Showing posts with label ပေးပိုစာ. Show all posts
Showing posts with label ပေးပိုစာ. Show all posts

Thursday, July 28, 2011

အိပ်ဖွင့်ပေးစာ

DASSK-OpenLetter

National League for Democracy FaceBook စာမျက်နှာမှ ကူးယူဖေါ်ပြပါသည်။
ဖိုးရှုပ်လေး

Friday, June 17, 2011

For Daw Aung San Suu Kyi's Birthday & Burma Women Day Pamphlet!

15th Bwd & 66thdassk-Bd-pamphlet_b&w

With Color
15th BWD & 66thDASSK-BD-Pamphlet_Color

If you want something to do, you can take it!!

4shokelay

Thursday, May 26, 2011

ဘုရင်ရူးရူးနေတဲ့ သန်းရွှေရဲ့ အပါးစေလူယုံတော်ကြီး သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ရာဇပလ္လင်ကြီး ရောက်လို့  နေ။

အောက်ဖေါ်ပြပါ ပုံက ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ထားရှိထားတဲ့ သီပေါဘုရင် ထိုင်ခဲ့တဲ့ သီဟာသန ပလ္လင်ကြီး ဖြစ်ပါတယ်။






























အခုတော့ ဘုရင်ရူးရူးနေတဲ့ သန်းရွှေရဲ့ အပါးစေလူယုံတော်ကြီး သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ရာဇပလ္လင်ကြီးကို ထားထားတာ အင်မတန် မသင့်တော်တဲ့ လုပ်ရပ်ပါဘဲ။























ရာဇပလ္လင်ဆိုတာ ရှေးခေတ် မြန်မာနိုင်ငံရဲ့  သက်ဦးဆံပိုင် ဘုရင်တွေ ထိုင်ခဲ့တဲ့ အထွဋ်အမြတ်ထားရာ နေရာထိုင်ခင်း ဖြစ်ပါတယ်။ ရာဇပလ္လင်တစ်မျိုးဖြစ်တဲ့ သီဟာသနပလ္လင်ဆိုတာ ခြင်္သေ့ရုပ်ခံဖြစ်ပြီး ယမနေသားနဲ့  ထုဆစ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ဟာ လွှတ်တော်ကျင်းပရာခန်းမဆောင်အတွင်းမှာ ထားရှိပြီး လွှတ်တော်အတွင်း မှူးမတ်အပေါင်းတို့ ရဲ့  ပူဇော်ခံပြီး လွှတ်တော်ကျင်းပတာ ဖြစ်ပါတယ်။ သီဟာသနပလ္လင်ဟာ ရှင်ဘုရင်မင်းမြတ်တို့ ရဲ့  ပလ္လင် (၈) ပါးထဲက အထွဋ်အထိပ်ထားတဲ့ အမြင့်မြတ်ဆုံး ပလ္လင်ဖြစ်ပါတယ်။

နေပြည်တော်ဆောက်လုပ်နေစဉ် သတင်းထွက်ပေါ်လာခဲ့တဲ့ ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ထားရှိထားတဲ့ သီပေါဘုရင် ထိုင်ခဲ့တဲ့ သီဟာသန ပလ္လင်ကြီးနဲ့  ပုံစံတူတဲ့ ပလ္လင်ကြီးတစ်ခုကို နေပြည်တော်ကို ရွှေ့ တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့တာ အခုတော့ တကယ်ကို သိန်းစိန်ရဲ့  ရုံးခန်းထဲမှာ ရောက်နေတာ တွေ့ မြင်ရပါပြီ။

ဒီနေရာမှာ ရန်ကုန်မြို့  အမျိုးသားပြတိုက်မှာ ခေတ်အဆက်ဆက်က ထားရှိခဲ့တဲ့ သီဟာသနပလ္လင်ကြီးရော ဆက်ရှိနေသေးရဲ့ လား၊ အခု သိန်းစိန်ရဲ့  ရုံးခန်းထဲကို ရောက်နေတဲ့ သီဟာသနပလ္လင်ကြီးက အမျိုးသားပြတိုက်ထဲကနေ ပြောင်းယူခဲ့တဲ့ ပလ္လင်အစစ်ဖြစ်နေပြီး ရန်ကုန်က အမျိုးသားပြတိုက်ထဲမှာတော့ အတုနဲ့ အစားထို့  လဲထားပြီး အများပြည်သူအမြင်မှာ ဟန်မပျက်ရှိနေအောင် ဖန်တီးထားသလားဆိုတာ မေးစရာဖြစ်နေပါပြီ။

သန်းရွှေတို့  သိန်းစိန်တို့  အာဏာရူးတွေ ဖြောင်ပြစ်နေတဲ့ အစစ်ကို အတုနဲ့  ပှုံမှားရိုက်ပြီး အစားထိုးထားတဲ့ မြန်မာ့ရှေးဟောင်းအမွေအနှစ်တွေ ဘုရားစေတီပုထိုးက သယံဇာတတွေ ဌာပနာတွေ ဘယ်လောက်တောင်ရှိနေပြီးလည်း ကုန်ဆုံးပျောက်ကွယ်နေပြီလည်းဆိုတာ တွေးကြည့်ရပါတော့မယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးတောင် ရွှေ့ ယူလို့ ရမယ်ဆိုရင် အခုဆို နေပြည်တော် ရောက်နေလောက်ပါပြီ၊ နောက်ဆုံး ဘုရားစေတီပုထိုးတွေ အတုလိုက်လုပ်ပြီး တန်ခိုးအရှိအ၀ါရှိအောင်ဆိုပြီး မလုပ်သင့်တာ လုပ်နေတဲ့ သန်းရွှေတို့  သိန်းစိန်တို့ အာဏာရူးတွေရဲ့  ပြောမယုံ ကြုံဖူးမှသိဆိုသလိုဘဲ အခု သိန်းစိန်ရဲ့  ရုံခန်းထဲရောက်နေတဲ့ သီဟာသနပလ္လင်ကြီးက သက်သေပြနေပါပြီ။

သိန်းစိန်ရဲ့  ရုံးခန်း ဧည့်ခမ်းမဆောင်ထဲမှာ အလှပြထားရမယ့်အရာ မဟုတ်ပါဖူး။ နိုင်ငံခြားသား သံတမန်တွေ လူမျိုးခြား ဧည့်သည်တွေကို မြန်မာပြည်ရဲ့  အခြားသော လက်မှုအနုပညာများနဲ့  ပြသလို့  ရပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့  တော်ဝင်ပစ္စည်း သမိုင်းအမွေအနှစ်တွေကို အစစ်ကိုဖြစ်စေ ပုံတူတုလို့ ဘဲ ဖြစ်စေ တန်ဖိုးမဲ့စွာ လုပ်ပြဖို့  မသင့်တော်ဖူးဆိုတာ တိုင်းပြည်ရဲ့  ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုပြီး ပြောပြောနေတဲ့ သန်းရွှေတို့  သိန်းစိန်တို့  က အမျိုးမျိုး ဖောက်ပြန်လုပ်ဆောင်နေတာပါလား။









































































































သမိုင်းအမွေအနှစ်တွေ ပြည်သူပိုင်ပစ္စည်းတွေ တိုင်းပြည်ရဲ့  ရှေးဟောင်းအမွေအနှစ်တွေကို သိန်းစိန်တို့  အခုလို လက်လွတ်စပယ်လုပ်နေကြတာဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးကို အကြီးအကျယ် စော်ကားနေတာ ဖြစ်ပါတယ်။
















http://niknayman-niknayman.co.cc/ မှကူးယူဖေါ်ပြပါသည်။

ဖိုးရှုပ်လေး

Saturday, November 6, 2010

boycott လုပ်ကြတဲ့ ဟတ်ကာတွေရဲ့အောင်ပွဲ!

လေးစားလောက်ပါတယ်။

နအဖ ကြေးမှုန် သတင်းစာ ကို ဟက်လိုက်ပြီ။ ခွပ်ဒေါင်းအလံတင်သွားပြီ။

မနက်ဖန်တိုက်ပွဲ ဖိတ်စာကိုလည်းတင်သွားတယ်

သွားကြည့်ပါ
http://www.kyaymon.info/

Friday, November 5, 2010

မနက်ဖြန်ကိုမေ့ထားပါစို့




ပြည်တွင်းလူငယ်တစ်ဦး၏ g-talk မှပြောကြားချက်

''မနက်ဖန်မှာလူငယ်တွေအားလုံးက ရွေးကောက်ပွဲ ဆန့်ကျင်ဘို့တွေ လုပ်သင့်တယ် ဘာတွေလုပ်သင့်တယ်ဆိုတော့...... မနက်ဖြန် ရွေးကောက်ပွဲ ကိုမေ့ထားမယ် ပြီးတော့.........
ကျနော်တို့ဆိုရင် မနက်ဖြန်မှာ ပြည်သူစိတ်ဝင်စားတာအရာတွေကို ရပ်ကွက်ထဲမှာကျတော်တို့ လုပ်ဖို့စီစဉ်ထားပါတယ်
ဘာတွေလုပ်မလဲဆိုတာတော့ ခုပြောဘို့ မဖြစ်သေးပါဘူး''




လူငယ်ကျောင်းသားအပေါင်းနှင့်ပြည်သူလူထုကြီးခင်ဗျား

မနက်ဖန် ၇ . ၁၁ . ၂၀၁၀ စစ်အာဏာရှင်ရွေးကောက်ပွဲကြီး လုပ်တော့မယ်ဆိုတာကိုမေ့ထားပြီး မိမိလုပ်စရာရှိတာသာအလေးထားလုပ်ကြရန်နဲ့ မဲရုံကိုမသွားပဲ နေကြဘို့ မဲမပေးကြဘို့
http://4shokelay.blogspot.com/ မှ တိုက်တွန်းလိုက်ရပါတယ်.................

Wednesday, September 8, 2010

What is 2010 Burma election?



photo copy from alinsek.blogspot.com

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ထွက်ပေါ်လာပြီ.... ၇ရက် နိုဝင်ဘာလ ၂၀၁၀............

ကိုက်ဖဲကိုယ်ချိုးပြီး ကြံဖွံ့ပါတီကလဲ အားရပါးရကို ပြည်သူ့ဘဏ္ဍာတွေသုံးပြီး စည်းရုံးရေးတွေဆင်းနေကြပါပြီ.. အဖြည့်ခံပါတီတွေ ကလဲအဟုတ်ကြီးထင်ပြီး အားကြိုးမာန်တက်တွေလှုပ်ရှားနေကြပြန်ပါပြီ။

ရွေးကောက်ပွဲ နှင့်ပက်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ပါတီ NLD ကတော့ မြန်မာပြည်နှင့် မြန်မာပြည်သူများ အနာဂတ်ကို ကြည့် ပြီး ရွှေဂုံတိုင်ကြေငြာချက် အတိုင်း ရွေးကောက်ပွဲကို လက်မခံ ပါဝင်ပက်သက်မှုလုံးဝမရှိပဲ ရဲရင့်စွာပင် ခေါင်းခါနေကြပြီ။ ရွှေဂုံတိုင်ကြေငြာချက်ကို ထောက်ခံပြီး အတိုက်အခံ ဒိမိုကရေစီအင်အားစုများကလဲ ရွေးကောက်ပွဲကို သပိတ်မှောက် နေကြပြီ။

NLD ပါတီ ဗဟိုအလုပ်မှုဆောင် သတင်းစာဆရာကြီးဦးဝင်းတင် ကလဲ ရွေးကောက်ပွဲဥပဒေအရ မဲမပေးလို့ ရကြောင်း။ အားလုံးကမဲသွားမပေးကြရင် ကမ္ဘာ့ဆင်မြင့်ပေါ်မှာ.. ကမ္ဘာ့မျက်မှောက်မှာ... ဗမာပြည်ရဲ့တိုင်းသူပြည်သားတွေမျက်မှောက်မှာ အမြင်ထဲမှာ သည်လူတွေဟာ ဘယ်လိုမှတရားမဝင်တော့ဘူး၊ ဂုဏ်သရေမရှိတော့ဘူး၊.... သူတို့အာဏာသူတို့ဖာသာ ဖန်တီး သူတို့ ဟာသူတို့တက်လာတဲ့ လူတွေကလတိုင်းပြည်အကြိုးကို ဘာမှမဆောင်ရွက်နိုင်ဘူး ဆိုတာလူတွေသိမြင်လာလေ့မယ်။ အဲဒီအခါ... ရှေ့ဆက်ပြီး ဆန့်ကျင်ဘို့ တော်လှန်ဘို့ ကျနော်တို့အားတွေပိုရှိလာလေ့မယ်လို့ ရွေးကောက်ပွဲကို မဲမပေးကြရေး ပြောသွားပါတယ်....

နောက်ပြီးရွေးကောက်ပွဲဝင်တဲ့ အထဲက ပါတီတချို့က ပါတီဝင်တွေလဲ ခုဆိုရင် ဘာလဲဆိုတာသိကုန်ကြလို့ ထွက်သူတွေထွက် ကုန်ကြပါပြီ။ ပြည်တွင်း အတိုက်အခံကျောင်းသားအဖွဲ့အစည်းတွေ၊ ၂၀၀၇ စက်တင်ဘာနောက်ပိုင်း ထွက်ပေါ်လာတဲ့ Generation Wave လိုအဖွဲ့ အစည်းတွေကလဲ ရွေးကောက်ပွဲ သပိတ်မှောက်ဖို့၊ မဲမပေးကြဖို့ ၂၀၀၈ အခြေခံဥပဒေ ကိုဆန့်ကျင်ကြဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကမ်ပိန်းတွေလုပ်ပြီး လှုပ်ရှားနေကြပါပြီ....

မြန်မာပြည်၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကပြောရရင် လုပ်ပွဲကန်ဘို့ ညှိထားတဲ့ ရက်ကွက်ဘောလုံးပွဲ တခုလိုပါပဲ။ ကန်မယ့်အသင်းသားတွေကလဲ Final Result ကိုကြိုသိနေ ဒိုင်လူကြီးကလဲခေါက်ဆွဲစားဒိုင် ဖြစ်နေ ။ ဒီပွဲသတင်းကလဲ ရပ်ကွက်လ္ဘက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ သေရည်ဆိုင် တွေမှာပါပြန့်နေတော့ သွားကြည့်ရမယ့် ရပ်ကွက်သားတွေအတွက်တော့ မကြည့်ကြရုံပဲရှိတော့တာပေါ့ဗျာ........

မဲမပေးပဲ ...မဲရုံမသွားပဲသာနေကြတော့...........

မှတ်ချက်။ ။ မှတ်မိကြသေးရဲ့လား အရင်-၁၉၉၀ တုန်းကလဲ တို့ရပ်ကွက်အသင်းဝင်ပြိုင်ခဲ့တယ်လေ။ တို့အသင်းပဲနိုင်ခဲ့ဒါပေမယ့် ဒိုင်းကိုတော့နည်းအမျိုးမျိုးနဲ့ လှည့်ပဲ့ပြီး မပေးခဲ့ဘူးလေ။


ဖိုးရှုပ်လေး

Monday, May 3, 2010

ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အဖြစ် ပူးပေါင်းပါဝင်ပေးကြပါ

နောက်ခံသမိုင်း၊ ရည်မှန်းချက်၊ လှုပ်ရှားမှုအစီအစဉ်၊ ရည်ရွယ်ချက်နှင့် လိုအပ်သော ပစ္စည်များ ကို PDF ဖိုင်ဖြင့် ဖော်ပြထားပါသည်။ ဆက်လက်မျှဝေ တိုက်တွန်းနှိုးဆော်ပေးကြပါရန် www.humanright-myanmar.com/ မှ တိုက်တွန်းအပ်ပါသည်။
Global Day of aCtion 27 May_burmese Translation

Saturday, May 1, 2010

May Day NLD ကြေငြာချက်

ပုံပေါ် click လုပ် ကြည့်နိုင်ပါသည်။ .........................

Friday, April 30, 2010

အားအင်မရှိတဲ့ မြန်မာအင်တာနက်ကို သုံးစွဲသူများသတိ...

ရန်ကုန်မြို့ မှအင်တာနက်ဆိုင်များတွင် စအဖ မှ အမျိုးသမီးငယ်များအား ဆိုင် ၀န်ထမ်းပုံစံဖြင့် လာရောက်ထည့်သွင်း မြုပ်နှံထားခြင်း

အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ် ပြောဆိုလာပါတယ်။


ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက် အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားလာပါတယ်။


ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေးကြပါရန်....

Mail မှပေးပို့ လာသူအားကျေးဇူးတင်လျှက် ဖိုးရှုပ်လေး

Wednesday, April 7, 2010

အဝါရောင် သကြန် မှသည် ဒီမိုကရေစီသို့........




လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ဒီမိုကရေစီ ကိုထောက်ခံ တဲ့ အနေနဲ့ သင်္ကြန်တွင်း အဝါ ရောင်တွေ များများ ဝတ်ကြဘို့အဝါရောင် သင်္ကေတ တွေဝတ်ဆင်ကြပါ ဆိုပြီး BLOG ... နှင့် Web side ..C-Box များတွင် အမြောက် အများ တိုက်တွန်းလာကြပြီ...........

ထိုသို့ ဆန့် ကြင်မှုများ ဆက်တိုက်လုပ်သင့်ပြီ......

အဖွဲ့ အစည်းများမှလဲ ဒီ Campaign ကိုထောက်ခံသင့်သည်။

ဖိုးရှုပ်လေး

Friday, April 2, 2010

ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ……. ဖြေပါ…..။



ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ……. ဖြေပါ…..။

၁။ စစ်အစိုးရ၏ တို့တာဝန်အရေး(၃)ပါးမှ တိုင်းရင်းသားစည်းလုံးညီညွတ်မှု
မပြိုကွဲရေး…
ဒို့အရေး…ဆိုသည့်အချက်အတိုင်း.. စစ်အစိုးရမှ တိုင်းရင်းသားညီညွတ်ရေး ကိုအမှန်
တကယ်လုပ်ဆောင်နေပါသလား….။

၂။ ယခုစစ်အစိုးရအဖွဲ့နှင့် စစ်ဗိုလ်ချုပ်များထဲတွင် တိုင်းရင်းသား ဘယ်နှစ်ဦးမျှပါဝင်ပါသနည်း။

၃။ ယခုစစ်အစိုးရမှထုတ်ပြန်သော ရွေးကောက်ပွဲဥပဒေများထဲမှကန့်သတ်ချူပ်ချယ်မှုများသည်
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် မတရား ထောင်သွင်းအကျဉ်းကျ ခံနေရသော (သို့) ယုံကြည်ချက်ဖြင့်
အကျဉ်းကျခံနေရသောနိုင်ငံရေးအင်အားစုများကိုဦးတည် ကန့်သတ်မှုဖြစ်ပါသလား…။

၎။ တပ်မတော်၏ စစ်သားအရင့်အမာကြီး များဖြစ်သော လက်နက်ကိုင်စစ်ဗိုလ်ချူပ်ကြီး များအနေဖြင့် မည်သည့်Aတွက်ကြောင့်
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများ အပေါ်အလွန်ကြောက်ရွံရပါသလဲ။

၅။ စိတ်တိုင်းကျရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လေးပုံတပုံသော လွတ်တော်ကိုယ်စားလှယ်များကိုစစ်တပ်
မှနေရာယူ အကျောရထားပြီး ရိုးသားသောနည်း…တရားမျှတသောနည်းလမ်း တို့ဖြင့် ဒေါ်အောင်ဆန်စုကြည်၏အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်အပါအ၀င်နိုင်ငံရေးအင်အားစုများနှင့် မည်သည့်အတွက်ကြောင့် စစ်အစိုးရသည်လိပ်ပြာသန့်စွာမယှဉ်ပြိုင်ဝံပါသလဲ…။

၆။ လူမိုက်ဂိုဏ်းဆန်သောစွမ်းအားရှင်…လက်ပါးစေကြံဖွတ်အဖွဲ့ တို့်ကို မည်ကဲ့သို့အသုံးချရန်အတွက် ဖွဲ့စည်းခဲ့ပါသလဲ…။

၇။ ဒီပဲယင်းအရေးအခင်း (၃၀-မေ-၂၀၀၃) ၏ အဓိကတရားခံ မှာမည်သူဖြစ်ပါသနည်း…။

၈။ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်သောလွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကျင်းပပေးမည်
ဟူ၍၄င်း၊အမျိုးမျိုးကတိပေးပြောကြားခဲ့ပြီးအကြိမ်ကြိမ်ကတိဖျက်နေခြင်းသည်၎င်း၊ မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားမရှိဟု၎င်း
မျက်နှာပြောင်ပြောင်ဖြင့်ဗြောင်ငြင်းဆန်နေခြင်းတို့သည် လူကြီးလူကောင်းဆန်သည်ဟု အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများယူဆပါသလား

၉။ ပြည်ပအားကိုးပုဆိန်ရိုး-အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကျ…ဟူ၍ပြည်သူ့သဘောထားတွင်ပါရှိပါသည်။ တရုတ်၊ ရုရှားနှင့်နံမည်ပျက်
လူမိုက်စာရင်းဝင်မြောက်ကိုးရီးယားတို့ကို အားကိုးဖားယားဆက်ဆံနေရသူများမှာ ပြည်ပအားကိုးသောပုဆိန်ရိုးများဟုတ်ပါ၏လော.။

၁၀။ ၄င်းပြည်ပအားကိုး ပုဆိန်ရိုးများမှာမည်သူများဖြစ်ပါသနည်း။

၁၁။ မြန်မာသမိုင်းအစဉ်အလာတွင် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီးစောမောင်နှင့် နိုင်ငံရေးအရှိန်အ၀ါအင်အားကြီးထွားလာသော
ဗိုလ်ချူပ်ကြီးခင်ညွန့် အစရှိသည့် တိုင်းပြည်ခေါင်းဆောင်(ခေါ်) အာဏာရှင်များနှင့် ၄င်းတို့၏အပေါင်းအပါ များသည် မည်သူတဦး
တယောက်မျှအစဉ်အလာမကောင်းခဲ့ပါ.၊ယခုအာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့်ထိပ်တန်းစစ်ဗိုလ်ချူပ်ကြီးများ၏ရှေ့အနာဂါတ်
ရေးကောင်းမည်ဟုယူဆပါသလား…။

၁၂။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အနေဖြင့် မိမိ၏အတ္တနှင့် အာဏာရရှိတည်မြဲရေးအတွက် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီး
စောမောင်တို့အပေါ် သစ္စာစောင့်သိခဲ့ပါသလား..။

၁၃။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အပေါ် နောင်လာနောင်သား စစ်ဗိုလ်ချူပ်များ မိမိအပေါ် ထာဝရသစ္စာ စောင့်သိ နေမည်ဟု
ယုံကြည် ယူဆပါသလား…။

၁၄။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့် အသက်အရွယ်ရပြီးထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် နောင်မည်မျှကြာအာင်အာဏာ
ကိုဆက်လက်ချုပ်ကိုင်ထားနိုင်မည်ဟုယူဆထားပါသနည်း။

၁၅။ လူတဦးတယောက်၏ မွေးရာပါ လူ့အခွင့်အရေး..လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့်..အစရှိသည်တို့ကို လက်နက်- အာဏာတို့
ဖြင့်ကန့်သတ်ချူပ်ချယ်ထားမှုကိုစည်းကမ်းပြည့်ဝသောဒီမိုကရေစီ ဟုအဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသလား..။

၁၆။ အနှစ်(၂၀)ကျော် ဥပဒေ၏အထက်မှ ရာဇ၀တ်မှုမကင်းသော လုပ်ရပ်များဖြင့် မတူညီသောအမြင်ရှိသူ ရဟန်း-ရှင်လူ- ပြည်သူ-
ကျောင်းသား-သတင်းသမားများ ပြုမှုဆက်ဆံနေခြင်းသည် ဥပဒေနှင့်အညီ တရားမျှတသောလုပ်ရပ်ဖြစ်ပါသလား…။

၁၇။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစဉ်အလာရှိ နံမည်ရ အနာဂါတ် နိုင်ငံရေး အင်အားစုများအား မတရားဖမ်းဆီး ချုပ်နှောင်၍
သန်း ၆၀ နီးပါးသော ရဟန်း၊ ရှင်လူ ပြည်သူလူထုအပေါင်းတို့၏ မွေးရာပါလူအခွင့်အရေးတို့ကိုပိတ်ပင်ခံရကာအကျဉ်းသားသဖွယ်
အာဏာရှင်များ၏ရက်စက်ယုတ်မာမှုကိုခံစားနေရပါသည်။ပြည်သူများအခွင့်အရေးတခုရလျှင် အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ
အပါအ၀င် အပေါင်းအပါစစ်ဗိုလ်ချူပ်များအပေါ်မည်ကဲ့သို့ တုန့်ပြန်မည်ဟုထင်မြင်ပါသနည်း…။

၁၈။ အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ၍ ငြိနှိုင်းကြည့်ခြင်းအားကို ပြည်သူလူထုအပါအ၀င် နိုင်ငံတကာ မှပင်မြင်တွေ့လို
သော ကောင်းသော ဆန္ဒအရင်းခံဖြစ်ပါသည်၊ လက်နက် အာဏာ ကိုလက်ကိုင်ပြု၍ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်ကို
ဥပေက္ခာပြုနေခြင်းသည် မည်သည့်အတွက်ကြောင့်ဖြစ်ပါသနည်း

၁၉။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်သော၂၀၁၀-ရွေးကောက်ပွဲကိုနိုင်ငံတကာနှင့်ပြည်သူများက အသိ
အမှတ်ပြုယုံကြည်မည်ဟု အာဏာရှင်ကြီးယုံကြည်ပါသလား….။

၂၀။ တကိုယ်ကောင်းစိတ်ဖြင့် အာဏာကိုငန်းငန်းတက် ရူးသွပ်နေတာမရှက်ဘူးလား……။


We love fair and justice.
Burma…….. Free! Free! Free!
Iron Lady Daw Aung Sun Su Kyi…….Free! Free! Free!



Mr. Free Lance.

Thursday, April 1, 2010

တာဝန်သိပြည်သူများမှ ဆက်လက် ပူးတွဲ လုပ်ဆောင်သွားရန် ဂတိပြုခြင်း



ပုံလေးကတော့ ကိုဖြိုးဝေ ဆီမှ ရယူပါသည်

အို . . . မိခင် နှင့်  ပြည်သူကိုချစ်သောခေါင်းဆောင်ကြီးများခင်ဗျာ . . .

ဆုံးဖြတ်ချက်အပေါ်ပြည်သူလူထုကြီးက

၁ . အထူးကျေးဇူးတင်ရှိပါတယ် ။

၂ . ကိုယ်ရေးကိုယ်တာသမားများ လူထုကြီးနှင့် ကွဲပြားသွားသဖြင့်  ဂုဏ်ယူပါတယ် ။

၃ . အတွင်ခြများပေါ်လွင်လာသဖြင့်ထပ်မံကျေးဇူးတင်မိပါသည်။

၎ . ထို့ ကြောင့်  ဆက်လက်ထောက်ခံ လက်တွဲပါမည်ဟု ၀န်ခံဂတိပြုပါသည် ။

ဒီမိုကရေစီရဲဘော် များနှင့် တာဝန်သိပြည်သူများမှ

Wednesday, March 31, 2010

ညီနောင်တို့၊ နှမတို့...



ညီနောင်တို့၊ နှမတို့... စစ်ရွေးကောက်ပွဲ ၊ ၀င်ကြမယ်.....တဲ့။ ဖြစ်ဖြစ်......၊
ဦးသုဝေဖြစ်ဖြစ်..၊ကိုအေးလွင်ဖြစ်ဖြစ်၊ဆရာတူးဂျာဖြစ်ဖြစ်...နောက်ဆုံး
ငါတို့ရဲ့
အန်တီစု ကိုယ်တိုင် ဘဲဖြစ်ဖြစ် .....။

သူတို့ကိုယ်စီမှာကိုယ်ပိုင် အခွင့်အရေးရှိကြတယ်။ လူတစ်ဦးချင်း
ပါတီတစ်ပါတီ ချင်း သူတို့အခွင့်အရေး နဲ့ သူတို့ ... လွှတ်တော်
ရောက်ရောက်××× ပဲခူး ရောက်ရောက် ×××စစ်ကိုင်းရောက်ရောက်
×××နှင်လိုရာခရီး ခိုင်းခွင့်ရှိတာပဲ ×××။
တစ်ခုတော့ ပြောစရာရှိမယ် ×××××
ဖိုးပါချင်တို့ မယ်ပါချင်တို့ ကိုယ့်တန်ဖိုးနဲ့ ကိုယ်။
ကိုယ့်တန်ဖိုးဖြတ်ချက်နဲ့ ကိုယ် ဒို့ပြည်သူတွေတင်တဲ့ နိုင်ငံရေးစင်မြင့် ထက်
စစ်လွှတ်တော် စင်မြင့် ကိုပို မက်ပြီးရွှေးကောက် ပွဲ ၀င်မယ့် ဟာကို
ဘဲ။င ဒို့ လူထုပေးတဲ့ '' ပြည်သူ့ သူရဲ ကောင်း ဘွဲ့ ထက် စစ်အာဏာရှင်မျက်နှာ
သာပေးမှုကို ပို မတ်မောပြီး ရွေးကောက်ပွဲ ၀င်မယ့် ဟာကို ဘဲ×××××
ငါတို့×××××ပြည်သူအကျိုးကိုဆောင် ဖို့ ဒို့ ပြည်သူတွေနဲ့ အဆက်မပြတ်ဖို့
စစ်ရွေးကောက်ပွဲ ကြီး ၀င်ရသလော၊×××××စစ်လွှတ်တော်ကြီး
တက်ရပါသလော×××××လို့××××× မုန်လာဥ လုပ်ကြွေးကြော်နေ တာတော့ဖြင့်
မနိပ်ပါဘူး။ သူတို့ အဆို ရဲ့ အလိုက စစ်အစိုးရဘဲ ငါ့ ဒို့ ပြည်သူ
အကျိုးကို ဆောင်နေတာ လိုလို စစ်အာဏာရှင်နဲ့ငါ့ ဒို့
ပြည်သူတွေကဘဲနိုင်ငံရေး ရပ်တည်မှု မှာတစ်ဂိုဏ်းတည်းဖြစ်နေသလိုလို"×××××။
ဒါကတော့င ဒို့ အစော်ကားခံ ရတာဘဲ။င ဒို့ ပြည်သူ အကျိုးစီးပွားတွေကို
စစ်အစိုးရက ရစရာမရှိအောင် ခြေမှုန်းပစ်ခဲ့ တာ ဒီအနှစ်နှစ်ဆယ်ကျော် အတွင်း
လျှပ်စစ်မီးတောင်မှ အခုဆို၊ ရက်သတ္တပတ် လုံး နေလို့ မှ(၂၄)
နာရီကြာအောင်မလင်းတော့ ပါဘူး။ ကွင်းထဲက လယ် တဲ လေးတွေကြည့်။ ဆင်ခြေဖုံးဆင်းရဲသားရပ်ကွက်ကြည့်။မီးဆင်မထားဘူး။
ဆင်တော့ မလွှဲသာအရေးပါတဲ့ တစ်ပွင့်တစ်လေ၊ တစ်နေရာလောက် မှိန်ပြပြဘဲ။
ဘာကိုပြလဲ။ မီးသုံးဖို့ မတတ်နိုင်တာ။ လျှပ်စစ်မီး အစားတစ်ခြားဦး စားပေး
သုံး စရာတွေအကုန်ကျခံနေရတာ။ တိုင်းပြည်နဲ့ ကြည့် တော့ လည်း မီး မပေးနိုင်
ဘူးဆိုတာ
" မွဲပြီ " လို့ ဖော်ပြနေတာပဲ။ င ဒို့တိုင်းပြည်က ရှိသမျှ ၊ ငဒို့ပြည်သူ
လုပ်စာရှိ သမျှကုန်ပြီ.......။

" အမျိုးသားပြန်လည် သင့် မြတ် / ရင်ကြားစေ့ရေးပါ××××× တဲ့ "
င ဒို့ နားမ ဆန့် အောင် ကြားတယ်××××× ဘယ်သူနဲ့ ဘယ်လူ
သင့်မြတ်ရေးတဲ့ လဲ ဟေ့×××× ကဲ----" ငဒို့ ဘယ်သူနဲ့
ဘယ်သူကမသင့်မမြတ်ဖြစ်နေလဲ" ပြောကြအုန်း။
နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေ နဲ့၊ နိုင်ငံရေးပါတီတွေ အချင်းချင်း၊
ဘယ်လိုတိုက်ပွဲတွေ ဖြစ်နေတာ ရှိလို့လဲ ၊ဗမာကလည်း ရှမ်းကို
ဘယ်နှယ့်မှမလုပ၊် ရှမ်းကလည်း ကရင်ကို ၊ကရင်ကလည်းမွန်ကို၊ မွန်ကလည်း
ကချင်ကို ၊ကချင်က ရခိုင်ကို ၊ရခိုင်ကဗမာ ကို ၊ဘယ်လူ့
ဘယ်သူကမှစစ်ခင်းသတ်ဖြတ်နေတာ မရှိဘူး။ ကုလားတွေ....တရုပ်တွေ ၊ဧည့်သည်တွေ
ပါမကျန် အတူတကွ သင့်မြတ်နေကြတာပဲ။ ဘယ်အမျိုးပြုတ်အောင် ဘယ်သူ
တိုက်ခိုက်နေ တာရှိလဲ ။
[စစ်အစိုးရ၀င်မွှေရင်တော့ သွေးကွဲ ကြတာ ရှိ တယ်။(ဥပမာ-ဒီကေဘီအေ ကိစ္စ။) ]
" စစ်အစိုးရ ကတော့ တစ်မျိုးသားလုံး မျိုးပြုတ်အောင် သတ်နေတယ်" ×××××
" ရန်ကုန်မှာ ၊မန္တလေး မှာ၊ တခြားမြို့ ကြီး
တွေမှာ(ဗမာအများစုပါတဲ့)လူတွေကို အစုလိုက် အပြုံ
လိုက်သတ်ပစ်တာစစ်အစိုးရပဲ။"

ရှမ်းပြည်မှာဟိုတစ်လောက ကိုးကန့်တွေကို သတ်တယ်။နှစ်ခြမ်းကွဲဖို့ သပ်လျှို
တယ်။ တောကြို့ အုံကြား တောင်တန်းသား မြေပြန့်သား ပြည်မ နေသော သူများ
အဖြူအမည်းမရွေး လူဘဲ သံဃာ ဘဲ မရွေး၊ သူတို့ စိတ်ရူးထ မှော်ဝင်တဲ့
အခါတိုင်း တွေ့ ရာသင်္ချိုင်း မှာတွေးတော အဆုတ် အဆိုင်း မရှိဘဲ သတ်နေတာ
စစ်အစိုးရဘဲ။
ငဒို့ မျက်မြင်ဘဲ။ တစ်မျိုးသားလုံးပြည်သူတွေနဲ့ မသင့် မမြတ်၊
စစ်ခင်းသတ်ဖြတ်နေတာ စစ်အာဏာရူးတွေ ဘဲ××××(ဟိုတစ်လောတုန်း က အမျိုးသ္မီး
အခွင့် အရေး ပြောသွားတဲ့ ရှမ်းမလေးရဲ့ အဖေကို န.အ.ဖ တွေသတ်ပစ်တယ်တဲ့ "
ဗမာစစ်သား"လို့ မပြော ပါဘူး)××××× "ဘယ်သူတွေဘယ်သူနဲ့
သင့်မြတ်ချင်နေတာလဲ"××××× ရှင်းပါတယ်×××××ငါတို့ အားလုံး အချင်းချင်း၊
ဘာမှမဖြစ်ကြတာ၊ သူတို့ သင့်မြတ်ချင်နေကျတဲ့ သူဟာ ငါဒို့ကိုသတ်ဖြတ်နေ တဲ့
စစ်အုပ်စုနဲ့ သင့်မြတ်ချင်တာပဲ ပေါ့၊ သူတို့ ချင်း သင့်မြတ်တယ်ဆို
လည်းသင့်မြတ်ကြပါ။ သူတို့ ကိစ္စ၊ ငါတို့ ကို သင့် မြတ်ပါလို့ ဆိုရင် တော့
ငါတို့ မှာလည်း ဘယ် စစ်ဗိုလ်ချုပ်၊ ဘယ်စစ်တပ်၊ ဘယ်စစ်သားကို မှ
တိုက်ခိုက် သတ်ဖြတ်နေ တယ်လို့ လည်း မရှိ၊ သူတို့ ကို
သတ်ဖြတ်နိုင်လောက်တဲ့ ဘာအခြေခံမှလည်းင ဒို့ မှာ မရှိ ၊ငဒို့ ကို
မသတ်ဖြတ်ရင်၊ မဖိနှိပ်ရင် ၊အနိုင်မကျင့် ရင် ငဒို့ ဘယ်သူကို မဆို သင့်
မြတ်မှာပဲ။င ဒို့ ကို မသတ်ဖြတ်မဖိနှိပ်အနိုင် မကျင့် ဖို့ ဘာအာမခံ ချက်
ရှိလဲ။င ဒို့ ကြားက ပြသနာက အယူအဆမတူ တာ မဟုတ်ဘူး။ သတ်ဖြတ်ခံနေရတာ၊
ဖိစီးနှိပ်စက်နေတာ၊ အနိုင်ကျင့် ခံနေရ တာ၊ အခုကတော

" င ဒို့ ပေါ်သတ်လိုက သတ်စေ၊ သူတို့ ချင်းသင့် မြတ်ဖို့၊သူတို့
ပေါ်မငြိုငြင် ဖို့ အတွက် စစ်ရွေးကောက် ပွဲကြီးထဲ ၀င် ကြမယ်တဲ"့

င ဒို့ ပေါ်နိုင်တိုင်းကျင့် ခွင့် တရားဝင် အတည်ပြုတဲ့ အခြေခံ
ဥပဒေကိုလည်းသူတို့ သြဘာပေး အုံး မ တဲ့ ဒါကိုဘဲ ဒို့ အကျိုးလို့ စော်ကား
စကားဆိုသေး၊၊ ဟုတ်လိုက်လေ××× "မျိုးပြုတ်ကုန်မယ့် အကျိုး တွေ×××××။"
နောက်ထပ်တစ်ခု ပြောစရာရှိအုံးမယ် လွန်ခဲ့ နှစ်နှစ်ဆယ်လုံး မဟုတ်မဟတ်
ပြောချင်တိုင်း ပြော ၊လိမ်ချင်တိုင်းလိမ် ၊တိုက်ချင်တိုင်းတိုက်၊
သတ်ချင်တိုင်းသတ်၊
ကိုယ့်အကျိုး ရှာချင်တိုင်း ရှာ တစ်တိုင်း ပြည်လုံး အသက်တွေ
၊အိုးအိမ်ပိုင်ခွင့်တွေ၊ သစ်တောနဲ့ သယံဇတတွေ၊ မိမွေဖမွေ ရထားသလို
ပြုချင်တိုင် ပြုကျင့် ခဲ့တဲ့ ၊စစ်အုပ်စု ။အဲ့ ဒီစစ်အုပ်စုနန်းသိမ်း
ပလ္လင်မှာ ထီးဖြူဆောင်း ပိသိတ် တင်မယ့် စစ်ရွေးကောက်ပွဲကို အကဲ ခတ်ရအောင်
×××××
၁၉၈၈ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံနဲ့
(၂)နှစ်အကွာတစ်ပြည်လုံးအရေးတော်ပုံ အင်အားစုတွေ အရံသင့်" ဒုနဲ့ ဒေး"။
လူထု ကလည်း နိုင်ငံရေး အသိနဲ့ သတိတွေ ထက်သန်၊ NLD ဆိုတာလည်း လူထု ရွေးမှာ
အစွာဆုံး အထက်ဆုံးရပ်နေချိန်။×××××န.၀.တ ဆိုတာ ဘာမှအသင့်မဖြစ်
(နဝေတိန်တောင်) မ.ဆ.လဟောင်းတွေ လူထုထဲ ခေါင်းမဖော်ရဲ ချိန် စစ်အာဏာကို
အာမခံတဲ့ ဘာဥပဒေမှမရှိသေး၊ အဲ့ ဒီ့ အခြေအနေ မှာ ဒို့ မဲပေးကြတဲ့ 
ရွေးကောက်ပွဲ (၁၉၉၀) မဲပေးကြတယ်င ဒို့ ရဲ့ NLD နိုင်တယ် ပြီးတော့ အခုနှစ်
နှစ်ဆယ်မှာ ဘာရလဲ၊ ဘာတွေဖြစ်ပေါ် တိုးတတ် ခဲ့ လဲ၊ အလောင်းတွေ၊ အမွဲတွေ၊
မုဆိုးမတွေ၊ သူတောင်းစားတွေ၊ လူနာတွေ၊ ထောင်ထွက်တွေ၊
စီးပွားပျက်တွေ၊အလိမ်အညာတွေ၊ ခြစားတွေ ဗိုလ်ကျတွေငဒို့ မှာ" မျောက်လောင်း
က မတတ်ဘဲ "××××× အခုလေးတင်ဘဲ စာကြောင်း(၂)ကြောင်းလောက်နဲ့ (၁၉၉၀)
ရွေးကောက်ပွဲဆိုတာကြီးကို ရယ်စရာ ဗလောင်းဗလဲ လုပ်ခံကြရပြီ×××××" အခု ဒို့
မဲ ပေးကြည့် မလား"××××× အရင် နှစ်နှစ်ဆယ် ကျော် စစ်အုပ်စု အဘက်ဘက်
အကြပ်ရိုက် ချိန် င ဒို့ အစုအဝေး နဲ့ ထုထည်နဲ့ အရှိန်အဟုန်ကောင်းနဲ့
ရွေးကောက်ပွဲကို တိုက်ပွဲလို့ ဖြတ်မဲပေးခဲ့ ကြတုန်းကတောင် စစ်အာဏာရှင်
လုပ်တဲ့ ရွေးကောက်ပွဲ ဆိုတာ ပြတ်ကယ်×××ပြတ်ကယ်၊ တကယ် တန်းဘာမှမဟုတ်
(၂၀)လုံးလုံး ငါတို့ အရေစုပ် ခံ ခဲ့ ကြရတာပဲ။ စစ်နန်းမတော်ကြီး ထဲ အလည်
တစ်ခေါက် ရောက် ဖူးချင်သူတွေ ဟန်ရေးတပြင်ပြင် သံသေးသံ ကြောင်
ဟစ်နေကြပေမယ့်" ဒို့ ပြည်သူ့ အဖို့ ကျောရေစုပ် ခံထိထားတော့ ရွေးကောက်
ပွဲဆို စပ်ဖျဉ်းဖျဉ်း ကမန်းပဲ"××××× စစ်အုပ်စုက အာဏာသက်ရှည် အသားကျ
အပါးဝနေပြီ ၊တစ်ပြည်လုံး အုပ်စီးမှု ယန္တရားအမြစ်ခြေခိုင်ခိုင် ထိပြီ NLD
ခြေကုန်နေပြီသွေးရူးသွေးတန်း အသံထွက်နေပြီ စစ်ပုလ္လင်ကို အထွဋ်တင်ဖို့
အခြေခံ ဥပဒေ ရှိပြီ ကြံ ဖွံ့ ရှိပြီ
စွမ်းအားရှင်ရှိပြီဘာကြီးများညာကြီးများအသင်းတွေရှိပြီ။ ဘာကြီးများညာကြီး
များအသင်းတွေရှိနေပြီ နာယကကြီး များအဖွဲ့ တ.ဆ.ည။ ဒီကေဘီအေ၊
အရေးတော်ပုံအေးလွင်....ဒလန်တွေ အလံရှူးတွေ အင်နဲ့ အားနဲ့။င ဒို့
ဒါကြီးကို မဲသွားထည့်တော့ ဘာအဓိပ္ပါယ် ရှိလဲ အစော လေးက ဆန္ဒခံယူ ပွဲကြီး လဲ
ကြည့်ကြ ပါဦး×××××
ငဒို့ ဘယ်နှယောက်မဲသွားပေးလဲ ပေးခဲ့ တဲ့ မဲမှာလည်း ဘာတွေကို
ပေးခဲ့လည်းဆိုတာကိုင ဒို့တင် မကဘူး အားလုံးက အသိပါပဲ×××××
ဒါနဲ့တင် ပဲ ဖြူလားမဲလားမသိတဲ့ စစ်အာဏာရှင်တွေရဲ့ ရေးဆွဲတဲ့
အခြေခံဥပဒေကို ထောက်ခံ တာက ၉၀%ကျော်တောင်ထောက်ခံတယ်တဲ့ " ဖွီ "ရှက်မရှိကြတာ×××××။

အဲ့ဒါများ ငဒို့ ဘာမဲကို သယ့်သူကို သွားပေးရဦမလဲ။
" ဦးဓားပြတို့ ၊ဒေါ်လူသတ်သမား တို့ ကျနော်မျိုး၊ ကျမမျိုး တို့ကို
အဆုံးစီရင် ဖို့သန်လျက်တော် အပ်ပါတယ်×× လို့
မဲထည့်ရမလား×××××"ငဒို့ဘာလုပ်နိုင်မယ်ထင်လဲ"
သူတို့ ပါးစပ်က ပြည်သူပြည်သား×××××လို့
သံကုန်သံပြာဟစ်လို့စစ်ရွေးကောက်ပွဲထဲ လက်ကားယားခြေကားယား ၀င်ကြပြီ
×××ဆိုပါတော့။ ငဒို့ လမ်းထွက်သပိတ် မမှောက်နိုင်ဘူး။ ထိပ်တိုက် ဆန္ဒ
မပြနိုင်ဘူး။ ပိုစတာကပ်ထိပ်တိုက် တိုး မလုပ်နိုင်ဘူး။ တည့်တည့်ပြောရင်
စစ်အစိုးရကိုဖြုတ်မချနိုင် ဘူး။ ကိုယ်လုပ်ချင် တဲ့ ဒီမိုကရေစီ
တိုင်းပြည်မထူထောင်နိုင်ဘူး၊ လက်ရှိ ကအဲ့ဒီ အတိုင်းဘဲ(
ဒီနေရာ××ဘာ××ခြင်းဖြင့် ဒီမိုကရေစီ ရနိုင် ငဒို့ဘာလုပ်ကြမလဲဆိုတာကိုင
ဒို့မတတ်နိုင် မလုပ်နိုင်ကြသေး တာ)×××ဒါပေမယ့်င ဒို့ တစ်ဦးချင်းမဲ
သွားမပေး ရင် ရတယ။် သူတို့ဥပဒေကဖြစ်ဖြစ်၊ဘယ်သူ့ ဥပဒေ ကဖြစ်ဖြစ်၊
ဘယ်တိုင်းပြည် ဖြစ်ဖြစ် ၊ဘယ်ရွေးကောက်ပွဲ ဖြစ်ဖြစ၊်
" မဲမပေး တဲ့ သူ ဘာလုပ်ပစ်မယ် "×××××ဆိုတာ လို့ ပြဌာန်း
တာမရှိပါဘူးမဲ ပေးခွင့် ရှိတဲ့ နိုင်ငံသားစုစုပေါင်း ရဲ့ ၅၁%
ကျော်အောင်မဲ မပေးရင်ပြက်ကယ်×××ပက်ကယ် ရွေးကောက်ပွဲ အတုကြီး
ဟာအထမမြောက်ဘူး၊၊
ဒါတောင်မှ
၁။ စစ်အုပ်စု ကသူတို့ လူသူတို့ (စစ်သားဝန်ထမ်း တွေကို)ရေတွက်ပြီး
ရွေးကောက်ပွဲကြီးအထမြောက်တယ် လို့ လုပ်လို့ ရတယ်။

၂။ ရွေးကောက်ပွဲ နည်းနဲ့ အဖြေမထွက်လို့ ပါဆိုပြီး ..ငါ့ရယ်။ ငါ့သမက်ရယ်၊
ငါ့တပည့်ရယ်၊ ငါ့အောက်ဆွဲရယ်၊ ညွန့်ပေါင်းဖွဲ့ ပြီး ယာယီ အုပ်ချုပ်တယ်
×××ဆိုပြီး လုပ်လာနိုင်သေးတယ် ×××။

၃။ အာကာနဲ့ လက်နက် လက်ရှိ ရှိနေတော့ တခြား နည်းလမ်း များစွာ ကလိမ်ကကျစ်
လုပ်နိုင်သေးတယ်×××။



""ငဒို့ လွတ်မြောက်ချင်ကြတယ်မဟုတ်လား နောက်ထပ်တစ်ဆင့် ပေါ့ ဆက် ဆွေးနွေး
ကြသေးတာပေါ့ ××

( B . J )

Tuesday, March 30, 2010

ဦးဝင်းတင် ၃၀ မတ် ဆောင်းပါး



ဒီမိုကရေစီဘက်တော်သားတို့အတွက် မြန်မာနိုင်ငံက အဆုံးအဖြတ်အခါသမယ


ဦးဝင်းတင်

၃၀ မတ် ၂၀၁၀




မြန်မာပြည်ကစစ်အစိုးရဟာ ကျနော်တို့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ဆက်လက်ရပ်တည်လှုပ်ရှား မယ် မလှုပ်ရှားဘူးဆိုတာနဲ့ပတ်သက်ပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်တရပ် ချဖို့အခြေ ဆိုက်စေခဲ့ပါတယ်။

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီလို့ ခေါ်တဲ့ အာဏာရဗိုလ်ချုပ်တွေဟာ ဒီလထဲမှာ မတရားတဲ့ ရွေး ကောက်ပွဲဥပဒေတစုံကို ထုတ်ပြန်ခဲ့ပြီး ကျနော်တို့ပါတီကို ရွေးကောက်ပွဲကော်မရှင်မှာ ရက် ၆၀ အတွင်း အသစ်ပြန်မှတ်ပုံမတင်ရင် ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကျနော်တို့ဟာ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာတဲ့သဘာဝကို သိထားပါတယ်။ သူချမှတ်တဲ့ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှု စိုးစဉ်းလောက်ပြလိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ စစ်အစိုးရဟာ အဲဒီဥပဒေတွေသုံးပြီး ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို နိုင်ငံရေးလုပ်ငန်းကနေ ဖယ်ထုတ်ပစ်လိမ့်မယ်လို့လည်း မမျှော်လင့်မိခဲ့ပါဘူး။ စစ်အစိုးရဟာ ပါတီအားလုံးပါဝင်တဲ့ ပွင့်လင်းမြင်သာ လွတ်လပ် တရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုချက်ကို လျစ်လျူရှုလိုက်ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆန္ဒကို အာခံလိုက်ပြန်ပါပြီ။

နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေက နိုင်ငံရေးအကျဉ်းသားအားလုံးကို မဲပေးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ နိုင်ငံရေးပါတီထောင်ခြင်း ဒါမှမဟုတ် ပါတီဝင်ဖြစ်ခြင်းတို့အားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်မှုကို ပိတ်ပင်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ့်ပါတီဝင်အဖြစ် ရှိမနေအောင် ပါတီတွေက အာမခံရမှာဖြစ်ပြီး နိုင်ငံ့ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာ စောင့်ရှောက်ပါ့မယ်၊ ရွေးကောက်ပွဲဥပဒေတွေကို လိုက်နာပါ့မယ်ဆိုတဲ့ ခံဝန်ချက်ကိုလည်း လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကိုလည်း မဖြစ်မနေ ဝင်ပြိုင်ဖို့လိုပါတယ်။ ဒီကန့်သတ်ချုပ်ချယ်ချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင် ပါတီဖျက်သိမ်းခံ ရမှာဖြစ်ပါတယ်။

ကျနော့်အတွက်တော့ ဆုံးဖြတ်ရတာ လွယ်ကူရိုးစင်းလှပါတယ်။ ဒါကတော့ ဘူး ဆိုတာပါဘဲ။ ကျနော်တို့ဟာ ဖောက်ပြန် ခြစားပြီး မတရားတဲ့ ဒီတရားရေးစနစ်အောက်မှာ အကျဉ်းချခံနေရ အကျဉ်းချခံခဲ့ရဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေကို မထုတ်ပစ်နိုင်ပါဘူး။ သူတို့မပါရင် ကျနော်တို့ပါတီဟာ အလကားဖြစ်သွားပါလိမ့်မယ်။ သူတို့ဟာ ဒီမိုကရေစီနဲ့ တရားဥပဒေ အာဏာပိုင်စိုးမှုကို ယုံကြည်လို့ ထောင်ထဲရောက်နေတာဖြစ်ပါတယ်။ ယုံကြည်လက်ခံလောက်ဖွယ် ဒီမိုကရေစီလုပ်ငန်းဖြစ်ဖို့ဆိုရင် သူတို့ကို ချက်ခြင်းလွှတ်ပေးပြီး ဗမာပြည်ရဲ့ နိုင်ငံရေးလုပ်ငန်းထဲ ပါဝင်ဆောင်ရွက်စေဖို့လိုပါတယ်။

ထာဝရ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ဖို့ ရည်ရွယ်ပြီး စစ်အစိုးရ တဖက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ကျနော်တို့ လက်မခံပါဘူး။ ဒီအခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒခံယူပွဲကို ၂၀၀၈ ခု နာဂစ်မုန်တိုင်းအပြီးမှာ ကျင်းပခဲ့ပြီး အဓမ္မဖိအားနဲ့ မသမာမှုနဲ့ "အတည်ပြုခဲ့"တာ ဖြစ်ပါတယ်။ ကျနော်တို့ရည်မှန်းချက်ကတော့ ဒီအခြေခံဥပဒေအတုအယောင်ကို ပယ်ချပစ်ပြီး အားလုံးပါဝင်တဲ့ စစ်မှန်တဲ့နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုကတဆင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တရားဥပဒေ အာဏာပိုင်စိုးမှုနဲ့ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှမှု ကိုအာမခံမယ့် အခြေခံဥပဒေတရပ် ဖန်တီးဖို့ဖြစ်ပါတယ်။ အတု အယောင်အခြေခံဥပဒေကို လိုက်နာပါ့မယ်လို့ ကျနော်တို့ ခံဝန်ချက်မထိုးနိုင်ပါဘူး။ ဒီလုပ်ငန်းကနေ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွက် လာမှာမဟုတ်ပါဘူး။

အဖွဲ့အစည်းတခုအဖို့ ဒီလိုဆုံးဖြတ်ချက်မျိုးချနိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူမပါတီ ရွေး ကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ "စဉ်းတောင်မစဉ်းစားဘူး" လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီကို သက်ဝင်ယုံကြည်တဲ့ ခေါင်းဆောင်တယောက်ပီပီ ပါတီကဘဲ ကိုယ့်ဖာသာကိုယ် ဆွေးနွေးဆုံးဖြတ်ဖို့ကို အလေးပေးခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ကျနော့်ရဲဘော်အားလုံးက ဒီမတရားမှုတွေကို အတူတကွရင်ဆိုင်ဖို့ သဘောတူခဲ့ကြပါတယ်။

တချို့ကတော့ ကျနော်တို့ပါတီ ဆက်လက်ပြီး တရားဝင်အနေအထားရှိဖို့ ပိုအရေးကြီးတယ်လို့ ယူဆကြပါတယ်။ သူတို့စဉ်း စားချက်အရ ကျနော်တို့ပါတီ တရားမဝင်ဖြစ်သွားရင် မြန်မာနိုင်ငံပြည်သူတွေအတွက် ဘယ်လိုအလုပ်လုပ်နိုင်တော့မှာလဲတဲ့။ ကုလ သမဂ္ဂနဲ့ တချို့နိုင်ငံတွေကလည်း စစ်အစိုးရကို ဒီမတရားဥပဒေတွေ ပြောင်းလဲပေးဖို့ ပန်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ ရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမှာပါဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းဟာ ဗမာပြည် အခြေအနေ ဆွေးနွေးနိုင်အောင် သူ့ရဲ့ "မြန်မာ့မိတ်ဆွေများအုပ်စု" အစည်းအဝေးတခု ခေါ်ယူကျင်းပခဲ့ပါတယ်။ အမေရိကန်အစိုးရ ဟာ ကျနော်တို့တိုင်းပြည်ထဲက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေးရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ "စုံစမ်း ရေးကော်မရှင်"တရပ်ကို ကုလသမဂ္ဂကနေထူထောင်ဖို့ အကြံပြုချက်အပါအဝင် ကုလ အထူးစုံစမ်းရေးသမား တောမတ်စ်အိုဟေး ယားကွင်တားနား မကြာခင်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ အကြံပြုတိုက်တွန်းချက်တွေကို "အလေးအနက်စဉ်းစား" နေတယ် လို့လည်း ကျနော်တို့ကြားရပါတယ်။ ဒီလိုနောက်ကွယ်က နိုင်ငံတကာ့အသံတွေရဲ့ ထောက်ခံအားပေးမှုနဲ့တင် မလုံလောက်နိုင်ပါ။ နိုင်ငံတကာ့အသံတွေ ကြေညာချက်တွေကို ဗမာပြည်နိုင်ငံရေးအကျပ်အတည်း ပြောင်းလဲပစ်ဖို့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေနဲ့ အားမဖြည့်တဲ့အတွက် ကျနော့်ရဲဘော်တွေ ပူပန်ကြောင့်ကြမိတာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။

ကျနော်တို့ပါတီဟာ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီအတွက် အသက်ပေးလှူသွားခဲ့ကြသူတွေရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ၁၉၈၈ ခု ဒီမိုကရေစီရေး လူထုအုံကြွမှုကနေ ပေါက်ဖွားလာ တာဖြစ်ပါတယ်။

ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့ပြီး နှစ် နှစ်ဆယ်ကျော်တိုင်အောင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီး ရဲ့ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမတရားတဲ့ ရွေးကောက်ပွဲ"ဥပဒေတွေ"ကို ဒူးထောက်ဖို့ငြင်းဆန်တဲ့အတွက် မကြာခင်မှာ စစ် အစိုးရကနေ ဖျက်သိမ်းတာကို ခံရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲင်အယ်လ်ဒီ ဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါ။ ကျနော် တို့ဟာ ပြည်သူတွေအကြားမှာ ပြည်သူတွေနဲ့အတူ ရှိနေမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်း သားလူမျိုးစုများတန်းတူရေးအတွက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။

နိုင်ငံတကာ့အသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့နဲ့အတူ ရပ်တည်ဖို့ ကျနော်မျှော်လင့်ပါတယ်။ နိုင်ငံတကာကအစိုးရတွေဟာ စစ်အစိုးရရဲ့ရွေးကောက်ပွဲနဲ့ ကြိုတင်စီစဉ်ထားတဲ့ရလဒ်ကို လက်မခံကြောင်း ကြေညာဖို့လိုပြီး စစ်အစိုးရအနေနဲ့ ဗမာပြည်အတွက် သိသာထင်ရှားပြီး တိုးတက်တဲ့အပြောင်းအလဲလုပ်ဖို့ ဖိအားပေးသင့်ပါတယ်။ အပြောင်းအလဲဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ခြင်းလွှတ်ပေးတာနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် စစ်ဆင်ရေးတွေ ရပ်စဲတာက အစချီရမှာဖြစ်ပါတယ်။ ဒီနောက် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ စေ့စပ်ဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ထွန်းရေးအတွက် ငြိမ်းချမ်းစွာအဖြေရှာရမှာဖြစ်ပါတယ်။

ဦးဝင်းတင်

မတ်လ ၃၀ ရက် ၂၀၁၀ ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှ Decision Time in Burma for Democracy's Advocates ဆောင်းပါး

ဦးဝင်းတင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် စတင်တည်ထောင်သူလည်းဖြစ်ပြီး ၁၉၈၉ ခုကနေ ၂၀၀၈ ခုအထိ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပါတယ်။

NLD ဆုံးဖြတ်ချက် အား ထောက်ခံကြောင်း ကျြေငြာချက်များ

FDB Stm on NLD Decision

Joint Statement No-5-2010 of ABMA+88+ABFSU

“ဒီချုပ်ဆုံးဖြတ် ဒို့ဆုံးဖြတ် ဒီချုပ်အရေး ဒို့အရေး”

Monday, March 29, 2010

လူ့ဘောင်သစ်က NLD ဆုံးဖြတ်ချက်ကို လေးလေးနက်နက် ဂုဏ်ပြုကြိုဆို

29 Mar DPNS Stm on NLD Decision

တောင့်ထား အန်အယ်လ်ဒီ



တောင့်ထား အန်အယ်လ်ဒီ
ရဲဘော်ဖိုးသံချောင်း
၂၉/ မတ် ၂၀၁၀
နအဖရဲ့ နောက်ဆုံးခြေလှမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ကို
စမ်းသပ်လိုက်တာပဲလို့ အလွယ်တကူပြောရင် ရပါတယ်။ ဒါပေမယ့် နအဖရဲ့ဒီထိုးစစ်ဟာ
မမျှော်လင့်ဘဲပေါ်လာတာမဟုတ်ပါဘူး။ ဒင်းတို့တတွေ ဒီအတွက် ကြိတ်ကြံနေတယ်။
တချိန်ကျရင်၊ အထူးသဖြင့် ရွေးကောက်ပွဲကာလတ၀ိုက်မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို “ကိုင်” တော့မယ်ဆိုတာ
အစောကြီးကတည်းက အများက တွက်ထားကြတာပါ။ ဘယ်ပုံဘယ်နည်းဆိုတာကိုသာ
စောင့်ကြည့်နေကြတာ ဖြစ်ပါ
တယ်။
အခုတော့ အဖြေက ထွက်လာပါပြီ။ တွက်ထားတဲ့အတိုင်းပဲ ကောင်းဘွိုင်ကားထဲက လူဆိုးလို သေနတ်တ၀င့်ဝင့်နဲ့
အဲဒီသေနတ်ကိုင်လူဆိုးက အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဖြိုခွဲခံမလား၊ သူတို့ခွင့်ပြုတဲ့ ဥပဒေဘောင်
ထဲကနေ အပြင်ကိုထွက်သွားမလား၊ သူတို့ဖွင့်ပေးထားတဲ့ ပုံစံတံခါးပေါက်ကနေ ခေါင်းငုံ့ဝင်မလားလို့ ရွေးစရာတွေ
ပေးနေပါတယ်။ ဒါဟာ နအဖဘက်က သွေးတိုးစမ်းတာ မကတော့ပါဘူး။ စိန်ခေါ်တာ၊ စစ်ကြေညာတာဖြစ်ပါတယ်။
ဒီချုပ်အနေနဲ့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရင်ဆိုင်ဖြေရှင်းရပါတော့မယ်။ လွန်ခဲ့တဲ့အနှစ် (၂၀) တုန်းက
ကြံ့ခိုင်မှုမျိုး ရှိသေးသလားဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သက်သေပြရပါတော့မယ်။
သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို နအဖက
အခုလို တမင်အညွန့်ချိုးဖို့ လုပ်တာဟာ ဒီနေ့ ပြည်သူလူထုရဲ့ လှုပ်ရှားမှုနဲ့ စိတ်ဓာတ်အရှိန်ကို ချိုးနှိမ်ဖို့လုပ်တာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဦးတည်တယ်လို့ ဆိုပေမယ့် ဦးတည်ထားတာ
ဖြစ်တယ်ဆိုတာကို
သတိပြုရပါမယ်။
ဒီတပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးကျိုးသွားရင် ပြည်သူလူထုရဲ့လှုပ်ရှားမှုကြီးကိုလည်း
အများကြီးထိခိုက်မယ်ဆိုတာ သေချာပါတယ်။ ဒါကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တဦးတည်း ရင်ဆိုင်နေရတဲ့ပြဿနာလို့
အသာလက်ပိုက်ကြည့်နေရင် ဒီတကွေ့ရဲ့ အချောင်သမားဖြစ်သွားပါမယ်။
ဖိနှိပ်တဲ့ အုပ်စိုးသူတွေနဲ့ အဖိနှိပ်ခံ ပြည်သူတို့အကြားက ပဋိပက္ခမှာ အဖိနှိပ်ခံ ပြည်သူတို့ဘက်က တိုက်ပွဲကို ကိုယ့်စိတ်ကြိုက်
ပြင်ဆင်ပြီး ဆင်နွှဲနိုင်တာ အင်မတန်မှ နည်းပါတယ်။ တိုက်ပွဲအချိန်၊ တိုက်ပွဲနေရာဌာန၊ တိုက်ပွဲသဏ္ဌာန် စတာတွေကိုလည်း
ကိုယ်သဘောကျတာ ရွေးချယ်ခွင့် မရတတ်ပါဘူး။ ဒါကြောင့်လည်း ပြည်သူလူထုဘက်က ခုခံစစ်ဆင်နွှဲရတာဖြစ်တယ်လို့
ပြောလေ့ရှိကြတာပါ။ အခုလည်းပဲ နအဖရွေးချယ်တဲ့အချိန်၊ နအဖရွေးချယ်တဲ့နေရာမှာ သူတွန်းပို့လာတဲ့နည်းနာနဲ့
ပြန်လည်တုံ့ပြန်ရတော့မှာဖြစ်ပါတယ်။ အလှည့်မို့ နွဲ့လို့မရတော့ပါဘူး။ မြင့်တဲ့အပင်ဟာ လေတိုက်တဲ့ဒဏ်ကို
ဒီနေ့အတိုက်အခံအင်အားစုတွေထဲမှာ ထိပ်ဆုံးကရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ဟာ နအဖရဲ့အပြင်းထန်ဆုံး
တိုက်ခိုက်တာကို ခံရတာပဲ ဖြစ်ပါတယ်။
တပါတည်းမှာ ထောက်ပြဖို့လိုတာက ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းတာဟာ ၁၉၅၈-၆၀ အတွင်း (၂) နှစ်လောက်
နန်းထိုင်လိုက်ရလို့ အာဏာရဲ့အရသာကို မောင်ကျန်တတို့ဖြစ်သွားပြီး တသက်လုံး နန်းစံဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။ စစ်
အုပ်စုတွေဆိုတာ အဲဒီလိုအာဏာကလေး (၂) နှစ်လောက် ရလိုက်တာနဲ့ပဲ သံသရာဆုံးတိုင် အာဏာကိုင်ထားဖို့ စိတ်ကူးကြ
တယ်ဆိုရင် အနှစ် (၂၀) ကျော် အာဏာအရသာကို မြိန်မြိန်ကြီးစားသုံးခဲ့တဲ့ ဗိုလ်သန်းရွှေတို့တတွေ ဘယ်လိုစိတ်ကူး
ကြမယ်ဆိုတာ အလွယ်နဲ့မှန်းကြည့်နိုင်ပါတယ်။ ဒီတော့ လာမယ့် သူတို့ရဲ့လွှတ်တော်ထမှဲာ သူတို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ
ဥပဒေဆိုတာနဲ့ လုယူထားတဲ့ (၂၅) ရာခိုင်နှုန်းသော ကိုယ်စားလှယ်အရေအတွက်လောက်နဲ့ တင်းတိမ်ရောင့်ရဲမယ်လို့ထင်ရင်
ညံ့လွန်းရာကျပါလိမ့်မယ်။ ဆန္ဒခံယူပွဲတုန်းက (၉၂.၂) ရာခိုင်နှုန်းထက်မနည်း ရအောင်ယူမယ်ဆိုတာကို မယုံမရှိပါနဲ့။ အဲဒီလို
လွှတ်တော်မျိုးထဲကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ (၇၅) ရာခိုင်နှုန်းအထက် ကိုယ်စားလှယ်ဦးရေရအောင်
စည်းရုံးမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုတော့ စောင့်သာကြည့်ချင်ပါသေးတော့တယ်လို့ ဆိုရမှာပါပဲ။
နအဖရဲ့ ဒီရွေးကောက်ပွဲဟာ ဗြုန်းစားပေါ်လာတာမဟုတ်ပါဘူး။ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ဆွဲကတည်းက ပေါ်လာတာ
ဖြစ်ပါတယ်။ လမ်းပြမြေပုံ (၇) ချက်အရဆိုရင် ဒါဟာနောက်ဆုံးအဆင့်၊ ဒါကိုဖြတ်သန်းပြီးရင် ဗိုလ်ချုပ်တွေ ရေသင်ဖြူးမှာ
လှေယာဉ်နြဲ့မူးဖို့သာ ရှိတော့တယ်လို့ တွက်ထားတာဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ ဒါဆိုရင် မြန်မာပြည်ကြီးကို စစ်အုပ်စု
အဆက်ဆက် ရာစုနှစ်နဲ့ချီပြီး အုပ်စိုးလို့ရသွားပြီလို့ စိတ်ချရတော့မှာပါ။ အနှစ် (၂၀) နီးပါး ပြင်ဆင်လာပြီးနောက်
အခုအခါမှာ ပိုင်ပြီထင်လို့ ဖော်ထုတ်လာတာ ဖြစ်ပါတယ်။
နှယ်နှယ့်အကြံအစည်မဟုတ်ပါဘူး။ ဒီတော့ သဘောဝကျစွာပဲ တိုက်ပွဲဟာ
အခက်အခဲတွေ ရှိမှာပါ။ ကတုတ်ကျင်းတွေ စနစ်တကျ တူးပြီးသားအသင့်ဖြစ်နေတဲ့
ရန်သူနဲ့ လမ်းပေါ်မှာ ချီတက်နေတဲ့လူတို့ တိုက်ရတယ်ဆိုရင် ကတုတ်ကျင်းထဲကလူက
တပန်းသာတာကတော့ အမှန်ပါပဲ။
ရွေးကောက်ပွဲမတိုင်မီ ဒီကာလပိုင်းဟာ နအဖအနေနဲ့ ရေနှောက်ငါးဖမ်းသလို
အတိုက်အခံတွေကို ဆန်ခါတင် စစ်နေတယ်လို့ဆိုရင် မမှားပါဘူး။
သူတို့ရဲ့ပေါ်ပေါက်လာမယ့် စည်းကမ်းရှိတဲ့ ဒီမိုကရေစီကာလကြီးမှာ ဘယ်သူတွေကို ဘယ်လိုနှိပ်ထားရမယ်ဆိုတာ ဒီတချီမှာ
တပါတည်း စာရင်းပြုနေတာ ဖြစ်ပါတယ်။ သူတို့ဘက်ကနေ ဘီလူးစည်း လူ့စည်းခွေဲ နတာလို့ ဆိုနိုင်ပါတယ်။
ဒီလိုဆိုတဲ့အတွက် နအဖစစ်အစိုးရကို ပိုတွက်ဖို့မလိုပါဘူး။ သူတို့တတွေ အာဏာရလေလေ၊ ဥစ္စာဓနတွေ တိုးပွားလေလေ
သူတို့ချင်းပြဿနာတွေ ပိုတက်လေလေ ဖြစ်ပါလိမ့်မယ်။ ဒါတရားပါ။ အရင်ကလည်းဒီလိုပဲဖြစ်ခဲ့တယ်။ နောင်လည်း
ဒီလိုပဲဖြစ်ပါလိမ့်မယ်။ တဖက်မှာလည်း ဒီလိုဆိုတဲ့အတွက် ဒင်းတို့တတွေ သူတို့ချင်းချကုန်ပြီး အလိုလိုပျက်စီးသွားမယ်လို့
မမျှော်လင့်သင့်ပါဘူး။ ကိုယ်က (ပြည်သူလူထုက) တွန်းမချရင် ပြိုမကျပါဘူး။
အဲဒီအတွက် အင်အားစုစည်းပါ။ ကျစ်လစ်အောင်၊ ကျယ်ပြန့်အောင်လုပ်ပါ။ နည်းနာရှာပါ။ ကိုယ့်ဘက်မှာ ပြည်သူလူထု
ရှိနေရင် မရှိရာကနေ ရှိလာ၊ အားနည်းရာကနေ အားကြီးလာရမှာပါ။

NLD နောက်ဆက်တွဲ ကြားဖြတ်


ခု အစည်းဝေးဆုံးဖြတ်လိုက်ပါပြီ။ ဆုံးဖြတ်ချက်ကတော့ မှတ်ပုံမတင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
အများစုက မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ပါတယ်။ ဦးအောင်ရွှေ ကတော့ နေမကောင်းဘူးဆိုပြီး
အစည်းဝေးကို တက်ရောက်ခြင်းမရှိကြောင်းသိရပါတယ်။ သူက မှတ်ပုံတင်ဖို့ ကြိုးပန်းခဲ့သူဖြစ်ပါတယ်။
အစည်းဝေးဆုံးဖြတ်ချက် ချမှတ်ပြီးသွားတဲ့အခါမှာ အဖွဲ့ ချုပ်ဝင်လူငယ်တဦးက တရွှေ တော့ ကျသွားပြီ
နောက်တရွှေ ပဲ ကျန်တော့တယ် လို့  ကြွေးကြော်သွားကြောင်းသိရပါတယ်။ လူငယ်အမျိုးသမီးတဦးကတော့ တကယ်ပျော်စရာကြီး ရှင်၊ တကယ်အောင်ပွဲခံမဲ့ နေ ကြရင် ဒီထက်ကို ပို ပျော်ရမှာပဲနော်လို့  မျက်ရည်ဝဲ ရင်းဆိုပါတယ်။

မှတ်ချက်။
ဦးအောင်ရွေကတော့ဒေါ်စုဆန္ဒ အတိုင်းရပ်တည်ပေးလိုက်တယ်လို့ သူ့သဘောထားကိုပြောကြောင်းသိရပါတယ်
Gmail ပေးပို့ မှု

ဖိုးရှုပ်လေး

Sunday, March 28, 2010

ကြားဖြတ်သတင်း ဒီနေ့ NLD (Good News)

မြန်မာ ပြည်ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုကြီး ရဲ့ အောင်ပွဲ နိဒါန်းကို စတင်လိုက်ပါပြီ။ လူအမြောက်အများ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ ကို သွားနေကြပါတယ်။ တချို့ လူများက ခရမ်းချဉ်သီးများ ဘူးသီးများကိုလည်း ယူဆောင်လာကြပါတယ်။ ဗဟိုကော်မတီတွေက မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင် ပေါက်ရန်လို့ သိရပါတယ်။ လင့်လမ်း မှာရှိတဲ့ အလက ကျောင်းဝင်းနဲ့  ကျောက်ဆည်ဓမ္မာရုံ ထဲမှာတော့ လုံထိန်းကားများကို ချထားပါတယ်။ လာရောက်တဲ့ လူထု ကလည်း ဒီထက်ကို ပိုများနေတာက

အားရစရာ အလွန်းကောင်းလှပါတယ်။


လူအများက ကြောက်ရွံ့ မှုမရှိပဲ ဆုံးဖြတ်ချက် အပေါ်မှာ အခိုင်အမာ သံဓိဌာန် ချမှတ်ထားကြပုံရတယ်။ ဇူလှိုင် ၂၃ ရက်နေ့  ၁၉၈၈ ခုနစ် နေ့ က ဦးနေ၀င်း ရဲ့ မိန့် ခွန်းပြောအပြီးမှာ လူထုလှုပ်ရှားမှုကြီးနဲ့ တုန့် ပြန် လို က်တဲ့ နေနဲ့ အလားသဏန် တူနေတယ်လို့  ၈၈ မျိုးဆက်ဟောင်းတဦးက ဆိုပါတယ်။ ဒီတခါတော့ နောက်ဆုံး တိုက်ပွဲ မြန်မာ ပြည် ပြောင်းလဲ ရပြီပေါ့ဗျာလို့  ကျောင်းဆရာ တဦးက ကြုံးဝါးသွားပါတယ်။



တိုင်းနဲ့ပြည်နယ် ရဲ့ စီစီအဖွဲ့ဝင်အများစုက မှတ်ပုံမတင်ရေးဘက်ကို ၀ိုင်းထောက်ခံနေကြတော့ ဦးအောင်ရွှေနဲ့ တချို ခေါင်းဆောင်အနည်းစုက မဲမခွဲရဲတော့ပဲ မန်းဒိတ်တွေ သုံးမယ် လုပ်နေပါတယ် ။ ဒါကြောင့် အမတ်တွေက သူတို့ပေးထားတဲ့ မန်းဒိတ်တွေကို ပြန်ရုပ်သိမ်းကြတယ်။ မှတ်ပုံတင်ရေးမှာ သူတို့  တင်ရေးမှာသူတို့ မန်းဒိတ်ကို သုံးခွင့်မပေးနိင်တော့ဘူးလို့ သိရပါတယ်။



တကယ်လို့  မှတ်ပုံမတင်ရေးဖက်ကနိင်လာတယ်ဆိုရင်တော့ နောက်တနေ့ မှာ ဒေါ်အောင်ဆန်းစုကြည်ကို

လွတ်မြောက်ရေး လှုပ်ရှားမှု ကြီးကို တဆက်ထည်း ဆက်လည် ဆင်နွဲရပါ လိမ့်မယ်။ ၂၀၀၈ အတုယောင်အခြေခံဥပဒေကို ပြင်ဆင်ဖို့  လှုပ်ရှားမှုကိုလည်း ဆက်လက်တိုက်ပွဲ ၀င်ရပါလိမ့်မယ်။

လူစုမကွဲခင်မှာ အထွေထွေသပိတ်ကို ခေါ်ဖို့ လိုလာပါလိမ့်မယ်။

Gmail မှတဆင့်ပေးပို့ လာပါသဖြင့် မဆိုင်းမတွ တင်ပေးလိုက်ပါတယ်။

ဖိုးရှုပ်လေး