Friday, June 24, 2011

စစ်အစိုးရ နှင့် ကချင်စစ် အပေါ်ပြောကြားချက်များနှင့် ကြေငြာချက်များ စုစည်းမှု

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အမှာစကား (ငြိမ်းချမ်းရေး အတွက်ပြောကြား)



DKBA (စောလားပွယ်) ကြေငြာချက်
NLD ကြေငြာချက်

၁၇ နှစ်ကြာ စစ်ပွဲတွေ သေနတ်သံတွေရပ်ဆဲခဲ့တဲ့ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်တွေအကြား အသစ်တဖန် တိုက်ပွဲတွေဖြစ်ပွားလာတာတွေရဲ့ အခြေခံအကြောင်းတရားများ မှ ကျနော် ဖိုးရှုပ်လေး ကောက်နုတ်တင်ပြချက်။


ဧရာဝတီ သတင်းထောက်ကို ဘကောင်းပြောကြားချက်
''ဒီစစ်ပွဲဇွန်လ ၉ ရက်နေ့ စဖြစ်ကထဲက KIA ဘက်ကနေ အကျအဆုံးသုံးယောက်ရှိတယ် အစိုးရဘက်ကလဲ အတန်အသင့်ကျဆုံးတယ်လို့ ကြားရတယ် ဒါပေမယ့် အစိုးရ မီဒီယာတွေက သိတဲ့ အတိုင်းဒါနဲ့ပက်သက်ပြီးထုတ်ပြန်ကြေငြာခြင်း မရှိဘူး"

"ကျနော့် အမြင်ကတော့ ဒီစစ်ပွဲဟာ (၁၉၉၄) မတိုင်ခင် KIA နဲ့ ဗမာအစိုးရတိုက်နေတဲ့ စစ်ပွဲထက် အများကြီးထူးခြားမှုရှိတယ် ဟိုတုန်းကတော့ တိုင်းရင်းသားနဲ့ ဗမာအစိုးရနဲ့ တိုက်တဲ့ တိုက်ပွဲပေါ့ ခုတော့ KIA နဲ့တိုက်တာ အဲလိုမျိုးတော့မဟုတ်တော့ဘူးဗျ ပုံစံကတော့တမျိုးတမည်ပြောင်းလဲသွားတယ် ပြန်ကြည့်မယ်ဆိုရင် KIA ဟာမြန်မာအဆိုးရနဲ့တိုက်နေရတယ် သွယ်ဝိုက်တဲ့ နည်းအားဖြင့် တရုတ်နဲ့လဲစစ်တိုက်နေရတယ်လို့ ကျနော်တို့ကပြောလို့ရတယ် ဗမာအစိုးရအတွက်တော့ စီးပွားရေးတိုက်ပွဲပဲ၊ ဒီနေရာဟာသရံဇာတစစ်ပွဲ၊ မဟာဗျူဟာစစ်ပွဲပဲ ဒါပေမယ့် KIA ဘက်ကဆိုလို့ရှိရင်တော့ ၁၉၆၁ ခုနှစ်လောက်ကတည်းက စတင်ခဲ့တဲ့ အမျိုးသားရေးစစ်ပွဲ ပါပဲ။ သူတို့ဒီကချင်ပြည်နယ်ထဲကိုလာပြီးတော့မှ ရင်းနှီးမြုတ်နှံမှုတွေ အကြီးအကြယ်လုပ်ကြတယ် တရုတ်ကုမ္မဏီကြီးတွေ ကမ္ဘာပေါ်မှာ အင်မတန်ကြီးတဲ့ ကုမ္မဏီကြီးတွေ ပေါ့ဗျာ China Power Investment တို့ China Data Corporation တို့ ကုမ္မဏီကြီးတွေ လာလုပ်ပြီးတော့ လုပ်တဲ့အခါ ဖြစ်ပေးလာတဲ့ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေ အစရှိတဲ့ မကောင်းတဲ့ အကျိုးရလဓ်တွေနဲ့ ပက်သက်ပြီး ဘာမှ အကြိုတင်တားစီးတာ လုပ်ဆောင်မှုတွေ မတွေရဘူး ပြီး ၊အဓမ္မ ရွေ့ပြောင်းခိုင်းမှု နဲ့ပက်သက်ပြီးတော့ ဒေသခံပြည်သူလူထုကို အစိုးရက ဘာမှနစ်နာကျေးပေးတာ မရှိဘူး နောက်ပြီး အဓီကမကျေနပ်တာ တခုက ဒီကထွက်လာတဲ့ ရေအားလျှပ်စစ်ပေါ့ဗျာ ရေအားလျှပ်စစ်ဆိုလို့ရှိရင် တရုတ်ပြည်ကို ရောင်းတယ် နောက်ပြီးတော့ ဒီကရလာတဲ့ပိုက်ဆံကျတော့နေပြည်တော်ကို ရတယ် အဲဒီလို အခြေအနေမှာပက်သက်ပြီးတော့ KIA ကလု အထူးမကြေနပ်ဘူး ဒေသဆိုင်ရာပြည်သူလူထုကလဲ အထူးမကြေနပ်ဘူး ဒီအခြေအနေကနေပြီးတော့ အမြစ်တည်လာတာပေါ့ဗျာ။ တချားတစ်ခုကတော့ နယ်ကြားစောင့်တပ်ဖွဲကို ပြောင်းခိုင်းတယ်ပေါ့ ဒါနဲ့ပက်သက်ပြီးတော့ ခုချိန်ထိ မပြောင်းလဲတဲ့ ကိစ္စနဲ့ ပက်သက်ပြီးတော့ တင်းမာမှုတွေဆက်ဖြစ်တယ်ဆိုတဲ့သဘောပေါ့ဗျာ။ "

ဖိုးရှုပ်လေး အသံဖိုင်ပြန်ဖြည်ပါသည်။

အပြည့် အစုံနားထောင်ချင်ရင်
အောက်မှာလင့်
RFA က ဧရာဝတီ စကားဝိုင်း (ဇွန် ၂၃၊ ၂၀၁၁)


KIO Response
ဖိုးရှုပ်လေး

No comments:

Post a Comment