဲ့လ အနည်းငယ်အတွင်း ရန်ကုန်တိုင်း ပြင်ပကို စည်းရုံးရေး ခရီးစဉ်တွေ စတင်တော့မှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

“ဒီတခါ အကျယ်ချုပ်က လွတ်ပြီးတဲ့ အချိန်မှာ အရင်အချိန်တွေကထက် အလွန်ကို ပိုပြီးတော့ များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ပဲ ပိနေပါတယ်။ ရုံးနဲ့ အိမ်နဲ့ အလုပ်နဲ့ဆိုင်တဲ့ ကိစ္စတွေနဲ့ပဲ ရန်ကုန်တွင်းမှာ သွားလာနေရတာ အချိန်ပြည့်ပါပဲ။ လအနည်းငယ် ကြာရင်တော့ ခရီးထွက်ဖို့ စပြီးတော့ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

RFA က အပတ်စဉ်ထုတ်လွှင့်နေတဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်အတွက် ချင်းတိုင်းရင်းသားတဦးရဲ့ အမေးကို ဖြေဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်ကာလအတွင်း NLD ပါတီက ထုတ်ပယ်ခံထားရသူတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က ဆရာတော်တပါးရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာတော့ ဒီမိုကရေစီကျင့်စဉ်တွေကို တန်ဖိုးထား လိုက်နာသူတွေကို ပြန်လည် လက်တွဲမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

“တပည့်တော်မ ကိုယ်တိုင်က ပါတီက အထုတ်ပယ် ခံခဲ့ရဖူးပါတယ်ဘုရား။ ဒါပေမဲ့လည်း အဖွဲ့ချုပ်အပေါ်မှာ သစ္စာစောင့်စည်းခဲ့ပြီး အကျယ်ချုပ်က ၁၉၉၅ ခုမှာ ပြန်လွတ်လာတော့ ပြန်ပြီး အဖွဲ့ချုပ်က တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ် ဘုရာ့။ ဒါကြောင့် တပည့်တော်မတို့က ဒီမိုကရေစီ စံနှုန်းထားတွေနဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေကို တန်ဖိုးထားပြီး လုပ်ဆောင်တဲ့သူတွေကို ပြန်လည် လက်တွဲ ပူးပေါင်းဖို့ ဝန်မလေးပါဘူး ဘုရား။”

အပြည့်အစုံကိုတော့ RFA က ထုတ်လွှင့်တဲ့`လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်မှာ နားထောင်နိုင်ပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.