Pages

Wednesday, August 24, 2011

ပြောကြပါ

ပြောကြပါ

ဒဏ်ရာတွေ ဗလပွနဲ့ 
ခြိမ်းခြောက်ခံနေရတဲ့ သူဘဝ
ဘယ်သူကယ်နိုင်မလဲ
ငါတို့ မှ မကယ်ရင်သူဘ၀ပျက်တော့မှာ
ငါတို့ လည်းပဲ သေရတော့မှာ
ရေစပ် ဘေးကသစ်ပင်တွေ
စကားပြောနေကြပြီ
သူကိုမလုပ်ပါနဲ့ တဲ့
ကောင်ကင်ကငှက်တွေ
စကားပြောနေကြပြီ
သူကိုမလုပ်ပါနဲ့ တဲ့
ရာသီဥတုမမှန်ဘဲတိုက်ခတ်လာတဲ့လေတွေ
စကားပြောနေပြီ
သူကိုမလုပ်ပါနဲ့ တဲ့
လွတ်လပ်မှုကိုမြတ်နိုးသူတွေ
စကားပြောနေပြီ
သူကိုလုပ်ရင်တော့ ဒုက္ခရောက်မှာတဲ့
အော်..............
ဒုက္ခ္ခ.....ဒုက္ခ္ခ....ဒုက္ခ္ခ....
သူကိုမလုပ်ပါနဲ့ တဲ့...သူကိုမလုပ်ပါနဲ့ တဲ့...သူကိုမလုပ်ပါနဲ့ တဲ့...
သူရဲ့အငြိုးတွေက ငါတို့ အပေါ်
ကျရောက်တော့မှာ...
ဒါဆို ဆိုးကျိုးကဘာဖြစ်မလဲ
ပြောကြပါ......ပြောကြပါ......ပြောကြပါ......။

ချစ်ထူး

ကလောင်ရှင်ကိုယ်တိုင်ပို့လာတာ။။။
ဖိုးရှုပ်လေး

No comments:

Post a Comment