Saturday, November 13, 2010

ဒီနေ့ အန်တီစုသတင်း.... ၁၀း၂၀

၁၃.၁၁.၂၀၁၀.......
ယနေ့ ၁၂း၀၀ NLD ရုံးရှေ့တွင် ပြည်သူလူထုနှင့်စကားပြောမည်........



မြန်မာစံတော်ချိန်... ၁၀း၂၀ ရသောသတင်းအရ

ရုံးရှေ့တွင် ပြည်သူတော်တော် များများအန်တီစုကိုစောင့်စိုင်းနေကြကြောင်း

နေ့လည် ၁း၀၀ တွင် မီဒီယာနှင့်တွေဖို့ရှိကြောင်း
နေ့လည် ၂း၀၀ တွင် NLD ပါတီ အဖွဲ့ ၀င် မိသားစု ဇျာပန တစ်ခုသွားမည်ဖြစ်ကြောင်းသိရသည်..........

အချိန်နှင့်တပြေး သတင်းပေးပို့နေသော မိတ်ဆွေများအားကျေးဇူးတင်လျှက်.....


ဖိုးရှုပ်လေး

TBS ဂျပန်သတင်းဌာနမှ ဒေါ်အောင်ဆန်းစုကြည် သတင်း ဗီဒီယိုမှတ်တမ်း


Daw Aung San Suu Kyi ထွက်ထွက်ခြင်း ပြောသော စကားများ အသံဖိုင်

Daw Aung San Suu Kyi ထွက်ထွက်ခြင်း ပြောသော စကားများ by thargyi74

သတင်း အန်တီစု


ခြံဝကနေ စကားပြောပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးဉာဏ်ဝင်းရယ်၊ ဦးခွန်သာရယ် နောက်တယောက်ရယ် တန်းစီရပ်ပြီး ပြင်ဆင်နေပါတယ်။

- မိန့်ခွန်းစပြောပါတော့မယ်။ လူထုက ငြိမ်သွားပါ...ပြီ။

- မတွေ့ရတာလည်း ကြာပြီ၊ ပြောစရာတွေလည်း အများကြီးပဲ။ အဲဒါတွေ အားလုံးကြားချင်ရင် မနက်ဖြန် ရုံးကို လာခဲ့ကြပါတဲ့။

- အားလုံး ကမ္ဘာမကြေ ဆိုနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို့ လူထုက ကြွေးကြော်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ကြောင်း



အန်တီစုအတွက် အတိုင်းအဆမသိ ၀မ်းသာမိပါကြောင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ............

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း NLD က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် လာရောက် စောင့်ဆိုင်းသည့် လူအုပ်မှာ များပြားသည့် အတွက် ရှေ့နေ ဦးဉာဏ်ဝင်းက မေတ္တာရပ်ခံ ပြောဆိုနေရ ကြောင်း သိရသည်။

ဒေါ်စု နောက်ဆုံးရသတင်း ၄း၀၀

၎း၀၀ လွှတ်ပေးမယ်လို့ရဲတွေကပြောတယ်တဲ့ 
ခြံရျေ့မှာလည်း လူတွေအရမ်းများနေတယ်တဲ့

ခြံနားက သံဆူးကြိုးနားအထိလူတွေကပ်သွားတယ်
ရဲတွေက နောက်ဆုတ်ပေးတယ်
လွှတ်ပေးမယ်လို့လဲပြောတယ်
မအော်ကြဖို့တားနေတယ်တဲ့
၆၀၀-၇၀၀ လောက်အနဲဆုံးရှိမယ်


(ဓာတ်ပုံ - Getty Images) http://www.oneshinwar.co.cc/ မှ

“ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်”ဟု ကြွေးကြော်နေပြီ

ကုက္ကိုင်းလမ်းဆုံ- ကမ္ဘာအေးဘုရားလမ်းဘက်ခြမ်းရှိ လူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ် ချက်ချင်း လွှတ်” ဆိုသည့် ကြွေးကြော်သံများကို ပြောင်းလဲကြွေးကြော်လာကြောင်း၊ ရွှေဂုံတိုင်ရှိ NLD ရုံးရှေ့တွင် စောင့်ဆိုင်း နေသည့် ထောင်နှင့် ချီသော လူများ ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးသို့ ရောက်ရှိလာပြီး ပိုမို ကြွေးကြော်လာသည့်အတွက် NLD လူကြီးများ လာ ရောက် ထိန်းသိမ်းနေရကြောင်း၊ လမ်းပေါ်တွင် လူအပြည့်ဖြစ်လာ၍ ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်စေရန် NLD လွှတ်တော် ကိုယ်စား လှယ် ဦးနိုင်းနိုင်းက လာရောက်မေတ္တာ ရပ်ခံကြောင်း သိရသည်။



ဒေါ်အောင်ဆန်းစုကြည်သတင်း........ အချိန်နှင့်တပြေး


မေးလ်မှတဆင့်ရရှိသော ယနေ့ ဒေါ်စုကိုစောင့်ကြသူများ ဓါတ်ပုံ











ဲ14:44
ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး တက္ကသိုလ်ရိပ်သာ လမ်းနှင့် ကုက္ကိုင်း လမ်းဆုံတွင် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဆို သည့် ကြွေးကြော်သံများကို လူ ၂၀၀၀ နီးပါးခန့်က ကြွေးကြော် နေကြောင်း သတင်းရသည်။ ရွှေတောင်ကြား ရပ်ကွက် အတွင်းသို့ ၀င်ရောက်သည့် လမ်းပေါက်မှစတင်ပြီး အတားအဆီးများကို ပိတ်ထားကြောင်း၊ လူအုပ်ကြီးမှာ ကမ္ဘာအေး ဘုရားလမ်း ဘက်တွင် သာမက လှည်းတန်း ဘက်ခြမ်းရှိ တက္ကသိုလ် ရိပ်သာ လမ်းတွင်လည်း ရှိနေကြောင်း သိရသည်။

www.irrawaddymedia.com မှ




မြန်မာစံတော်ချိန် ၁၀း၃၀ ........ ဦးတင်ဦး (ရွှေတောင်ကြား ဗဟန်း)အိမ်ရှေ့ မှာ ပါတီဝင်တွေနဲ့ ပြည်သူတွေ ၁၅၀၀-၂၀၀၀ ကြားလောက်ရှိတယ် စွမ်းအားရှင် နဲ့ လုံထိမ်းက ၃၀၀ လောက် ရှိတယ်လို့ ပြောတယ် NLD ရုံးက အဖွဲ့က တယောက်က ဂျီတော့ ကနေ ပြောနေတယ်............... ဒီနေ့ ညနေ ၄နာရီ လွတ်မယ်လို့ လဲ ဦးဥာဏ်ဝင်းကပြောပါတယ်..........



Friday, November 12, 2010

NLD ရုံးရှေ့ ၁၂.၁၁.၂၀၁၀ ဓါတ်ပုံများနှင့် သတင်းအတိုအထွာ


အန်တီ စု လွတ်မြောက်တော့မည် အားလုံးဆောင့် မျှော်နေကြပြီ

နယ်မြို့များမှလဲ လှုပ်ရှားမှုအမျိုးမျိုးလုပ်ဆောင်နေကြပြီး
နယ်မှပြည်သူများကလဲ အန်တီစုကိုကြိုဆိုရန် ရန်ကုန်သို့ တစ်သုတ်ပြီး တစ်သုတ်တက်လာကြပြီ ဟု
ပြည်တွင်းနိုင်ငံရေးလှုပ်ရှားသူတစ်ဦးထံမှသိရ................

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟု သတင်းများ အတိအလင်း ထွက်ပေါ်နေချိန်တွင် ကခုကဲ့သို့ ပြည်သူများအားတက်သရောမျှော်လင့် နေကြချင်းဖြစ်သည်.......

တချားနိုင်ငံရေး သုံးသပ်သူများကလဲ ပြည်သူ မျှော်လင့်ထားတဲ့ အတိုင်းဖြစ်မလာရင် ပြသနာများရှိလာနိုင်ကြောင်း ပြောကြားနေကြသည်။

ဖိုးရှုပ်လေး

01(2).jpg01.jpg02(2).jpg03(2).jpg

R05.jpg
011.jpg

012(2).jpg010.jpg07(2).jpg

ပုံများကို မေးလ်မှတဆင့် ပေးပို့လာသော ရောင်းရင်အားကျေးဇူးတင်လျှက်

ဖိုးရှုပ်လေး

Tuesday, November 9, 2010

မဲအနိုင်အရှုံး Results ကို Weekly Eleven ရဲ့ Web Page ကနေပြန်ဖြုတ်ခိုင်း

အခု စာမျက်နှာများဟာ Weekly Eleven ရဲ့ Web Page မှာ တင်ထားခဲ့တဲ့ မဲရုံအလိုက် အနိုင်အရှုံးစာရင်းအချို့ပါ။ ဒီစာရင်းတွေ အပါအ၀င် ရွေးကောက်ပွဲ စာမျက်နှာ တစ်ခုလုံးကို အဲဒီဝက်ဘ်ဆိုဒ်ကနေ လာဖြုတ်သွားပါတယ်။ ငွေကုန်လူပန်းခံပြီး လုပ်ထားရတဲ့ စာရင်းဖြစ်ပေမယ့်ဖြုတ်ခိုင်းတဲ့အခါ အလွယ်ပဲ ဖြုတ် ပေး။လိုက်ရပုံပေါ်ပါတယ်။

နောက်ပိုင်း ကြိုတင်မဲများဝင်လာတဲ့အခါမှာ ဘယ်လောက်ကွာသွားတယ်၊ ဘယ်လိုညစ်ထားတယ်ဆိုတာ ဒီစာရင်းတွေအရ ပေါ်လွင် နေတဲ့အတွက် လာဖြုတ်သွားတာ သေချာပါတယ်။ အခုစာရင်းများအရ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်အင်အားစုများဟာ နောက်ပိုင်း ကြိုတင်မဲများ အစစ်အဆေး မရှိ အကန့်အသတ်မရှိ စည်းမရှိကမ်းမရှိ ထည့်ပြီး အနိုင်ကျင့်တာကို ခံခဲ့ကြရပါတယ်။ ဒီစာရင်းများကို မိမိဝန်းကျင်ရှိ ရန်ခုန်သံချင်းတူသူများထံ အမြန်ဝေပေးဖို့ အကြံပြုပါတယ်။ နောက်ပိုင်း မဲအနိုင်အရှုံးများ ထွက်လာတဲ့အခါ မဲရုံမှာ ရေတွက်ထားတာနဲ့ ဘယ်လောက်ကွာတယ်ဆိုတာ ယှဉ်ကြည့်နိုင်ကြပါလိမ့်မယ်။
Early Results