

အောက်ကပုံလေးကတော့ ယခုကျင်းပမယ့်ပွဲရဲ့ ပိုစတာပါ ယှဉ်ကြည့်လို့ရအောင်တင်ပေးလိုက်တာပါ။








ဖိုးရှုပ်လေး :)
နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားမှု များ ကို ရန်ကုန် ၊မန္တလေး နှင့်
တစ်နိုင်ငံလုံး က သံဃာများ မကြာခင် စတင်တော့ မည် ဟု FNG မှ သတင်း ရရှိ သည်။သံဃာ
မဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားမှု များ ကို ရန်ကုန် ၊ မန္တလေး နယ်မြို့ များ တွင် စတင်
သလို ပင် တစ်ချိန် တည်း တစ်ပြိုင် တည်း တွင် စစ်တွေ ဉ်လည်း စတင် မည် ဖြစ်ကြောင်း စစ်
တွေ မြို့  သံဃာတော် တစ်ပါး က FNG သို့  မိန့် ကြားတော် မူသည်။သတင်းဖေ့ဘုခ် FNG မှ....
သံဃာ့မဟာနာယက ဆိုတာဘာလဲ ..
သံဃာ့မဟာနာယကအဖွဲ့ကြီးကို မဆလ တပါတီအာဏာရှင် ဦးနေ၀င်းရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ၁၃၄၂ ခုနှစ် နယုန်လ (၁၉၈၀ ပြည့်နှစ် မေလ) မှာ ဂိုဏ်းပေါင်းစုံက သံဃာတော် (၁၂၀၀) ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူကြီးအတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။
သံဃာ့ကိုယ်စားလှယ် ၁၂၀၀ ထဲမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အပါး (၃၀၀) ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲကမှ သံဃာ့မဟာနာယကဆရာတော် (၃၃) ပါး (နောက်ပိုင်း (၄၇) ပါး) ကို ထပ်မံရွေးချယ်ခဲ့ပြီး ရန်ကုန်မြို့မှာ ရုံးထိုင်စေခဲ့တာပါ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်ဖို့ပါ။
သံဃာ့နာယကအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ထင်ရှားတဲ့ မန္တလေးက စာသင်တိုက်ကြီးအချို့က ဆရာတော်ကြီးတွေက သဘောမကျခဲ့တာ အမှန်ပါ။ သံဃာ့နာယက ဖွဲ့စည်းပြီးရင် စစ်အစိုးရက သံဃာ့နာယက အဖွဲ့ကို အသုံးချပြီး သံဃာတော်တွေကို ဖိနှိပ်လာလိမ့်မယ်ဆိုတာ မြင်တော်မူပါတယ်။ သာသနာရေးဌာနက အကောင်ကြီးကြီးတွေကိုယ်တိုင် ဆရာတော်ကြီးတွေထံ ချဉ်းကပ်ပြီး သံဃာ့နာယက အဖွဲ့အစည်းထဲဝင်ဖို့ စည်းရုံးဖူးပါတယ်။ ဆရာတော်ကြီးတွေက လက်မခံဘဲ သံဃနာယကအဖွဲ့နဲ့ ကင်းကင်းနေပြီး စာသင်စာချအလုပ်တွေကိုပဲ ကြိုးစားလုပ်ဆောင်နေခဲ့ကြပါတယ်။ အဲဒီလိုဆရာတော်ကြီးတွေကို နှစ်စဉ်ဆက်ကပ်နေကြ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်နဲ့ အဘိဓဇဘွဲ့တော် ရနိုင်တဲ့အရည်အချင်းတွေရှိပေမယ့် မပေးပဲ အာဏာပိုင်တွေက ချောင်ထိုးထားခဲ့ပါတယ်။ ဆရာတော်ကြီးတွေကတော့ အာဏာရှင်တွေနဲ့ မပတ်သက်ချင်လို့ ဘွဲ့တံဆိပ် မဆက်ကပ်လေ ကြိုက်လေပါ။
ပါတီမှတ်ပုံတင်သင့်/မတင်သင့်ကိစ္စနှင့်ပတ်သက်၍ အလေးထားကြရမည့်
NLD ဆုံးဖြတ်ချက်၊ ဝေဖန်ထောက်ပြချက်နှင့်
လမ်းညွှန်မှာကြားချက်များ
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တွင် ပါဝင်သည့် ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသော အချက် (၁၂) ချက်
၁။ နိုင်ငံတော်၏ အခြေခံမူများ၌ `နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်´ ဟု ချမှတ်ထားခြင်း၊
၂။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ အရည်အချင်းများတွင် `စစ်ရေးအမြင် ရှိရမည်´ ဟူသော အချက်ကို ထည့်သွင်းထားခြင်း၊
၃။ ဥပဒေပြုရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား (၂၅) ရာခိုင်နှုန်းပါဝင်နေ ခြင်း၊
၎။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရပါက၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပြီးဖြစ်သည်ဟု သတ်မှတ်ထားပြီး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် ခန့်အပ်ထားသော တပ်မတော်သား ကိုယ်စားလှယ်များကိုမူ အငြိမ်းစားယူရန် သို့မဟုတ် နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း၊
၅။ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတက ရယူရခြင်း၊
၆။ ရာထူးမှ နှုတ်ထွက်ရမည့် အထက်ပါတပ်မတော်သားဝန်ကြီး၊ ဒုတိယ၀န်ကြီးတို့နှင့် ပတ်သက်လျှင် နိုင်ငံတော် သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ခြင်း၊
၇။ အုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ စီရင်စုတို့တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား များ ပါဝင်ခြေင်း၊
၈။ အမျိုးသားကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို (၁၁) ဦးဖြင့် ဖွဲ့စည်းထားရာ ဒုတိယသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး၊ စုစုပေါင်း (၆) ဦးတို့ဖြင့် အများစုမဲ (Majority Vote) ကို တပါတည်း ရယူထားခြင်း၊
၉။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင် ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊
၁၀။ တပ်မတော်နှင့်စပ်လျဉ်း၍ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်ဟု ထည့်သွင်းထားခြင်း၊
၁၁။ အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း၊
၁၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို့မျှ ပြင်ဆင်ခွင့်မရနိုင်အောင် သတ်မှတ်ထားခြင်း၊
စသည်တို့ဖြင့် `အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်´ ဟူသော ဒီမိုကရေစီမူ များနှင့် ညီညွှတ်ခြင်းမရှိဘဲ ရေးဆွဲထားသည်ကို တွေ့ရှိရပါသည်။
(`၂၀၀၈ ခုနှစ်၊ မတ်လ (၃၁) ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၄/၀၃/၀၈´ မှ ...)
ရွှေဂုံတိုင်ကြေညာစာတမ်းက အဓိကကိုင်စွဲထားသော အချက် (၄) ချက်
၁။ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြန်လည်သုံးသပ်ပြင်ဆင်ရေး။
၃။ ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရေး။
၎။ တွေ့ဆုံဆွေးနွေးရေး။
(၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပြန်သော “ရွှေဂုံတိုင်ကြေညာ စာတမ်း” မှ …)
ပါတီမှတ်ပုံ ပြန်တင်သင့်/မတင်သင့်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက် (၆) ရပ်
၁။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လုံးဝလက်မခံနိုင်။ အဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရ မည်။
၂။ တရားမျှတမှုမရှိ၊ တဖက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းမကျ။
၃။ အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
၎။ အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝမကြိုက်၊ လက်မခံ။
၅။ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက် ဆောင်ရွက်သွားမည်။
၆။ အဖွဲ့ချုပ်ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။
(၂၉-၃-၂၀၁၀ ရက်နေ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အထူးအစည်းအဝေးသို့ ဦးဥာဏ်ဝင်းမှ တဆင့်ပေးပို့သော မှာကြားချက်မှ ...)
ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ရေးကော်မတီဖွဲ့စည်းပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေပြန်လည်သုံးသပ်ရေး လုပ်ငန်းကို ဆောင်ရွက်ရန်
NLD ၏ တောင်းဆိုအကြံပြုချက်
အတင်းအဓမ္မ အတည်ပြုထားသော ဤဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုအများစုကြီးက လက်မခံနိုင်ကြ ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည် တိုင်းပြည်၏ အသက်သွေးကြောဖြစ်ပါသည်။ ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ချို့ယွင်းချက်၊ အားနည်းချက်များရှိပြီး အများပြည်သူ ယုံကြည်လက်ခံနိုင်ခြင်းမရှိပါလျှင် မည်သို့မျှ နိုင်ငံတည်ငြိမ်မှုရှိမည် မဟုတ်ကြောင်းကို အာဆီယံအဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံတနိုင်ငံ၏ လောလောဆယ် ရှုပ်ထွေးနေသည့် နိုင်ငံရေးအခြေအနေ က သင်ခန်းစာပေးပြီး ဖြစ်ပါသည်။ နိုင်ငံရေးစနစ်တခုအပေါ်တွင် အခြား စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စများသည် တည်မှီနေပါသည်။ သို့ပါ၍ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးစုများအပါအ၀င် ပြည်သူလူထုအများစု လက်ခံနိုင် သော ဖွဲ့စည်းပုံအခြေခံဥပဒေ တခုပေါ်ပေါက်ရေးအတွက် အောက်ပါအချက်များကို အာဏာပိုင်များက ဆောင်ရွက်ပေးပါ ရန် အကြံပြုလိုက်ပါသည်။
(၁) အာဏာပိုင်တို့က ၎င်းတို့ကိုယ်တိုင် ပြဌာန်းထားသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၃ နှင့်အညီ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူဖွဲ့စည်းပေးရန်၊
(၂) ယင်းပြည်သူ့လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးကော်မတီကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အပစ်အခတ်ရပ်စဲထားသော လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များဖြင့် ဖွဲ့စည်း ပေးရန်၊
(၃) ဤကော်မတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေးလုပ်ငန်းကို (၆) လအတွင်း အပြီးဆောင် ရွက်ရန်၊
တို့ကို အာဏာပိုင်တို့က စီမံဆောင်ရွက်ပေးနိုင်ရန် အကြံပြုပါသည်။
သို့မှသာ အာဏာပိုင်တို့သည် မိမိတို့ပြဌာန်းထားသည့် ဥပဒေ၊ ထုတ်ပြန်ထားသည့် ကြေညာချက်၊ ပြောကြား ထားသည့် ကတိစကားများကို လေးစားလိုက်နာရာကျပါမည်။ ကုလသမဂ္ဂအထွေထွေညီလာခံအသီးသီး၏ ဆုံးဖြတ်ချက် ဖြစ်သော "၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရေး" နှင့် ကုလသမဂ္ဂ၏ တိုက်တွန်းချက်၊ တောင်းဆိုချက်များဖြစ်သော "နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ အသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်သူများအားလုံး (all inclusive) ပါဝင်ခွင့်ရှိရမည်" ဟူသော အချက်တို့ကိုလည်း အာဏာပိုင်တို့က တနည်းနည်းဖြင့် အကောင်အထည်ဖော်ပေးရာကျပါမည်။
(၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက်အမှတ် - ၁၈/၀၉/၀၈ မှ ကောက်နုတ်ချက်)
ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရေးကို NLD ဘက်မှအထူးကိစ္စတရပ်အနေဖြင့် ထည့်သွင်းစဉ်းစားနိုင်ရန်
စစ်အစိုးက မဖြစ်မနေဆောင်ရွက်ပေးရမည့် အချက်(၃)ချက်
ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲဟူသည် ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထား သည်။ အဖွဲ့ချုပ်သည် ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်၊ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူ လူထုနှင့် တသားတည်းရှိနေမည် ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲ ကို မိမိအစီအစဉ်ဖြင့် တဖက်သတ် ကျင်းပမည်ဆိုပါက ...
(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်၊
(၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်၊
(၃)အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ် လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူတရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး ရည်မျှော်၍ ပေါ် ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသောဥပဒေတို့ကို လေ့လာပြီး အထူး ကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။
(၂၀၀၉ ခုနှစ်၊ ဧပြီလ (၂၉) ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ "ရွှေဂုံတိုင်ကြေညာစာတမ်း" မှ ကောက်နုတ် ချက်)
အချိန်က လူကို ခေါ်သွားတာ
လူက အချိန်ကို ခေါ်သွားတာ
တွေးရင်း ပြေးရင်း မြင့်တက်သွားရဲ့
လိုချင်သေးတယ်
ဒီညလပြည့်နေ့
မင်းအမေကို ခွင့်တောင်းထား
နင်လဲနင့် အမကိုပြောထား
မင်း အဖေ ခရီးသွားတော့ မင်းကတော့ ရှယ်ပဲ
ထမင်းစားပြီး လျှောက်မပြေးနဲ့
ခလုပ်တိုက်ရင် ပွန်းပဲ့ကုန်မယ်
အပြင်ထွက်ရင် “ဖွ.. ဖွ..” အော်နော်
ဒီ အဖွားကြီ်း စကားတော်တော်များပါလား
စိမ်ပြီဆိုတာနဲ့ ရိုင်းလားဘာလား မသိတော့ဘူး
ထမင်းရည် ပူစီး နင်းမိတော့လဲ
ငါ အရှုံးပေးလိုက်ရတာပေါ့
ချွေးတွေက ငါ့ပျော်ရွှင်မှု ကိုလောင်းနေတဲ့ ရေတခွက်ပါ
ပင်ပန်းလွန်းလို့ ခြေရေတောင်မဆေးနိုင်ဘူး…
ခြေရေသာ မဆေးတာ
လက်ဝါးနှစ်ဖက်ပူးကို ပူးရမယ်ဆိုလို့
ပူးပေးလိုက်ရသေးတယ်…
ခုတော့ လဲ
၃၈ဖြာ နားခါးတယ်လေးဘာလေးပေါ့
ခါးတယ်ဆိုပေမယ့် လိုချင်ပါသေးတယ်
လရိပ်ခိုတဲ့ နာရီတွေကို…
မိုက်ခဲ (၁၆.၅.၂၀၁၁)
ဒဂုံဆိပ်ကမ်း တောင်သူလယ်သမား ၄ဝကျော် အိုးအိမ်ဦးစီးဌာနရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်
ဒဂုံဆိပ်ကမ်း တောင်သူများ အောက်တိုဘာလ ၂၇ ရက်(ယခု မနက်ပိုင်း) နံနက် ၉ နာရီခွဲခန့်က အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်မှုကို ၁ဝ မိနစ် ခန့်ကြာ ပြုလုပ်ခဲ့သည်။ တောင်သူလယ်သမား အခွင့် အရေး၊ လန-၃၉ အမိန့်ဖျက်သိမ်း ပေးရေး၊ ကမ္ဘာ့စားနပ်ရိက္ခာပြည့်စုံ ရေး စသည့်ဆန္ဒထုတ်ဖော်မှု ဆိုင်းဘုတ် များကို ကိုင်ဆောင်ကာ လယ် သမား ၄ဝ ကျော်ခန့်သည် အိုး အိမ်ဦးစီးဌာနရုံးရှေ့ရှိ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ ပလက်ဖောင်းပေါ်ထိုင်ကာ ဆန္ဒထုတ်ဖော်ပြ ခဲ့ခြင်းဖြစ် သည်။ ”သူတို့က ဘာမှ အော်ဟစ် ဆူညံတာမလုပ်ပါဘူး။
ကိုဖိုးဖြူ ကတော့ မီဒီယာကို သူတို့လာရောက် ဆန္ဒထုတ်ဖော်ပြသခြင်း နဲ့ပတ်သက်ပြီး ရှင်းပြနေတယ်။ နောက် သိပ်မကြဘူး၊ ထွေအုပ်ရုံးနဲ့ ရဲမှူးတွေရယ်၊ လုံခြုံရေးရဲကား ၇ စီးလောက်ရောက်လာပြီး လူစုခွဲ လိုက်တယ်။ ကိုဖိုးဖြူက တောင်သူ တွေအားလုံးကို စီးလာတဲ့ကားပေါ် ပြန်လွှတ်ပြီး သူတို့ထဲက ၁၁ ဦးက အိုးအိမ်မှတွေ့ပြီး တောင်းဆိုစရာရှိ လို့ နေခဲ့မယ်ပြောတယ်။ ရဲတွေ ဘက်က လက်မခံဘူး အတင်းပြန် လွှတ်လိုက်တယ်”ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူတစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောကြားသည်။
ဒဂုံဆိပ်ကမ်း လယ်ယာမြေများ အား ယခင်တပ်မတော် အစိုးရ လက်ထက်ကတည်းက အထူးစီးပွား ရေးဇုန် ပြုလုပ်ရန် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ၄င်းလယ် သမားတို့က လျော်ကြေးမလို လယ်သမားစိုက်ပျိုးခွင့် သာလိုသည်။ ဓာတုမြေသြဇာ ဆန့်ကျင်ရေး၊ တောင် သူလယ်သမားနှင့် လယ်ယာမြေ ခွဲဝေပေးလျှင် ဓာတုကင်းလွတ် စိုက် ပျိုးရေးဇုတ်လုပ်မည် အပါအဝင် လယ်စိုက်ဧကမလျော့ပါးရေး လန-၃၉ အမိန့် ဖျက် သိမ်းပေး စသည့် ဆန္ဒပြုဆိုင်းဘုတ်များကိုင်ဆောင်၍ ယခုကဲ့သို့ လာရောက်ဆန္ဒဖော်ထုတ် ခြင်းဖြစ်သည်။
မိုးမြင့်မြတ်၊ ထက်ထက်မိုးမြင့်
သတင်း သစ်ထူးလွင် မှ ဖေါ်ပြသည်။
ဖိုးရှုပ်လေး
" ကဗျာ ဆရာ ရဲ့ အိမ် အပြန်"
စနေနေ့ ညကတဲ့
လှသန်း၊ ကြည်မောင်သန်း
နိမိတ်ထွန်းသန်း၊ စံသိုက်
လိပ်ပြာသန့်သန့်၊ ရန်မခ
မောင်သီးသန့် အားလုံးပြန်သွားပြီ...
ကြည့်မြင်တိုင်ကဆိုင်ကို မလာတော့ဘူး။
လေထန်ကုန်းကို ခြေဆုံကန်ပြီ။
ကျုပ်သိလိုက်တုန်းက
ဝါးဓနိတွေနဲ့ သားအမိတွေဆိုတာ
အဲဒါခင်ဗျား ခင်ဗျား
"စောက်ရမ်း စောက်ရမ်း" ခဏခဏပြောတဲ့လူ
ဆံရှည်ကိုယ်တော်
အဖေ့ဆီလာတုန်းတော့ ဆုံဖူးတာ ခဏခဏ
ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတက်တဲ့လူ..
ခင်ဗျားပြန်သွားပြီလား။
ကဗျာတွေကို ရေလည်ရေးရင်း
လ္ဘက်ရည်ဆိုင်က
မုဆိုးမ စစ်တမ်းထဲ
ခင်ဗျားထပ်တိုးလိုက်ပြန်ပေါ့။
ဖိုးရှုပ်လေး (ကြည်မောင်သန်းကွယ်လွန်ခြင်းအတွက်)
မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီမှ ထုတ်ပြန်
သတင်းထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ (သို့) အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီး၊ ရဲဘက် စခန်းများနှင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆို နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ပါသည်။ အေအေပီပီမှ ပြုစုထားသောစာရင်းတွင် ထည့်သွင်းဖော်ပြထားသော ဖမ်းဆီးခံရသူ တစ်ဦးချင်းသည် နိုင်ငံရေးနှင့်သက်ဆိုင်ပြီး အကျဉ်းချခံထားရသူများဖြစ်ကြပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိသည်ဆိုခြင်းကို ငြင်းဆန်ခဲ့ကြပါသည်။ ထိုသို့ပင် လက်ရှိ ဦးသိန်းစိန်၏ အစိုးရသစ်သည်လည်း ငြင်းဆန်နေဆဲဖြစ်ပါသည်။ ထို့အတွက် မတရားသည့် အုပ်ချုပ်မှုအား ဆန့်ကျင်သူများသည် ရာဇ၀တ်ပုဒ်မများနှင့် မတရားစွဲဆိုကာ ရာဇဝတ်အကျဉ်းသားများအဖြစ် သတ်မှတ်ခံနေရပါသည်။ ဥပမာအားဖြင့် အာဏာပိုင်များသည် ၄င်းတို့အား ဆန့်ကျင်သော နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းထောက်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားများနှင့် အလွှာအသီးသီးမှ ပြည်သူလူထုအား အခြေအမြစ်မရှိသော ရာဇဝတ်မှုများဖြင့် မတရားသက်သက် သိက္ခာချကာ တရားစွဲဆို ထောင်သွင်းအကျဉ်းချခဲ့ပါသည်။ ထို့အတွက် အေအေပီပီ မှ နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ရာတွင် ၄င်းတို့အားစွဲဆိုထားသော အမှုများထက် တစ်ဦးချင်းစီ၏ နိုင်ငံရေးလှုပ်ရှားများအပေါ် ခွဲခြားဆုံးဖြတ်ပါသည်။ ခြုံငုံပြောရမည်ဆိုလျှင် ၄င်းတို့မည်သည့်အတွက်ကြောင့် အဖမ်းခံရသည် အကျဉ်းချခံရသည်ဆိုသည့် နိုင်ငံရေးလှုပ်ရှားမှု နောက်ခံအား ဦးစားပေးဆုံးဖြတ်ပါသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်မှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် မကြာခင် သင့်တော်သည့် အချိန်တွင် အကျဉ်းသားများအား လွှတ်ပေးရန်ရှိပါသည်ဟု ပြောကြားပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများလွတ်လာမည်ဟူသော သတင်းများ ပြန့်နှံ့လာပါသည်။ နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးအကျဉ်းသား စကားလုံးအား ထည့်သွင်းပြောဆိုသွားခြင်းမရှိသော်လည်း လက်ရှိဦးသိန်းစိန်အစိုးရမှ အုပ်ချုပ်သူများအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်မည်ဆိုလျှင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်ပြီး ၄င်းတို့အပေါ်မတရားချမှတ်ထားသည့် ရာဇဝတ်မှု မှတ်တမ်းများကိုလည်း ပယ်ဖျက်ပေးရမည်ဖြစ်သည်။
အေအေပီပီ အနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားကိုမဆို လွှတ်ပေးခြင်းအား ကြိုဆိုသော်လည်း လက်ရှိအစိုးရသည်လည်း ပြည်သူလူထု၏အခြေခံလူ့အခွင့်အရေးများနှင့် နိုင်ငံသားအခွင့်အရေးများအား အသိအမှတ်မပြုရုံမျှမက ထိုအခွင့်အရေးများအတွက် လုပ်ဆောင်သူများ၊ တောင်းဆိုသူများအား ဖမ်းဆီးကာ ရာဇဝတ်မှုများနှင့်စွဲဆို အကျဉ်းချနေဆဲဖြစ်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သာမန် ပြည်သူလူထုသည် ဖမ်းဆီးခံရမည့်အရေး၊ အကျဉ်းချခံရမည့်အရေးများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်လက်ခံမှုကို ရယူလိုလျှင် အမှန်တကယ်စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှုများအား ဖော်ဆောင်ကာ မကြာတော့မည့် အနာဂတ် ကာလတွင် စိတ်ရင်းစေတနာမှန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အား ထုတ်ပြန်ရပါမည်။
မှတ်ချက် ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့အား အထောက်အကူဖြစ်စေရေးအတွက် အေအေပီပီအနေဖြင့် လက်နက်ကိုင် တော်လှန်ရေးတွင်ပါဝင်သူများနှင့် ရာဇ၀တ်ပုဒ်မများနှင့် တမင်သိက္ခာချ စွဲချက်တင်ခံရသူ နိုင်ငံရေး လှုပ်ရှားသူများ အားပေးကူညီများအား နိုင်ငံရေးအကျဉ်းသားများမဟုတ်ဟု ခွဲခြားသတ်မှတ်မည်မဟုတ်ပါ။ အေအေပီပီအနေဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါဝင်ဆောင်ရွက်မှုကြောင့် ထောင်သွင်းအကျဉ်းချခံရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ပါသည်။
Download > အချက်အလက် အပြည်အစုံ.pdf
နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)