Thursday, March 11, 2010

ဦးဝင်းတင် နှစ် ၈၀ ပြည့်မွေးနေ့ စကားသဝဏ်


သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ပြောခဲ့သော အမှတ်ရဖွယ် စကားတခွန်း

“ပြဿနာ အခက်အခဲတွေ အတွက်

ထွက်ပေါက် ကိုသာ စဉ်းစားခြင်းမပြုဘဲ

ဖောက်ထွက်ဖို့စဉ်းစားစေချင်ပါတယ်”



ယနေ့ 12.3.2010 မှာကြရောက်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့ နှစ် ၈၀ ပြည့်မွေးနေ့ ပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး နဲ့ ထိုင်းနိုင်ငံ မဲ့ဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရုံး တို့မှာယနေ့ကျင်းပမယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရုံး တွင်ကျင်းပမည့်ပွဲ၌ ဆရာကြီး၏ရက်ပေါင်း ၇၀၀၀ ကျော်ထောင်တွင်း အတွေ့အကြုံများ “ဘာလဲဟဲ့ ငရဲ” စာအုပ် ထုတ်ဝေ ဖြန့်ချိုခြင်း အခမ်းအနား ကိုပါတပါတည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။


ဖိုးရှုပ်လေး

No comments:

Post a Comment