Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Wednesday, November 2, 2011

လရပ်ခိုတဲ့ အာဏာမဲ့သူ

လရပ်ခိုတဲ့ အာဏာမဲ့သူ

အချိန်က လူကို ခေါ်သွားတာ

လူက အချိန်ကို ခေါ်သွားတာ

တွေးရင်း ပြေးရင်း မြင့်တက်သွားရဲ့

လိုချင်သေးတယ်

ဒီညလပြည့်နေ့

မင်းအမေကို ခွင့်တောင်းထား

နင်လဲနင့် အမကိုပြောထား

မင်း အဖေ ခရီးသွားတော့ မင်းကတော့ ရှယ်ပဲ


ထမင်းစားပြီး လျှောက်မပြေးနဲ့

ခလုပ်တိုက်ရင် ပွန်းပဲ့ကုန်မယ်

အပြင်ထွက်ရင် “ဖွ.. ဖွ..” အော်နော်

ဒီ အဖွားကြီ်း စကားတော်တော်များပါလား

စိမ်ပြီဆိုတာနဲ့ ရိုင်းလားဘာလား မသိတော့ဘူး

ထမင်းရည် ပူစီး နင်းမိတော့လဲ

ငါ အရှုံးပေးလိုက်ရတာပေါ့


ချွေးတွေက ငါ့ပျော်ရွှင်မှု ကိုလောင်းနေတဲ့ ရေတခွက်ပါ

ပင်ပန်းလွန်းလို့ ခြေရေတောင်မဆေးနိုင်ဘူး…

ခြေရေသာ မဆေးတာ

လက်ဝါးနှစ်ဖက်ပူးကို ပူးရမယ်ဆိုလို့

ပူးပေးလိုက်ရသေးတယ်…


ခုတော့ လဲ

၃၈ဖြာ နားခါးတယ်လေးဘာလေးပေါ့

ခါးတယ်ဆိုပေမယ့် လိုချင်ပါသေးတယ်

လရိပ်ခိုတဲ့ နာရီတွေကို…

မိုက်ခဲ (၁၆.၅.၂၀၁၁)

Sunday, October 23, 2011

" ကဗျာ ဆရာ ရဲ့ အိမ် အပြန်"

" ကဗျာ ဆရာ ရဲ့ အိမ် အပြန်"

စနေနေ့ ညကတဲ့

လှသန်း၊ ကြည်မောင်သန်း

နိမိတ်ထွန်းသန်း၊ စံသိုက်

လိပ်ပြာသန့်သန့်၊ ရန်မခ

မောင်သီးသန့် အားလုံးပြန်သွားပြီ...

ကြည့်မြင်တိုင်ကဆိုင်ကို မလာတော့ဘူး။

လေထန်ကုန်းကို ခြေဆုံကန်ပြီ။

ကျုပ်သိလိုက်တုန်းက

ဝါးဓနိတွေနဲ့ သားအမိတွေဆိုတာ

အဲဒါခင်ဗျား ခင်ဗျား


"စောက်ရမ်း စောက်ရမ်း" ခဏခဏပြောတဲ့လူ

ဆံရှည်ကိုယ်တော်

အဖေ့ဆီလာတုန်းတော့ ဆုံဖူးတာ ခဏခဏ

ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတက်တဲ့လူ..

ခင်ဗျားပြန်သွားပြီလား။


ကဗျာတွေကို ရေလည်ရေးရင်း

လ္ဘက်ရည်ဆိုင်က

မုဆိုးမ စစ်တမ်းထဲ

ခင်ဗျားထပ်တိုးလိုက်ပြန်ပေါ့။


ဖိုးရှုပ်လေး (ကြည်မောင်သန်းကွယ်လွန်ခြင်းအတွက်)

Monday, October 17, 2011

"ပလော့ ဖိုတီနိုင်း"


"ပလော့ ဖိုတီနိုင်း"


မင်းကိုနိုင် နာမည်ကို က
ခင်ဗျား ဘယ်မှာနေလဲ
ခင်ဗျား ဘာတွေစားလဲ
ခင်ဗျား ဘာတွေလုပ်လဲ
ပြီးပြည့်စုံတဲ့ ဇာတ်ညွှန်း ၀တ္ထုတွေကို
အကောင်ထည်ဖော်
ရိုက်ကွင်းထဲရောက်နေတဲ့ လူ
အပေါ်ယံရှပ်ကြည့်တော့
ခင်းဗျားနိုင်တဲ့လူရေးတာ ထင်ရ

နောက်ကြည့်မှန် မဲ့သူရေ
ခင်ဗျားရေးတာ ကျုပ်တို့တော့သိတယ်
ရေးဗျာ ဆက်ရေး လေးလေးပင်ပင်လေး

ကျုပ်တို့ဘေးက မှန်ထိုးမီးထိုး
အလုပ်မျိုးမျိုး ပေါ့
ရုံမီးဖွင့်လို့ နေကြာစေ့တွေရှင်းတဲ့ အချိန်မှာ
ခင်ဗျား နာမည်က
ခင်ဗျားကိုပြုံးပြပါလေ့မယ်..

ခုတော့ ဇတ်ကွက် ၄၉ မှာ
ခါးခါးသီးသီးပေါ့။

မိုက်ခဲ (ကိုမင်းကိုနိုင် ၄၉ နှစ်မြောက်မွေးနေ့ အမှတ်တရ)

Tuesday, September 13, 2011

"မေးခွန်းထဲက ကလေးငယ်"


"မေးခွန်းထဲက ကလေးငယ်"

မိုးကလဲရွာ
ရွံ့ကလဲ သိပ်ထူပေါ့
လေတွေကလဲ
မုန်းချင်စရာကောင်းအောင်တိုက်


မူလတန်းလွန်
အလယ်တန်းကို အစပြုနေတဲ့
ငါးတန်းကျောင်းသားလေး

ပုဆိုးကိုတောင်မနိုင်
လေးလံလှတဲ့ လွယ်အိတ်ကို
ကြောမှာ ထမ်းပိုး

အိမ်ကထည့်ပေးလိုက်တဲ့
ထမင်းဘူး
ကိုင်းတွေကြိုးနေတဲ့ ထီးကို
လက်ကကိုင်လို့


ဖိနပ်ဗလာ မထင်လိုက်ပါနဲ့
သစ်လွင်လှတဲ့
သူ့ဖိနပ် ခါးကြားမှာကြစ်လစ်လို့

"၅၀ ပဲ သုံး
အကြွေမရှိလို့ ၁၀၀ တန်ပေးလိုက်တာ"
ဆိုတဲ့ စကားသံက သူ့စိတ်ကိုဖိစီး

မေးတက်လိုက်တဲ့လူတွေ

ကျောင်းတော်ကို ရောက်အောင်သွားနေတာလား
ရွံ့တွေက ပဲတွန်းပို့နေတာလား
မင်း အနာဂါတ် အတွက်ကြိုးပမိးနေတာလား
မင်းမြို့လေးအတွက် ပြောင်းလဲပေးချင်လို့လား

မေးခွန်းသာ ရှိတာ
အဖြေမရှိ
သူပိုင်ထားတာ သူစဉ်းစားတာ
သူတွေးနေတာ
တစ်ခုသာပဲထင်းထင်းရှိရဲ့

နောက်တပတ်သောကြာနေ့ကျောင်းပိတ်တယ်။ ။

ဖိုးရှုပ်လေး

Sunday, September 4, 2011

ကဗျာ ရေးချင်စိတ်တွေနိုးလာတာကြောင့် နောက်ကဗျာ တပုဒ်

"ငါကြိုးစားလျှက်''



ငါ့ အသက် ၂၀ က"ချေ" ဆိုတာဘာကြီးလဲ
တီရှပ်တထည် ကို အလှဆင်တဲ့ကောင်
လူငယ်တွေ အတွက် ဒီဇိုင်း မိုက်တဲ့ကောင်
ဒီကောင် အဆိုတော်လား
ဒီကောင် ရုပ်ရျင်မင်းသားလား
ဒီကောင် မော်ဒယ်ဘွိုင်းဘား
မသိဘူး မသိဘူး ငါမသိဘူး

တအားရုပ်ဆိုးတယ် ငါ့ ရုပ်
တအားမုန်းလာ တယ် ကိုယ့်ကိုကိုယ်

ချေကို မသိတာငါပဲ မဟုတ်ပါဘူး
ငါ့သူငယ်ချင်းတွေလဲပါတယ်
ငါ့ အမလဲပါတယ်
ငါ့ညီလဲပါတယ်။

ချေတင်မကဘူး
ဘာမှမသိဘူး။

အဲဒါ မင်းတော်လို့ ဟေ့ကောင်
မင်းကို ကျော်ဖို့ ၊ အလဲထိုးဖို့ ငါကြိုးစားနေတယ်။ ။

မှတ်ချက်။ ။ ဧရာဝတီဘလော့မှာ ဒီပို့စ်လေးတွေ တွေ့ တော့ ကွန်မန့်ဝင်ရေးမိတာကနေ ဒီကဗျာ ဖြစ်လာတာပါ။

ဖိုးရှုပ်လေး