Friday, September 30, 2011

မြစ်စုံစီမံကိန်းကြီး ရပ်ပြီတဲ့...

မြစ်စုံ စီမံကိန်း ရပ်ရန် သ၀ံလွှာ အချက်၅ချက်ပါ The Voice weekly(Link) (Link) မှာ ဖတ်ပါ။

မြစ်စုံ စီမံကိန်ရပ်တယ် ပြောလို့ ကြိုဖိုကြသူများ Eleven Media (Link)မှာဖတ်ပါ။

English News

Myanmar to Stop Construction of Controversial Dam

From- WSJ (Link)


Burma to stop construction of controversial dam
From- Asian_Correspondent(Link)


လင့်လေးတွေပဲတင်ပေးလိုက်တယ်။ လင့်လေးတွေကို Click လုပ်ပြီးဖတ်ပါ။
Click The Links and Read Its!

ဖိုးရှုပ်လေး

Thursday, September 29, 2011

နေပြည်တော်ရှိ မြို့နယ်များနှင့် ကျေးရွာအချို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့၌ ရေကြီးရေလျံမှုများဖြစ်ပေါ်၍ အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နေရ


float1

float2

float3

float4

float5

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ စက်တင်ဘာလ ၂၈ ရက် နေ့ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။ နေပြည်တော်ကောင်စီနယ်မြေ တွင်းရှိ မြို့မဈေးအနီးတစ်ဝှိုက်၊ သပြေကုန်းဈေး၊ ကျောက်မျက်ရတနာပြတိုက်အနီး၊ ပျဉ်းမနားမြို့ပေါ်ရှိ ရပ်ကွက်များ၊ လယ်ဝေးမြို့နယ်တွင်းရှိ ကျေးရွာတို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။ လယ်ဝေးမြို့နယ် ရုံးပင်အုပ်စု ငှက်ပျောတောကျေးရွာ၌ ချောင်းရေမြင့်တက်မှုကြောင့် ကျေးရွာအတွင်း နေအိမ်များ၊ လယ်ကွင်းများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေ၍ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများနှင့် တာဝန်သိပြည်သူများက ရွာသူ၊ ရွာသားများအား ပျဉ်းမနားလယ်ဝေး မြို့ရှောင်လမ်းပေါ်သို့ ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

'' မနေ့ ညနေကတည်းက ရွာတဲ့မိုးကတစ်ညလုံးနီးပါးဆက်တိုက် ရွာခဲ့လို့ နေပြည်တော်မြို့ပေါ်ရော ကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ ပျဉ်းမနားမြို့ပေါ်မှာဆိုရင် ရပ်ကွက်တိုင်းလိုလို ရေလျှံနေပါတယ်။ ကျွန်တော်တို့ အိမ်ဝိုင်းထဲမှာဆို ရေကဒူးလောက်ထိ နစ်မြှပ်နေပါတယ်။ အချို့ကျောင်းတွေဆိုရင် ပိတ်ထားခဲ့ရတယ်'' ဟုပျဉ်းမနားမြို့နယ်၊ပေါင်းလောင်းရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုပါသည်။

လယ်ဝေးမြို့နယ်၊ ငှက်ပျော တောကျေးရွာတွင်းနေထိုင်သူတစ်ဦး ကလည်း '' ဒီနှစ်ရွာသွန်းခဲ့တဲ့မိုးတွေ ထဲမှာ မနေ့ညကရွာတဲ့မိုးက စံချိန်တင် ရွာသွန်းခဲ့ပါတယ်။ မိုးရွာသွန်းချိန်ကြာလို့ မိုးရေနဲ့တင်ရွာထဲမှာ ရေလျှံခဲ့ပါတယ်။မနက်လည်းလင်းရော ရွာဘေးက ချောင်းရေတဖြည်းဖြည်း မြင့်တက်လာပြီးရွာထဲမှာရေတွေအရမ်း များလာပြီး ရွာထဲမှာမနေရဲတော့ဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာ ပြီး ရွာထဲက လူတွေကို ရေဘေးက လွတ်ရာကို ကယ်တင်ဖို့ ကယ်ဆယ် ရေးအဖွဲ့တွေ ရောက်လာပြီး ကူညီပေးခဲ့ပါတယ်'' ဟု ရှင်းပြခဲ့ပါသည်။

ကျေးရွာများတွင် ရေကြီးရေလျံမှုများဖြစ်ပေါ်သည့်အပြင် လယ်ကွင်းများတွင်ပါ ရေလျံမှုများကြောင့် စပါးခင်းများရေမြှပ်ခဲ့ကြောင်း သိရသည်။

Eleven Media မှ ကူးယူဖေါ်ပြပါတယ်။

ဖိုးရှုပ်လေး

Saturday, September 24, 2011

4shokelay ရဲ့ ရွေဝါရောင်

ဖိုးရှုပ်လေးနဲ့ ရွေဝါရောင်တော်လှန်ရေး

ကျနော် အိပ်မှုန်စုံပွားနဲ့ ကျနော် အိပ်ရာထလာတဲ့ မနက်တခုပေါ။့ ကျနော် ပြန်ရတော့မယ် ကျနော် အိမ်ကို။ ။ ကားက မနက် ၇ နာရီထွက်မှာမို့ ကျနော် နာရီကိုကြည့်လိုက်တော့ ၆ နာရီ ၁၅ ရေးကြီးသုတ်ပြာ ကျနော့် သူငယ်ချင်းနှစ်ယောက်လဲ နှိုးရပြန်တယ်။


သတိတချက်ဝင်လာတော့ ငါ့မွေးရပ်ဇာတိကိုပြန်ရောက်နေတာပဲ။ ဇာတိမြေကို ခေတ္တ ခဏ အလည်သဘောမျိုး ရန်ကုန်သား သူငယ်ချင်း ၂ ယောက်ကိုခေါ်ပြီးလာခဲ့တာပါ။ သူတို့ နဲ့ ကျနော် ၅ ရက်လောက်နေပြီး အိမ်ပြန်ဖို့ ကျနော်တို့ ဘစ်ကား ပေါ်တက်နေကြပြီပေါ့။

ရန်ကုန်ရောက်ခါနီး မြို့ အ၀င်မှာ မှတ်ပုံတင်တွေစစ်နေတယ်။ ။ ဘုန်းတော်ကြီးတပါးကို ကျနော်တို့ နယ်ဖက်ပြန်တဲ့ ကားပေါ် စစ်ဆေးရေးတာဝန်ရှိသူတွေက ပြန်တင်ပေးလိုက်တယ်။

“အရှင်ဘုရား ရန်ကုန်ကို နယ်ဘုန်းကြီးတွေသွား လို့ မရပါဘူး’’ တဲ့။

ကျနော်နဲ့ ကျနော့် သူငယ်ချင်း ၂ ယောက် တယောက်မျက်နှာ တယောက်ကြည့်ပြီး စကားလုံးမဲ့မေးခွန်းတွေကို တယောက်နဲ့ တယောက်ကြည့်ပြီး မျက်လုံးတွေနဲ့ ပဲမေးခဲ့ကြတယ်။

ကျနော်တို့ ရန်ကုန်က ကားဝန်းတခုကိုရောက်တော့ အငှားကားတစ်စီး ငှားပြီး ကျနော်တို့ အိမ်ဘက် ဆီကို ကျနော်တို့ ဦးတည်ခဲ့တယ်။ ကားပေါ်ကနေကြည့်တော့ သံဃာတော် တွေတော်တော်များများ သွားသွားလာလာရှိနေတာတွေ့ ရတယ်။ ကားဆရာကို ကျနော် မေးလိုက်တယ် သူတို့ ဘယ်သွားကြမှာလဲလို့ မေးလိုက်တော့ ကြေးသွန်းဘုရားကြီးဆီ သွားကြမှာတဲ့။

ဒီနေ့တော့ အာဏာပိုင် ကပစ်ဖို့ ခတ်ဖို့ များတယ်၊ ညကတော့ မြန်မာ့ အသံမှာ နဲနဲ ဟစ်ထားတာ အဲဒီလိုလုပ်မဲ့ပုံပဲ” တဲ့။

အိမ်နားရောက်တော့ အိမ်မပြန်သေးပဲ သုံးယောက်သား လေနဲနဲ ပွားချင်တာနဲ့ လ္ဘက်ရည်ဆိုင် ၀င်လိုက်သေးတယ်။ တယောက်က အိမ်ပြန်ရောက်ကြောင်း အိမ်ခဏပြန်ပြောမယ် ဆိုပြီးသူ ထွက်သွားတယ်။ သူပြန်လာတော့ “မာရှယ်လောတဲ့ကွ” (ညမထွက်ရ အမိန့်-၅ယောက်ထက်ပိုမစုရ) ။ သူပြောလိုက်မှ ပတ်ဝန်းကျင်ကို သတိထားမိလိုက်တယ် ကျနော် တို့နောက်ဝိုင်းမှာ ထိုင်နေကြတဲ့ လုံထိမ်းတွေက ကျနော်တို့ ကိုအပိုင်ချက်နေတာ ကိုယ့်ကိုယ်ကို ရာဇ၀တ်ကောင်လားတောင် အောက်မေ့သွားတယ်။ သူ့စကား ကြားကြားချင်းပဲ အိမ်ကိုချင်ချင်းပြန် လိုက်တယ်။

အချိန်က နေ့လည် ၁၂ နာရီ ခွဲတော့မယ် အိမ်ကလူတွေနဲ့ နဲနဲ သတင်းအချက်အလက်လေးတွေ မေးမြန်းနေစဉ်မှာပဲအိမ်ရှေ့ကအော်သံတခုကြားလိုက်တယ်

“ပစ်နေပြီ”
“ဘုန်းကြီးတွေကို ရိုက်တယ်”

“တချို့ ဦးနှောက်တွေတောင် ထွက်တယ်”

“ကျနော်တို့ အဲဒီဘက်ကပြေးလာတာ”

ဒီအသံတွေ ဆုံးရုံပဲရှိသေးတယ်။ နောက်ဆက်တွဲ ထွက်လာတဲ့ အသံကြီးက

“ဂျိန်း” “ဂျိန်း” ။

(မိုးကြိုးပစ်သံ)

ဒီအသံနက်ကြီးက ဗုဒ္ဓဘာသာဝင်တို့ အဖို့ တုန်လှုပ်ချောက်ခြားစရာကြီးပါ။
ကျနော် ဖိုးရှုပ်တယောက် အဆွဲအလမ်း များမရှိပါ။ ဘာသာရေးနှင့် ပက်သက်ပြီးလဲ လေးလေး နက်နက် ဘာမှမတွေးတော့ခဲ့ပါ သို့သော်လဲ ခုလိုကြုံတွေ့ ရမှု အတွက် ကျနော်တုန်လှုပ်မိပါတယ်။

“ဘုရားသားတော် တွေကို ဒီလိုလုပ်တော့ နတ်တွေသကြားတွေ ဘယ်နေတော့ မလဲလုပ်ပြီပေါ့။”

ဆိုပြီး အိမ်ကလူတွေကော အိမ်နီးနားချင်းတွေပါ တသံထဲထွက်လာတယ်။ ဒါဟာ ဗုဒ္ဓဘာသာနိုင်ငံ တစ်ခုအနေနဲ့ ဒီလိုပြောလိုက်ကြတာ အဆန်း မဟုတ်ပါ။

ကျနော် အဲဒီနေ့ ဆူးလေကိုရောက်အောင်သွားပါသေးတယ်။ ကျနော်ရောက်တဲ့ အချိန်က ၄ နာရီကျော်ကျော်ရှိပြီ။ သံဃာတော်တွေ မတွေ့ရတော့ပါ။ ဆူးလေဘုရားရဲ့ လေးဘက်လေးလံ မှာရှိတဲ့ လမ်းတွေကို သံဆူးကြိုးတွေနဲ့ ပိတ်ပြီး လုံထိန်းတွေ အပြည့်ချထားပါတယ်။ ဆန္ဒပြသူ အချို့ (၁၅၀-၂၀၀ နီးပါးရှိမည်) သံဆူးကြိုးတွေနားကပ်ပြီး အော်ဟစ်ပြီး လုံထိမ်းတွေကို စမ်းသပ်နေပါတယ်။ ကျနော်အိမ်ဘက်ပြန်လှည့်ပြီး ညပိုင်း မတိုင်ခင် မနက်ဖြန် အတွက် သူငယ်ချင်းတချို့နဲ့ ပြင်ဆင်ပါတော့တယ်။

နောက်တရက်မှာတော့ ဟိုအော်ဒီအော် တကျော်ကျော်နဲ့ သံဃာတော်တွေကို လိုက်လံ ရှာဖွေရင်း ကျနော်တို့ သွေးထွက်သံယိုတွေကို ဖြတ်ကျော်ခဲ့ပါတယ်။ အဲဒီနေ့ပန်းဆိုးတန်း ဆန္ဒပွဲကတော့ မေ့မရစရာပါ။ ကျနော့် ဘ၀မှာ ဘူတယောက်ကို သေနတ်နဲ့ အားရပါးရချိန်ပစ်လိုက်တာ ကိုပထမဦးဆုံး တွေ့လိုက်ရတဲ့နေ့ပါ။ အဲဒီ အပစ်ခံရသူကတော့ ကျောင်းသားလေးတယောက်ပါ။ ရင်ထဲ နင့်ခနဲ ခံစားလိုက်ရခြင်းနဲ့ အတူ ကျနော် ဖိုးရှုပ်အော် ဆဲလိုက်မိပါသေးတယ်။ အာဏာရှင်ရဲ့ ရက်စက်မှု ချိန်းချောက်မှု တွေကြောင့် သံဃာတော်တွေ အရပ်းသား ဆန္ဒပြသူတွေ လျှော့လျှော့ လာပါပြီ။ ပစ်ခတ်မှုနဲ့ ဆန္ဒပြသူတွေ လုံးထွေးနေတဲ့ သွေးစွန်းနေတဲ့ ရွေဝါရောင်ရဲ့ ဒုတိယနေ့ကိုကျနော်ဖြတ်ခဲ့ပါပြီ။

ကျနော် လုံဝ ရပ်မရဘူး ဒီဆန္ဒပြပွဲကိုလဲရပ်မသွားစေ့ချင်ဘူး ဒီတော့ကျနော် နောက်နေ့ ကိုရောက်သွားတယ် သူငယ်ချင်းတယောက်ပါပါတယ်။ ကျနော့် သူငယ်ချင်းကတော့ ကျနော်နဲ့ စသွားဟဲ့ ဆိုတဲ့နေ့ထဲက အတူပါတာပါ။ အဲကျနော်မြို့ထဲရောက်သွားတော့ တွေ့နေပါသေးတယ် လူတွေလူတွေ။ စိတ်ဓါတ်တော်တော် ပြင်းတဲ့လူတွေပါ။ ကျနော်တို့နှစ်ယောက်လဲ တော်တော်အားရသွားတယ်။ သိမ်ကြီးဈေးနားမှာ NLD ကလူတချို့ မထက်ထက်ဦးဝေကတော့ ထင်းနေတာပဲ (NLD ပါတီဝင် တော်လှန်ရေးမတိုင်ခင် ၈၈ ကျောင်းသားများ လောင်စာဆီဈေးနှုန်း နှင့်ပက်သက်ပြီး ဆန္ဒပြစဉ် ကထဲက ပါဝင်ခဲ့သူ) ၊ လူငယ်တချို့လဲ တွေ့တယ်။ သူတို့တွေလမ်း တဖက်တချက်ဆီမှာ ရပ်နေကြတယ်။ လုံထိမ်းတွေကလဲ အယောက်နှစ်ဆယ်လောက်ရှိမယ် လမ်းလျှောက်ပြီး မြို့ထဲလမ်းတွေမှာ ပတ်နေကြတယ်။ အကာအကွယ်အပြည့် လက်နှက်ခဲရမ်း အပြည့်နဲ့ပေါ့။ လမ်းလျှောက်တင်မကပါဘူး ကားတွေနဲ့ လဲပတ်နေကြတယ်။ ကဲဒီလို အခြေအနေမျိုးမှာ ဘယ်လိုလူစုကြမလဲ တွေးမရတဲ့ကြား အပြေးအလွှားရောက်လာသူ တယောက်ကျနော့်ကို တီးတိုးလာမေးတယ် “အကို ဘယ်လိုလဲ” ။ သူ့မေးခွန်းကို ကျနော်သိလိုက်ပါတယ်။ ကျနော် ခေါင်းညှိမ့်ပြလိုက်တယ်။

“ကျနော်ပြောမယ် ဒီပုံလေးတွေကို ရင်ဘတ်ကိုထိုးထား ပြီးရင် ကျနော်တို့ အလံထောင်လိုက်မယ်။ ပြီးတာနဲ့ ကျနော်တို့လက်ခုပ်တီး မယ် အားလုံး အလဲနားကို စုပြီးလာလိုက်ကြ ကျနော်တို့ စမယ်။”

ကျနော် ခေါင်းပြန်ညှိမ့်ပြပြီး၊ သူပေးတဲ့ ပုံလေးဆိုတာကို လှမ်းယူလိုက်ပါတယ်။ (ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ကျပ်တန်) ကျနော် ရင်ထဲအေးခနဲ ဖြစ်သွားသလို ခံစားလိုက်ရတယ် ကြက်သီးတွေထလာတယ်။ သူတို့ အလံထောင်လိုက်ပြီ။ ကျနော်တို့လဲ လက်ခုပ်တီးပြီးတော့ အလံနားကိုရောက်အောင် သွားလိုက်ကြပါတယ်။ ကျနော်တို့လဲ အနားရောက်သွား တော့။ လမ်းဘေးတဖက်တချက်က လူတွေ ပြီးတော့ ဆိုင်တွေ ဆိုင်တွေထဲက ထွက်လာသူတွေ အားလုံးအားလုံး ဆုံလိုက်တော့ တော်တော်ကိုများတဲ့ လူအုပ်ကြီးဖြစ်သွားတယ်။ ကျနော် အားရစွာ ဒီလူအုပ်ကြီးကို လှည့် ကြည့်လိုက်ချိန်မှာပဲ သူတို့ လာကုန်ကြပါပြီ။ (လက်နက်ခဲရမ်းအပြည့်နဲ့ လုံထိမ်းများ) ရှေ့ရက်တွေမှာ ရက်စက်မှုတွေကိုမြင်ခဲ့ရ ခံခဲ့ရတဲ့ လူထု ဘယ်ခံနိုင်ပါ့မလဲ သူတို့ အပြေးအလွှားလွတ်ရာ ကြွတ်ရာကိုပြေးကြပြီ။

ကျနော်ဖိုးရှုပ် တယောက်လဲ ပြေးသူထဲမှာပါပါတယ်။ ပြေးဆို ပြေးလိုက်တာ ဗိုလ်ချုပ်လမ်းက ပန်းဆိုးတန်းကုန်းအောက် ရောက်ကောပဲ။ ကျနော် အဲဒီဘက်ရောက်တော့ ကျနော်နောက် လူတယောက်လက်လာပုတ်တယ် လှည့်ကြည့်လိုက်တော ခုဏ သိမ်ကြီးဈေးနားမှာ ကျနော့်ကို ရင်ထိုးတွေလာပေးပြီး စကားပြောသွားတဲ့ ရဲဘော်ဖြစ်နေတယ်။ သူကျနော့်ကိုပြောတယ် ကျနော်တို့ လူတွေပါလာအောင်လုပ်ရမယ်။ ဒီတော့ ကျနော်တို့ ပလာဇာဘက်ကိုဆင်းမယ် လိုက်ခဲ့ကြပါ။ ကျနော်ခေါင်းညှိမ့် လိုက်တယ်။ ကျနော်ရယ် ကျနော့် သူငယ်ချင်းရယ် နောက် စုံတွဲတတွဲလဲပါသေးတယ် ၁၅ ယောက်လောက်ရှိမယ်။ ကျနော်တို့ အော်ကာဟစ်ကာ လူတွေပါလာနိုးနဲ့ လျှောက်လိုက်ကြတာ ပလာဇာနားရောက်သော်လဲ ကျနော်တို့ ယခင် ၁၅ ယောက်ထက်ပိုမလာပါ။ သို့ပေမယ့် လဲကျနော်တို့ကို ထောက်ခံတဲ့ အနေနဲ့ လက်ခုပ်တွေတော့ တီးလိုက်ကြတာ လက်ခုပ်သံတွေ လုံးဝဆဲမသွား ပါဘူး။ကျနော်တို့ကို လူတွေဝိုင်းပြောတယ်

“ရှေ့မှာ စစ်တပ်ရှိတယ် ပလာဇာပေါ်မှာ တပ်ဆွဲထားတယ် သွားရင်ပစ်လေ့မယ်”

ပြောရင်းဆိုရင်းပဲ သူတို့ ကျနော်တို့ အဖွဲ့ ကိုမြို့ထဲဘက်သွားတဲ့ကားပေါ်တင်ပေးလိုက်ကြတယ်။ကားပေါ်မှာတော့ ကျနော့်တို့ နဲ့ အတူပါတဲ့ ရဲဘော်ကတော့ အသံမဆဲ ကားပေါ်ကလူတွေ ကိုတရားဟောနေပါတယ်။ လောင်ဆာဆီနဲ့ ပက်သက်တာတွေ၊ ပြည်သူတွေရဲ့ ခံစားနေရတာတွေ၊ ကျနော်တို့ ဘာကြောင့်ပါဝင် နေရတာတွေ ကိုသူသေသေချာချာကို ပြောပြနေပါတယ်။

ကျနော်တို့ မြို့ထဲလဲရောက်ရော လမ်း (၃၉) နဲ့ ဗိုလ်ချုပ်လမ်း ထိမ်မှာ လူတွေ လှုပ်လှုပ်ရွရွနဲ့ ဆန္ဒတွေ ထုတ်ဖေါ်နေကြတာ ယောက် ၃၀၀ နဲ့ ၄၀၀ ကြားမှာရှိတယ်။

ကျနော်တို့ကိုမြင်တော့

“ကျောင်းသားတွေလာနေကြပြီ”

ဆိုပြီး အော်ကြတယ်။ သူတို့တွေခေါင်းဆောင်မှုတခုလိုအပ်နေတယ် ဒါကြောင့် ကျနော်တို့ကိုမြင်တော့ အားပါးတရအော်လိုက်ကြတာပေါ့။ သို့ပေမယ့်လဲ မတရားတာတွေတွေ့လို့ ဆန့်ကျင်ကြတာ အတူတူပါပဲ ကျနော်တို့မှာ ဘာအတွေ့ အကြုံ ဘာသင်ခန်းစာမှမရှိခဲ့ကြပါဘူး ကျနော်တို့ ဦးဆောင်ချင်ပါတယ် သို့ပေမယ့် ဦးမဆောင်နိုင်ခဲ့ပါဘူး။ စိတ်လဲမကောင်းဘူး ကျနော်တို့ သင်ယူစရာတွေရှိ နေသေးပါတယ်။ အဲဒီနေ့ကျနော်တို့ ခဏလေးဆိုတဲ့ အချိန်အတွင်း လုံထိန်းတွေ အတင်းဝင်လာပြီး ရိုက်ကြနှက်ကြပြေး ကြလွှားကြနဲ့ ကျနော်လဲ အိပ်ပြန်ရောက်ခဲ့ပါတယ်။

အိမ်ကိုသာရောက်တာ ကျနော် မနက်ဖြန် အတွက်တွေးနေပါသေးတယ် သို့ပေမယ့်လဲ ကျနော်ဘယ်လို ခေါင်းဆောင်ပြီး ဘယ်လိုဆက်လုပ်မယ်ဆိုတာကြီးကိုတော့ ကျနော် တွေးမရဖြစ်နေရင်း ကျနော့် အိမ်ခေါင်းရင်းက လူကြီးတယောက်က “ဒီကနေရှောင်နေပါတော့”

လို့လာပြော တဲ့ အချိန်မှာ ဒီတော်လှန်ရေးကြီးကို ကျနော်လက်လွှတ်ရတော့မယ် ဆိုတာကို သိလိုက်ရပါတော့ တယ်။ ကျနော်လဲ နယ်မြို့လေးတစ်မြို့မှာ အတန်အကြာနေခဲ့ပါတယ်။

လွမ်းမိပါသည် အတူလှုပ်ရှားခဲသော သူငယ်ချင်းရဲဘော်များ၊ ကျနော်တို့ ခေါင်းမဆောင်နိုင်ခဲ့သော အချိန်ကာလများ အားလုံကိုလွမ်းနေမိပါသည်။ ရက်တွေနှစ်တွေသာ ပြောင်းသွားသည် အတူ ၏တွဲလျှောက်ခဲသော ရဲဘော်များနှင့်လဲ တစ်ကြိမ် တစ်ခါမျှ ပြန်လည် မဆုံမတွေ့တော့ပါ။

ကျနော်တို့ လူငယ်တွေ လေ့လာရပါလေ့ဦးမည်။ သို့သ်ေလဲ ကျနော်တို့ ရွှေဝါရောင်တော်လှန်ရေးကြီးက ပေးလိုက်တဲ့ သတ္တိတွေ၊ သင်ခန်းစာတွေ၊ အတွေ့ အကြုံတွေ အများကြီး ရခဲ့ပါသည်။ နောင်လာမည့် လှုပ်ရှားမှုများခု အတွက် ကျနော်တို့ အားမွေးကြရမည် ဖြစ်ပါသည်။

မှတ်ချက်။ ။ အတွေ့ အကြုံ တစ်ခုကိုမျှဝေခြင်းသာ ဖြစ်ပါသည်။ ထိုအချိန်အခါက အချက်အလက်များ၊ လှုပ်ရှားမှုများ၊ နှင့် အာဏာရှင်၏ ရက်စက်စွာဖြိုခွင်းမှုများကိုရေးချင်ပါသေးသည်။

ဖိုးရှုပ်လေး

ရွှေဝါရောင်လေးနှစ်ပြည့်ကြေငြာချက်

Sasana Moli Statement (3)

ဖိုးရှုပ်လေး

Irrawaddy Forever (Statement)

သို့

ဧရာဝတီ မိတ်ဆွေများ


၂၃.၀၉.၂၀၁၁ နေ့က နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ

ပူးပေါင်းစီစဉ်ကျင်းပခဲ့သော “လူငယ်များရဲ့ ဧရာဝတီ” အခမ်းအနားတွင်

ဖတ်ကြားခဲ့သည့် ကြေညာချက်ကို တဆင့်ပြန်လည်ကူးယူ ဖြန့်ဝေပါသည်။


လေးစားချစ်ကြည်စွာဖြင့် -

Irrawaddy Forever




The Statement of Irrawaddy Forever(23!09!2011)

ပေးပို့လာတိ့ အတိုင်းတင်ပေးလိုက်ပါတယ်။

ဖိုးရှုပ်လေး

Thursday, September 22, 2011

ခေါင်းဆောင်


ဖိုးရှုပ်လေး (အီးမေးလ်ကပို့လာလို့ တင်ပေးလိုက်ပါတယ်)

Tuesday, September 20, 2011

ဘလော့ ၂ နှစ်ပြည့်မွေးနေ့ 4shokelay

"ဖိုးရှုပ်လေး ဘလော့ ဖြစ်ပေါ်လာခြင်း နှင့် ၂ နှစ်ပြည့်မွေးနေ့မှာပြောခြင်သောစကား"

ကျနော် အင်တာနက်ကိုစသုံးထဲက စာတွေဖတ်တယ် သတင်းတွေဖတ်တယ်။ အဲလိုဖတ်ရင်းဖတ်ရင်းပဲ ကျနော်အဲဒီဖတ်တဲ့ စာတွေ သတင်းတွေကိုရေးတဲ့လူဖြစ်ချင်လာတယ် အထူးသဖြင့် သတင်းတွေကိုမျှဝေချင်တယ်၊ ဘလော်ကာ တယောက်ဖြစ်ချင်လာတယ်။

သို့ပေမယ့် ဘလော်ကာလုပ်ဖို့ ဆိုတာပြည်တွင်း မှာ မလွယ်ကူပါဘူး။ ပြီးတော့ ကျနော်လဲ ဘလော့နဲ့ပက်သက်ပြီး ဘာဆိုဘာမှမသိဘူး။ ပြောရရင်လဲ ဒီကော်နက်ရှင်တွေ၊ စစ်အစိုးရတွေကပါရအုန်းမယ်။ ဒီလိုပဲကျနော် နေရင်း ကဗျာရေးပြီး VOA ပရိတ်သတ်ထံမှပေးစာ ဆီကို ဖိုးရှုပ်လေး ဆိုတဲ့ နာမည်နဲ့ပို့တယ်။ နောက် ၂၀၀၉ ရဲ့ ၁၉ ဇူလိုင်နဲ့ ကျနော် ဆိုတဲ့ စကားပြေလေးကို ကိုညိုကြီးဘလော့ ကိုပို့ရင်း သူ့ဆီက ပြန်စာလေးတစောင် အားတက်စရာရလာတယ်။ သူ့ဘလော့နဲ့ ကျန်တဲ့ဘလော့ကာတွေ ဆီမှာ ကျနော့် စကားပြေလေး ပါလာတာတွေ့ရယ်။ ကျနော်အဲဒါလေးတွေကြည့် ရင်းပီတိတွေ ဖျာခဲ့ရတယ်။ (နောက်ဆက်တွဲ တခုတော့မဖြစ်ဘူးနော် ဟဲ) ဒီနောက်ပိုင်း ကျနော်ကြိုးစားပြီး ကလိလိုက်ရာကနေ ကျနော့် ဘလော့လေးတခုရလိုက်တယ်။ ရရချင်းပဲ ဘလော်ကာကိုဖြိုးဝေ ကိုဂျီတော့ကနေ မေးရင်းမြန်းရင်း စလုပ်ဖြစ်လာတယ်။ နောက်သူက Layout တွေပြင်ပေးတယ် ဘယ်လိုလေးတွေလုပ်ရင်ကောင်းတယ် ဘာတွေညာတွေဆိုတာတွေကို ညဘက် ချက်တင်တက်တိုင်း ပြောပြတယ်။ (နောက်တခုလဲပါသေးတယ်ဗျ ဒီဘဲ ကျနော့်ကို ချိန်းချောက်သေးတယ်။ "ဖိုးရှုပ် ဘယ်မှာရှိတယ် ဘာလုပ်တယ်ဆိုတာကို ဟိုပြောမယ်ဒိပြောမယ်နဲ့") ဒီလိုနဲ့ ကျနော်လဲ အင်တာနက်ဆိုင်နဲ့ ဆော်နဲ့မှားပြီး ဆော်နဲ့တောင်ပြတ်တဲ့ အထိ ဘလော့ပေါ်မှာ မွေ့ပျော်ခဲ့ပါတယ်။ ဒီကြားထဲ အင်တာနက်ဆိုင်မှာ သုံရတော့ ထောက်လှန်းရေးဆိုတဲ့ ရန်ကိုလဲ ရှောင်ရပါသေးတယ်။ ကော်နက်ရှင်ရယ်၊ ၀က်ဘ်ဆိုဒ်ပိတ်ပင်မှုတွေရယ်ကို ကျော်လွှားနိုင်ဖို့ ဟိုကျော်ဒီခွ ခုန်ပြန်ကျော်လွားပညာတွေကိုလဲအွန်လိုင်းကနေ လေ့လာရပါသေးတယ်။ နောက်ပိုင်းတော့ အကြောင်းကြောင်းကြောင့် ကျနော် အဆက်ပြတ်ခဲ့တဲ့ အချိန်ကာလလေးတွေလဲ ရှိခဲ့ပါတယ်။ ပြောသာပြောရတာ ကျနော့် ဘလော့ကိုတော့ ကျနော့် အရိပ်တခုလို ကျနော်အမြဲ နေခဲ့ပါတယ်။ ကျနော်တင်တဲ့ Post တွေတော်တော် များများဆိုသလိုပဲ ကျနော့် မိတ်ဆွေတွေကို ကျနော် Gmail ကနေ တဆင့် ပို့ပေးဖြစ်ခဲ့ပါတယ်။

ဒီလိုတွေ ကျနော်ဖြတ်သန်းခဲ့ရင်း ဒီဘလော့လေး ၂ နှစ်ပြည့် တဲ့ အချိန်ကာလတခုကိုရောက်လာပါပြီ။ ခုဆိုရင် ဒီ ၂ နှစ်အတောအတွင်း ကဗျာ တွေလဲ တော်တော်များများရေးခဲ့ပါပြီ။ ဘလော့ကိုလာလည်တဲ့ မိတ်ဆွေတွေလဲ သောင်းတစ်ထောင်လောက်ကျော်သွားခဲ့ပါပြီ။ ကျနော့်ဆီကို မေးလ်ကနေ သတင်းတွေ၊ ဆောင်းပါးတွေ၊ ကြေငြာချက်တွေ၊ ကဗျာတွေ ပို့ပေးခဲ့တဲ့လူတွေကိုလဲ တော်တော်များများတွေ့ခဲ့ရပါတယ်။ ကျနော့် စီဘောက်စ် မှာလဲ စကားတွေပြောခဲ့တဲ့ လူတွေ၊ ကွန်မန့်တွေပေးခဲ့တဲ့လူတွေလဲ အများကြီးရှိခဲ့ပါပြီ။ ဒီလိုကျနော့်ရဲ့ရလဒ် အနည်းငယ် အတွက် ကျနော်ပျော်မိပါတယ်။ ဒီလူတွေ အားလုံးကိုလဲ ကျေးဇူး အများကြီးတင်မိပါတယ်။

ကျနော် အဓိကအားဖြင့် ကျနော့် ဘလော့ကို ကျနော်ရေးသားရခြင်း ရည်ရွယ်ချက်တွေ အများကြီးရှိခဲ့ပါတယ်။ အနှစ်ကိုပြောရရင် ကျနော် ဒီဘလော့ကိုရေးတာ ကျနော်တို့ နိုင်ငံ ဖိနိုပ်မှုအောက်ကနေ လွတ်မြောက်ဖို့ အတွက်ပါ။ ဒီဘလော့ကို ကျနော် ရေးတဲ့ဘလော့လို့ပြောရပေမယ့် ကျနော် ဒါတွေကိုလုပ်ချင်စိတ် ဖြစ်လာအောင် ဖန်တီးပေးတဲ့ မတရားမှုတွေကို တော်လှန်လိုသောစိတ်၊ အာဏာရှင်မုန်းတီးသောစိတ်တွေနဲ့ နိုင်ငံရေးအသိစိတ်တွေက ရေးတယ် လို့ပြောရင်လဲ လုံးဝငြင်းလို့မရပါဘူး။ ဘလော့ဆိုတာ ဆိုရှယ်မီဒီယာထဲက တစ်ခုပါ။ မီဒီယာဆိုတာ ဟာလဲ အာဏာအလွဲသုံးစား လုပ်မှုတွေကို စောင့်ကြည့် စစ်ဆေးနိုင်ဖို့ နဲ့ လွဲမှာတွေပြန်လည်တည့်မတ်နိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ဒါကြောင့် ကျနော့် ဘလော့လေးကို ကျနော် သက်ရှိထင်ရှားရှိနေ သရွေ့ ကျနော် လွတ်လပ်စွာ လှုပ်ရှားနိုင်သရွေ့ (နေဘုန်းလတ်လိုမဖြစ်သရွေ့ကိုဆိုလိုပါတယ်) ကျနော် ဆက်လက်လုပ်ဆောင်နေမှာပါ။

ကျနော် ဘလော့ မွေးဖွားလာခြင်း ကျနော့် ဘလော့ သက်ဝင်လှုပ်ရှားနေခြင်းတွေ အတွက် အထူး ကျေးဇူးတင်ထိုက်သူတွေ ဖြစ်တဲ့ ဘလော်ကာရဲဘော် ကိုညိုကြီးကိုဖြိုးဝေ တို့ကိုကျေးဇူးတင်မိပါတယ်။ နောက် ပြောရင်းဆိုရင်းသွားရင်းလာရင်း ခင်မင်မှုတွေရလာပြီး အားတွေပေးခဲ့တဲ့ ဘလော်ကာရဲဘော် ကိုဒီမိုဝေယံ၊ စက်တင်ဘာအရှင်ထာဝရ နဲ့ ဘလော်ကာရဲမေ မမြတ်လေးငုံ တို့ ကိုလဲ ကျေးဇူတင်ကြောင်းပြောလိုပါတယ်။ ကျနော်ရဲ့ ကျနော့်ကို အားပေးတဲ့ ဘလော်ကာ အဒေါ်တွေကိ ကျေးဇူးတင်ပါတယ်။ု အီးမေးများ လက်ခံရယူနေကြသော၊ အီးမေးမှ စာပေသတင်းများပေးပို့နေကြသော၊ ဂျီတော့မှ အားပေးနေကြသော မိတ်ဆွေများကိုလဲ ကျေးဇူးတင်ကြောင်းပြောလိုပါသေးတယ်။ ကျေးဇူးတင်ဖို့ ကျန်ရစ်နေသူများရှိရင်လဲ ခွင့်လွှတ်ပါလို့ပြောချင်ပါတယ်။

ကျနော်ဖိုးရှုပ်လေး ဒီ ၂ နှစ်ပြည့် မွေးနေ့ကနေ နောင်ကာလ များ အထိ ဆက်လက်ကြိုးစားသွားမယ်လို့ပြောရင်း ကျနော် ဒီစာလေးကို ဒီမှာပဲရပ်ပါရစေ။

သတ်ပုံ သီးခံပါ။

မှတ်ချက်။ ။ (၂)နှစ်ဆိုသည့်ကာလ တခုကို ဖြတ်သန်းလိုက်ရသော ဘလော်ကာ တယောက် ပြောချင် သောစကားများသာဖြစ်ပါတယ်။

ဖိုးရှုပ်လေး 4shokelay ဖိုးရှုပ်၎

Monday, September 19, 2011

ဗွက်လူးပွဲ (ဖိုးရှုပ်လေး)

ဗွက်လူးပွဲ အဲ ဟုတ်ပါဘူး ဘောလုံးပွဲ

စက်တင်ဘာလ ၁၆ ရက်နေ့က ကစားခဲ့တဲ့ မြန်မာနဲ့ အင်ဒို ပွဲ (သုဝဏ္ဏ အားကစားကွင်း)

အနိုင်ရသွားတဲ့ ထိုင်း ယူ- ၁၉(ပျော်နေလိုက်ကြတာ)
Photo from aseanfootball.org

မြန်မာ နဲ့ ထိုင်း အာစီယံ ယူ - ၁၉ အကြိုဗိုလ်လုပွဲ ပထမပိုင်းပြီး ၁-၁ သရေ ရလဒ် နဲ့ပဲဆုံးခဲ့တယ်။
အကြိပ်အနယ် ကန်နေတာ ငယ်ငယ်က ငါးပက်တာ သွားသတိရတယ်။
ထိုင်းအသင်းက ကစားသမား တယောက်တောင် ဂဏန်းညှပ်လို့ ပွဲ ၃ မိနစ်လောက်နားလိုက်ရသေးတယ်။
ဒုတိယပိုင်းမှာတော့
ရှုံးသွားတယ် ၂ - ၁ နဲ့
ထိုင်း ပိန်းနှဲသီးတလုံးရတယ်
မြန်မာ ပိန်းနှဲသီး တလုံးရတယ်ထိုင်းကတော့ ကောင်းကောင်း ကိုင်ပလိုက်တာ အနိုင်ဂိုးရသွားတယ်။ မြန်မာ ကတော့ မော်လမြိုင်သားလားမသိဘူး
ပိန်းနှဲသီး မစားပဲ လွှင့်ပစ်လိုက်တယ် ရှုံးရော။

ပွဲပြီးတော့ ထိုင်းအသင်း ကစားသမားတဦး သုဝဏ္ဏကွင်းရဲ့ သန့်စင်ခန်းတွင်းအရောက် ဘောင်းဘီလဲ ချွတ်လိုက်ရော ငါးနှစ်ကောင်ထွက် လာပါတယ်တဲ့။
ထွက်လာတဲ့ ငါးနှစ်ကောင်ကို ထိုင်းနိုင်ငံငါးပြတိုက်မှာ ထားဘို့ ထိုင်း အသင်းသားများနဲ့ ထိုင်းအသင်းတာဝန်ရှိသူများက ဆုံဖြတ်လိုက်ပါတယ်။ သို့သော်လဲ မွေးမြူရေးနဲ့ ရေလုပ်ငန်း ၀န်ကြီးမှ မြန်မာ နိုင်ငံ ပိုင်ပစ္စည်းဖြစ်သဖြင့် နေပူတော် ငါးပြတိုက်ကို ပို့ရန် အမိန့် ထုတ်ပြန်ခဲပါတယ်။
တွေ့မိတွေ့ရာ ရေးမိရေးရာ
ဖိုးရှုပ်လေး

Sunday, September 18, 2011

မြန်မာဘောလုံးကွင်း နဲ့ လာအိုကွင်း


မြန်မာ့အားကစား ကမ္ဘာကိုလွမ်းစေရမည်။ (သတ်ပုံ မှန်/မှား စစ်ပေးပါ)

မြန်မာနိုင်ငံကဘောလုံးကွင်းတွေ အရမ်းဆိုးတယ် ဆိုပြီး။
အာစီယံ ယူ - ၁၉ ပြိုင်ပွဲ သင် အုပ်စု(ခ) မှ လာအိုအသင်းနည်းပြကပြောပါတယ်။

ဘယ်လိုများကြည့်ပြီး ဆိုးတယ်ပြောလဲမသိပါဘူးဗျာ ကျနော်ကတော့ မြန်မာပြည်သားပီပီ “စိတ်ဆိုးတယ်” ။

စက်တင်ဘာလ ၁၆ ရက်နေ့က ကစားခဲ့တဲ့ မြန်မာနဲ့ အင်ဒို ပွဲ (သုဝဏ္ဏ အားကစားကွင်း)
Photo from aseanfootball.org


လာအိုအမျိုးသားဘောလုံးကွင်းတဲ့ လာအိုနိုင်ငံ (Vientiane City)

Photo from http://www.flickr.com/photos/laostadium/

ဖိုးရှုပ်လေး