နိမ့်ကျမှု/ လိုအပ်မှု များစွာရှိနေကြောင်းကို မြန်မာနိုင်ငံဆရာဝန်အသင်း
(မန္တလေး) ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ ဦးဝင်းရှိန် မှ ဖွင့်ချပြီ
၂ဝဝ၉ ခုနှစ်ရဲ့နောက်ဆုံးပိုင်းကို ရောက်လာလို့ ၂ဝ၁ဝ ကို မကြာခင်ရောက်တော့မယ်။ ဒါပေမယ့် နအဖစစ်အစိုးရဟာ သူတို့လမ်းပြမြေပုံရဲ့ ခြေလှမ်း နံပါတ် (၅) ဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကော်မရှင်လည်းမဖွဲ့နိုင်သေး၊ ဥပဒေလည်းမကြေညာ နိုင်သေးဘူး။ ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ အာပေါင်အာရင်းသံလှတဲ့ မီဒီယာတွေထဲမှာလည်း မောင်းခတ်သံ၊ လော်စပီကာသံတွေ မကြားရသေးဘဲ အလိုတော်ရိမျိုးစုံရဲ့ တောခြောက်သံနဲ့ သင်္ကြန်အမြောက်သံတွေသာ ကြားနေရပါတယ်။ ရွေးကောက်ပွဲဆင်မည်းကြီးဟာ အမြီးမပြောနဲ့ ကိုယ်လုံးတောင် မရောက်သေး၊ ခေါင်းအလျှိုမှာတင် တစ်နေပါတယ်။
အာဏာရထားပါလျက်နဲ့ နအဖရဲ့ အခက်အခဲတွေက မသေးပါကလားလို့သာ မှတ်ချက်ချရပါတော့မယ်။
နအဖအနေနဲ့ ရွေးကောက်ပွဲကိုမြန်မြန်လုပ်၊ မြန်မြန်ပြီး၊ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး အကောင်အထည် ပေါ်သွားတာကို မြင်ချင်လှတယ်ဆိုတာ ဘာမှသံသယရှိစရာမလိုပါ။ ဖွဲ့စည်းပုံဥပဒေနောက်ခံရှိတယ်ဆိ
ဒါပေမယ့် ပြဿနာက နအဖမှာ ထုတ်ပြောလို့မရတဲ့ အကျပ်အတည်းတွေရှိပါတယ်။ အဲဒါက (၄) သိန်းအင်အား တပ်ကြီးနဲ့လည်း ဖြေရှင်းလို့မရတဲ့ အကျပ်အတည်းဖြစ်ပါတယ်။
အဲဒီအထဲက တခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဘာပဲပြောပြော အခုတော့ ရွှေဂုံတိုင်ကြေညာချက်ဟာ နှစ်ဖက်နယ်ခြားမှတ်တိုင်လိုဖြစ်
ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီတာဝန်ကို ထောင်ထဲမှာ စွန့်လွှတ်ခဲ့တဲ့ မောင်စူးစမ်းလိုလူကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
နောက်ပြဿနာတခုက အပစ်ရပ်အဖွဲ့အစည်းတွေကိစ္စဖြစ်ပါ
ဒီအထဲမှာ ပိုပြီးအခရာကျတဲ့ ပြဿနာတခုကတော့ နအဖထိပ်သီးပိုင်းအတွင်းပြဿနာပါ။ သူတို့ထိပ်ပိုင်းမှာ ကျန်းမာရေးအရရော၊ အသက်အရွယ်အရပါ အပြောင်းအလဲတွေ လုပ်ကိုလုပ်ရတော့မယ့် အချိန်ကိုရောက်နေပါပြီ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ အနေနဲ့ ရွေးကောက်ပွဲ အကြောင်းပြပြီး ထွက်ပေးလိုက်ရင်ကောင်းမလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲပြီးအောင်အထိ စောင့်ကြည့်ပြီးမှ ထွက်ပေးကြမလား ဆုံးဖြတ်ရ ခက်နေကြပါတယ်။ စစ်အုပ်စုတွေရဲ့ထုံးစံအတိုင်း တပ်နဲ့ကင်းကွာသွားမှာကို သူတို့အားလုံးလန့်ကြပါတယ်။ ဘာကောင်ကြီးဖြစ်နေနေ တပ်နဲ့ ကင်းကွာလို့ကတော့ သုညဘဝ ရောက်တာပဲဆိုတာ သူတို့အသိဆုံးပါ။ ဦးနေဝင်း သေပန်းမလှခဲ့တာကို သူတို့မမေ့ပါဘူး။ သူတို့သာ လက်ရှိရာထူးတွေကို စွန့်လွှတ်လိုက်ရရင် လက်ရှိစည်းစိမ်တွေဟာလည်း ရေပွက်ပမာ ဖြစ်လိမ့်မယ်ဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်ပါတယ်။ ခက်တာက ရွေးကောက်ပွဲဆိုတာကြီး ပြီးသွားလို့မှ တိုင်းပြည်ခေါင်းဆောင်ဆိုတဲ့ထိ
ဒါဖြင့် ငါလည်းထွက်မယ်၊ မင်းလည်းထွက်ဆိုပြီး ဥပမာ ဗိုလ်ရွှေမန်းလိုလူကို အာဏာလွှဲပေးလိုက်ရင်ရော သူတို့ထဲမှာ တည်တည် ငြိမ်ငြိမ်ရှိပါ့မလား။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းလောက် သူတို့တပ်ထဲမှာ သြဇာမရှိတာတော့အမှန်ပါ (ဒါကြောင့်လည်း အခုသူတို့အထဲမှာ ဗိုလ်သန်းရွှေ ဖြစ်စေချင်သလို ဖြစ်အောင်လုပ်လို့ မရသေးတာဖြစ်ပါတယ်)။ ဒါပေမယ့် နောက်လူတွေက သူ့လောက်မှမီးမသေရင် ပိုပြီး ကသောင်းကနင်း ဖြစ်ကုန်နိုင်ပါတယ်။ အလွယ်ဆုံးပြောရရင် ဗိုလ်ရွှေမန်းဟာ ဦးအောင်သောင်းကို အာ…မခံအောင် လုပ်နိုင်ပါ့မလား။ တခြားလည်း သူတို့ထဲမှာ အဲဒီလို တယောက်အပေါ်တယောက် နိုင်ပေါက်ကိုကိုင်ပြီး ပခုံးချင်းတိုင်းနေကြတာတွေ အများကြီးရှိပါတယ်။
ဒီလိုအခြေအနေမျိုးတွေကြားမှာ နအဖစစ်အစိုးရက ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို
ပြန်ချုပ်ပါ့မယ်။ အခက်အခဲဟာ တဖက်တည်းမှာ ရှိနေတာမဟုတ်ပါဘူး။ အားလုံးမှာရှိနေတာပါ။ အတိုက်အခံတွေမှာချည့် အခက်အခဲတွေ့နေရတယ်၊ အမေရိကန်ရဲ့ ယက်တောသံတမန်ရေးကြောင့် ဗမာပြည်နိုင်ငံရေးပြောင်းသွာြး
၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရင် ဒီမိုက်ရေစီ ပိုဝေးသွားမယ်လို့ တချို့ကဆိုနေပါတယ်။ အဲဒီလိုပြောနေသူတွေထဲမှာ ရွေးကောက်ပွဲမလုပ်ဘဲ နအဖဆက်မင်းမူနေရင် ဒီမိုကရေစီနဲ့ ပိုဝေးလိမ့်မယ်လို့ စေတနာကောင်းနဲ့ စိုးရိမ်သူများလည်း ပါပါတယ်။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေနဲ့ ဒီမိုကရေစီကို ရယူမယ်ဆိုတာက ပေါက်နေတဲ့ ရေဘူးနဲ့ ရေပါအောင် ယူမယ်ဆိုတာထက်တောင်ဆိုးပါတယ်။ ‘ထိုင်နေအကောင်းသား’ မုချဖြစ်မှာပါ။
ရဲဘော်ဖိုးသံချောင်း