Saturday, August 27, 2011

ဗကသ များအဖွဲ့ချုပ် ပြန်ည် ဖွဲ့ စည်းခြင်း ၄ နှစ်ပြည့် ကြေငြာချက် နှင့် စာစု

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမ္မဂများ အဖွဲ့ချုပ် ပြန်ည် ဖွဲ့ စည်းခြင်း ၄ နှစ်ပြည့် ကြေငြာချက် နှင့် စာစု

The Statement No-1-2011 of ABFSU

Union Computer

ဖိုးရှုပ်လေး


ရေး မိပြန်တယ်သူ့ အတွက်


“စိုးရိမ်လို့”

ရေးမိပြန်တယ်
ဘာကြောင့်လဲကွာ ခုတလော

ဟိုတယောက်ကရေးပြန်တယ်
ဆောင်းပါး သူ့ အကြောင်းပဲ

ဒီတယောက်ကရေးပြန်တယ်
ကာတွန်းသူ့ အကြောင်းပဲ

နောက်တယောက်ရေးပြန်တယ်
ကဗျာ သူ့ အကြောင်းပဲ

စာပေဟောပြောပွဲမှာ ပြောတယ်

သူ့ အကြောင်းပဲ


ဟိုအဖွဲ့အဖွဲ့တွေကထုတ်လိုက်တယ်
စာရွက်တွေ စာရွက်တွေ..
သူ့အကြောင်းပဲ။

နယူးဇီးရိုးမှာ
ပါဖောင်းမန့် တဲ့ သူ့ အကြောင်းပဲ

ရီစရာတော့ မဟုတ်ပါဘူး
ကျနော်တို့လဲ ချစ်ပါတယ်တဲ့
သူ့ အကြောင်းပဲ။

ကမ်ပိန်း စာရွက်တွေ

လမ်းပေါ်မှာ ပြန့်ကြဲ

သူ့ အကြောင်းပဲ။

သူတို့တွေခုမှ မဟုတ်ပါဘူး
ရာဇ၀င်များရဲ့ သတို့သမီးလို့တောင် တင်စားခဲ့သေးတာ။

အချိန်အခါကြောင့်ဖြစ်ရင်တော်သေး
သဘာဝကြောင့်ဖြစ်ရင်တော်သေး

ဘာပဲပြောပြော
သူငယ်ချင်းတယောက်ဆိုရင်တောင်
နေကောင်းအောင်နေနော်လို့ပြောလို့ရသေးတယ်။

ခုမင်းကျတော့
ဘယ်လိုပြောရပါ့
စဉ်းစားရင်းပဲ ကဗျာနဲ့ပဲပြောလိုက်တယ်။

မင်းကိုပြောတာလဲဟုတ်
မင်း ဆိုတာကိုပြောတာ လဲဟုတ်ပါတယ်
ရာဇ၀င်များရဲ့သတို့သမီးရယ်။

ဖိုးရှုပ်လေး (http://4shokelay.blogspot.com/)

Thursday, August 25, 2011

ဂျီလတ်ရဲ့ ဧရာဝတီ သီချင်း ENG & Bur Version

Burmese Version!


English Version!


Youtube ကတွေ့လို့ တင်ပေးလိုက်တယ်...

ဖိုးရှုပ်လေး

Wednesday, August 24, 2011

ပြောကြပါ

ပြောကြပါ

ဒဏ်ရာတွေ ဗလပွနဲ့ 
ခြိမ်းခြောက်ခံနေရတဲ့ သူဘဝ
ဘယ်သူကယ်နိုင်မလဲ
ငါတို့ မှ မကယ်ရင်သူဘ၀ပျက်တော့မှာ
ငါတို့ လည်းပဲ သေရတော့မှာ
ရေစပ် ဘေးကသစ်ပင်တွေ
စကားပြောနေကြပြီ
သူကိုမလုပ်ပါနဲ့ တဲ့
ကောင်ကင်ကငှက်တွေ
စကားပြောနေကြပြီ
သူကိုမလုပ်ပါနဲ့ တဲ့
ရာသီဥတုမမှန်ဘဲတိုက်ခတ်လာတဲ့လေတွေ
စကားပြောနေပြီ
သူကိုမလုပ်ပါနဲ့ တဲ့
လွတ်လပ်မှုကိုမြတ်နိုးသူတွေ
စကားပြောနေပြီ
သူကိုလုပ်ရင်တော့ ဒုက္ခရောက်မှာတဲ့
အော်..............
ဒုက္ခ္ခ.....ဒုက္ခ္ခ....ဒုက္ခ္ခ....
သူကိုမလုပ်ပါနဲ့ တဲ့...သူကိုမလုပ်ပါနဲ့ တဲ့...သူကိုမလုပ်ပါနဲ့ တဲ့...
သူရဲ့အငြိုးတွေက ငါတို့ အပေါ်
ကျရောက်တော့မှာ...
ဒါဆို ဆိုးကျိုးကဘာဖြစ်မလဲ
ပြောကြပါ......ပြောကြပါ......ပြောကြပါ......။

ချစ်ထူး

ကလောင်ရှင်ကိုယ်တိုင်ပို့လာတာ။။။
ဖိုးရှုပ်လေး

ဒါလေးကြည့်ကြည့်ဗျာ ငွေ ရှာဖို့ကို တော်တော် ကြိုးစားထားတဲ့ ကလေး


မြတ်လေးငုံ ဘလော့မှာတွေ့လို့ ပါ။



How clever he is!

ဖိုးရှုပ်လေး

Monday, August 22, 2011

ဂျာနယ်ထဲမှာပါတယ်.... စာကိုဖျက်တာ ဘယ်သူလဲ......


မော်နီတာဂျာနယ်မှ လျှက်တပြက် ဦးဖျက်ခိုင်ကြောင့် မေမေစုကိုချစ်တယ် စာပျောက်သွားရတဲ့ မြင်ကွင်း

ဒီနေ့ကိုအောင်မျိုးထွန်း ပေးပို့လာတဲ့ မော်နီတာဂျာနယ် အတွဲ (၁)၊ အမှတ် (၆၆)၊ ၂၀၁၁၊ သြဂုတ်လ၊ (၂၁)ရက်နေ့ထုတ်၊ မော်နီတာသတင်းဂျာနယ်ရဲ့ နောက်ကျောဖုံးမှာ ဖော်ပြထားတဲ့ သတင်းဓာတ်ပုံပါ အကြောင်းအရာလေးပါ..။

ပြီးခဲ့တဲ့ ၁၄ရက်နေ့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်က အနောက်ဘက်မှာ အမျိုးသမီးတဦးမှ မေမေစုကို ချစ်တယ်ဆိုတဲ့ စာရွက်ကို ကိုင်ဆောင်ထားတာ တွေ့မြင်မိကြမှာ ဖြစ်ပါတယ်...။ သို့ပေမယ့်လည်း ...


အယ်ဒီတာချုပ်ဦးမြတ်ခိုင် ဦးစီးထုတ်ဝေတဲ့ မော်နီတာဂျာနယ်ရဲ့ နောက်ကျောဖုံးက ပုံမှာတော့ မြင်ရတဲ့ အတိုင်း မေမေစုကိုချစ်တယ် ဆိုတဲ့စာတမ်းဟာ ပျောက်ခြင်းမလှ ပျောက်ဆုံးနေပြီး အဖျက်ခံထားရတာ တွေ့ရပါတယ်...။ ဒီကိစ္စဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စဖြစ်ပါတယ်...။ အကြောင်း (၂)ချက်ကို စဉ်းစားကြည့်ရင် ဒီစာဖျက်တဲ့ လုပ်ရပ်ဟာ တာဝန်ခံအယ်ဒီတာချုပ်လား၊ စာပေစီစစ်ရေးလားဆိုတာပါပဲ...။
အောင်ဆန်းဂျာမွန်းဖွင့်ပွဲ အခမ်းအနား မူရင်းဓာတ်ပုံပါ.. မေမေစုကိုချစ်တယ် မြင်ကွင်း..

ပထမအချက်အနေနဲ့ စာပေစိစစ်ရေးကြောင့်လို့ စွပ်စွဲရအောင်လည်း ယနေ့အချိန်မှာ နိုင်ငံတော် သမ္မတကြီးနဲ့ လူထုခေါင်းဆောင်တို့ တွေ့ဆုံပွဲကိုတောင် နိုင်ငံပိုင် သတင်းစာ၊ ရုပ်မြင်သံကြားတွေမှာ ဖော်ပြခွင့် ပါရှိခွင့်ပေးထားတာပါ...။


နိုင်ငံပိုင်သတင်းစာတွေ ရုပ်မြင်သံကြားတွေမှာတောင် ဖော်ပြပါရှိတဲ့ လူထုခေါင်းဆောင် ဓာတ်ပုံတွေကို စာပေစီစစ်ရေးအနေနဲ့ အထွန့်တက်ပြီး ဒီစာလေးတစ်ခုကို ဖျက်ခိုင်းမယ်တော့ ဟုတ်ဟန်မတူပါ..။ မပြေးသော်လည်း ကန်ရာရှိသလို ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် မေလက အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာကာ့တ်ကမ့်ဘဲလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စိမ်းလဲ့ကန်သာမှာ တွေ့ဆုံစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဖိုတိုရှော့နဲ့ ပြန်လည် ပြင်ဆင်ပြီး ဖြုတ်ချန်ထားခဲ့တာလည်း အယ်ဒီတာချုပ်ကြီးပါပဲ...။
ပြီးခဲ့တဲ့ ၂၀၁၀ မေလ၁၀ရက်နေ့က နေအိမ်အကျယ်ချုပ်ကျခံနေရစဉ် လူထုခေါင်းဆောင် အမေစုနှင့် Mr.Kurt Campbell တို့ စိမ်းလဲ့ကန်သာ၌ တွေ့ဆုံစဉ်(မူရင်းပုံ)
လျှက်တပြက်ဂျာနယ် စာစောင်မျက်နှာဖုံးမှာပါတဲ့ ... လူထုခေါင်းဆောင်ပုံ ပျောက်သွားတဲ့ ဦးဖျက်ခိုင်ရဲ့ ရိုက်ချက်...
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မော်နီတာဂျာနယ်မှာ ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်ခွင့်ကို အမှုအနိုင် ရရှိသယောင် ရေးသား ဖော်ပြခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုဖို့ ပြုလုပ်ခဲ့တဲ့ အပေါ် အာဃာတတရားများ ထားလေသလားဆိုတာတော့ ကာယကံရှင် အသိဆုံးဖြစ်ပါလိမ့်မယ်...။ ချစ်တဲ့သူကို ချစ်တယ်လို့ ရေးထားတာ အပြစ်ရှိလား၊ နိုင်ငံတော်သစ္စာဖောက်မှုကြီးလား၊ ပုန်ကန်မှုကြီးလား။ ဒီစာဖျက်လိုက်ရတဲ့ အတွက် အယ်ဒီတာချုပ်ကြီး ဂုဏ်တွေတက်သွားမယ်..၊ စောင်ရေတွေများများ ရောင်းရမယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ။

မလုပ်ကောင်း မလုပ်သင့်တဲ့ အရာတွေပါ....။ သမိုင်းဆိုတာ အမြဲစီးဆင်းနေတာပါ... အယ်ဒီတာချုပ်ကြီး ရုံးခန်းမှာ ရေးထားတဲ့ သေရင်ပြီးပြီ စာသားလို သေရင်လည်း မပြီးသေးပါဘူး..။ မသေခင်လည်း ပြီးမှာ မဟုတ်သေးပါဘူး။ ကိုယ့်သမိုင်း ကိုယ်ရေးနေတာပါ...။ ဓာတ်ပုံဖြုတ်၊ စာသားဖျက်တာလောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုကချစ်တာ လျော့မသွားသလို အယ်ဒီတာချုပ်ကြီးကိုလည်း ပရိသတ်က ပိုချစ်လာမှာ မဟုတ်ပါဘူး...။ မုန်းဘို့ဆိုတာကတော့ သေချာသလောက်ပါပဲ..။ နောက်ဆုံးအနေနဲ့ အယ်ဒီတာချုပ်ကြီးလို နိုင်ငံသိ ပုဂ္ဂိုလ်တယောက် အနေနဲ့ ယခုလို ကလေးကလားဆန်တဲ့ လက်သရမ်းတဲ့ လုပ်ရပ်များအား ရပ်တန်းက ရပ်ပေးပါလို့ ယဉ်ကျေးစွာ တောင်းဆိုလိုက်ပါတယ်...။

ဒီမိုဝေယံ ဆီကရယူပါတယ်

ဖိုးရှုပ်လေး

ယနေ့ NLD ပါတီကြေငြာချက်


ဖိုးရှုပ်လေး

Sunday, August 21, 2011

"ရင်နှင့်ရေးသော" (ကဗျာ)


"ရင်နှင့်ရေးသော"





အော် ဒီလိုတဲ့လား
တို့ပြည် ဖြစ်ပျက် မနှစ်သက်စရာ
တွေ့ပါလေလား ဂရုမထားပဲ
မောင်တို့ရှောင်နေ လစ်လျှူရှုထား
အာဏာမြဲရေး
တခုတည်းသာ လုပ်နေပါ၏။ ။

အမျိုးသ္မီးဝါဒ ဖြန့်ချင်ညားလဲ
ဒီလို တလွဲ
ထင်တိုင်းကျဲမှာဆိုးမိပြန်ရဲ့။ ။

သို့ပါသော်ညား ဒီလောက၀ယ်
ဒီလူငယ်များ မပျက်စီးဖို့ ရာ
စုပေါင်း ဖျက်မည်။ ။

အာဏာရူးသူ ဒီမိစ္ဆာကို
ဦးစွာ ဖြုတ်ချ ကုန်စင်ကာမှ
ဒီကိစ္စများပြင်နိုင်လိမ့်မည်။ ။

ဖိုးရှုပ်လေး

မှတ်ချက်။ ။ ဧရာဝတီ Blog က အမောပြေ ဆိုတဲ့ Post လေးကြည့်မိပြီးရေးလိုက်တာပါ ။ (ရင်မောလို့ )