Showing posts with label ဓါတ်ပုံ. Show all posts
Showing posts with label ဓါတ်ပုံ. Show all posts

Thursday, October 13, 2011

မွေးနေ့ ဆုတောင်း


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၃ နှစ်မြောက်မွေးနေ့ ( အောက်တိုဘာ ၁၄ ရက် ၂၀၁၁ )
လူ့ဘောင်သစ်များ ကျန်းမာချမ်းသာပြီး
့မြန်မာပြည် စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး ကို ကောင်းမွန်စွာ ထမ်းရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ပြည်သူသာ အမိ ပြည်သူသာ အဖ

လူ့ဘောင်ဟောင်းမှ လူ့ဘောင်သစ်ကို မျှော် လင့်လျှက်

ဖိုးရှုပ်လေး...

Tuesday, October 11, 2011

လူ့ဘောင်သစ် ပါတီ ၂၃ နှစ်ပြည့်ပြီ


၈၈ ပြည်သူ့ အရေးတော်ပုံကြီး နောက်ပိုင်း ထွက်ပေါ်လာတဲ့ ကျောင်းသားများရဲ့ ပါတီ.....
လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ ၂၃ နှစ်ပြည့်မွေးနေ့ ပိုစ့်ကဒ်

ဖိုးရှုပ်လေး

Friday, October 7, 2011

မြန်မာပြည်ပြောင်းလဲပြီ ဆိုတာ ?



အော် .........................
နေပြည်တော်က လွှတ်တော် အမတ်တွေကို သဘောကျလို့လား။
တော်တော်လေးကိုပြောင်းလဲလာတဲ့ မြန်မာပြည်ပါ။

ဖိုးရှုပ်လေး

Thursday, August 25, 2011

ဂျီလတ်ရဲ့ ဧရာဝတီ သီချင်း ENG & Bur Version

Burmese Version!


English Version!


Youtube ကတွေ့လို့ တင်ပေးလိုက်တယ်...

ဖိုးရှုပ်လေး

Sunday, August 14, 2011

ပြည်မြို့ ဧရာဝတီ အခြေ အနေ






ပြည်မြို့ရှိ ဧရာဝတီမြစ်အခြေအနေဖြစ်ပါတယ်။တံတားဆောက်ပြီး မည်သည့်သောင် သဲ ရှင်းလင်းရေး အဖွဲ့မှမထား၇ှိပါဘူး ။ယခုအခါ အလွန် ကျဉ်းမြောင်းလာသောမြစ်ရိုးသည် မကြာခင်ပျောက်ကွယ်ရပါတော့မည်။ တနှစ်ပြီးတနှစ် အလွန်ဆိုးဝါးနေပါသည်။အားလုံး ကြိုးစားကြပါစို့..

E-mail မှပေးပို့လာသူ အားကျေးဇူးတင်ပါသည်။ (ပေးပို့သူရဲ့ အရေးအသားအတိုင်း တင်ပေးလိုက်ပါတယ်)

ဖိုးရှုပ်လေး

မတူတဲ့ အပြုံး

ပဲခူးခရီးစဉ် (၁၄.၅.၂၀၁၁)ဦးအောင်ကြည်နှင့်တွေ့ ဆုံစဉ် ၂၀၁၁ သြဂုတ်လ ၁၂ ရက်နေ့

ဖိုးရှုပ်လေး

Friday, March 4, 2011

သူ့ရဲ့ ဆန္ဒ


ဒီပုံလေးကို မိုးမခ မှ ရယူပါတယ်

Friday, November 12, 2010

NLD ရုံးရှေ့ ၁၂.၁၁.၂၀၁၀ ဓါတ်ပုံများနှင့် သတင်းအတိုအထွာ


အန်တီ စု လွတ်မြောက်တော့မည် အားလုံးဆောင့် မျှော်နေကြပြီ

နယ်မြို့များမှလဲ လှုပ်ရှားမှုအမျိုးမျိုးလုပ်ဆောင်နေကြပြီး
နယ်မှပြည်သူများကလဲ အန်တီစုကိုကြိုဆိုရန် ရန်ကုန်သို့ တစ်သုတ်ပြီး တစ်သုတ်တက်လာကြပြီ ဟု
ပြည်တွင်းနိုင်ငံရေးလှုပ်ရှားသူတစ်ဦးထံမှသိရ................

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟု သတင်းများ အတိအလင်း ထွက်ပေါ်နေချိန်တွင် ကခုကဲ့သို့ ပြည်သူများအားတက်သရောမျှော်လင့် နေကြချင်းဖြစ်သည်.......

တချားနိုင်ငံရေး သုံးသပ်သူများကလဲ ပြည်သူ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်မလာရင် ပြသနာများရှိလာနိုင်ကြောင်း ပြောကြားနေကြသည်။

ဖိုးရှုပ်လေး

01(2).jpg01.jpg02(2).jpg03(2).jpg

R05.jpg
011.jpg

012(2).jpg010.jpg07(2).jpg

ပုံများကို မေးလ်မှတဆင့် ပေးပို့လာသော ရောင်းရင်အားကျေးဇူးတင်လျှက်

ဖိုးရှုပ်လေး

Saturday, September 25, 2010

Peace!

ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်းကျောင်းသားများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့်အတူ ကျင်းပခဲ့ကြသည့် ဓာတ်ပုံ
Photo copy from www.khitpyaing.org



ဖိုးရှုပ်လေး


Saturday, August 28, 2010

တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေးမှာပါ


နိုင်ငံတော်ဖျတ်ဆီးပုံ အခြေခံဥပဒေ မူလေကြမ်း လွှဲပြောင်းပေးနေပုံ

gw အရင်က ပို့ထားတဲ့သီချင်းပါ ပြန်ခံစားဖို့ မျှဝေလိုက်ပါတယ်။

Tuesday, July 6, 2010

7 July .......ကဘာလဲ.


ပုံကြီးကြီး ကြည့် ချင်ပါက ပုံကို Click လုပ်ပါ........

4shokelay

မေ့မရတဲ့နေ့ 7 July........


အသစ်မတင်နိုင်ခြင်း အတွက်ခွင့်လွှတ်ပါ.................

4shokelay

Sunday, April 25, 2010

ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးကျော်သူနှင့် ဆက်သွယ်ကြစို့

ပြည်တွင်း လူမှုရေးလုပ်ငန်းများကို စေတနာ့ဝန်ထမ်းအဖြစ် မဲအများဆုံး ရွေးချယ်ခံရသူ ဆန်ကာတင် ၅ဦးထဲမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူအား ပြည်သူ့ဂုဏ်ရည်ဆုရှင် ချီးမြှင့်ခံရတဲ့အတွက် www.humanright-myanmar.com မှ လေးစားဂုဏ်ယူပါသည်။

ဦးကျော်သူအား ဆက်လတ်အားပေးသွားကြမည်ဖြစ်ပါသည်။
ပြည်သူများရဲ့အားပေးမှုကို facebook မှာ အခုလို တုံ့ပြန်ပေးထားပါတယ်။ အားပေးမှုများသည်.. ကျွန်တော့်အတွက်အားဆေးများ သောက်ရသလိုခံစားရပါတယ်။ ရှေ့ဆက်ပြီးပြည်သူ့ အတွက်ပေးဆပ်သွားရန် အသင့်ပါ။ ကျွန်တော်ရဲ့  လိပ်စာက..(၇)မိုင်၊ ပြည်သူ့ လမ်း.. ဒါကြောင့်..(၇)ရက်သားသမီးပြည်သူလူထု ကိုပေးဆပ်မည့် ..ကျော်သူ.. ဆိုတဲ့လူသားတစ်ယောက်သာ ထာဝရဖြစ်နေတော့မည်။


နာရေးကူညီမှု အသင်းမှာ လုပ်အားဒါန ပေးလိုသူများအနေဖြင့် အသင်းသို့ လာရောက်ပြီး လုပ်အားပေးလျှောက်လွှာ ပုံစံ ကိုရယူဖြည့်သွင်းပါနိုင်ပါသည်။

အနဲဆုံး တစ်ပါတ်လျှင် တစ်ရက် လာရောက်ပြီး လုပ်အား ပေးနိုင်ရပါမယ်။ လုပ်အားပေးရက် မပျက်ကွက်ဘဲ စိတ်ပါဝင်စားစွာနှင့် အနဲဆုံး ၆ လ နှင့်အထက် လုပ်အားပေးပြီးသူများကို အသင်းသား အဖြစ်တိုးမြှင့် သတ်မှတ်ပေးပါတယ်။ အသင်းသားဖြစ်သွားရင်လည်း ဘာအခွင့်အရေး... မှတော့ ပိုမရပါဘူး။ တာဝန်ပို ကြီးလာတာနဲ့ ပိုအနစ်နာခံရဖို့ ဘဲရှိပါတယ်။ နာရေးကူညီမှု အသင်းမှာ လုပ်အားပေးသူအားလုံး ကုသိုလ် ကလွဲပြီး ဘာအခွင့်အရေးမှ ရယူခွင့်မရှိပါဘူး။

ကိုယ့်လမ်းစရိတ်နဲ. ကိုယ်လာပြီး ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်အားပေးရတဲ့ အသင်းပါ။ စိတ်ပါဝင်စားသူ အားလုံးကို ကြိုဆိုပါတယ်။ :)

နာရေးကူညီမှုအသင်း (ရန်ကုန်)
အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊
၄၈(U-9) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ရုံးချုပ်ဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ၅၈၃၅၁၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄

Saturday, April 24, 2010

ဘဘဦးဝင်းတင်ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်



သူသေကိုယ်ရှင် တုန့်ပြန်ဆန့်ကျင် တိုက်ပွဲဝင်ကြရတော့မယ်။ လက်နတ် သုံးမျိုးကိုင်ဆွဲ ရဲရဲတိုက်ပွဲဝင်ကြ
>>>>> မကြောက်တရားလက်နတ်

>>>>> သွေးစည်းညီညွှတ်ရေးလက်နတ်

>>>>> စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရည်မှန်း ပန်းတိုင်တခုတည်းချမှတ်၊ ရှေးရှု၊ ရင်ဆိုင် ချီတက်ရေးလက်နတ်

ဘဘဦးဝင်းတင် ရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းပန်းတိုင်ဟာ ဘယ်တော့မှ မပျောက်သွားဖူး။ ယခုဓါတ်ပုံကို ဖော်ပြချင်သဖြင့် ၁၂ ရက်၊ မတ်လ ၂၀၁၀ခုနှစ်မှာ မွေးနေ့ကျရောက်ခဲ့စဉ် ဘဘ ဦးဝင်းတင် ရဲ့ ရှစ်ဆယ်နှစ်ပြည့် စကားသဝဏ်ထဲမှ စာသားနှင့်ပူးတွဲဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။

Tuesday, March 30, 2010

နေပြည်တော် မြင်ကွင်းများ


မတ် ၃၀၊ ၂၀၁၀

မတ်လ ၂၇ ရက်နေ့ ၀န်းကျင်တွင် နေပြည်တော်မြို့တော်သို့ ရောက်ရှိခဲ့သည့် စာနယ်ဇင်းသမားတို့ မှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံများ ဖြစ်သည်။

 သနပ်ခါးအဖွေးသားနှင့် တွေ့ရသည့် အလုပ်သမားတဦး

ပျဉ်းမနားဒေသတွင် တွေ့ရသော သံဃာတချို့၊ ထီးတလက်နှင့် သီလရှင် ၃ ပါး


စားသောက်ဆိုင်တဆိုင်မှ စားသုံးသူများ



တည်ဆောက်ဆဲ လွှတ်တော် အဆောက်အအုံ


ဆောက်လုပ်ရေး အလုပ်သမားတချို့၊ ကလေးတချို့


ရွှေတိဂုံပုံစံတူ ဥပ္ပါတသန္တိစေတီ



ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထိပ်တန်း ဗိုလ်ချုပ်ကြီးများ

နေပြည်တော်ဘူတာရုံကြီး


အရောင်းဆိုင်တချို့ မြင်ကွင်း


နွေနေပူဒဏ်ကို ပုံစံမျိုးစုံဖြင့် ကာကွယ်ထားသည့် အလုပ်သမားတဦး

ဓာတ်ပုံသတင်း (daylife.com)