Saturday, February 20, 2010

ရောင်းလို့ရတာ အကုန်ရောင်း၊ ခိုးလို့ရတာ အကုန်ခိုး၊ ပိတ်လို့ရတာအကုန်ပိတ်ပြီး ရေမီးမှန်အောင်တောင် မလုပ်ပေးနိုင်တဲ့ နအဖ..


အခုရက်ပိုင်းများ အတွင်း မြန်မာပြည်သူတွေ အင်တာနက်ကို
ဆိုးရွားစွာသုံးစွဲနေရပါတယ်။ ဆိုးရွားတာကတော့ အင်တာနက် တခုတည်း
မဟုတ်ပါဘူး ..... ရေ၊ မီး၊ စားဝတ်နေရေး၊ စီးပွားရေး၊ နိုင်ငံရေး
အလုံးစုံထဲကမှ အင်တာနက်ပါ သုံးမရဖြစ်နေတာပါ.. ။ အခုလို အင်တာနက်တွေ
သုံးမရအောင် ဖြစ်နေတာတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာလားလို့
ထင်မှတ်စရာပါပဲ ။ မြန်မာနိုင်ငံဟာ အင်တာနက် သုံးစွဲမှုကို ပိတ်ပင်တဲ့
အဆိုးဝါးဆုံးနိုင်ငံတွေထဲမှာ ထိပ်ဆုံးကပါတယ်။ ဘာကြောင့် ပိတ်ပင်တယ်
ဆိုတာတော့ အထူးပြောစရာ မလိုပါဘူး။

လူတစ်ဦးတစ်ယောက် အုပ်စုတစ်စု အာဏာတည် မြဲဖို့ အတွက် သန်း(၅၀)ကျော်
လူထုကြီးက ဓားစာခံဖြစ်နေရတာပါ....။ ဘယ်ဘက်ကကြည့်ကြည့်
အစစအရာရာနှိမ့်ကျနေပါပြီ.... နအဖ ပြန်ကြားရေးဝန်ကြီးကျော်ဆန်းရဲ့
မီဒီယာကို မီဒီယာဖြင့် တိုက်မယ်ဆိုတာ ဒါကိုခေါ်တာလားလို့
မေးခွန်းထုတ်စရာပါပဲ... အောက်လမ်းနည်းတွေနဲ့ နည်းမျိုးစုံ သတင်းမှန်တွေ
ဖော်ပြနေတဲ့ မီဒီယာတွေကို တိုက်မရတော့ နောက်ဆုံးရတဲ့ နည်းတွေနဲ့
ပိတ်ပင်နေတာပါ...

တနေ့က မြန်မာပြည်က အင်တာနက်တွေ ဆိုးရွားစွာသုံးစွဲနေရတဲ့ အကြောင်းနဲ့
လက်ရှိက ပြည်တွင်း အခြေအနေတွေကို ပေးပို့လာတဲ့ ပြည်တွင်းကစာလေး
တစ်စောင်ကို ဖော်ပြလိုက်ပါတယ်။

..... ကိုဒီမိုရေ မြန်မာပြည်မှာတော့ အင်တာနက်ကို ပိုးစိုးပက်စက် Ban
လိုက်ပါပြီ။ မြန်မာပြည်သူတွေ အင်တာနက်ကို ဆိုးရွားစွာသုံးစွဲနေရပါတယ်။
ပုဂံရတနာပုံ တယ်လီပို့က DNS 203.81.71.69 , 203.81.162.2 2 ,
203.81.162.23 အဲ့ဒီလိုင်းသုံးသူတွေ အခက်ကြုံနေရပါတယ်။ Gmail ကော Gtalk
ကော ပိတ်ထားပါတယ် တစ်ခြားဆိုဒ်တွေ ပွင့်ပါတယ်။ MPT ( myanmar post and
telecommunication) လိုင်းကတော့ မပိတ်ပါဘူး.. ဖွင့်ပေးထားပါတယ်။
တော်တော်ဆိုးတယ် အစ်ကိုရေ .. MPT လိုင်းသာမရှိရင် ဘာမှသုံးလို့ရတော့မှာ
မဟုတ်ဘူး။ မဟုတ်ရင် ချာလပတ်လည်နေပီ.... အရင်ကျော်သုံးလို့ရတဲ့ Saudi
proxy လဲမရတော့ဘူး .... 62.193.227.220 port 80 အဲဒါနဲ့ကျော်လို့ရတယ်. .
အခုဖြစ်နေတာက facebook တို့ google.com တို့ကျတော့တက်တယ်။ Gmail
မေးလ်ထဲဝင်လိုက်ရင် try agin တဲ့...ရတနာပုံတယ်လီပို့ ရတနာပုံဆိုက်ဘာစီတီ
ကကောင်တွေ ပိတ်တာအကိုရေ...

.......ကိုဒီမိုရေ ရန်ကုန်မှာတော့ ရှိသမျှ ဒီကောင်တွေ အကုန်ရောင်းနေပြီ
ဈေးတွေကိုလည်း မျက်စောင်းထိုးနေပြီ.... နောက်အစိုးရတက်လာရင် Budget Zero
ဖြစ်အောင်လေ.. ဒီကောင်တွေ အဆင်းအတက် သေချာအောင်လုပ်နေတာ ဆင်းရင်
နောက်တက်တဲ့သူက သူတို့ရဲ့အောက်မှာပေါ့ဗျာ
တော်ဝင်မိသားစုပုံစံမျိုးပေါ့..
. ဒါမျိုးပုံသွင်းနေတာ။ စက်သုံးဆီ
လုပ်ငန်းရှင်အသင်းဆိုပြီး တစ်ခုဖွဲ့မယ်ကြားတယ်။ တေဇကဥက္ကဋ္ဌ အတွင်းရေးမှူးက
ရဲမြင့်ကြီးသား ဈေးတွေအကုန်ဖျက်မယ် .. သီရိမင်္ဂလာဈေးလဲပါတယ်။
နောက်ပိုင်း လာတော့မယ် အကိုရေ ရှိသမျှအကုန် သူတို့အချင်းချင်း
လက်သိပ်ထိုးရောင်းနေပြီ။ စာရင်းရှင်းခိုင်းနေပြီ တိုင်းပြည်ကတော့
ဘာမှကျန်မှာ မဟုတ်တော့ဘူး..


နိုင်ငံတကာကနေ ရနေတဲ့ နိုင်ငံတကာပိုက်ဆံတွေ ကိုတိုင်းပြည်အတွက်မသုံးဘူး။
တိုင်းပြည်က လိုအပ်တဲ့ငွေကို ကားတွေလေလံတင် ဖုန်းတွေရောင်း
အမြတ်ခွန်ကောက် မရတော့ ၅၀၀၀ တန်ထုတ်ြပီးရှင်းပေး... နေတာ။ တိုင်းပြည်က
ဝန်ထမ်းတွေကို ပေးရန် ရှိတဲ့လစာတွေ အထွေထွေကုန်ကျငွေတွေကို
နိုင်ငံခြားငွေရလာတဲ့ ဟာနဲ့မသုံးဘူး တိုင်းပြည်ထဲကပဲ
လှည့်ပတ်ထုတ်ပေးနေတော့ ဥပမာပေးရရင် ကိုဒီမိုအိတ်ထဲကငွေ ကျတော့ ဆီရောက်
ကျတော့ အိပ်ထဲကငွေ ကိုဒီမိုဆီရောက် ကြာတော့ကိုဒီမိုကော ကျတော်ကော
လုံးပါးပါး ပြည်သူတွေကို အဲလိုလုပ်ထားတာ....။ ပြည်သူတွေက
သိသိကြီးနဲ့ခံနေရတာ ဒီကောင်တွေ မြေလှန်မီးရှို့စနစ်လုပ်မဲ့ပုံပဲ
နိုင်ငံတော်က ရောင်းရသမျှ နိုင်ငံခြားငွေကို သူတို့ကအကုန် ယူထားတာလေ
ဝယ်ချင်တာဝယ်တယ် တိုက်လေယာဉ် ဘာညာပေါ့ဗျာ ဂတ်စ်ရောင်းပြီး ရတဲ့ဟာကို
တိုင်းပြည်အတွက်မသုံးဘူး အဲဒီပိုက်ဆံကို တေဇစီးပွားရေးလုပ်ဖို့
သူတို့ကြီးပွားရေးလုပ်ဖို့ ..

သတင်းစာထဲမှာ မောင်အေးအိမ်ပြန်တယ် မိန်းမနဲ့ကျောင်းဆောက်
အသက်ကြီးရွယ်အိုကန်တော့နဲ့ နားမယ်ဆိုတဲ့ပုံစံလုပ်နေတာ..
သူတို့အတွက်ကောင်းအောင် အကုန်သုံးနေတာလေ။ ဒါလဲပြင်ဆင်နေတဲ့သဘောပဲ
နောက်လာမယ့် အစိုးရအတွက် ငမန်း (ရွှေမန်း)ကို မွေးထားတယ်လေ ...
သူတို့ထဲမှာ အင်မတန်ကြီးမားတဲ့ စီးပွားရေးကွန်ယက်ကြီးရှိတယ်။ အဲဒါကြီးက
အဆီအသားတ၀င်းဝင်းဆိုတော့ ကိုဒီမို သဘောပေါက်လားမသိဘူး... အဲဒါနဲ့
အကုန်လုံး ပတ်ချုပ်ထားတယ်... စစ်တပ်ထဲမှာ လှုပ်မယ့်လူဆို ရင်
ပေးကမ်းထားလိုက်တယ်လေ.. လူဆိုတာငွေနဲ့ပက်သက်ရင် ဘယ်သူကခေါင်းမာရဲမှာလဲ။

သူတို့အတွက် စီးပွားရေးအင်ပါယာကြီးကို တည်ဆောက်ထားတာလေ
လေယာဉ်ကုမ္ပဏီရှိတယ်ဗျာ.. တခြား စီးပွားရေးလုပ်ငန်းတွေ ရှိတယ်။
ဦးပိုင်ရှိတယ်... နောက်အဲ့လိုမျိုး စီးပွားရေးလုပ်ငန်းတွေကို
ပြည်သူပိုင်သိမ်းလို့ မရအောင်.. ဒီကောင်တွေအခြေခံဥပဒေမှာ
ထည့်ဆွဲထားပြီပြီလေ.. ရွေးကောက်ပွဲကိုလည်း
အခြေခံဥပဒေလုပ်သွားတဲ့ပုံစံတို
င်းပဲ လုပ်သွားလိမ့်မယ်. ဒီကောင်တွေ
ကပ်ဖြုတ်လိမ့်မယ်။ ကပ်ဖြုတ်တာခံရလိမ့်မယ်။ ကိုဒီမိုရေ
စာလည်းရှည်နေပါပြီ.. နောက်မှ အသေးစိပ် သတင်းတွေ ထပ်ပို့ပါဦးမယ်.....

အဲ့ဒါကတော့ မြန်မာပြည်က ပေးလာတဲ့စာပါ။ စာပါ အကြောင်းအရာတွေကို ကြည့်ရင်
အာဏာရှင်တွေဖက် က တော်တော်လေး ပြင်ဆင်ထားပြီးနေပါပြီ။ ခုလည်း
ဆက်တိုက်ဆိုသလို မြန်မာပြည်မှာ ရှိသမျှ အကုန်ရောင်းစားတာ ခံနေရပါပြီ။
ရောင်းတာလည်း သူတို့ပဲ ဝယ်နိုင်တာလည်း သူတို့ပါပဲ.. ဒီလိုရောင်းနိုင်
ဝယ်နိုင်တယ် ဆိုတာလည်း နောက်တက်လာမယ့် အစိုးရဟာ သူတို့ကိုအာမခံနိုင်တယ်
ဆိုတာ ယုံကြည်ပြီးသား ဖြစ်နေလို့ပါပဲ.... ကျွန်တော့အမြင်ပြောရရင်တော့
အဲ့ဒီအတွက် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်ပြီး ပြည်သူတွေကို
ဆွဲခေါ်သွားဘို့ ပြင်ဆင်နေပါပြီ... သူတို့ကပဲဆွဲခေါ်နိုင်မလား
ကျွန်တော်တို့ကပဲ သူတို့ကို တရွတ်တိုက် ပြန်ဆွဲခေါ်နိုင်မလားဆိုတာ..
ဒီနှစ်ထဲမှာပဲ အဖြေပေါ်လာတော့မှာပါ... စစ်ကျွန် အဖြစ်နွံ့နှစ် မခံရအောင်
ကျွန်တော်တို့တတွေ အချင်းချင်းတိုက်ခိုက်နေတာတွေ ကိုရပ်တန်းက
ရပ်ကြပြီး... စည်းစည်းလုံးလုံးနဲ့ ကျရာနေရကနေ
အမိမြန်မာပြည်လွတ်မြောက်ဖို့ ဝိုင်းဝန်းလုပ်ဆောင် ကြပါစို့...။

http://www.demowaiyan.co.cc/

No comments:

Post a Comment