လူဖြူ လူမဲ အသားရောင်ခွဲခြားဖိနိုပ်မှုတွေကြောင့် လူမဲလူငယ်တွေက သူတို့ခံစားချက်တွေကို
ရေရွတ်ရင်း Rap၊ Hip Hop သီချင်းတွေပေါ်လာခဲ့တယ်။ နောက် လူငယ်တွေရဲ့ ပေါက်ကွဲသံစဉ်တွေဖြစ်တဲ့၊
Punk, Modern Rock တွေထပ်ပေါ်လာတယ်။ အဲဒီ မြူးဇစ် တွေပေါ်ကနေကျော်တက်ပြီး နံရံပေါ်ဆေးမှုတ်ပြီး
ဆန္ဒ ထုတ်ဖေါ်တဲ့ အလုပ်တွေကို လူငယ်တွေလုပ်လာကြတယ်။ နိုင်ငံတော်တော်များများရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ
ဒီလိုနံရံပေါ်ဆေးမှုတ်ပြီး ဆန္ဒထုတ်ဖေါ်မှုတွေဟာ ကြယ်ပြန့်ခဲ့ပါတယ်။ ကျနော်တို့ မြန်မာပြည်မှာလဲ
၂၀၀၇ စက်တင်ဘာ တော်လှန်ရေးအပြီးမှာ လူငယ်အဖွဲ့ တချို့ဟာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို
ဒီလိုနည်းလမ်းတွေနဲ့ လုပ်ခဲ့ပါသေးတယ်။
ခုမှာတော့ ဒီကနေ့ (၃.၅.၂၀၁၂)
စမ်းချောင်းမြို့ နယ် အ.ထ.က (၂) ရှေ့မှာတွေ့ရတဲ့ နံရံပေါ်ကစာကတော့ ဒီလိုပါ။
လူငယ်တွေရိုင်းလှချည်လား။
အဲလိုမေးမလား။
ပညာရေးဆိုတာကြီး ဘာကြောင့် ဒီလောက်တောင်ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ခိုင်းနှိုင်းကြပါသလဲ။
ပညာရေးဆိုတာကြီး ဘာကြောင့် ဒီလောက်တောင်ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ခိုင်းနှိုင်းကြပါသလဲ။
လူဆိုတာ အလိုလိုနေရင်းနဲ့တော့
ဆဲဆိုမနေဘူး မခံရပ်နိုင်တဲ့ အကြောင်းတခုရှိလို့ ဆဲရေးတိုင်းထွာ တာပါ။
မြန်မာပြည်က လူငယ်စစ်စစ်တွေဆိုရင်
မြန်မာပြည်ပညာရေးရဲ့ ဆုတ်ယုတ်မှု၊ ဆိုးဝါးမှု တွေကိုသိကြမှာပါ။
ကျနော်ဒီမနက် လမ်းလျှောက်ထွက်ရင်း
တွေ့လိုက်ရတာပါ။ ကျနော့် ဘလော့ကို ဒီ ဓါတ်ပုံသတင်းလေးနဲ့ပဲ အသက်ပြန်သွင်းလိုက်ပါတယ်။
ဖိုးရှုပ်လေး (၃.၁.၂၀၁၂)
ဖိုးရှုပ်လေး (၃.၁.၂၀၁၂)
Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog
ReplyDelete