Saturday, July 31, 2010

ကဗျာ

Photo copy from

www.artbylt.com/Images/modern-art-4500.jpg




သို့ ..............................................


မနေ့ညကပဲအိပ်ယာတစ်ခုတည်းမှာမျက်လုံးအတူတူမှိတ်ခဲ့ကြသေးတယ်

အခုတော့ငါတို့မြို့လေးမှာမင်းရယ်သံမရှိတော့

တွန့်ကြေနေတဲ့တိမ်တိုက်တွေလိုမျိုး

အမှန်တရားကိုအိပ်မက်မက်ဖို့ဆိုပြီးအမှားတွေဆီမင်းလစ်သွားတော့

ငါတို့မြို့လေးမှာညနေစောင်းတိုင်းမင်းသောက်ဖို့

လေးပတ်ပြားသစ္စာတရားတစ်ချို့

မျှော်လင့်ချင်းအစိုင်အခဲလေးတွေထည့်စိမ်ထားတုန်း

မနက်လင်းတိုင်းအထူးဘစ်(စ)ကားကို အထူးတိုးစီးနေရတုန်း

ပါးကိုက်ရင်နားရိုက်ကြတုန်း

အင်တာနက်ဆိုင်မှာဖိနပ်တွေပျောက်ကြတုန်း

ခိုးကူးခွေတွေတစ်ခွေ ၂၀၀နဲ့ရတုန်း

ကားမီးနဲ့ထိုးရင်လက်နဲ့မကာဘဲ

မျက်နှာမှာလိမ်းထားတဲ့မိတ်ကပ် ပါးပါးနဲ့ကာနေကြတုန်း

ကော်ပီ သီချင်းတွေအောင်မြင်နေတုန်း

ရပ်ကွက်ထဲသွားရင်ကို ၀ ကြီးကိုသတိရမိသလို

စာရေးပါ စာပြန်ပါ

အွန်လိုင်းပေါ်တက်ပါ

အရင်လိုအားရပါးရ ရယ်ပါ

အနာဂါတ်ငါတို့မြို့လေးမှာ ပန်းတွေစိုက်ပြမယ်ဆိုပြီး

မင်းအိပ်မက်တွေသွားမျှားလိုက်တာ

ငါတို့မြို့လေးမှာ အခု

ထိ

မင်းရယ်သံမရှိ

တော့။

သိုး

(၇ . ၃၁ . ၂၀၁၀ )

No comments:

Post a Comment