Wednesday, November 2, 2011

လရပ်ခိုတဲ့ အာဏာမဲ့သူ

လရပ်ခိုတဲ့ အာဏာမဲ့သူ

အချိန်က လူကို ခေါ်သွားတာ

လူက အချိန်ကို ခေါ်သွားတာ

တွေးရင်း ပြေးရင်း မြင့်တက်သွားရဲ့

လိုချင်သေးတယ်

ဒီညလပြည့်နေ့

မင်းအမေကို ခွင့်တောင်းထား

နင်လဲနင့် အမကိုပြောထား

မင်း အဖေ ခရီးသွားတော့ မင်းကတော့ ရှယ်ပဲ


ထမင်းစားပြီး လျှောက်မပြေးနဲ့

ခလုပ်တိုက်ရင် ပွန်းပဲ့ကုန်မယ်

အပြင်ထွက်ရင် “ဖွ.. ဖွ..” အော်နော်

ဒီ အဖွားကြီ်း စကားတော်တော်များပါလား

စိမ်ပြီဆိုတာနဲ့ ရိုင်းလားဘာလား မသိတော့ဘူး

ထမင်းရည် ပူစီး နင်းမိတော့လဲ

ငါ အရှုံးပေးလိုက်ရတာပေါ့


ချွေးတွေက ငါ့ပျော်ရွှင်မှု ကိုလောင်းနေတဲ့ ရေတခွက်ပါ

ပင်ပန်းလွန်းလို့ ခြေရေတောင်မဆေးနိုင်ဘူး…

ခြေရေသာ မဆေးတာ

လက်ဝါးနှစ်ဖက်ပူးကို ပူးရမယ်ဆိုလို့

ပူးပေးလိုက်ရသေးတယ်…


ခုတော့ လဲ

၃၈ဖြာ နားခါးတယ်လေးဘာလေးပေါ့

ခါးတယ်ဆိုပေမယ့် လိုချင်ပါသေးတယ်

လရိပ်ခိုတဲ့ နာရီတွေကို…

မိုက်ခဲ (၁၆.၅.၂၀၁၁)

No comments:

Post a Comment