
နိုင်ငံတော်ဖျတ်ဆီးပုံ အခြေခံဥပဒေ မူလေကြမ်း လွှဲပြောင်းပေးနေပုံ
gw အရင်က ပို့ထားတဲ့သီချင်းပါ ပြန်ခံစားဖို့ မျှဝေလိုက်ပါတယ်။

It is better to light a candle than to curse the darkness.
(Amnesty International Motto)
အမှောင်ထုကို အပြစ်တင်နေမယ့်အစား ဖယောင်းတိုင် တစ်တိုင်ထွန်းလိုက်တာ
ပိုကောင်းပါတယ်။
(အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ ဆောင်ပုဒ်)
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International (AI)) မှ မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်သော သဘောဖြင့် Burma and The Three Freedom ကမ်းပိန်းတစ်ခုကို လုပ်ဆောင်နေသည်။- နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး အတွက် ငြိမ်းချမ်းစွာလှုပ်ရှား၍ ဖမ်းဆီးထောင်ချခြင်းခံနေရသော ယုံကြည်ချက်အတွက် အကျဉ်းကျနေသူများ (Prisoners of Conscience) အားလုံးကို ပြန်လွှတ်ပေးရန်
- မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကာလ တစ်လျှောက်နှင့် အပြီးတွင် လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့် (Freedom of Expression) ၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့် (Freedom of Assembly) နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ပိုင်ခွင့် (Freedom of Association) တို့ပါဝင်သည်။
သင့်အနေဖြင့် ဒီလင့် http://3freedoms.amnesty.org/ လေးကို နှိပ်ပြီး သဘောထားပေးပို့ခြင်းသည် စစ်အစိုးရ၏ မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းဖော်ပြရာ ရောက်ပြီး၊ အကျဉ်းထောင် အသီးသီးမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွတ်ခဲ့၍ မတရား ဖမ်းဆီးထောင်ချခြင်း ခံရသော ယုံကြည်ချက်အတွက် အကျဉ်းကျနေသူများ (Prisoners of Conscience) အားလုံးကို အားပေးထောက်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။
- 3Freedom ဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့် (Freedom of Expression) ၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့် (Freedom of Assembly) နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ပိုင်ခွင့် (Freedom of Association) ကိုခွင့်ပြုရန်ယခုအချိန်သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အလွန့်အလွန် အရေးကြီးသော အချိန်အခါကို ရောက်နေပါသည်။ ကျွန်တော်တို့အားလုံးဟာ နိုင်ငံရေးသမားများ (Politicians) မဟုတ်ရင်တောင် နိုင်ငံရေး၏
- နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ပေးရန်
- ရွေးကောက်ပွဲကာလ အတွင်း စစ်သားနှင့် ရဲများကို တားမြစ်ထားရန်
- နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း စစ်အစိုးရက ယင်း ‘Three Freedom’ ကို လေးစားရန်တိုက်တွန်းပေးရန် နှင့် ဆက်လက်ဖမ်းဆီးမှုများ ရှိလာပါက ပြစ်တင်ရှုတ်ချပေးကြရန် စသည်တို့ပါဝင်သည်။
၂၀၁၀ ရွေးကောက်ပွဲအား လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ယနေ့ မနက်(၁၀)နာရီက စစ်အစိုးရ (MRTV) သတင်းမှ ကြေငြာသွားပါတယ်..။ ထိုသတင်းနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက်ကို တင်ပြလိုက်ရပါတယ်..။