Thursday, February 9, 2012

အန်တီစု သွားသွားလာလာ ပျော်စရာလား

အန်တီစုစည်းရုံးရေးခရီးစဉ် ကိုပြည်သူလူထုတွေ သောင်းသောင်းဖျဖျ ကြိုဆိုတာ၊ အန်တီစု ကျနော်တို့/ကျမတို့ မြို့ကိုလာတာ ပျော်စရာလား? ပျော်သင့်ပါတယ်။ သို့သော်လဲ အမေစုကိုချစ်တယ်။ ဆိုတာလေး ထောင်ပြ။ NLD အလံလေးကိုင်ပြ၊ ဝှေ့ပြတာ လောက်နဲ့တော့မရပါဘူး။ အန်တီစုလာတာ ဘာကြောင့်လာတယ် ဘာကြောင့်သွားတယ်ဆိုတာ ပြည်သူနဲ့ အတူ ကျနော်တို့ပြဖို့လိုပါတယ်။ ၀န်းရံဖို့ တွေလိုပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး အရေးကြီးတယ် ဒါ့နောက်မှာ မဲမသာမာမှုတွေရှိလာနိုင်တယ်။ ဒါတွေကို ပြည်သူတွေ နောက်ကပါလာနိုင်အောင် အန်တီပြောတဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စကားလေးတွေကို အန်တီရောက်လာတဲ့ နေရာပဲဖြစ်ဖြစ်။ မရောက်သေးတဲ့နေရာပဲဖြစ်ဖြစ် ကျနော်တို့ ပြသနိုင်ဖို့လိုပါတယ်။ ဒါမှလဲ ပြည်သူလူထုကြီး အမေစုကိုချစ်တယ် ဆိုတာလောက်ကနေ ရွေးကောက်ပွဲအောင်နိုင်ရေး လှူပ်ရှားမှူအထိ လိုက်ပါနိုင်လာပါလေ့မယ်။

ဖိုးရှုပ်လေး (ရင်ထဲမှလာသော