Saturday, November 13, 2010
ဒီနေ့ အန်တီစုသတင်း.... ၁၀း၂၀
ယနေ့ ၁၂း၀၀ NLD ရုံးရှေ့တွင် ပြည်သူလူထုနှင့်စကားပြောမည်........
မြန်မာစံတော်ချိန်... ၁၀း၂၀ ရသောသတင်းအရ
ရုံးရှေ့တွင် ပြည်သူတော်တော် များများအန်တီစုကိုစောင့်စိုင်းနေကြကြောင်း
နေ့လည် ၁း၀၀ တွင် မီဒီယာနှင့်တွေဖို့ရှိကြောင်း
နေ့လည် ၂း၀၀ တွင် NLD ပါတီ အဖွဲ့ ၀င် မိသားစု ဇျာပန တစ်ခုသွားမည်ဖြစ်ကြောင်းသိရသည်..........
အချိန်နှင့်တပြေး သတင်းပေးပို့နေသော မိတ်ဆွေများအားကျေးဇူးတင်လျှက်.....
ဖိုးရှုပ်လေး
သတင်း အန်တီစု

ခြံဝကနေ စကားပြောပါမယ်။ ဒေါ်အောင်ဆန်းစြု
- မိန့်ခွန်းစပြော
- မတွေ့ရတာလည်း ကြာပြီ၊ ပြောစရာတွေလည်း အများကြီးပဲ။ အဲဒါတွေ အားလုံးကြားချင်
- အားလုံး ကမ္ဘာမကြေ ဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစြု
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ............
ဒေါ်စု နောက်ဆုံးရသတင်း ၄း၀၀
ခြံနားက သံဆူးကြိုးနားအထိလူတွေကပ်သွားတယ်
ရဲတွေက နောက်ဆုတ်ပေးတယ်
လွှတ်ပေးမယ်လို့လဲပြောတယ်
မအော်ကြဖို့တားနေတယ်တဲ့
၆၀၀-၇၀၀ လောက်အနဲဆုံးရှိမယ်

“ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်”ဟု ကြွေးကြော်နေပြီ
ဒေါ်အောင်ဆန်းစုကြည်သတင်း........ အချိန်နှင့်တပြေး
မေးလ်မှတဆင့်ရရှိသော ယနေ့ ဒေါ်စုကိုစောင့်ကြသူများ ဓါတ်ပုံ






ဲ14:44
www.irrawaddymedia.com မှ
မြန်မာစံတော်ချိန် ၁၀း၃၀ ........ ဦးတင်ဦး (ရွှေတောင်ကြား ဗဟန်း)အိမ်ရှေ့ မှာ ပါတီဝင်တွေနဲ့ ပြည်သူတွေ ၁၅၀၀-၂၀၀၀ ကြားလောက်ရှိတယ် စွမ်းအားရှင် နဲ့ လုံထိမ်းက ၃၀၀ လောက် ရှိတယ်လို့ ပြောတယ် NLD ရုံးက အဖွဲ့က တယောက်က ဂျီတော့ ကနေ ပြောနေတယ်............... ဒီနေ့ ညနေ ၄နာရီ လွတ်မယ်လို့ လဲ ဦးဥာဏ်ဝင်းကပြောပါတယ်..........
Friday, November 12, 2010
NLD ရုံးရှေ့ ၁၂.၁၁.၂၀၁၀ ဓါတ်ပုံများနှင့် သတင်းအတိုအထွာ
အန်တီ စု လွတ်မြောက်တော့မည် အားလုံးဆောင့် မျှော်နေကြပြီ
နယ်မြို့များမှလဲ လှုပ်ရှားမှုအမျိုးမျိုးလုပ်ဆောင်နေကြပြီး
နယ်မှပြည်သူများကလဲ အန်တီစုကိုကြိုဆိုရန် ရန်ကုန်သို့ တစ်သုတ်ပြီး တစ်သုတ်တက်လာကြပြီ ဟု
ပြည်တွင်းနိုင်ငံရေးလှုပ်ရှားသူတစ်ဦးထံမှသိရ................
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟု သတင်းများ အတိအလင်း ထွက်ပေါ်နေချိန်တွင် ကခုကဲ့သို့ ပြည်သူများအားတက်သရောမျှော်လင့် နေကြချင်းဖြစ်သည်.......တချားနိုင်ငံရေး သုံးသပ်သူများကလဲ ပြည်သူ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်မလာရင် ပြသနာများရှိလာနိုင်ကြောင်း ပြောကြားနေကြသည်။
ဖိုးရှုပ်လေး

ပုံများကို မေးလ်မှတဆင့် ပေးပို့လာသော ရောင်းရင်အားကျေးဇူးတင်လျှက်
ဖိုးရှုပ်လေး
Tuesday, November 9, 2010
မဲအနိုင်အရှုံး Results ကို Weekly Eleven ရဲ့ Web Page ကနေပြန်ဖြုတ်ခိုင်း
နောက်ပိုင်း ကြိုတင်မဲများဝင်လာတဲ့အခါမှာ ဘယ်လောက်ကွာသွားတယ်၊ ဘယ်လိုညစ်ထားတယ်ဆိုတာ ဒီစာရင်းတွေအရ ပေါ်လွင် နေတဲ့အတွက် လာဖြုတ်သွားတာ သေချာပါတယ်။ အခုစာရင်းများအရ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်အင်အားစုများဟာ နောက်ပိုင်း ကြိုတင်မဲများ အစစ်အဆေး မရှိ အကန့်အသတ်မရှိ စည်းမရှိကမ်းမရှိ ထည့်ပြီး အနိုင်ကျင့်တာကို ခံခဲ့ကြရပါတယ်။ ဒီစာရင်းများကို မိမိဝန်းကျင်ရှိ ရန်ခုန်သံချင်းတူသူများထံ အမြန်ဝေပေးဖို့ အကြံပြုပါတယ်။ နောက်ပိုင်း မဲအနိုင်အရှုံးများ ထွက်လာတဲ့အခါ မဲရုံမှာ ရေတွက်ထားတာနဲ့ ဘယ်လောက်ကွာတယ်ဆိုတာ ယှဉ်ကြည့်နိုင်ကြပါလိမ့်မယ်။
Early Results
Sunday, November 7, 2010
မြဝတီမြို့မှာ တိုက်ပွဲ ဖြစ်
နအဖ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှတပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ နံနက် ၉ နာရီခန့်ကစ၍ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရ သည်။

“မနက် ၉ နာရီမှာ ကျနော်တို့ကို စစ်အစိုးရ တပ်တွေက စပစ်တာပါ၊ အဲဒီတော့ ကျနော်တို့ရဲ့ ရဲဘော်တွေကို ပြန်ပစ်ဖို့ အမိန့် ပေးထားတယ်၊ စစ်အစိုးရ တပ်တွေ တဖြည်းဖြည်းနဲ့ ပိုများလာတယ်၊ ကြည့်ရတာ သူတို့က ကျနော်တို့နဲ့ ညှိနှိုင်းပုံမရဘူး”ဟု ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးက ဧရာဝတီသို့ ပြောသည်။
ယမန်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ကထက် ပိုမို တင်းမာနေကြောင်း သိရသည်။
မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ထိုင်းဘက်ထိပ်သို့ လက်နက်ကြီးကျည် တလုံး ကျရောက်သည့်အတွက် ထိုင်း အမျိုး သမီး တဦးဒဏ်ရာ ရရှိကြောင်း မျက်မြင် တဦးကပြောသည်။ ယင်းပစ်ခတ်မှုများကြောင့် အနည်းဆုံး ဒေသခံ ၇ ဦး ဒဏ်ရာ ရ
ရှိ ကြောင်းလည်း သိရသည်။
လက်ရှိအခြေအနေအရ မြ၀တီမြို့၏ စစ်ရေးဗျူဟာ အချက်အချာကျသည့် နေရာများတွင် DKBA တပ်ဖွဲ့ဝင်များက နေရာ ယူထားကြောင်း၊ နေ့လယ်ပိုင်းတွင် နအဖ တပ်များက DKBA ကို တိုက်ခိုက်လာနိုင်ကြောင်း သတင်းများအရ သိရသည်။
အလားတူ ဘုရားသုံးဆူမြို့နယ်ရှိ စစ်အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၈၄ နှင့် DKBA တပ်များ နှစ်ဘက် တင်းမာနေ ကြောင်း ဒေသခံတဦးက ပြောသည်။
“လက်ရှိ DKBA ကတော့ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ သူတို့နေရာမှာ သူတို့ အသင့်နေရယူ ထားတယ်၊ စစ်အစိုးရတပ်တွေ ကလည်း အသင့်နေရာယူထားတယ်”ဟု ၎င်းက ဆိုသည်။ မြ၀တီမြို့အခြေအနေ ဆိုးရွားလာပါက ဘုရားသုံးဆူမြို့ကိုလည်း ၀င်ရောက် တိုက်ခိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။
Saturday, November 6, 2010
boycott လုပ်ကြတဲ့ ဟတ်ကာတွေရဲ့အောင်ပွဲ!
နအဖ ကြေးမှုန် သတင်းစာ ကို ဟက်လိုက်ပြီ။ ခွပ်ဒေါင်းအလံတင်သွားပြီ။
မနက်ဖန်တိုက်ပွဲ ဖိတ်စာကိုလည်းတင်သွားတယ်
သွားကြည့်ပါ
http://www.kyaymon.info/
Friday, November 5, 2010
မနက်ဖြန်ကိုမေ့ထားပါစို့

ပြည်တွင်းလူငယ်တစ်ဦး၏ g-talk မှပြောကြားချက်
''မနက်ဖန်မှာလူငယ်တွေအားလုံးက ရွေးကောက်ပွဲ ဆန့်ကျင်ဘို့တွေ လုပ်သင့်တယ် ဘာတွေလုပ်သင့်တယ်ဆိုတော့...... မနက်ဖြန် ရွေးကောက်ပွဲ ကိုမေ့ထားမယ် ပြီးတော့.........
ကျနော်တို့ဆိုရင် မနက်ဖြန်မှာ ပြည်သူစိတ်ဝင်စားတာအရာတွေကို ရပ်ကွက်ထဲမှာကျတော်တို့ လုပ်ဖို့စီစဉ်ထားပါတယ်
ဘာတွေလုပ်မလဲဆိုတာတော့ ခုပြောဘို့ မဖြစ်သေးပါဘူး''

.jpg)
လူငယ်ကျောင်းသားအပေါင်းနှင့်ပြည်သူလူထုကြီးခင်ဗျား
မနက်ဖန် ၇ . ၁၁ . ၂၀၁၀ စစ်အာဏာရှင်ရွေးကောက်ပွဲကြီး လုပ်တော့မယ်ဆိုတာကိုမေ့ထားပြီး မိမိလုပ်စရာရှိတာသာအလေးထားလုပ်ကြရန်နဲ့ မဲရုံကိုမသွားပဲ နေကြဘို့ မဲမပေးကြဘို့
http://4shokelay.blogspot.com/ မှ တိုက်တွန်းလိုက်ရပါတယ်.................
Tuesday, November 2, 2010
Monday, November 1, 2010
Saturday, October 30, 2010
Boycott - 6- လာပြီ...
၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ဘို့ မဲမပေးဘို့ ဒီ boycott ကိုဖတ်ကြစို့
Boycott 6
Saturday, October 16, 2010
Saturday, October 9, 2010
They are working for boycott 2010 Election!




ညီအကိုတော်တို့
အထက်ပါပုံတွေကတော့ ခုကျွန်တော်လှုပ်ရှားနေတဲ့
မဲမပေးရေးကန်ပိန်းပုံတွေပါ။မဲမပေးရေးဆန့်ကျင်စာနဲ့
အတူဝတ္ထုငွေကိုသံဃာတော်တွေကိုလှုနေတာပါ။သံဃာ
တော်ကိုအရင်အသိပေးပြီး၊နီးစပ်ရာဒကာ၊ဒကာမတွေ
ကိုမဲမပေးရေးပြန်ဟောကြားတော်မူပေးဖို့မေတ္တာရပ်ခံ
ထားပါတယ်။
လေးစားဦးညွှတ်လျှက်
ရဲရဲတောက် ဘားမားပါပါရာဇီ
Tuesday, October 5, 2010
Monday, October 4, 2010
Thursday, September 30, 2010
New generation speech!
Wai Hnin Pwint Thon at the British Labour Conference
မဝေနှင်းပွင့်သုန် ၏ မိန့်ခွန်း မြန်မာ ဘာသာပြန်
![]() | ![]() |
ဖေဖေ့ကို ကျမ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားက တဆင့် တွေ့ရတဲ့ ထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျမက ၄ နှစ်ပဲ ရှိပါသေးတယ်။ ဖေဖေက ၁၉၈၈ ခုနှစ် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင် လှုပ်ရှားခဲ့တာကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခု နောက်ထပ် တခါ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ ၂ဝဝ၇ ခုနှစ် အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်ခွဲ ကျခံနေရပါတယ်။ ဖေဖေက ကျန်းမာရေး မကောင်းပါဘူး။ နှလုံးရောဂါ ရှိပါတယ်။ ဒါပေမဲ့ သူ ဆက်လက် အသက်ရှင်ဖို့ အတွက် လိုနေတဲ့ ဆေးဝါးကုသခွင့် မရပါဘူး။ ဒါပေမဲ့ ကျမ ဖေဖေဟာ မြန်မာပြည်က နိုင်ငံရေး အကျဉ်းသား ၂၂ဝဝ ကျော်ထဲကမှ တဦးသာ ဖြစ်ပါတယ်။ အကျဉ်းသားတွေ အများအပြား နှိပ်စက်ခံနေရပါတယ်။ သူတို့ဟာ ဆိုးရွားလှတဲ့ အခြေအနေအောက်မှာ ရှိနေကြပြီး သင့်တော်တဲ့ ဆေးကုသခွင့်တောင် မရကြပါဘူး။
မြန်မာပြည်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတော့ ကျမတို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်ပြီး အကျဉ်းကျနေပါတယ်။ သူ့ရဲ့ ပါတီကလည်း ဖျက်သိမ်း ခံထားရပါတယ်။ စစ်အုပ်စုကို ဆန့်ကျင်ပြီး ပြောတဲ့ ဘယ်သူ မဆို အကျဉ်းချ ခံရပါတယ်။ ဟာသ လုပ်၊ ကဗျာလေး စပ်တာတောင် အကျဉ်းကျခံကြရတာပါ။ မီဒီယာ ဆင်ဆာကလည်း များသထက် များလာနေပါတယ်။
မြန်မာပြည် အရှေ့ပိုင်းက တိုင်းရင်းသား လူနည်းစု ဒေသတွေမှာ အရပ်သားတွေကို ဝင်ပြီး တိုက်ခိုက်တာတွေ ဆက်ပြီး ရှိနေတုန်းပါ။ စာသင်ကျောင်းတွေကို ဖျက်ဆီးခံရတာ၊ ရွာတွေ မီးရှို့ခံရတာနဲ့ ကလေးတွေ၊ ကလေး ငယ်ငယ်လေးတွေပါ မကျန် ပစ်သတ်ခံရတဲ့ အစီရင်ခံစာတွေကို ပြီးခဲ့တဲ့ လတွေအတွင်း Burma Campaign UK က လက်ခံ ရရှိထားတဲ့ သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရ ပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်တာ ကာလအတွင်း ကျေးရွာပေါင်း ၃၅ဝဝ ထက်မက ဖျက်ဆီး ခံခဲ့ရပါတယ်။ ဒါတွေဟာ စစ်အာဏာရှင် တွေက ကျမတို့ နိုင်ငံ အတွက် ဒီမိုကရေစီ ဖော်ဆောင်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ အာဏာကို ဘယ်တော့မှ သူ့အလိုလို စွန့်လွှတ်မှာ မဟုတ်တဲ့၊ လူမဆန်တဲ့၊ ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်သမားတွေရဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။
လေဘာပါတီနဲ့ မြန်မာနိုင်ငံအရေးကို ထောက်ခံအားပေးတဲ့ လေဘာအစိုးရကို ကျမက ကျေးဇူးတင်စကား ပြောကြားချင်ပါတယ်။ လေဘာအစိုးရ (UK) ဟာ ကမ္ဘာပေါ်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံတဲ့ အကြောင်း ကြေညာတဲ့ ပထမဦးဆုံး အစိုးရဖြစ်ပါတယ်။ လူကြီးမင်းတို့ အနေနဲ့ ဒီထက် ပိုပြီး အရှိန်ပြင်းတဲ့ တွန်းအားတွေနဲ့ ဆက်လက် ဦးဆောင်ပြီး မြန်မာနိုင်ငံအပေါ် ဥရောပ သမဂ္ဂက ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့ဖို့၊ ကမ္ဘာလုံးဆိုင်ရာ လက်နက် ရောင်းချမှု ပိတ်ပင်ဖို့ တို့အတွက် ဖိအားပေး လုပ်ဆောင်ပေးပါ။ ကျမတို့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုကို ဘာအကျိုးအမြတ်မှ မရှိဘဲ လှိုက်လှိုက် လှဲလှဲ ထောက်ခံအားပေးမှုအတွက် လေဘာအစိုးရ ဝန်ကြီးချုပ်ဟောင်း Mr Gordon Brown, နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr David Miliband တို့ကို အထူးကို ကျေးဇူးတင်ကြောင်း ကျမ ပြောကြားပါတယ် (လက်ခုပ်သံများ)။ ဒီအတွက် ကျမတို့ တကယ်ပဲ ဝမ်းမြောက် ရပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ ကုလသမဂ္ဂ ကိုတော့ ဒီလို မပြောနိုင်ပါဘူး။ UN အထွေထွေ အတွင်းရေးမှူးဆီက မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မိကြောင်း ပြောကြားချက်တွေ မကြာခဏ ကြားရပါတယ်။ ဒါပေမဲ့ ဘာလုပ်ဆောင်ချက်မှ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်နေပါတယ်လို့ ထပ်ခါတလဲလဲ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ကတိမတည်ပါဘူး။ ဒီလိုပါပဲ UN ကလည်း အခြေအနေ အပြောင်းအလဲကို “စောင့်ကြည့်ရအောင်” လို့ ထပ်ခါတလဲလဲ ပြောခဲ့တာပါပဲ။
- သူတို့ စောင့်ကြည့်နေတုန်း နိုင်ငံရေး အကျဉ်းသားတွေက ထောင်ထဲမှာ သေနေကြပြီ။
- သူတို့ စောင့်ကြည့်နေတုန်း အမျိုးသမီးတွေ မုဒိမ်းကျင့်ခံနေရပြီ။
- သူတို့ စောင့်ကြည့်နေတုန်း နောက်ထပ် ရွာတွေ မီးရှို့ခံနေရပြီ။
ဗိုလ်ချုပ်ကြီးတွေက ဖိအားကို ခံနိုင်ရည်ရှိသူတွေတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ဖိအား မပေးနိုင်သေးလို့ပါ။ နိုင်ငံတကာ ဖိအား ဆက်ပြီး ရှိနေဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား ခေါင်းဆောင် တို့နဲ့ ဆွေးနွေးရေး ဖြစ်လာအောင် ဖိအား မှန်သမျှကို သုံးဖို့ လိုပါတယ်။ ပိုမို ပြင်းထန်တဲ့၊ ပစ်မှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု လိုအပ် ပါတယ်။ စစ်အုပ်စုကို ဒီလို စေ့စပ်ရေး အတွက် ဖိအားပေးဖို့ UN ဦးဆောင်တဲ့ စေ့စပ် ဆောင်ရွက်ရေး အောက်မှာ ကျမတို့ ကမ္ဘာကြီး တခုလုံး ညီညွတ်ဖို့ လိုအပ်ပါတယ်။ UN ကော်မရှင်က မြန်မာပြည်ကို သွားပြီး စစ်အုပ်စုရဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့ ကမ္ဘာ့ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကို ဆောင်ရွက်ဖို့ လိုပါတယ်။
ဒီရွေးကောက်ပွဲကြီး ပြီးသွားရင် ကျမအဖေတို့ကို ထောင်ထဲ သွင်းထားတဲ့ ဥပဒေတွေ အပါအဝင် စစ်အာဏာရှင်စနစ်ကို ထောက်ပံ့ပြီး မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေ အားလုံး တရားဝင် ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျမမှာ မျှော်လင့်ချက် ကင်းမဲ့သလောက် နီးပါး ခံစားရမိပါတယ်။ တခါတလေ ကျမအဖေကို ကျမတသက် ဘယ်တော့မှ ပြန်တွေ့နိုင်တော့မှာ မဟုတ်တော့ဘူးလို့ ထင်မိတယ်။ ဒါပေမယ့် ကျမဟာ ကျမအဖေရဲ့ ရဲစွမ်းသတ္တိရှိမှုကို အမှတ်ရနေပါတယ်။ သူဟာ ဘယ်လောက်ပဲ ဝေဒနာ ခံစားနေရပါစေ သူဘယ်တော့မှ ယုံကြည်ချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူး ဆိုတာ ကျမ သိနေတယ်။ ကျမတို့ဟာ လွတ်လပ်မှုရဲ့ အောင်ပွဲကို ဆင်နိုင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျမတို့ ဒီအတွက် လူကြီးမင်းတို့ရဲ့ အကူအညီကို လိုအပ်ပါတယ်။ လူကြီးမင်းတို့ဟာ တောင်အာဖရိကကို အကူအညီပေး ခဲ့ပါတယ်။ ထို့အတူပဲ ကျမတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု အတွက်လည်း အကူအညီ ပေးကြပါ။ ကျေးဇူးတင်ပါတယ်။
(အထက်ပါ မိန့်ခွန်းကို လက်ဆင့်ကမ်း ဖြန့်ဝေသော အီးမေးလ်မှတဆင့် ရရှိပါသည်။ မိုးမခက အနည်းငယ်ပြန်လည် တည်းဖြတ်ထားပါသည်။မူရင်း မိန့်ခွန်းကို အထက် Video File တွင် ကြည့်ရှု နားဆင် နိုင်သည်။)
Saturday, September 25, 2010
မေ့မရတဲ့နေ့

ဖိနပ်တွေ ပြန့်ကျဲ
သွေးညှီနဲ့ ကသဲ့သဲ့
လေထဲလွင့်နေတဲ့
ငါတို့ အလံ
နီရဲတောက်နေတဲ့ လှိုင်းလုံးကြီးက
ငါတို့တွေကိုဆွဲခေါ်။
စိတ်ထဲရှိသမျှ ရင်ထဲရှိသမျှ
တောင်းဆိုတဲ့ အသံတွေ
ငါတို့ အားလုံးရဲ့ရဲရင့်မှုတွေကို
ပြခဲ့ရတဲ့ အဲဒီနေ့ကို
ငါ့ဘယ်တော့မှမမေ့ဘူး...
ဖိုးရှုပ်လေး
Peace!

ဖိုးရှုပ်လေး
Friday, September 24, 2010
Wednesday, September 8, 2010
What is 2010 Burma election?
ရွေးကောက်ပွဲ ကျင်းပမည့် ရက်ထွက်ပေါ်လာပြီ.... ၇ရက် နိုဝင်ဘာလ ၂၀၁၀............
ကိုက်ဖဲကိုယ်ချိုးပြီး ကြံဖွံ့ပါတီကလဲ အားရပါးရကို ပြည်သူ့ဘဏ္ဍာတွေသုံးပြီး စည်းရုံးရေးတွေဆင်းနေကြပါပြီ.. အဖြည့်ခံပါတီတွေ ကလဲအဟုတ်ကြီးထင်ပြီး အားကြိုးမာန်တက်တွေလှုပ်ရှားနြေ
ရွေးကောက်ပွဲ နှင့်ပက်သက်ပြီးဒေါ်အောင်ဆန်းစြု
NLD ပါတီ ဗဟိုအလုပ်မှုဆောင် သတင်းစာဆရာကြီးဦးဝင်းတင် ကလဲ ရွေးကောက်ပွဲဥပဒေအရ မဲမပေးလို့ ရကြောင်း။ အားလုံးကမဲသွားမပေးကြရင် ကမ္ဘာ့ဆင်မြင့်ပေါ်မှာ.. ကမ္ဘာ့မျက်မှောက်မှာ... ဗမာပြည်ရဲ့တိုင်းသူပြည်သားတွေမျ
နောက်ပြီးရွေးကောက်ပွဲဝင်တဲ့ အထဲက ပါတီတချို့က ပါတီဝင်တွေလဲ ခုဆိုရင် ဘာလဲဆိုတာသိကုန်ကြလို့ ထွက်သူတွေထွက် ကုန်ကြပါပြီ။ ပြည်တွင်း အတိုက်အခံကျောင်းသားအဖွဲ့အစည်းေ
မြန်မာပြည်၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကပြောရရင် လုပ်ပွဲကန်ဘို့ ညှိထားတဲ့ ရက်ကွက်ဘောလုံးပွဲ တခုလိုပါပဲ။ ကန်မယ့်အသင်းသားတွေကလဲ Final Result ကိုကြိုသိနေ ဒိုင်လူကြီးကလဲခေါက်ဆွဲစားဒိုင် ဖြစ်နေ ။ ဒီပွဲသတင်းကလဲ ရပ်ကွက်လ္ဘက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ သေရည်ဆိုင် တွေမှာပါပြန့်နေတော့ သွားကြည့်ရမယ့် ရပ်ကွက်သားတွေအတွက်တော့ မကြည့်ကြရုံပဲရှိတော့တာပေါ့ဗျာ.
မဲမပေးပဲ ...မဲရုံမသွားပဲသာနေကြတော့.....
မှတ်ချက်။ ။ မှတ်မိကြသေးရဲ့လား အရင်-၁၉၉၀ တုန်းကလဲ တို့ရပ်ကွက်အသင်းဝင်ပြိုင်ခဲ့တယ်လေ။ တို့အသင်းပဲနိုင်ခဲ့ဒါပေမယ့် ဒိုင်းကိုတော့နည်းအမျိုးမျိုးနဲ့ လှည့်ပဲ့ပြီး မပေးခဲ့ဘူးလေ။
ဖိုးရှုပ်လေး
For 2010 military general election
Pamphlet Boycott (08!09!10)
Sticker Boycott (08!09!10)
မိမိစိတ်ကြိုက် အလိုရှိကယူသုံးနိုင်ပါသည်။
ဖိုးရှုပ်လေး
Saturday, August 28, 2010
တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေးမှာပါ

နိုင်ငံတော်ဖျတ်ဆီးပုံ အခြေခံဥပဒေ မူလေကြမ်း လွှဲပြောင်းပေးနေပုံ

gw အရင်က ပို့ထားတဲ့သီချင်းပါ ပြန်ခံစားဖို့ မျှဝေလိုက်ပါတယ်။
Monday, August 23, 2010
Boycott 2010 Vol.2 လာပြီ.....
ဘွိုင်းကောက် ၂၀၁၀ ဂျာနယ် အတွဲ (၁) အမှတ် (၂) ကို မိတ်ဆွေများ ဖက်ရှု့နိုင်ဘို့
ဖိုးရှုပ်လေး
Wednesday, August 18, 2010
BOYCOTT ဘွိုင်းကောက် .. အတွဲ-၁ အမှတ်-၁ ထွက်
၎င်း ဂျာနယ်ပါဖေါ်ပြချက် အရ ရွေးကောက်ပွဲကျင်းပမည့်ရက် မတိုင်ခင်ထိ ၂ ပတ် ၁ ကြိမ်ထုတ်သွားမည်ဟုသိရ..................
ထွက်သမျှတင်ပေးပါမည် .......................။
ဖိုးရှုပ်လေး
Sunday, August 15, 2010
အေအိုင်အဖွဲ့ကြီး၏ Burma and The Three Freedom ကမ်းပိန်း လှုပ်ရှားးမှု
It is better to light a candle than to curse the darkness.
(Amnesty International Motto)
အမှောင်ထုကို အပြစ်တင်နေမယ့်အစား ဖယောင်းတိုင် တစ်တိုင်ထွန်းလိုက်တာ
ပိုကောင်းပါတယ်။
(အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ ဆောင်ပုဒ်)

ယင်းအစီအစဉ်အရ ကမ္ဘာ့နိုင်အသီးသီးရှိ AI အဖွဲ့များမှ တဆင့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲများ အထူးသဖြင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများထံသို့ လက်မှတ်ထိုး၍ မိမိတို့၏ သဘောထားကို ဖော်ပြကြရန်ဖြစ်သည်။
Amnesty International (AI) ၏ ဖော်ပြချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်နိုင်ခဲ့သော်လည်း စစ်အစိုးရမှ ရလဒ်ကို လက်မခံသည့်အပြင် အတိုက်အခံလုပ်သူ ရာပေါင်းများစွာကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း ထောက်ပြထားသည်။
AI က ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား (သို့) ယုံကြည်ချက်အတွက် အကျဉ်းကျနေသူပေါင်း ၂၂၀၀ ကျော်ရှိနေပြီး ၎င်းတို့သည် နည်းအမျိုးမျိုးဖြင့် ညှင်းပမ်းနှိပ်စက်ခြင်း ခံနေရသည်။ ထိုပြင် ၂၀၁၀
မတ်လတွင် ပြဋ္ဌာန်းခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (Electoral Law) အရ ယင်း နိုင်ငံရေး အကျဉ်းသား များသည် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခွင့်မရကြပေ။
ယခု AI မှ လုပ်ဆောင်လိုက်သော Burma and The Three Freedom ကမ်းပိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ဝန်ကြီး (Minister) ထံပေးစာတွင် အာဆီယံနိုင်ငံ (ASEAN) များအနေဖြင့် အာဆီယံ ၏ စည်းမျဉ်းများဖြစ်သော အခြေခံလွတ်လပ်ခွင့်များ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရန်နှင့် တရားမျှတရေး တို့ကို လေးစားဖော်ဆောင်သောအားဖြင့် မြန်မာ စစ်အစိုးရအား ဝိုင်းဝန်း ဖိအားပေးရန် တိုက်တွန်းထားသည်။
မြန်မာစစ်အစိုးရကို ဖိအားပေးဖို့တောင်းဆိုရာတွင်
- နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး အတွက် ငြိမ်းချမ်းစွာလှုပ်ရှား၍ ဖမ်းဆီးထောင်ချခြင်းခံနေရသော ယုံကြည်ချက်အတွက် အကျဉ်းကျနေသူများ (Prisoners of Conscience) အားလုံးကို ပြန်လွှတ်ပေးရန်
- မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကာလ တစ်လျှောက်နှင့် အပြီးတွင် လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့် (Freedom of Expression) ၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့် (Freedom of Assembly) နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ပိုင်ခွင့် (Freedom of Association) တို့ပါဝင်သည်။
အာဆီယံ (ASEAN) အနေနှင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အတွက် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း ဝန်ကြီးထံ ပေးပို့မည့်စာတွင် ဖော်ပြထားသည်။
AI အနေနှင့် ယင်း ဝန်ကြီးထံပေးပီု့သောစာကို ဘာသာစကား (၉) မျိုးဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
သင့်အနေဖြင့် ဒီလင့် http://3freedoms.amnesty.org/ လေးကို နှိပ်ပြီး သဘောထားပေးပို့ခြင်းသည် စစ်အစိုးရ၏ မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းဖော်ပြရာ ရောက်ပြီး၊ အကျဉ်းထောင် အသီးသီးမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွတ်ခဲ့၍ မတရား ဖမ်းဆီးထောင်ချခြင်း ခံရသော ယုံကြည်ချက်အတွက် အကျဉ်းကျနေသူများ (Prisoners of Conscience) အားလုံးကို အားပေးထောက်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ Amnesty International ၏ အမှုဆောင်ဒါရိုက်တာ နိုရာမူရတ် (Nora Murat) ကလည်း မြန်မာအရေးနှင့် ပတ်သတ်၍ သြဂုတ်လ ၇ ရက်တွင် သဘောထားတစောင် ထုတ်ပြန်ခဲ့သည်။
သူမအနေနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်နိုင်ခဲ့သော်လည်း စစ်အစိုးရမှ ရလဒ်ကို လက်မခံသည့်အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ချထားခြင်း အပေါ် ဝေဖန်ထားသည်။ ထိုပြင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လာမယ့် ရွေးကောက်ပွဲတွင် နိုင်ငံရေး အကျဉ်းသားများ မပါဝင်နိုင်မှု အပေါ် ဝေဖန်ထောက်ပြထားသည်။
“အယ်ဒီတာများထံ” ဟုခေါင်းစဉ်ပေးထားသော Director Nora Murat ၏ စာတွင် ၂၀၀၈ ခုနှစ် တွင် ကရင်အုပ်စုမှ Khun Bedu, Khun Kawrio နှင့် Khun Dee De တို့ကို စစ်အစိုးရမှ မတရားဖမ်းဆီးထောင်ချ ခဲ့ခြင်း ကိုလည်းဖော်ပြထားသည်။
သူတို့သည် ‘No’ vote လှုပ်ရှားမှု အဖြစ် မိုးပျံပူဖောင်း လွှတ်တင်ခြင်း၊ စက္ကူလှေလွှတ်ခြင်း၊ နံရံကို မှုတ်ဆေးဖြင့်ဖျန်းခြင်း များကိုသာ လုပ်ခဲ့သူများဖြစ်သည်။ သူတို့သည် ဥပဒေကြောင်းအရ ကာကွယ်ပိုင်ခွင့်မရဘဲ
စစ်တရားရုံး (Military court) မှ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ Bedu နှင့် Kawrio တို့သည် ထောင်ဒဏ် ၃၇ နှစ်ကျခံစေပြီး Dee De ကို ထောင်ဒဏ် ၃၅ နှစ် ပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။
Amnesty International (Malaysia) က ဒါရိုက်တာ Nora Murat က မြန်မာစစ်အစိုးရကို တောင်းဆိုရာတွင်
- 3Freedom ဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့် (Freedom of Expression) ၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့် (Freedom of Assembly) နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ပိုင်ခွင့် (Freedom of Association) ကိုခွင့်ပြုရန်ယခုအချိန်သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အလွန့်အလွန် အရေးကြီးသော အချိန်အခါကို ရောက်နေပါသည်။ ကျွန်တော်တို့အားလုံးဟာ နိုင်ငံရေးသမားများ (Politicians) မဟုတ်ရင်တောင် နိုင်ငံရေး၏
- နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ပေးရန်
- ရွေးကောက်ပွဲကာလ အတွင်း စစ်သားနှင့် ရဲများကို တားမြစ်ထားရန်
- နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း စစ်အစိုးရက ယင်း ‘Three Freedom’ ကို လေးစားရန်တိုက်တွန်းပေးရန် နှင့် ဆက်လက်ဖမ်းဆီးမှုများ ရှိလာပါက ပြစ်တင်ရှုတ်ချပေးကြရန် စသည်တို့ပါဝင်သည်။
အကျိုးဆက်တွေကို ခံစားရမယ့် (သို့) ခံစားရတဲ့ နိုင်ငံရေး သတ္တဝါ (Political Animal) လို့ခံယူမိပါတယ်။ ထို့ကြောင့် ပြည်တွင်းပြည်ပရှိ အားလုံးသော မြန်မာပြည်သူများ၊ မြန်မာ့အရေးနှင့် ပတ်သတ်ဆက်နွယ်နေသည့်
အဖွဲ့အစည်းများ၊ အုပ်စုများ၊ ပညာရှင်များ၊ ရဟန်းသံဃာတော်များ၊ တသီးပုဂ္ဂလများ အားလုံး (အားလုံး) ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် ညီညီညွတ်ညွတ်
လုပ်ကိုင်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။
Friday, August 13, 2010
၂၀၁၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု ကြေငြာချက်နဲ့ ပတ်သတ်ပြီး ရှေ့နေကြီး ဦးဥာဏ်ဝင်း ပြောဆိုချက်..
၂၀၁၀ ရွေးကောက်ပွဲအား လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ယနေ့ မနက်(၁၀)နာရီက စစ်အစိုးရ (MRTV) သတင်းမှ ကြေငြာသွားပါတယ်..။ ထိုသတင်းနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက်ကို တင်ပြလိုက်ရပါတယ်..။
ဒီနေ့မနက် (၁၀)နာရီက (MRTV) သတင်းဋ္ဌာနကနေပြီးတော့ လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ ကြေငြာသွားပါတယ်။ အန်ကယ်အမြင်ကို ပြောရရင် ဒီအချိန်နဲ့ ဒီအခြေအနေ ရွေးကောက်ပွဲ ကြေငြာတဲ့ရက်နဲ့ ကျင်းပမယ့်ရက်နဲ့ ဒီလောက်နီးတာ ဘယ်လိုလုပ်.. ... အဆင်ပြေ နိုင်မလဲဗျာ...ဒါကတစ်ချက် .. ဒုတိတစ်ချက်က အခုအချိန်အထိ ဘာမှ ထုတ်ပြန်ခွင့်မရှိဘူး ပါတီတွေက ..နောက် သတင်းရယူခွင့် သတင်းထုတ်ပြန်ခွင့် မရှိဘူး.. နှစ်ခုပေါ့နော် အဲ့ဒါတွေကြောင့် ဘယ်လိုမှ Free and Fair မဖြစ်နိုင်ဘူး..
နောက်ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့မှ နေအိမ်အကျယ်ချုပ်မှ လွတ်ရက်စေ့မှာဖြစ်ပါတယ်.. ထိုအကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ.. ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့ သူတို့ဥပဒေအရဆိုရင် ပြန်လွတ်ရမှာ ဖြစ်ပါတယ်...။ အဲ့ဒီမတိုင်ခင် ကျင်းပတာပေါ့လေ.. အဲ့ဒါကို ရှောင်တာ မရှောင်တာတော့ သူတို့ ဘယ်လို ဆုံးဖြတ်လဲတော့ မသိဘူးပေါ့ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်..
ဒီမိုဝေယံ
Saturday, July 31, 2010
လိမ်ချင်တိုင်း လိမ်ပါ သမိုင်းကိုတော့ လိမ်လို့မရ.. အာရုံဦးမှာ နွမ်းမည့်ကြာ
ဒီဇာတ်လမ်းနဲ့ ပက်သက်ပြီး မီဒီယာတိုက်ပွဲ ကျောင်းသားတိုက်ပွဲ ဆင်နွဲသင့်ပြီ
နအဖ က `အာရုံဦး မှာဖူးသည့်ကြာ´ဆိုတဲ့ အမည်နဲ့ အာဏာရှင် နဲ့ ကျောင်းသားတော်လှန်ရေး သမိုင်းတွေကို ဇက်လမ်းထွင် ရိုက်ကူးနေပါသည်။
ဒီဇာတ်ကားမှာ ဒါရိုက်တာက တင်သန်းဦး ပါ သရုပ်ဆောင်တွေကတော့ ယခုနာမည် ကြီးနေတဲ့မင်းသား မင်းသမီးမော်ဒယ် အစုံပါပဲ ပရိတ်သတ်ကြိုက်အောင် လုပ်ထားတာပါ။ ဒီဇာတ်ကားမှာပါတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကျောင်းသားတွေက ကျောင်းသားသမဂ္ဂ၀င်းထဲတွင် ကျောင်းသား သမဂ္ဂ အလံထောင်ပြီး ရေခဲရေရောင်းတဲ့မိန်းကလေးကို ရေထဲ အဆိပ်ခတ်တယ် ဆိုပြီး ခေါင်းဖြတ်တဲ့ ရိုက်ကွင်းပါ။တကယ်လဲ ကျောင်းသား သမဂ္ဂ၀င်းထဲမှာ ရိုက်တာပါ။ သူတို့ ကတော့ လုပ်နေမှာပါပဲ ကျွန်တော်တို့တွေကလဲ ပြန်တိုက်ရမယ်။ ဒါနဲ့ပက်သက်ပြီး အကြောင်းအချက် ခိုင်ခိုင် လုံလုံ နဲ့ ပြန်တိုက်သင့်ပါတယ်။ ကျောင်းသား အမြင်နဲ့ကြည့်ရင်တော့ တော်တော့်ကို စော်ကားတယ်လို့ မြင်ပါတယ်။ ကျောင်းသားဆိုတာ အချိန်တိုင်း တိုက်ပွဲတိုင်း တော်လှန်ရေးတိုင်း အမြဲပေးဆပ်ခဲ့ကြတာပါ။ ဒီလိုတော့ မစော်ကားသင့်ဘူး လို့ထင်ပါတယ်။မီဒီယာကလည်း မီဒီယာအလျှောက် ကျောင်းသားကလဲ ကျောင်းသား အလျှောက် ပြန်တိုက်ကိုတိုက်သင့်ပါတယ်။
ဒီဇာတ်ကားမှာပါဝင်ခဲ့ တဲ့ သရုပ်ဆောင် မင်းသားမင်းသမီးများအနေနဲ့ တထောင့်တနေရာကနေပြန်လည်တောင်းပန်ရလေ့မယ်............
ကျောင်းသားဟာ အမှန်တရားရှေ့မှာပဲရပ်တည်တယ်...
ကျောင်းသားဟာ လူသတ်တရားခံမဟုတ်.....
ဖိုးရှုပ်လေး
http://myatlayngon.blogspot.com/ တွင်လည်း ဒီဇတ်ကားနဲ့ ပက်သက်ပြီး
လန်ဒန်ရောက် နအဖ စစ်အာဏာရှင်အလိုတော်ရိ အနုပညာသည်မင်းသားမင်းသမီးများကို ဆန္ဒပြ

ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးပြီး မြန်မာနိုင်ငံထဲမှာ ဖြန့်ချီနေတဲ့ အရုဏ်ဦးတွင် ဖူးသည့်ကြာ ဗီဒီယို ဇာတ်ကားဟာ ဦးသန့်အရေးအခင်းနဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွေကို သေးသိမ်အောင် ဖော်ပြချက်တွေ ပါဝင်နေပြီး သမိုင်းကြောင်းတွေကို အမှန်အတိုင်း မဖော်ပြပဲထားတဲ့ အတွက် အဲဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တချို့လန်ဒန်ကို ရောက်လာချိန်မှာ ကန့်ကွက် ဆန္ဒပြဖို့ ဗြိတိန်ရောက် မြန်မာ ကျောင်းသူ ကျောင်းသားတွေက စီစဉ်နေပါတယ်။
ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် နေတိုးနဲ့ မိုးယုစံဟာ တခြားသရုပ်ဆောင်တွေ ဖြစ်တဲ့ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ ဂျင်းနီတို့နဲ့ အတူ မြန်မာအသင်း (ယူကေ) ရဲ့ အစီအစဉ်နဲ့လန်ဒန်မြို့မှာ ဇူလိုင်လ ၃၁ ရက်နေ့ ညနေမှာ အငြိမ့်နဲ့ စင်တင်တေးဂီတ ဖျော်ဖြေမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဗြိတိန်ရောက် မြန်မာကျောင်းသူတစ်ဦးဖြစ်တဲ့ မမို့မို့ခင်ကတော့ အစိုးရက အနုပညာရှင်တွေကို အသုံးချပြီး သမိုင်းကြောင်းကို လှည့်ဖျား လိမ်ညာဖုံးကွယ်ဖို့ ကျိုးပမ်းနေတာကို အနုပညာရှင်တွေ အနေနဲ့လဲ ဝါဒဖြန့်ဇာတ်ကားတွေမှာ အသုံးချခံ မဖြစ်ရအောင် အသိရဖို့ အခုလို ဆန္ဒပြဖို့စီစဉ်ရတာ ဖြစ်ကြောင်း၊ သမိုင်းအမှားကြီးကို လူငယ်တွေ အမှတ်မှားသွားရင် တိုင်းပြည်အတွက် အန္တရာယ်ရှိတဲ့ အကြောင်း ဘီဘီစီကို ပြောပြသွားပါတယ်။
အာရုံဦးမှာ ဖူးသည့် ကြာဇာတ်ကားတွင်ပါဝင်ခဲ့သော စစ်အာဏာရှင်အလိုတော်ရှိ အနုပညာသည်များ စာရင်းမှာ -
ဒါရိုက်တာ တင်သန်းဦး၊
သရုပ်ဆောင်များ - လွင်မိုး၊ ကျော်ရဲအောင်၊ ဝေလုကျော်၊ လူမင်း၊ အောင်ခိုင်၊ ခန့်စည်သူ၊ ပြေတီဦး၊ နေတိုး၊ ရဝေအောင်၊ ဖြိုးငွေစိုး၊ ကျော်ဇေယျ၊ အောင်ဇော်၊ နန္ဒ၊ မင်းရာဇာ၊ ဖုန်းရှိန်၊ မိုးယံဇွန်၊ ကောင်းခန့်၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ အရိုင်း၊ ကုသိုလ်၊ ငှက်ပြောကြော်၊ အောင်ကျော်မင်း၊ ညီနိုင်၊ ထက်မိုး၊ ကျော်စစ်၊ စိန်သန်း၊ ဧရာ၊ သတိုးစော၊ စိုင်းအောင်တင့်၊ အုန်းသီး၊ ဗေဒါ၊ စိုပြေ၊ မော်ကြီး၊ ကျော်မင်း၊ စပ်စု၊ ကျော်မင်း၊ ကိုကိုဦး၊ ကျားကြီး၊ ထက်အောင်၊ ကောင်းကျော်၊ ပျံလွှား …
သရုပ်ဆောင်အမျိုးသမီးများ - ဆွိ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒာကျော်ဇင်၊ မြတ်ကေသီအောင်၊ ၀ါဝါအောင်၊ ဆုပန်ထွာ၊ ပုလဲဝင်း၊ သက်မွန်မြင့်၊ မိုးဟေကို၊ မယ်လိုဒီ၊ ၀ိုင်းစုခိုင်သိန်း၊ မိုးယုစံ၊ မေသက်ခိုင်၊ ရတနာမယ်၊ ပြည်ဖြိုးခိုင်၊ အေးမြတ်သူ၊ မေကဗျာ၊ ဆုမြတ်သိင်္ဂီ၊ မေဦးခိုင်၊ ခင်မို့မို့အေး၊ ဂွမ်းပုံကြီး၊ ဂွမ်းပုံလေး၊ သဇင်ထွန်း၊ အိတုံ၊ မေလဲ့ …
စီစဉ်သူများ - တက္ကသိုလ် မြတ်သူ၊ ဦးဝင်းတင်၊ ဦးကိုကိုလှိုင်
ထုတ်လုပ်သူ - အေးလွင်
ဇာတ်ညွှန်း - လှိုင်းအောင်
လက်ထောက်ဒါရိုက်တာ - ဘုန်းဝေ၊ အောင်ကျော်မင်း၊ ဇင်မင်း- တို့ဖြစ်သည်ဟု ရေးသားထားသည်။
ကဗျာ
မနေ့ညကပဲအိပ်ယာတစ်ခုတည်းမှာမျက်
အခုတော့ငါတို့မြို့လေးမှာမင်း
တွန့်ကြေနေတဲ့တိမ်တိုက်တွေလိုမျ
အမှန်တရားကိုအိပ်မက်မက်ဖို့ဆြို
ငါတို့မြို့လေးမှာညနေစောင်းတို
လေးပတ်ပြားသစ္စာတရားတစ်ချို့
မျှော်လင့်ချင်းအစိုင်အခဲလေးတွေ
မနက်လင်းတိုင်းအထူးဘစ်(စ)ကားကို အထူးတိုးစီးနေရတုန်း
ပါးကိုက်ရင်နားရိုက်ကြတုန်း
အင်တာနက်ဆိုင်မှာဖိနပ်တွေပျောက်
ခိုးကူးခွေတွေတစ်ခွေ ၂၀၀နဲ့ရတုန်း
ကားမီးနဲ့ထိုးရင်လက်နဲ့မကာဘဲ
မျက်နှာမှာလိမ်းထားတဲ့မိတ်ကပ် ပါးပါးနဲ့ကာနေကြတုန်း
ကော်ပီ သီချင်းတွေအောင်မြင်နေတုန်း
ရပ်ကွက်ထဲသွားရင်ကို ၀ ကြီးကိုသတိရမိသလို
စာရေးပါ စာပြန်ပါ
အွန်လိုင်းပေါ်တက်ပါ
အရင်လိုအားရပါးရ ရယ်ပါ
အနာဂါတ်ငါတို့မြို့လေးမှာ ပန်းတွေစိုက်ပြမယ်ဆိုပြီး
မင်းအိပ်မက်တွေသွားမျှားလိုက်တာ
ငါတို့မြို့လေးမှာ အခု
ထိ
မင်းရယ်သံမရှိ
တော့။
သိုး
(၇ . ၃၁ . ၂၀၁၀ )
Friday, July 30, 2010
Sunday, July 25, 2010
တောင်ကြီးမြို့ ကွန်ပျူတာ ကျောင်းသားများရဲ့ ကံကြမ္မာ...




တောင်ကြီး မြို့တွင် အသစ်ဆောက်လုပ်လျှက်ရှိ သော ကွန်ပျူတာ ကျောင်း ပြိုကျမှု
သောကြာနေ့ တွင်ဖြစ်ပွား
စနေနေ့တွင် ကျောင်းဆောက်လုပ်သော ကုဏ်ပဏီမှ ပညာရေးထံသို့ ကျောင်းကို အပြီးသတ်
အပ်နံရန် စီစဉ်ထား.စဉ်
မအပ်နံမှီ တရက် အလို ညနေ ၆ နာရီခန့်တွင် အခုပုံပါအတိုင်း
ကျောင်းကြီးပြို့ကျသွားခဲ့။
ဘာကြောင့်ပြိုကျသွားခဲ့သည်ကို.
အရေသွေးပြည့်မှီသောအသုံးပြု ဘိလပ်မြေ အုတ်သဲ သံ သွပ် ထုံး စာရင်းများကို
ကြည့်ရာတွင်လည်း အားလုံးကိုက်ညီ.
ကျောင်းကြီး ပြီးစီးအောင်မြင်ရန် နိုင်ငံတော် အကြီးကဲများ ၊ ဆောက်လုပ်ရေး
ကုဏ်ပဏီများ.၊ ကြီးကြီးငယ်ငယ် အင်ဂျင်နီယာများ.၊ အောက်ခြေအလုပ်သမားများက လည်း
အားကြိုးမန်တက်.စွမ်းစွမ်းတမံ မနေမနား.ကြိုးစားပန်းစား
အားထုတ်ခဲ့ကြပါသော်လည်း..ယခုလို အဖြစ်ဆိုးဖြစ်ကြုံခဲ့ရ.
ပြိုကျသွားသော အဆောက်ဦးအား ကုမ်ပဏီမှ ပြန်လည်ပြင်ပြီး အပ်နံမည်ဟုဆိုရာ
ပညာရေးဖက်က လက်မခံဟုလည်း ဆို.
ယခုလို ဖြစ်ပြီး တကျောင်းလုံး ပြိုကျ သွားနိုင်အောင် ဖြစ်နိုင်ကြောင်းပြော
ဝန်ကြီးရောက်လာပြီး အစည်းဝေးထိုင်ကာ. ပြိုကျရခြင်းအကြောင်းကို
ရှာရာ..ကျောင်းအောက်တည့်တည့်တွ
ဆောက်လုပ်ရေး အင်ဂျင်နီယာကြီးများက မှတ်ချက်ချ.
ကျောင်းမဆောက်ခင်က ရေကြောကိုတော့ ရှိမရှိ မသိခဲ့ကြကြောင်းအဆိုပါ
အင်ဂျင်နီယာကြီးများမှ.ပြောကြား
အစည်းဝေးပွဲ နောက်ဆုံးတွင် အဖြေတစ်ခုကို အားလုံးမှ တူညီစွာ လက်ခံသဘောတူ
လိုက်ကြ.
အဖြေမှာ
ူကျောင်းသားများအပေါ် နိုင်ငံတော်ဖက်မှ စေတနာမှာလည်း ပြောဖွယ်ရာမရှိ
မြင်တွေ့နိုင်ကြောင်း။။ ယခုလို တောကြီးမျက်မည်းထည်းတွင် ပညာကို အေးဆေး
တည်ငြိမ်အဆင့်မြင့် စွာ သင်ကြားနိုင်ရန် လူသူအရောက်အပေါက်နည်းသော နေရာမှာပင်
ကျောင်းကြီးကိုဆောက်လုပ်ခွင့်ေ
ဆောက်လုပ်သူကုမ်ပဏီဖက်မှကြည့်
ရည်ရှည်တည်တံအောင် ဆောက်လုပ်ခဲ့ကြောာင်း။ စာရင်းဇယားများကို
ကြည့်ခြင်းဖြင့်သိနိုင်ပြီး ဘယ်အချိန်မဆို လာရောက်စစ်ဆေးနိုင်ကြောင်း...
အင်ဂျင်နီယာများအလုပ်သမားများ ဖက်တွင်ကြ ည်လျှင်လည်း စေတနာ ၊ မေတ္တာ၊ ဂရုဏာ မှာ
ထင်သာ မြင်သာကြောင်း..
ထို့ကြောင့်. ကျောင်းဆောက်လုပ်ပြီး ပြိုကျရာတွင် ပြောစရာ မ၇ှိကြောင်း..
ဒီကျောင်းတွင် တက်ရောက်နေသော ကွန်ပျူတာ ကျောင်းသူ/သား များကံဆိုးလွန်းလို့သာ
ဖြစ်နိုင်ကြောင်းကို အားလုံးသဘောတူညီ ခဲ့ကြ...
နောက်ဆက်တွဲ
- ထိုကျောင်းပေါ်တွင် တက်ရောက်စာသင်ကြားရတော့မည့် ကျောင်းသူ /သား များ (
တရုတ်နိုင်ငံတွင် ကျောင်းပြိုကျပြီး အစုလိုက်အပြုံလိုက် သေကြရသော အဖြစ်ကို
အမှတ်ရကာ ) လွန်စွာ ထိတ်လန့် တုံလှုပ်လျှက်ရှိ
- အန်တရယ်၇ှိသောကြောင့် ပြိုကျသွားသော ကျောင်းအနီးတို့ မည်သည့် သက်ရှိသတ္တာဝါမှ
မလာရောက်ရဟု ဆိုင်ဘုတ်တပ်ထား.
G Mail မှပေးပို့ လာသူအား အထူးကျေးဇူးတင်ပါသည်......
ဖိုးရှုပ်လေး