Thursday, October 27, 2011

လယ်သမား ဆန္ဒပြပွဲ

ဒဂုံဆိပ်ကမ်း တောင်သူလယ်သမား ၄ဝကျော် အိုးအိမ်ဦးစီးဌာနရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

ဒဂုံဆိပ်ကမ်း တောင်သူများ အောက်တိုဘာလ ၂၇ ရက်(ယခု မနက်ပိုင်း) နံနက် ၉ နာရီခွဲခန့်က အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်မှုကို ၁ဝ မိနစ် ခန့်ကြာ ပြုလုပ်ခဲ့သည်။ တောင်သူလယ်သမား အခွင့် အရေး၊ လန-၃၉ အမိန့်ဖျက်သိမ်း ပေးရေး၊ ကမ္ဘာ့စားနပ်ရိက္ခာပြည့်စုံ ရေး စသည့်ဆန္ဒထုတ်ဖော်မှု ဆိုင်းဘုတ် များကို ကိုင်ဆောင်ကာ လယ် သမား ၄ဝ ကျော်ခန့်သည် အိုး အိမ်ဦးစီးဌာနရုံးရှေ့ရှိ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ ပလက်ဖောင်းပေါ်ထိုင်ကာ ဆန္ဒထုတ်ဖော်ပြ ခဲ့ခြင်းဖြစ် သည်။ ”သူတို့က ဘာမှ အော်ဟစ် ဆူညံတာမလုပ်ပါဘူး။ ကိုဖိုးဖြူ ကတော့ မီဒီယာကို သူတို့လာရောက် ဆန္ဒထုတ်ဖော်ပြသခြင်း နဲ့ပတ်သက်ပြီး ရှင်းပြနေတယ်။ နောက် သိပ်မကြဘူး၊ ထွေအုပ်ရုံးနဲ့ ရဲမှူးတွေရယ်၊ လုံခြုံရေးရဲကား ၇ စီးလောက်ရောက်လာပြီး လူစုခွဲ လိုက်တယ်။ ကိုဖိုးဖြူက တောင်သူ တွေအားလုံးကို စီးလာတဲ့ကားပေါ် ပြန်လွှတ်ပြီး သူတို့ထဲက ၁၁ ဦးက အိုးအိမ်မှတွေ့ပြီး တောင်းဆိုစရာရှိ လို့ နေခဲ့မယ်ပြောတယ်။ ရဲတွေ ဘက်က လက်မခံဘူး အတင်းပြန် လွှတ်လိုက်တယ်”ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူတစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောကြားသည်။ ဒဂုံဆိပ်ကမ်း လယ်ယာမြေများ အား ယခင်တပ်မတော် အစိုးရ လက်ထက်ကတည်းက အထူးစီးပွား ရေးဇုန် ပြုလုပ်ရန် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ၄င်းလယ် သမားတို့က လျော်ကြေးမလို လယ်သမားစိုက်ပျိုးခွင့် သာလိုသည်။ ဓာတုမြေသြဇာ ဆန့်ကျင်ရေး၊ တောင် သူလယ်သမားနှင့် လယ်ယာမြေ ခွဲဝေပေးလျှင် ဓာတုကင်းလွတ် စိုက် ပျိုးရေးဇုတ်လုပ်မည် အပါအဝင် လယ်စိုက်ဧကမလျော့ပါးရေး လန-၃၉ အမိန့် ဖျက် သိမ်းပေး စသည့် ဆန္ဒပြုဆိုင်းဘုတ်များကိုင်ဆောင်၍ ယခုကဲ့သို့ လာရောက်ဆန္ဒဖော်ထုတ် ခြင်းဖြစ်သည်။

မိုးမြင့်မြတ်၊ ထက်ထက်မိုးမြင့်

သတင်း သစ်ထူးလွင် မှ ဖေါ်ပြသည်။

ဖိုးရှုပ်လေး


Sunday, October 23, 2011

" ကဗျာ ဆရာ ရဲ့ အိမ် အပြန်"

" ကဗျာ ဆရာ ရဲ့ အိမ် အပြန်"

စနေနေ့ ညကတဲ့

လှသန်း၊ ကြည်မောင်သန်း

နိမိတ်ထွန်းသန်း၊ စံသိုက်

လိပ်ပြာသန့်သန့်၊ ရန်မခ

မောင်သီးသန့် အားလုံးပြန်သွားပြီ...

ကြည့်မြင်တိုင်ကဆိုင်ကို မလာတော့ဘူး။

လေထန်ကုန်းကို ခြေဆုံကန်ပြီ။

ကျုပ်သိလိုက်တုန်းက

ဝါးဓနိတွေနဲ့ သားအမိတွေဆိုတာ

အဲဒါခင်ဗျား ခင်ဗျား


"စောက်ရမ်း စောက်ရမ်း" ခဏခဏပြောတဲ့လူ

ဆံရှည်ကိုယ်တော်

အဖေ့ဆီလာတုန်းတော့ ဆုံဖူးတာ ခဏခဏ

ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတက်တဲ့လူ..

ခင်ဗျားပြန်သွားပြီလား။


ကဗျာတွေကို ရေလည်ရေးရင်း

လ္ဘက်ရည်ဆိုင်က

မုဆိုးမ စစ်တမ်းထဲ

ခင်ဗျားထပ်တိုးလိုက်ပြန်ပေါ့။


ဖိုးရှုပ်လေး (ကြည်မောင်သန်းကွယ်လွန်ခြင်းအတွက်)

Monday, October 17, 2011

"ပလော့ ဖိုတီနိုင်း"


"ပလော့ ဖိုတီနိုင်း"


မင်းကိုနိုင် နာမည်ကို က
ခင်ဗျား ဘယ်မှာနေလဲ
ခင်ဗျား ဘာတွေစားလဲ
ခင်ဗျား ဘာတွေလုပ်လဲ
ပြီးပြည့်စုံတဲ့ ဇာတ်ညွှန်း ၀တ္ထုတွေကို
အကောင်ထည်ဖော်
ရိုက်ကွင်းထဲရောက်နေတဲ့ လူ
အပေါ်ယံရှပ်ကြည့်တော့
ခင်းဗျားနိုင်တဲ့လူရေးတာ ထင်ရ

နောက်ကြည့်မှန် မဲ့သူရေ
ခင်ဗျားရေးတာ ကျုပ်တို့တော့သိတယ်
ရေးဗျာ ဆက်ရေး လေးလေးပင်ပင်လေး

ကျုပ်တို့ဘေးက မှန်ထိုးမီးထိုး
အလုပ်မျိုးမျိုး ပေါ့
ရုံမီးဖွင့်လို့ နေကြာစေ့တွေရှင်းတဲ့ အချိန်မှာ
ခင်ဗျား နာမည်က
ခင်ဗျားကိုပြုံးပြပါလေ့မယ်..

ခုတော့ ဇတ်ကွက် ၄၉ မှာ
ခါးခါးသီးသီးပေါ့။

မိုက်ခဲ (ကိုမင်းကိုနိုင် ၄၉ နှစ်မြောက်မွေးနေ့ အမှတ်တရ)

Sunday, October 16, 2011

စာပေဟောပြောပွဲ ၃ ယောက် ၁၅ ရက်နေ့က

ပဲခူးတိုင်း ပေါင်းတည်မြို့ မြိုနယ် အားကစားခန်းမ မှာ ပြုလုပ်တဲ့
အော်ပီကျယ် (ကာတွန်း)
စိုးသော်တာ (ကာတွန်း ကဗျာ သရော်စာ)
မောင်သာချို (ဂျက်-ကွန်းခြံကုန်း)
တို့ရဲ့ စာပေဟောပြောပွဲ ဖိုင်တွေ Download လုပ်ယူနားစဉ်နိုင်ပါတယ်..

Photo from Facebook Paungde Group

လင့် များကို နိုပ်ပြီး တိုက်ရိုက် Download လုပ်နားစဉ်နိုင်ပါတယ်။

အော်ပီကျယ်မှ ပေါင်းတည်လူငယ်
မောင်သာချိုနှင့် ခေတ်လူငယ်တို့ အတုယူဖွယ်
စိုးသော်တာ

အော်ပီကျယ် by 4shokelay

မောင်သာချို by 4shokelay

စိုးသော်တာ by 4shokelay



အော်ပီကျယ် ကတော့ လူပြောများနေတဲ့ မဟောဖြစ်တဲ့ ပွဲ က ပြိုင်တူတွန်းရင်ရွေ့နိုင်ပါသည် ဆိုတာလဲ ထည့်ပြော သွားပါတယ်....

http://paungdecommunity.multiply.com/journal/ မှ Download လင့်များ ရယူပါတယ်။

ဖိုးရှုပ်လေး

Thursday, October 13, 2011

မွေးနေ့ ဆုတောင်း


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၃ နှစ်မြောက်မွေးနေ့ ( အောက်တိုဘာ ၁၄ ရက် ၂၀၁၁ )
လူ့ဘောင်သစ်များ ကျန်းမာချမ်းသာပြီး
့မြန်မာပြည် စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး ကို ကောင်းမွန်စွာ ထမ်းရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ပြည်သူသာ အမိ ပြည်သူသာ အဖ

လူ့ဘောင်ဟောင်းမှ လူ့ဘောင်သစ်ကို မျှော် လင့်လျှက်

ဖိုးရှုပ်လေး...

လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားများ စာရင်း ၂၀၆ယောက် (The Voice Weekly မှ)

Who Release

ဒေါင်းရန်

ွှThe Voice Weekly မှ.....

ဖိုးရှုပ်လေး

Wednesday, October 12, 2011

မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီမှ ထုတ်ပြန်

မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီမှ ထုတ်ပြန်

သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ (သို့) အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီး၊ ရဲဘက် စခန်းများနှင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆို နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ပါသည်။ အေအေပီပီမှ ပြုစုထားသောစာရင်းတွင် ထည့်သွင်းဖော်ပြထားသော ဖမ်းဆီးခံရသူ တစ်ဦးချင်းသည် နိုင်ငံရေးနှင့်သက်ဆိုင်ပြီး အကျဉ်းချခံထားရသူများဖြစ်ကြပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိသည်ဆိုခြင်းကို ငြင်းဆန်ခဲ့ကြပါသည်။ ထိုသို့ပင် လက်ရှိ ဦးသိန်းစိန်၏ အစိုးရသစ်သည်လည်း ငြင်းဆန်နေဆဲဖြစ်ပါသည်။ ထို့အတွက် မတရားသည့် အုပ်ချုပ်မှုအား ဆန့်ကျင်သူများသည် ရာဇ၀တ်ပုဒ်မများနှင့် မတရားစွဲဆိုကာ ရာဇဝတ်အကျဉ်းသားများအဖြစ် သတ်မှတ်ခံနေရပါသည်။ ဥပမာအားဖြင့် အာဏာပိုင်များသည် ၄င်းတို့အား ဆန့်ကျင်သော နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းထောက်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားများနှင့် အလွှာအသီးသီးမှ ပြည်သူလူထုအား အခြေအမြစ်မရှိသော ရာဇဝတ်မှုများဖြင့် မတရားသက်သက် သိက္ခာချကာ တရားစွဲဆို ထောင်သွင်းအကျဉ်းချခဲ့ပါသည်။ ထို့အတွက် အေအေပီပီ မှ နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ရာတွင် ၄င်းတို့အားစွဲဆိုထားသော အမှုများထက် တစ်ဦးချင်းစီ၏ နိုင်ငံရေးလှုပ်ရှားများအပေါ် ခွဲခြားဆုံးဖြတ်ပါသည်။ ခြုံငုံပြောရမည်ဆိုလျှင် ၄င်းတို့မည်သည့်အတွက်ကြောင့် အဖမ်းခံရသည် အကျဉ်းချခံရသည်ဆိုသည့် နိုင်ငံရေးလှုပ်ရှားမှု နောက်ခံအား ဦးစားပေးဆုံးဖြတ်ပါသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်မှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် မကြာခင် သင့်တော်သည့် အချိန်တွင် အကျဉ်းသားများအား လွှတ်ပေးရန်ရှိပါသည်ဟု ပြောကြားပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများလွတ်လာမည်ဟူသော သတင်းများ ပြန့်နှံ့လာပါသည်။ နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးအကျဉ်းသား စကားလုံးအား ထည့်သွင်းပြောဆိုသွားခြင်းမရှိသော်လည်း လက်ရှိဦးသိန်းစိန်အစိုးရမှ အုပ်ချုပ်သူများအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်မည်ဆိုလျှင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်ပြီး ၄င်းတို့အပေါ်မတရားချမှတ်ထားသည့် ရာဇဝတ်မှု မှတ်တမ်းများကိုလည်း ပယ်ဖျက်ပေးရမည်ဖြစ်သည်။

အေအေပီပီ အနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားကိုမဆို လွှတ်ပေးခြင်းအား ကြိုဆိုသော်လည်း လက်ရှိအစိုးရသည်လည်း ပြည်သူလူထု၏အခြေခံလူ့အခွင့်အရေးများနှင့် နိုင်ငံသားအခွင့်အရေးများအား အသိအမှတ်မပြုရုံမျှမက ထိုအခွင့်အရေးများအတွက် လုပ်ဆောင်သူများ၊ တောင်းဆိုသူများအား ဖမ်းဆီးကာ ရာဇဝတ်မှုများနှင့်စွဲဆို အကျဉ်းချနေဆဲဖြစ်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သာမန် ပြည်သူလူထုသည် ဖမ်းဆီးခံရမည့်အရေး၊ အကျဉ်းချခံရမည့်အရေးများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်လက်ခံမှုကို ရယူလိုလျှင် အမှန်တကယ်စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှုများအား ဖော်ဆောင်ကာ မကြာတော့မည့် အနာဂတ် ကာလတွင် စိတ်ရင်းစေတနာမှန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အား ထုတ်ပြန်ရပါမည်။

မှတ်ချက် ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့အား အထောက်အကူဖြစ်စေရေးအတွက် အေအေပီပီအနေဖြင့် လက်နက်ကိုင် တော်လှန်ရေးတွင်ပါဝင်သူများနှင့် ရာဇ၀တ်ပုဒ်မများနှင့် တမင်သိက္ခာချ စွဲချက်တင်ခံရသူ နိုင်ငံရေး လှုပ်ရှားသူများ အားပေးကူညီများအား နိုင်ငံရေးအကျဉ်းသားများမဟုတ်ဟု ခွဲခြားသတ်မှတ်မည်မဟုတ်ပါ။ အေအေပီပီအနေဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါဝင်ဆောင်ရွက်မှုကြောင့် ထောင်သွင်းအကျဉ်းချခံရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ပါသည်။

Download > အချက်အလက် အပြည်အစုံ.pdf

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)
ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃
AAPP ၀က်ဘ်ဆိုက်မှ......

Tuesday, October 11, 2011

လူ့ဘောင်သစ် ပါတီ ၂၃ နှစ်ပြည့်ပြီ


၈၈ ပြည်သူ့ အရေးတော်ပုံကြီး နောက်ပိုင်း ထွက်ပေါ်လာတဲ့ ကျောင်းသားများရဲ့ ပါတီ.....
လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ ၂၃ နှစ်ပြည့်မွေးနေ့ ပိုစ့်ကဒ်

ဖိုးရှုပ်လေး

အကျဉ်းသား ၆၃၅၉ ဦးကို အောက်တိုဘာ ၁၂ ရက်နေ့ လွှတ်မည် (သတင်းတို)

ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန် ရန်ကုန် အောက်တိုဘာ ၁၁ အရပ်သား အစိုးသစ် လက်ထက်တွင် ဒုတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန် ကြေညာချက်ကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် MRTV 4 ရုပ်သံလိုင်း သတင်းအစီအစဉ်မှ တဆင့် ထုတ်ပြန် ကြေညာသည်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ထုတ်ပြန်သော ယင်းလွတ်ငြိမ်းချမ်းသာခွင့်တွင်

အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများနှင
့် ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအဝင် ထိုက်သင့်သော ပြစ်ဒဏ်ကျခံခဲ့ရပြီး စည်းကမ်းနှင့် အညီနေထိုင်ခဲ့သော အကျဉ်းသား ၆၃၅၉ ဦးကို အောက်တိုဘာ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) မှစ၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။ အရပ်သား အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ
် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။

သတင်း Facebook မှ

နိုင်ငံရေးအကျဉ်းသားဟုမပါပါ..........
အနီရောင် ဖြင့်ရေးသားထားသော စာကိုဖတ်ရှုနိုင်ပါသည်........
သို့သော် နိုင်ငံရေး ကျဉ်းသားများပါမပါတော့ UN ပြောနေကြစကားလို ''Wait and see!''

ဖိုးရှုပ်လေး.....................

Monday, October 10, 2011

နေ့လည် ၁ နာရီလွှတ်မယ်...... (သတင်းတို)



မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနေရသူများကို ယနေ့ ၂၀၁၁ခုနှစ် အောက်တိုဘာလ(၁၁)ရက် မွန်းလွဲ(၁)နာရီအချိန်တွင် ပထမအသုတ်အဖြစ် စတင်လွှတ်ပေးတော့မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော ခိုင်လုံတိကျသည့် သတင်းရပ်ကွက်တစ်ခုထံမှ သိရသည်။

The Voice Weekly Facebook (http://www.facebook.com/thevoiceweekly ) မှ
ဖိုးရှုပ်လေး

Friday, October 7, 2011

မြန်မာပြည်ပြောင်းလဲပြီ ဆိုတာ ?



အော် .........................
နေပြည်တော်က လွှတ်တော် အမတ်တွေကို သဘောကျလို့လား။
တော်တော်လေးကိုပြောင်းလဲလာတဲ့ မြန်မာပြည်ပါ။

ဖိုးရှုပ်လေး

Thursday, October 6, 2011

စမ်းချောင်းမှာ လုပ်မည့် GW ၄ နှစ်မြောက်မွေးနေ့


GW လေးနှစ်ပြည့်ဖိတ်စာလေး တင်ပေးလိုက်ပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း ပေါ်ထွက်လာတဲ့ လူငယ် အဖွဲ့ အစည်းလေးပါ။
ACID Hip Hop အဖွဲ့က ဇေယျာသော် လဲဒီ အဖွဲ့ ထဲမှာ ပါဝင်ပါတယ်။
သူတို့ ရဲ့ Facebook စာမျက်နှာကတော့ http://www.facebook.com/generation.wave ပါ။

ဖိုးရှုပ်လေး (ကျနော့် ဖေ့ဘုခ် စာမျက်နှာမှာလဲ GW ကပုံလေးတွေတင်ထားပေးပါတယ်) http://www.facebook.com/4shokelay

Saturday, October 1, 2011

ဧရာဝတီ တိုက်ပွဲမပြီးဆုံးသေးပါ (အောင်မျိုးနိုင်)



ကာတွန်း။ ။ ကူမိုးကြိုး -မိုးမခ၀က်ဆိုဒ်

ဧရာဝတီ တိုက်ပွဲမပြီးဆုံးသေးပါ
ဧရာဝတီ တိုက်ပွဲ မပြီးဆုံးသေးပါ ဦးသိန်းစိန် သဝဏ်လွှာကို ကြိုဆိုပါတယ်.. ထောက်ခံပါတယ်.. မြစ်ဆုံဆည် တည်ဆောက်ရေး ရပ်ဆိုင်းပေးလို့ ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ မြုပ်ကွက်တွေက.. သဝဏ်လွှာ... စာပိုဒ်တိုင်းမှာ..ပါနေတယ်.. ဒီတော့ သိပ်လဲ ဝမ်းသာမနေ ဘဲ သူ့ရဲ့ စာ (ဒါ အစိုးရ အဖွဲ့ သဘောထား ပါ) ကိုသေသေချာချာဖတ်ကြည့် ကြပါလို့ တိုက်တွန်းအပ်ပါတယ်... ပြီးတော့ ..ဒါတွေဟာဦးသိန်းစိန်ရဲ့ဆန္ဒထက် နောက်ကွယ်က ကြိုးဆွဲနေသူတွေရဲ့ လှည့်စားချက်တွေ... လိုဘ တွေလို့ ထင်မြင်မိပါတယ်...

(၁) ရိုးရိုးလေးစဉ်းစားကြည့်ရင်..ဒီသဝဏ်လွှာမထုတ်ပြန်ခင်..တရုတ်နဲ့ အရင်ညှိရမှာ သေချာတယ်... ကျေနပ်အောင်..ဘယ်နေရာ ကဘာ နဲ့ အစားထိုးပေးမလဲ..တရုတ်က တော့ အနစ်နာ မခံမှာ သေချာတယ်...ဒါကြောင့် " အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။ " တဲ့...ဒါတစ်ချက်...

(၂) စာပိုဒ် (၃)မှာ "တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန် " တဲ့ ...သတင်း update မသိရတဲ့...့ မဆလ ခေတ်တုံးက ဆိုရင်တော့ ယုံချင်စရာစကားလုံးတွေပေါ့... ခုတော့ သဝဏ်လွှာပို့တဲ့ နေ့မှာ ဘဲ ကချင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်... သူတို့ ဆွေးနွေးတဲ့ ဝ က စစ်တပ်အင်အား ၃၀၀၀၀ နဲ့ လေယာဉ်ပစ်ဒုံးတွေပါ ပိုင်တဲ့ အဖွဲ့လေ...အားကြီးသူကိုစေ့စပ်ညှိနှိုင်း အပေးအယူလုပ်..အားနည်းတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကိုအနိုင်ကျင့် သတ်ဖြတ်...အစိုးရအဖွဲ့ ရဲ့ စာ (.သမ္မတ.ဦးသိန်းစိန် ရဲ့ စာလို့ မသုံးချင်ပါ ) ဟာအဖြစ်မှန်တွေဖုံးထားတယ်..မမှန်ကန်ဘူး..

(၃) စာပိုဒ် (၄) မှာ အကျဉ်းသားများလွှတ်ပေးရေးကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်း ထားသည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ တဲ့ .. ဒီစာပိုဒ် အတွက်တော့ သမ္မတကြီး ကို စာနာမိပါတယ်. " အခြေခံဥပဒေပုဒ်မ ၂၀၄ တွင် ပြ ဋ္ဌာန်းချက်မှာ နိုင်ငံတော်သမ္မတ သည် (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။ (ခ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၏ ထောက်ခံချက် နှင့်အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည် တဲ့ " ..ဦးသိန်းစိန်ဟာ တကယ်အပြောင်းအလဲ လိုလားတဲ့ သူဆိုရင်တောင်မှ...ကာလုံ..လို့ ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ...လွှမ်းမိုးမှုကို မတွန်းလှန်နိုင်သေးဘူးဆိုတာ ပြသနေပါတယ်...


(၄) ဒါကြောင့်ဘဲ....ဒီမိုကရေစီ ရဲ့ အသီးအပွင့် ဆန္ဒ ပြပွဲ တွေတောင်မလုပ်ရသေးဘူး...ငြိမ်းချမ်းတဲ့ ဆုတောင်းပွဲ ဘုရားပေါ်မှာ လုပ်ဖို့ ကြိုးပမ်းသူတွေကို "ပါတီအချို့နှင့် အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြံရွယ်လုပ်ဆောင်နေ " ဆိုတဲ့ စကားသုံးသွားရတယ်....

(၅) စာပိုဒ် (၆) ရဲ့ မြုပ်ကွက်က တော်တော်ရိုက်ချက်ပြင်းပါတယ်... " ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်" တဲ့ ...ကဲ..ဘယ့်နဲ့ ရှိစ....ဘာ အတိုးတွေလဲ... လွှတ်တော်မှာ ဘာကြောင့် မဆွေးနွေးကြတာလဲ... ပြည်သူတွေတောင် ငတ်နေတဲ့ ကြားက ဝိုင်းဆပ်ပေးရမဲ့ အပေါက်... ဒီ အကြောင်းရှင်းရှင်းလင်းလင်းပြောသင့်ပါတယ်...

(၆) စာပိုဒ် (၈) နဲ့ (၉) မှာ အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါအ၀င်ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ ...တဲ့ ... သေသေချာချာ ဆိုလိုရင်း ကို ကြည့်ရင် " မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့်ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခု" ဆိုတာ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း (ရ) ခု....ဧရာဝတီမြစ်ဆုံစီမံကိန်း (၁) ခု ပေါင်း (၈) လို့ ဆိုလိုတာပါနော်.... ဒီတော့ ကျန်တဲ့ စီမံကိန်း ရ ခုမှာ ချီဖွေက ၉၇ ရာခိုင်နှုန်း ပြီးနေပြီ... ၁၉-၀၉-၂၀၁၁ EMG သတင်းအရ.... ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီမံကိန်း ရှစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မှု ၁၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်းမှာမူ ၉၇ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ပြီး ကျန်စီမံကိန်း ၆ ခုမှာ စူးစမ်းလေ့လာရေးနှင့် တည်ဆောက်ရေးအကြို လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။ တဲ့..

(ရ) ဒီတော့ သူတို့ က ပြည်သူတွေ ဆန္ဒအတိုင်းမြစ်ဆုံ တော့ ရပ်ထားပေးတယ်...ကျန်တာ ဆက်ဆောက်မယ်ဆိုရင်တော့ ဧရာဝတီ ဟာ ငိုကြွေးမြဲ ငိုကြွေးနေရမှာဘဲ...ကျွန်တော်တို့ ပြည်သူအများစု ဆန္ဒကတော့ ဧရာဝတီမြစ်မှာ ဘယ်ဆည်မှ ဆက်မဆောက်ပါနဲ့ တော့ ...အသက်ငင်နေတဲ့ မြစ်ကြီးကိုလည်း ကုသမှုတွေ ထိထိရောက်ရောက်လုပ်ပေးပါ...မလုံလောက်တဲ့ ဌာနတွေ.. နိုင်ငံတော်ဘတ်ဂျက်တွေ..အစား အထူးစီမံကိန်းကြီးများနဲ့ မြစ်ကြီးကိုကယ်တင်ပေးစေချင်ပါတယ်....

(၈) ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းပြောသလို တက်မ မထောင်ကြပါ နဲ့ အုံး...ဆက်လက် လေ့လာ တောင်းဆိုစရာတွေ ရှိပါသေးတယ်... ဧရာဝတီ တိုက်ပွဲမပြီးဆုံးသေးပါခင်ဗျား...

အောင်မျိုးနိုင်

ဒေါင်းမာန်ဟုန် ဘလော့မှ ကူးယူဖော်ပြပါတယ်။
ဖိုးရှုပ်လေး