Thursday, June 30, 2011

ပြင်းထန်စွာကန့်ကွက်ခြင်း

ပြည်ထဲရေးဝန်ကြီးဌာန မှ NLD သို့ ပေးပို့သော အကြောင်းကြားစာကိုပြင်းထန်စွာ ကန့်ကွက်ပါသည်။

DPNS Statement to Protect and Support the NLD


ဖိုးရှုပ်လေး

ပြည်ထဲရေး အကြောင်းကြားစာနဲ့ NLD ရဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စ ကြေငြာချက်



Reply Letter by NLD


ဖိုးရှုပ်လေး

Sunday, June 26, 2011

အတုရောင် အပစ်အခတ်ရပ်ဆဲရေးမှ ပြည်တွင်းစစ်သို့ (ABSDF)

From Bogus Cease Fire to Civil War

ကိုနစ်နေမန်း ဆီမှကူးယူဖေါ်ပြပါသည်။

ဖိုးရှုပ်လေး

Saturday, June 25, 2011

ရှာဖွေတွေ့ရှိချက်!


တွေ့တာလေး တွေ့သလို တင်ပေးလိုက်တာ

ဖိုးရှုပ်လေး

Friday, June 24, 2011

၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ ကဒီလိုပြောတဲ့ ဗုံးသတင်း



စစ်အစိုးရ နှင့် ကချင်စစ် အပေါ်ပြောကြားချက်များနှင့် ကြေငြာချက်များ စုစည်းမှု

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အမှာစကား (ငြိမ်းချမ်းရေး အတွက်ပြောကြား)



DKBA (စောလားပွယ်) ကြေငြာချက်
NLD ကြေငြာချက်

၁၇ နှစ်ကြာ စစ်ပွဲတွေ သေနတ်သံတွေရပ်ဆဲခဲ့တဲ့ ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်တွေအကြား အသစ်တဖန် တိုက်ပွဲတွေဖြစ်ပွားလာတာတွေရဲ့ အခြေခံအကြောင်းတရားများ မှ ကျနော် ဖိုးရှုပ်လေး ကောက်နုတ်တင်ပြချက်။


ဧရာဝတီ သတင်းထောက်ကို ဘကောင်းပြောကြားချက်
''ဒီစစ်ပွဲဇွန်လ ၉ ရက်နေ့ စဖြစ်ကထဲက KIA ဘက်ကနေ အကျအဆုံးသုံးယောက်ရှိတယ် အစိုးရဘက်ကလဲ အတန်အသင့်ကျဆုံးတယ်လို့ ကြားရတယ် ဒါပေမယ့် အစိုးရ မီဒီယာတွေက သိတဲ့ အတိုင်းဒါနဲ့ပက်သက်ပြီးထုတ်ပြန်ကြေငြာခြင်း မရှိဘူး"

"ကျနော့် အမြင်ကတော့ ဒီစစ်ပွဲဟာ (၁၉၉၄) မတိုင်ခင် KIA နဲ့ ဗမာအစိုးရတိုက်နေတဲ့ စစ်ပွဲထက် အများကြီးထူးခြားမှုရှိတယ် ဟိုတုန်းကတော့ တိုင်းရင်းသားနဲ့ ဗမာအစိုးရနဲ့ တိုက်တဲ့ တိုက်ပွဲပေါ့ ခုတော့ KIA နဲ့တိုက်တာ အဲလိုမျိုးတော့မဟုတ်တော့ဘူးဗျ ပုံစံကတော့တမျိုးတမည်ပြောင်းလဲသွားတယ် ပြန်ကြည့်မယ်ဆိုရင် KIA ဟာမြန်မာအဆိုးရနဲ့တိုက်နေရတယ် သွယ်ဝိုက်တဲ့ နည်းအားဖြင့် တရုတ်နဲ့လဲစစ်တိုက်နေရတယ်လို့ ကျနော်တို့ကပြောလို့ရတယ် ဗမာအစိုးရအတွက်တော့ စီးပွားရေးတိုက်ပွဲပဲ၊ ဒီနေရာဟာသရံဇာတစစ်ပွဲ၊ မဟာဗျူဟာစစ်ပွဲပဲ ဒါပေမယ့် KIA ဘက်ကဆိုလို့ရှိရင်တော့ ၁၉၆၁ ခုနှစ်လောက်ကတည်းက စတင်ခဲ့တဲ့ အမျိုးသားရေးစစ်ပွဲ ပါပဲ။ သူတို့ဒီကချင်ပြည်နယ်ထဲကိုလာပြီးတော့မှ ရင်းနှီးမြုတ်နှံမှုတွေ အကြီးအကြယ်လုပ်ကြတယ် တရုတ်ကုမ္မဏီကြီးတွေ ကမ္ဘာပေါ်မှာ အင်မတန်ကြီးတဲ့ ကုမ္မဏီကြီးတွေ ပေါ့ဗျာ China Power Investment တို့ China Data Corporation တို့ ကုမ္မဏီကြီးတွေ လာလုပ်ပြီးတော့ လုပ်တဲ့အခါ ဖြစ်ပေးလာတဲ့ ပတ်ဝန်းကျင် ရိုက်ခတ်မှုတွေ အစရှိတဲ့ မကောင်းတဲ့ အကျိုးရလဓ်တွေနဲ့ ပက်သက်ပြီး ဘာမှ အကြိုတင်တားစီးတာ လုပ်ဆောင်မှုတွေ မတွေရဘူး ပြီး ၊အဓမ္မ ရွေ့ပြောင်းခိုင်းမှု နဲ့ပက်သက်ပြီးတော့ ဒေသခံပြည်သူလူထုကို အစိုးရက ဘာမှနစ်နာကျေးပေးတာ မရှိဘူး နောက်ပြီး အဓီကမကျေနပ်တာ တခုက ဒီကထွက်လာတဲ့ ရေအားလျှပ်စစ်ပေါ့ဗျာ ရေအားလျှပ်စစ်ဆိုလို့ရှိရင် တရုတ်ပြည်ကို ရောင်းတယ် နောက်ပြီးတော့ ဒီကရလာတဲ့ပိုက်ဆံကျတော့နေပြည်တော်ကို ရတယ် အဲဒီလို အခြေအနေမှာပက်သက်ပြီးတော့ KIA ကလု အထူးမကြေနပ်ဘူး ဒေသဆိုင်ရာပြည်သူလူထုကလဲ အထူးမကြေနပ်ဘူး ဒီအခြေအနေကနေပြီးတော့ အမြစ်တည်လာတာပေါ့ဗျာ။ တချားတစ်ခုကတော့ နယ်ကြားစောင့်တပ်ဖွဲကို ပြောင်းခိုင်းတယ်ပေါ့ ဒါနဲ့ပက်သက်ပြီးတော့ ခုချိန်ထိ မပြောင်းလဲတဲ့ ကိစ္စနဲ့ ပက်သက်ပြီးတော့ တင်းမာမှုတွေဆက်ဖြစ်တယ်ဆိုတဲ့သဘောပေါ့ဗျာ။ "

ဖိုးရှုပ်လေး အသံဖိုင်ပြန်ဖြည်ပါသည်။

အပြည့် အစုံနားထောင်ချင်ရင်
အောက်မှာလင့်
RFA က ဧရာဝတီ စကားဝိုင်း (ဇွန် ၂၃၊ ၂၀၁၁)


KIO Response
ဖိုးရှုပ်လေး

Tuesday, June 21, 2011

အစိုးရတပ်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ဆဲ


ရန်ပိုင် Monday, 20 June 2011 17:44


ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ ထိတွေ့ ရင်ဆိုင်ထားသည့် နယ်မြေများတွင် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း KIA က ပြောသည်။

kachin_yan_pai

လိုင်ဇာရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်တွင် ၂၀၀၉ ခုနှစ် စစ်ရေးပြအခမ်းအနား၌ တွေ့ရသော KIA စစ်သမီးများ (ဓာတ်ပုံ - Kachin News Group)

KIA တပ်များက မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ နန်ဆန်ယန် ကျေးရွာ အခြေစိုက် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ) ရုံးကို ယမန်နေ့နံနက်က ဗုံးခွဲတိုက်ခိုက် ခဲ့ကြောင်း၊ သို့သော်လည်း အသေအပျောက်မရှိကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“ဗုံးခွဲတယ်ဆိုတာ လူထုကို ထိခိုက်ဖို့ လုပ်တာမဟုတ်ပါဘူး။ အစိုးရ စစ်ရေးမဟာဗျူဟာကို ကြိုပြီး ဟန့်တားတာပါ” ဟု ၎င်းက ဆိုသည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း KIA တပ်မဟာ ၅ ထိန်းချုပ်ရာ မိုးညှင်းမြို့နယ်အတွင်းရှိ ဆင်ဘိုစခန်းတွင် တပ်စွဲထားသည့် ခလရ ၁၄၁ နှင့် ခလရ ၁၄၂ တို့နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားကြောင်း၊ အစိုးရတပ်ဘက်မှ တပ်သား ၅ ဦးကျဆုံးကြောင်း ဦးလနန်က ဆက်လက် ပြောသည်။

ထိုအစိုးရတပ် အကျအဆုံး သတင်းနှင့် ပတ်သက်၍ ဧရာဝတီမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ တရုတ်-မြန်မာနယ်စပ် မိုးမောက်ဒေသရှိ တာပိန်ရေကာတာ အနီး ဘွန်ဆွမ်တောင်ကုန်းတွင် တပ်စွဲထားသည့် KIA တပ်များကို အစိုးရတပ်က ဖယ်ရှားရန် ကြိုးစားရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်သည်။

KIA အနေဖြင့် ဘွမ်ဆွမ်တောင်ကုန်းအနီးရှိ စခန်းတချို့မှ ရုပ်သိမ်းပေးခဲ့ရသော်လည်း စစ်ရေးအရ အရေးပါသည့် ဘွမ်ဆွမ်တောင်ကုန်းကို သိမ်းပိုက်ထားဆဲဖြစ်ကြောင်း၊ အစိုးရနှင့် ရင်ဆိုင်ထိတွေ့ထားသည့် နေရာများတွင် နှစ်ဖက်စလုံး တင်းမာမှုများ၊ စစ်အင်အား ဖြည့်တင်းမှုများရှိကြောင်း ဦးလနန်က ဆက်လက်ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် တင်းမာမှုများနှင့်ပတ်သက်၍ KIA က တရုတ်နိုင်ငံကို ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပြီး အစိုးရကလည်း အပစ်အခတ်ရပ်စဲရန် ကချင်အတိုင်ပင်ခံကောင်စီကို စေလွှတ်ခဲ့သည်။

ဇွန်လ ၁၈ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် KIA အဖွဲ့သည် ကချင်ပြည်နယ် အတွင်းရှိ ဒေသဖွံဖြိုးရေး လုပ်ငန်းများကို ဟန့်တားနှောက်ယှက်ခြင်း၊ ရေအားလျှပ်စစ် စီမံကိန်းလုပ်ကိုင်နေသည့် တရုတ် ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဗန်းမော်ခရိုင်သို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်ကို မိုင်းထောင်ဖောက်ခွဲခြင်း၊ လူထုအတွက် အရေးပါသည့် တံတား ၂၅ စင်းကို ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ကြောင်း ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် မိမိနိုင်ငံ၏ အရေးကြီးသည့် လျှပ်စစ်စီမံကိန်းကို ကာကွယ်စောင့်ရှောက်လိုသည့် ရည်မှန်းချက် တခုတည်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်လိုဖိနှိပ် တိုက်ခိုက်လိုခြင်းမရှိဟု ရေးသားထားသည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရက တရုတ်ကုမ္ပဏီများနှင့် ပူးတွဲ၍ မြစ်ကြီးနားမြို့အနီးတွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ ရွှေလီရေအားလျှပ်စစ်စီမံကိန်း၊ တာပိန်ရေအားလျှပ်စစ် စီမံကိန်းများကို ၂၀၀၆ ခုနှစ်ခန့်က စတင် အကောင်အထည်ဖော်နေသည်။

From http://www.irrawaddy.org/bur/

4Shoke Lay

Saturday, June 18, 2011

အန်တီစုမွေးနေ့ အထိမ်း အမှတ် နှင့် ၁၅ ကြိန်မြောက် မြန်မာနိုင်ငံ အမျိုး သ္မီးများနေ့ ထုတ်ပြန်ကြေငြာချက် ။

Statement on 15th Anniversary of Women's Day of Burma

ဖိုးရှုပ်လေး

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ သဘောထားထုတ်ပြန်ချက်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှ တိုင်းရင်းသား လက်နှက်ကိုင်များအပေါ် ထိုးစစ်ဆင်နေခြင်း အားသဘောထားထုတ်ပြန်ချက်


Statement on War Offensive by Juntas

ဖိုးရှုပ်လေး

မွေးနေ့ လက်ဆောင်

သူ’’




တံငါနားနီး တံငါ
မုဆိုးနားနီး မုဆိုး
လူလိမ္မာသား ယဉ်ပါး
လူမိုက်သား ရမ်းကား

ဒီစကားပုံတွေနဲ့ အညီ သူဖြစ်လာသလား။

အဖအောင်ဆန်းကြောင့်လား၊
၈၈ရဲ့ တွန်းအားကြောင့်လား၊

ဟုတ်ကောင်းတော့ဟုတ်နိုင်ပါရဲ့

ဒါပေမယ့်
ဒါတွေသက်သက်သူမဖြစ်
သူ့ကိုယ်သူမွေး ခဲ့ လို့သာသူဖြစ်လာပေါ့

ကဲသူလိုလူဖြစ်ရအောင်
ကိုယ့်ကိုကိုယ် မွေးကြစို့။


အန်တီစုအတွက်မွေးနေ့ လက်ဆောင် ကဗျာလေး တစ်ပုဒ် ရေးပေးလိုက် မိပါတယ်
ဖိုးရှုပ်လေး


Friday, June 17, 2011

For Daw Aung San Suu Kyi's Birthday & Burma Women Day Pamphlet!

15th Bwd & 66thdassk-Bd-pamphlet_b&w

With Color
15th BWD & 66thDASSK-BD-Pamphlet_Color

If you want something to do, you can take it!!

4shokelay

Thursday, June 16, 2011

နိုင်ငံရေးကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲများနှင့်ပက်သက်၍ ကြေငြာချက် ၂ ခု

နိုင်ငံရေးကျဉ်းသားလွတ်မြောက်ရေး ဆုတောင်းပွဲများနှင့်ပက်သက်၍ ကြေငြာချက်
ွဲ

Joint Statement No-3-2011 of 10 Orgs on PP Issue

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများ သတင်းထုတ်ပြန်ချက်

Media Release No-1-2011 of Information)

Monday, June 6, 2011

ကရင်ရွာလေး အကြောင်း




http://video.irrawaddy.org/2011/06/remote-karen-village-in-burma.html
ှ

ဧရာဝတီ ရုပ်သံမှ ကူးယူဖေါ် ပြပါသည်။


ဖိုးရှုပ်လေး