Saturday, January 14, 2012

ကိုမင်းကိုနိုင်ရဲ့ ပေါင်းတည်မြို့ရောက် မိန့်ခွန်းလေးပါ


88 မျိုးဆက်ကျောင်းသားခေါင်းဆောင် ထောင်က အထွက် ကိုမင်းကိုနိုင် အိမ်ပြန်လမ်း ပဲခူးတိုင်းပေါင်းတည်မြို့ အရောက် ပေးတဲ့ မိန့်ခွန်းလေးပါ ဖေ့ဘုခ်မှာတွေ့ လို့ ဒေါင်းပြီ်းတင်ပေးလိုက်ပါတယ်။
သီချင်း ၂ ပုဒ်လဲဆိုသွားတယ်ပြောပါတယ်။ အရေးကြီးပြီ (ရေး-ထူးအိမ်သင်) နဲ့ သူကိုယ်တိုင်ထောင်ထဲမှာရေးထားတဲ့ တစ်ပုဒ်ပါတဲ့။ မရောက်ခင်ဖုန်းနဲ့ လှမ်းမေးတော့ ဂစ်တာယူထားပေးပါ သီချင်းဆိုမယ်ဆိုလို့ လူငယ်တွေ ဂစ်တာတွေယူလာကြတာ ဂစ်တာတွေဒါဇင်နဲ့ ချီသွားတယ် လို့ ပေါင်းတည်မြို့ ခံတစ်ယောက်ကပြောပါတယ်။

ဖိုးရှုပ်လေး

No comments:

Post a Comment