Saturday, August 27, 2011

ရေး မိပြန်တယ်သူ့ အတွက်


“စိုးရိမ်လို့”

ရေးမိပြန်တယ်
ဘာကြောင့်လဲကွာ ခုတလော

ဟိုတယောက်ကရေးပြန်တယ်
ဆောင်းပါး သူ့ အကြောင်းပဲ

ဒီတယောက်ကရေးပြန်တယ်
ကာတွန်းသူ့ အကြောင်းပဲ

နောက်တယောက်ရေးပြန်တယ်
ကဗျာ သူ့ အကြောင်းပဲ

စာပေဟောပြောပွဲမှာ ပြောတယ်

သူ့ အကြောင်းပဲ


ဟိုအဖွဲ့အဖွဲ့တွေကထုတ်လိုက်တယ်
စာရွက်တွေ စာရွက်တွေ..
သူ့အကြောင်းပဲ။

နယူးဇီးရိုးမှာ
ပါဖောင်းမန့် တဲ့ သူ့ အကြောင်းပဲ

ရီစရာတော့ မဟုတ်ပါဘူး
ကျနော်တို့လဲ ချစ်ပါတယ်တဲ့
သူ့ အကြောင်းပဲ။

ကမ်ပိန်း စာရွက်တွေ

လမ်းပေါ်မှာ ပြန့်ကြဲ

သူ့ အကြောင်းပဲ။

သူတို့တွေခုမှ မဟုတ်ပါဘူး
ရာဇ၀င်များရဲ့ သတို့သမီးလို့တောင် တင်စားခဲ့သေးတာ။

အချိန်အခါကြောင့်ဖြစ်ရင်တော်သေး
သဘာဝကြောင့်ဖြစ်ရင်တော်သေး

ဘာပဲပြောပြော
သူငယ်ချင်းတယောက်ဆိုရင်တောင်
နေကောင်းအောင်နေနော်လို့ပြောလို့ရသေးတယ်။

ခုမင်းကျတော့
ဘယ်လိုပြောရပါ့
စဉ်းစားရင်းပဲ ကဗျာနဲ့ပဲပြောလိုက်တယ်။

မင်းကိုပြောတာလဲဟုတ်
မင်း ဆိုတာကိုပြောတာ လဲဟုတ်ပါတယ်
ရာဇ၀င်များရဲ့သတို့သမီးရယ်။

ဖိုးရှုပ်လေး (http://4shokelay.blogspot.com/)

No comments:

Post a Comment