Friday, September 24, 2010
Wednesday, September 8, 2010
What is 2010 Burma election?
ရွေးကောက်ပွဲ ကျင်းပမည့် ရက်ထွက်ပေါ်လာပြီ.... ၇ရက် နိုဝင်ဘာလ ၂၀၁၀............
ကိုက်ဖဲကိုယ်ချိုးပြီး ကြံဖွံ့ပါတီကလဲ အားရပါးရကို ပြည်သူ့ဘဏ္ဍာတွေသုံးပြီး စည်းရုံးရေးတွေဆင်းနေကြပါပြီ.. အဖြည့်ခံပါတီတွေ ကလဲအဟုတ်ကြီးထင်ပြီး အားကြိုးမာန်တက်တွေလှုပ်ရှားနြေ
ရွေးကောက်ပွဲ နှင့်ပက်သက်ပြီးဒေါ်အောင်ဆန်းစြု
NLD ပါတီ ဗဟိုအလုပ်မှုဆောင် သတင်းစာဆရာကြီးဦးဝင်းတင် ကလဲ ရွေးကောက်ပွဲဥပဒေအရ မဲမပေးလို့ ရကြောင်း။ အားလုံးကမဲသွားမပေးကြရင် ကမ္ဘာ့ဆင်မြင့်ပေါ်မှာ.. ကမ္ဘာ့မျက်မှောက်မှာ... ဗမာပြည်ရဲ့တိုင်းသူပြည်သားတွေမျ
နောက်ပြီးရွေးကောက်ပွဲဝင်တဲ့ အထဲက ပါတီတချို့က ပါတီဝင်တွေလဲ ခုဆိုရင် ဘာလဲဆိုတာသိကုန်ကြလို့ ထွက်သူတွေထွက် ကုန်ကြပါပြီ။ ပြည်တွင်း အတိုက်အခံကျောင်းသားအဖွဲ့အစည်းေ
မြန်မာပြည်၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကပြောရရင် လုပ်ပွဲကန်ဘို့ ညှိထားတဲ့ ရက်ကွက်ဘောလုံးပွဲ တခုလိုပါပဲ။ ကန်မယ့်အသင်းသားတွေကလဲ Final Result ကိုကြိုသိနေ ဒိုင်လူကြီးကလဲခေါက်ဆွဲစားဒိုင် ဖြစ်နေ ။ ဒီပွဲသတင်းကလဲ ရပ်ကွက်လ္ဘက်ရည်ဆိုင်၊ ကွမ်းယာဆိုင်၊ သေရည်ဆိုင် တွေမှာပါပြန့်နေတော့ သွားကြည့်ရမယ့် ရပ်ကွက်သားတွေအတွက်တော့ မကြည့်ကြရုံပဲရှိတော့တာပေါ့ဗျာ.
မဲမပေးပဲ ...မဲရုံမသွားပဲသာနေကြတော့.....
မှတ်ချက်။ ။ မှတ်မိကြသေးရဲ့လား အရင်-၁၉၉၀ တုန်းကလဲ တို့ရပ်ကွက်အသင်းဝင်ပြိုင်ခဲ့တယ်လေ။ တို့အသင်းပဲနိုင်ခဲ့ဒါပေမယ့် ဒိုင်းကိုတော့နည်းအမျိုးမျိုးနဲ့ လှည့်ပဲ့ပြီး မပေးခဲ့ဘူးလေ။
ဖိုးရှုပ်လေး
For 2010 military general election
Pamphlet Boycott (08!09!10)
Sticker Boycott (08!09!10)
မိမိစိတ်ကြိုက် အလိုရှိကယူသုံးနိုင်ပါသည်။
ဖိုးရှုပ်လေး
Saturday, August 28, 2010
တပ်မတော်ရဲ့ ကတိအတိုင်း အရပ်သားကို အစိုးရ အာဏာလွှဲပေးမှာပါ

နိုင်ငံတော်ဖျတ်ဆီးပုံ အခြေခံဥပဒေ မူလေကြမ်း လွှဲပြောင်းပေးနေပုံ
gw အရင်က ပို့ထားတဲ့သီချင်းပါ ပြန်ခံစားဖို့ မျှဝေလိုက်ပါတယ်။
Monday, August 23, 2010
Boycott 2010 Vol.2 လာပြီ.....
ဘွိုင်းကောက် ၂၀၁၀ ဂျာနယ် အတွဲ (၁) အမှတ် (၂) ကို မိတ်ဆွေများ ဖက်ရှု့နိုင်ဘို့
ဖိုးရှုပ်လေး
Wednesday, August 18, 2010
BOYCOTT ဘွိုင်းကောက် .. အတွဲ-၁ အမှတ်-၁ ထွက်
၎င်း ဂျာနယ်ပါဖေါ်ပြချက် အရ ရွေးကောက်ပွဲကျင်းပမည့်ရက် မတိုင်ခင်ထိ ၂ ပတ် ၁ ကြိမ်ထုတ်သွားမည်ဟုသိရ..................
ထွက်သမျှတင်ပေးပါမည် .......................။
ဖိုးရှုပ်လေး
Sunday, August 15, 2010
အေအိုင်အဖွဲ့ကြီး၏ Burma and The Three Freedom ကမ်းပိန်း လှုပ်ရှားးမှု
It is better to light a candle than to curse the darkness.
(Amnesty International Motto)
အမှောင်ထုကို အပြစ်တင်နေမယ့်အစား ဖယောင်းတိုင် တစ်တိုင်ထွန်းလိုက်တာ
ပိုကောင်းပါတယ်။
(အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး၏ ဆောင်ပုဒ်)
ယင်းအစီအစဉ်အရ ကမ္ဘာ့နိုင်အသီးသီးရှိ AI အဖွဲ့များမှ တဆင့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲများ အထူးသဖြင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများထံသို့ လက်မှတ်ထိုး၍ မိမိတို့၏ သဘောထားကို ဖော်ပြကြရန်ဖြစ်သည်။
Amnesty International (AI) ၏ ဖော်ပြချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်နိုင်ခဲ့သော်လည်း စစ်အစိုးရမှ ရလဒ်ကို လက်မခံသည့်အပြင် အတိုက်အခံလုပ်သူ ရာပေါင်းများစွာကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း ထောက်ပြထားသည်။
AI က ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား (သို့) ယုံကြည်ချက်အတွက် အကျဉ်းကျနေသူပေါင်း ၂၂၀၀ ကျော်ရှိနေပြီး ၎င်းတို့သည် နည်းအမျိုးမျိုးဖြင့် ညှင်းပမ်းနှိပ်စက်ခြင်း ခံနေရသည်။ ထိုပြင် ၂၀၁၀
မတ်လတွင် ပြဋ္ဌာန်းခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (Electoral Law) အရ ယင်း နိုင်ငံရေး အကျဉ်းသား များသည် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ခွင့်မရကြပေ။
ယခု AI မှ လုပ်ဆောင်လိုက်သော Burma and The Three Freedom ကမ်းပိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သော ဝန်ကြီး (Minister) ထံပေးစာတွင် အာဆီယံနိုင်ငံ (ASEAN) များအနေဖြင့် အာဆီယံ ၏ စည်းမျဉ်းများဖြစ်သော အခြေခံလွတ်လပ်ခွင့်များ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရန်နှင့် တရားမျှတရေး တို့ကို လေးစားဖော်ဆောင်သောအားဖြင့် မြန်မာ စစ်အစိုးရအား ဝိုင်းဝန်း ဖိအားပေးရန် တိုက်တွန်းထားသည်။
မြန်မာစစ်အစိုးရကို ဖိအားပေးဖို့တောင်းဆိုရာတွင်
- နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး အတွက် ငြိမ်းချမ်းစွာလှုပ်ရှား၍ ဖမ်းဆီးထောင်ချခြင်းခံနေရသော ယုံကြည်ချက်အတွက် အကျဉ်းကျနေသူများ (Prisoners of Conscience) အားလုံးကို ပြန်လွှတ်ပေးရန်
- မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကာလ တစ်လျှောက်နှင့် အပြီးတွင် လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့် (Freedom of Expression) ၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့် (Freedom of Assembly) နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ပိုင်ခွင့် (Freedom of Association) တို့ပါဝင်သည်။
အာဆီယံ (ASEAN) အနေနှင့် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အတွက် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း ဝန်ကြီးထံ ပေးပို့မည့်စာတွင် ဖော်ပြထားသည်။
AI အနေနှင့် ယင်း ဝန်ကြီးထံပေးပီု့သောစာကို ဘာသာစကား (၉) မျိုးဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
သင့်အနေဖြင့် ဒီလင့် http://3freedoms.amnesty.org/ လေးကို နှိပ်ပြီး သဘောထားပေးပို့ခြင်းသည် စစ်အစိုးရ၏ မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းဖော်ပြရာ ရောက်ပြီး၊ အကျဉ်းထောင် အသီးသီးမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွတ်ခဲ့၍ မတရား ဖမ်းဆီးထောင်ချခြင်း ခံရသော ယုံကြည်ချက်အတွက် အကျဉ်းကျနေသူများ (Prisoners of Conscience) အားလုံးကို အားပေးထောက်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။
မလေးရှားနိုင်ငံ Amnesty International ၏ အမှုဆောင်ဒါရိုက်တာ နိုရာမူရတ် (Nora Murat) ကလည်း မြန်မာအရေးနှင့် ပတ်သတ်၍ သြဂုတ်လ ၇ ရက်တွင် သဘောထားတစောင် ထုတ်ပြန်ခဲ့သည်။
သူမအနေနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ်နိုင်ခဲ့သော်လည်း စစ်အစိုးရမှ ရလဒ်ကို လက်မခံသည့်အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ချထားခြင်း အပေါ် ဝေဖန်ထားသည်။ ထိုပြင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လာမယ့် ရွေးကောက်ပွဲတွင် နိုင်ငံရေး အကျဉ်းသားများ မပါဝင်နိုင်မှု အပေါ် ဝေဖန်ထောက်ပြထားသည်။
“အယ်ဒီတာများထံ” ဟုခေါင်းစဉ်ပေးထားသော Director Nora Murat ၏ စာတွင် ၂၀၀၈ ခုနှစ် တွင် ကရင်အုပ်စုမှ Khun Bedu, Khun Kawrio နှင့် Khun Dee De တို့ကို စစ်အစိုးရမှ မတရားဖမ်းဆီးထောင်ချ ခဲ့ခြင်း ကိုလည်းဖော်ပြထားသည်။
သူတို့သည် ‘No’ vote လှုပ်ရှားမှု အဖြစ် မိုးပျံပူဖောင်း လွှတ်တင်ခြင်း၊ စက္ကူလှေလွှတ်ခြင်း၊ နံရံကို မှုတ်ဆေးဖြင့်ဖျန်းခြင်း များကိုသာ လုပ်ခဲ့သူများဖြစ်သည်။ သူတို့သည် ဥပဒေကြောင်းအရ ကာကွယ်ပိုင်ခွင့်မရဘဲ
စစ်တရားရုံး (Military court) မှ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ Bedu နှင့် Kawrio တို့သည် ထောင်ဒဏ် ၃၇ နှစ်ကျခံစေပြီး Dee De ကို ထောင်ဒဏ် ၃၅ နှစ် ပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။
Amnesty International (Malaysia) က ဒါရိုက်တာ Nora Murat က မြန်မာစစ်အစိုးရကို တောင်းဆိုရာတွင်
- 3Freedom ဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပိုင်ခွင့် (Freedom of Expression) ၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့် (Freedom of Assembly) နှင့် လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ပိုင်ခွင့် (Freedom of Association) ကိုခွင့်ပြုရန်ယခုအချိန်သည် မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အလွန့်အလွန် အရေးကြီးသော အချိန်အခါကို ရောက်နေပါသည်။ ကျွန်တော်တို့အားလုံးဟာ နိုင်ငံရေးသမားများ (Politicians) မဟုတ်ရင်တောင် နိုင်ငံရေး၏
- နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ပေးရန်
- ရွေးကောက်ပွဲကာလ အတွင်း စစ်သားနှင့် ရဲများကို တားမြစ်ထားရန်
- နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း စစ်အစိုးရက ယင်း ‘Three Freedom’ ကို လေးစားရန်တိုက်တွန်းပေးရန် နှင့် ဆက်လက်ဖမ်းဆီးမှုများ ရှိလာပါက ပြစ်တင်ရှုတ်ချပေးကြရန် စသည်တို့ပါဝင်သည်။
အကျိုးဆက်တွေကို ခံစားရမယ့် (သို့) ခံစားရတဲ့ နိုင်ငံရေး သတ္တဝါ (Political Animal) လို့ခံယူမိပါတယ်။ ထို့ကြောင့် ပြည်တွင်းပြည်ပရှိ အားလုံးသော မြန်မာပြည်သူများ၊ မြန်မာ့အရေးနှင့် ပတ်သတ်ဆက်နွယ်နေသည့်
အဖွဲ့အစည်းများ၊ အုပ်စုများ၊ ပညာရှင်များ၊ ရဟန်းသံဃာတော်များ၊ တသီးပုဂ္ဂလများ အားလုံး (အားလုံး) ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး အတွက် ညီညီညွတ်ညွတ်
လုပ်ကိုင်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။
Friday, August 13, 2010
၂၀၁၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု ကြေငြာချက်နဲ့ ပတ်သတ်ပြီး ရှေ့နေကြီး ဦးဥာဏ်ဝင်း ပြောဆိုချက်..
၂၀၁၀ ရွေးကောက်ပွဲအား လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ယနေ့ မနက်(၁၀)နာရီက စစ်အစိုးရ (MRTV) သတင်းမှ ကြေငြာသွားပါတယ်..။ ထိုသတင်းနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းရဲ့ ပြောဆိုချက်ကို တင်ပြလိုက်ရပါတယ်..။
ဒီနေ့မနက် (၁၀)နာရီက (MRTV) သတင်းဋ္ဌာနကနေပြီးတော့ လာမည့် နိုဝင်ဘာလ (၇)ရက်နေ့မှာ ကျင်းပပြုလုပ်မယ်လို့ ကြေငြာသွားပါတယ်။ အန်ကယ်အမြင်ကို ပြောရရင် ဒီအချိန်နဲ့ ဒီအခြေအနေ ရွေးကောက်ပွဲ ကြေငြာတဲ့ရက်နဲ့ ကျင်းပမယ့်ရက်နဲ့ ဒီလောက်နီးတာ ဘယ်လိုလုပ်.. ... အဆင်ပြေ နိုင်မလဲဗျာ...ဒါကတစ်ချက် .. ဒုတိတစ်ချက်က အခုအချိန်အထိ ဘာမှ ထုတ်ပြန်ခွင့်မရှိဘူး ပါတီတွေက ..နောက် သတင်းရယူခွင့် သတင်းထုတ်ပြန်ခွင့် မရှိဘူး.. နှစ်ခုပေါ့နော် အဲ့ဒါတွေကြောင့် ဘယ်လိုမှ Free and Fair မဖြစ်နိုင်ဘူး..
နောက်ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့မှ နေအိမ်အကျယ်ချုပ်မှ လွတ်ရက်စေ့မှာဖြစ်ပါတယ်.. ထိုအကြောင်းနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ.. ဒေါ်အောင်ဆန်းစုကြည်က လာမည့်နိုဝင်ဘာလ (၁၃)ရက်နေ့ သူတို့ဥပဒေအရဆိုရင် ပြန်လွတ်ရမှာ ဖြစ်ပါတယ်...။ အဲ့ဒီမတိုင်ခင် ကျင်းပတာပေါ့လေ.. အဲ့ဒါကို ရှောင်တာ မရှောင်တာတော့ သူတို့ ဘယ်လို ဆုံးဖြတ်လဲတော့ မသိဘူးပေါ့ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်..
ဒီမိုဝေယံ




