Saturday, October 1, 2011

ဧရာဝတီ တိုက်ပွဲမပြီးဆုံးသေးပါ (အောင်မျိုးနိုင်)



ကာတွန်း။ ။ ကူမိုးကြိုး -မိုးမခ၀က်ဆိုဒ်

ဧရာဝတီ တိုက်ပွဲမပြီးဆုံးသေးပါ
ဧရာဝတီ တိုက်ပွဲ မပြီးဆုံးသေးပါ ဦးသိန်းစိန် သဝဏ်လွှာကို ကြိုဆိုပါတယ်.. ထောက်ခံပါတယ်.. မြစ်ဆုံဆည် တည်ဆောက်ရေး ရပ်ဆိုင်းပေးလို့ ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ မြုပ်ကွက်တွေက.. သဝဏ်လွှာ... စာပိုဒ်တိုင်းမှာ..ပါနေတယ်.. ဒီတော့ သိပ်လဲ ဝမ်းသာမနေ ဘဲ သူ့ရဲ့ စာ (ဒါ အစိုးရ အဖွဲ့ သဘောထား ပါ) ကိုသေသေချာချာဖတ်ကြည့် ကြပါလို့ တိုက်တွန်းအပ်ပါတယ်... ပြီးတော့ ..ဒါတွေဟာဦးသိန်းစိန်ရဲ့ဆန္ဒထက် နောက်ကွယ်က ကြိုးဆွဲနေသူတွေရဲ့ လှည့်စားချက်တွေ... လိုဘ တွေလို့ ထင်မြင်မိပါတယ်...

(၁) ရိုးရိုးလေးစဉ်းစားကြည့်ရင်..ဒီသဝဏ်လွှာမထုတ်ပြန်ခင်..တရုတ်နဲ့ အရင်ညှိရမှာ သေချာတယ်... ကျေနပ်အောင်..ဘယ်နေရာ ကဘာ နဲ့ အစားထိုးပေးမလဲ..တရုတ်က တော့ အနစ်နာ မခံမှာ သေချာတယ်...ဒါကြောင့် " အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။ " တဲ့...ဒါတစ်ချက်...

(၂) စာပိုဒ် (၃)မှာ "တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန် " တဲ့ ...သတင်း update မသိရတဲ့...့ မဆလ ခေတ်တုံးက ဆိုရင်တော့ ယုံချင်စရာစကားလုံးတွေပေါ့... ခုတော့ သဝဏ်လွှာပို့တဲ့ နေ့မှာ ဘဲ ကချင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်... သူတို့ ဆွေးနွေးတဲ့ ဝ က စစ်တပ်အင်အား ၃၀၀၀၀ နဲ့ လေယာဉ်ပစ်ဒုံးတွေပါ ပိုင်တဲ့ အဖွဲ့လေ...အားကြီးသူကိုစေ့စပ်ညှိနှိုင်း အပေးအယူလုပ်..အားနည်းတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေကိုအနိုင်ကျင့် သတ်ဖြတ်...အစိုးရအဖွဲ့ ရဲ့ စာ (.သမ္မတ.ဦးသိန်းစိန် ရဲ့ စာလို့ မသုံးချင်ပါ ) ဟာအဖြစ်မှန်တွေဖုံးထားတယ်..မမှန်ကန်ဘူး..

(၃) စာပိုဒ် (၄) မှာ အကျဉ်းသားများလွှတ်ပေးရေးကိစ္စများကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်း ထားသည့် အခွင့်အာဏာအတွင်းမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ တဲ့ .. ဒီစာပိုဒ် အတွက်တော့ သမ္မတကြီး ကို စာနာမိပါတယ်. " အခြေခံဥပဒေပုဒ်မ ၂၀၄ တွင် ပြ ဋ္ဌာန်းချက်မှာ နိုင်ငံတော်သမ္မတ သည် (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။ (ခ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ၏ ထောက်ခံချက် နှင့်အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည် တဲ့ " ..ဦးသိန်းစိန်ဟာ တကယ်အပြောင်းအလဲ လိုလားတဲ့ သူဆိုရင်တောင်မှ...ကာလုံ..လို့ ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ...လွှမ်းမိုးမှုကို မတွန်းလှန်နိုင်သေးဘူးဆိုတာ ပြသနေပါတယ်...


(၄) ဒါကြောင့်ဘဲ....ဒီမိုကရေစီ ရဲ့ အသီးအပွင့် ဆန္ဒ ပြပွဲ တွေတောင်မလုပ်ရသေးဘူး...ငြိမ်းချမ်းတဲ့ ဆုတောင်းပွဲ ဘုရားပေါ်မှာ လုပ်ဖို့ ကြိုးပမ်းသူတွေကို "ပါတီအချို့နှင့် အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြံရွယ်လုပ်ဆောင်နေ " ဆိုတဲ့ စကားသုံးသွားရတယ်....

(၅) စာပိုဒ် (၆) ရဲ့ မြုပ်ကွက်က တော်တော်ရိုက်ချက်ပြင်းပါတယ်... " ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ ထည့်ဝင်ထားခဲ့ရာ အနာဂတ်တွင် အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်" တဲ့ ...ကဲ..ဘယ့်နဲ့ ရှိစ....ဘာ အတိုးတွေလဲ... လွှတ်တော်မှာ ဘာကြောင့် မဆွေးနွေးကြတာလဲ... ပြည်သူတွေတောင် ငတ်နေတဲ့ ကြားက ဝိုင်းဆပ်ပေးရမဲ့ အပေါက်... ဒီ အကြောင်းရှင်းရှင်းလင်းလင်းပြောသင့်ပါတယ်...

(၆) စာပိုဒ် (၈) နဲ့ (၉) မှာ အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါအ၀င်ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိန်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ ...တဲ့ ... သေသေချာချာ ဆိုလိုရင်း ကို ကြည့်ရင် " မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့်ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခု" ဆိုတာ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း (ရ) ခု....ဧရာဝတီမြစ်ဆုံစီမံကိန်း (၁) ခု ပေါင်း (၈) လို့ ဆိုလိုတာပါနော်.... ဒီတော့ ကျန်တဲ့ စီမံကိန်း ရ ခုမှာ ချီဖွေက ၉၇ ရာခိုင်နှုန်း ပြီးနေပြီ... ၁၉-၀၉-၂၀၁၁ EMG သတင်းအရ.... ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီမံကိန်း ရှစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်မှု ၁၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ချီဗွေငယ် ရေအားလျှပ်စစ်စီမံကိန်းမှာမူ ၉၇ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ပြီး ကျန်စီမံကိန်း ၆ ခုမှာ စူးစမ်းလေ့လာရေးနှင့် တည်ဆောက်ရေးအကြို လုပ်ငန်းများအား ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။ တဲ့..

(ရ) ဒီတော့ သူတို့ က ပြည်သူတွေ ဆန္ဒအတိုင်းမြစ်ဆုံ တော့ ရပ်ထားပေးတယ်...ကျန်တာ ဆက်ဆောက်မယ်ဆိုရင်တော့ ဧရာဝတီ ဟာ ငိုကြွေးမြဲ ငိုကြွေးနေရမှာဘဲ...ကျွန်တော်တို့ ပြည်သူအများစု ဆန္ဒကတော့ ဧရာဝတီမြစ်မှာ ဘယ်ဆည်မှ ဆက်မဆောက်ပါနဲ့ တော့ ...အသက်ငင်နေတဲ့ မြစ်ကြီးကိုလည်း ကုသမှုတွေ ထိထိရောက်ရောက်လုပ်ပေးပါ...မလုံလောက်တဲ့ ဌာနတွေ.. နိုင်ငံတော်ဘတ်ဂျက်တွေ..အစား အထူးစီမံကိန်းကြီးများနဲ့ မြစ်ကြီးကိုကယ်တင်ပေးစေချင်ပါတယ်....

(၈) ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းပြောသလို တက်မ မထောင်ကြပါ နဲ့ အုံး...ဆက်လက် လေ့လာ တောင်းဆိုစရာတွေ ရှိပါသေးတယ်... ဧရာဝတီ တိုက်ပွဲမပြီးဆုံးသေးပါခင်ဗျား...

အောင်မျိုးနိုင်

ဒေါင်းမာန်ဟုန် ဘလော့မှ ကူးယူဖော်ပြပါတယ်။
ဖိုးရှုပ်လေး

No comments:

Post a Comment