Tuesday, January 17, 2012
ဒေါ်အောင်ဆန်းစုကြည်ကို My Fair Lady ဆိုပဲ
ဖိုးရှုပ်လေး
Saturday, January 14, 2012
ကိုမင်းကိုနိုင်ရဲ့ ပေါင်းတည်မြို့ရောက် မိန့်ခွန်းလေးပါ
88 မျိုးဆက်ကျောင်းသားခေါင်းဆောင် ထောင်က အထွက် ကိုမင်းကိုနိုင် အိမ်ပြန်လမ်း ပဲခူးတိုင်းပေါင်းတည်မြို့ အရောက် ပေးတဲ့ မိန့်ခွန်းလေးပါ ဖေ့ဘုခ်မှာတွေ့ လို့ ဒေါင်းပြီ်းတင်ပေးလိုက်ပါတယ်။
သီချင်း ၂ ပုဒ်လဲဆိုသွားတယ်ပြောပါတယ်။ အရေးကြီးပြီ (ရေး-ထူးအိမ်သင်) နဲ့ သူကိုယ်တိုင်ထောင်ထဲမှာရေးထားတဲ့ တစ်ပုဒ်ပါတဲ့။ မရောက်ခင်ဖုန်းနဲ့ လှမ်းမေးတော့ ဂစ်တာယူထားပေးပါ သီချင်းဆိုမယ်ဆိုလို့ လူငယ်တွေ ဂစ်တာတွေယူလာကြတာ ဂစ်တာတွေဒါဇင်နဲ့ ချီသွားတယ် လို့ ပေါင်းတည်မြို့ ခံတစ်ယောက်ကပြောပါတယ်။
ဖိုးရှုပ်လေး
Friday, January 13, 2012
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၏ ကြိုဆိုနှုတ်ဆက်မှု

လွတ်မြောက်လာသည့် နိုင်ငံရေးခေါင်းဆောင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ဆက်
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် သမ္မတ ဦးသိန်းစိန်၏ ကြေညာချက်အရ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သော အကျဉ်းသား၊ အကျဉ်းသူ (၆၅၁) ဦးထဲတွင် ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်အပါအ၀င်အရေးကြီးသော နိုင်ငံရေး အကျဉ်းသား များ ပြန်လည် လွတ်မြောက် လာကြောင်း သိရှိရပါသည်။ မိမိတို့ပါတီအနေဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအား ၎င်းတို့ မိသားစုဝင်များနှင့်ထပ်တူ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုနှုတ်ဆက်လိုက်ပါသည်။
ယနေ့လွတ်မြောက်လာကြသော ကိုဇေယျ၊ ကိုဂျင်မီ၊ ကိုဇော်သက်ထွေး၊ ကိုသက်နိုင်အောင်အပါအ၀င် ပါတီခေါင်းဆောင်များ နှင့် ပါတီဝင်များကိုလည်း ၀မ်းမြောက်စွာကြိုဆိုနှုတ်ဆက်ကြောင်းနှင့် ၎င်းတို့၏ ပေးဆပ်တိုက်ပွဲဝင်ခဲ့မှုများအပေါ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း ဖေါ်ပြအပ်ပါသည်။
ဦးသိန်းစိန်၏ ကြေညာချက်တွင် လွှတ်ပေးရခြင်း၏ ရည်ရွယ်ချက်များအဖြစ်
- နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေးအတွက်လည်းကောင်း၊
- အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း၊
- နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိရေးအတွက်လည်းကောင်း၊
- လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊
- နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက်လည်းကောင်း
စသည်ဖြင့် ဖေါ်ပြထားပါသည်။
ဦးသိန်းစိန်အစိုးရအနေဖြင့် ယခုလွတ်မြောက်လာသည့် နိုင်ငံရေးခေါင်းဆောင်များကို နိုင်ငံရေးအရ အပြည့်အ၀တန်ဖိုးထားရန် လိုအပ်ပါသည်။ ကြေညာချက်တွင်ပါသည့်အတိုင်း နိုင်ငံရေးလှုပ်ရှားမှုကြီးအတွင်းတွင် လွတ်လပ်စွာအပြည့်အ၀ ပါဝင်လှုပ်ရှားခွင့် ရရှိရန် လိုအပ်ပါသည်။ ဆရာဦးဝင်းတင် ထောက်ပြခဲ့သကဲ့သို့ “ ထောင်အကျဉ်းထဲမှ ထောင်အကျယ်ထဲသို့ ရွှေ့လိုက်ခြင်း” မဖြစ်ရန် လိုအပ် ကြောင်း ဦးသိန်းစိန် အစိုးရအား တိုက်တွန်းအပ်ပါသည်။
ယနေ့အချိန်သည် တိုင်းပြည်အတွက် အလွန်အရေးကြီးသော အချိန်အခါဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာများကို လူမျိုးတိုင်း၊ အင်အားစုတိုင်း အားလုံးပါဝင်ပြီး ဖြေရှင်းကြရမည်ဖြစ်သည်။
လွတ်မြောက်လာသော ခေါင်းဆောင်များသည် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင် ရေး အပါအ၀င် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် အဓိကကျသောအင်အားများဖြစ်သည်ဟု မိမိတို့ ပါတီမှ အလေးအနက် ယုံကြည်ပါသည်။
ယနေ့နံနက် သရက်ထောင်မှ ထွက်ထွက်ခြင်း ပြည်သူလူထုအား ကိုမင်းကိုနိုင်ပြောကြားခဲ့သော “ကျနော်တို့ ၈၈ တုန်းက ဒေါင်းအလံတွေ ကိုင်ပြီးတော့ ကျနော်တို့အားလုံး ဒီမိုကရေစီရေးအတွက် အလုပ်လုပ်ခဲ့ကြသလို ဆက်ပြီးတော့လည်း အဲဒီ့ ဒေါင်းအလံ ခေါင်းစီးအောက်မှာ ဒေါင်းမာန်၊ ဒေါင်းစိတ် မပျောက်ဘဲ ဆက်လက်ပြီးတော့ ဒေါင်းအိုးဝေအသံကို ဆက်ပြီး တွန်ကျူးကြပါလို့ ပြောချင်ပါ တယ်” ဆိုသည့် မိန့်ခွန်းအတိုင်း မပြီးဆုံးသေးသော တိုက်ပွဲကိုဆက်ကြရလိမ့်မည်ဖြစ်ကြောင်း မိမိတို့ပါတီမှ အလေးအနက် တိုက်တွန်း အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၃)ရက်
Sunday, December 25, 2011
NLD ကလုပ်တဲ့ ရှိုးပွဲ ဒီဇင်ဘာ ၃၀ ရက်နေ့တဲ့

NLD ကကြီးမှူးကျင်းပမယ့် ပြည်ထောင်စုတိုင်းရင်းသားများပညာရေးရံပုံငွေ ပွဲပါ... 2011 ဒီဇင်ဘာ ၃၀ ရက်နေ့ Myanmar Convention Center .. outdoor (MCC) အပျင်ဘက်မှာ ကျင်းပမှာပါတဲ့ဗျာ.... လက်မှတ် တစ်စောင်ကို ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်တွေ အစားစားရှိပါတယ်။ ဒီပွဲကို ဖြစ်မြောက်ဖို့ NLD နဲ့ အဆိုတော် တချို့ ကျိုးပမ်းခဲ့တာ ကြာပါပြီ..... ဒီဇင်ဘာ ၁၅ ရက်နေ့က သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပခွင့် ပထမရခဲ့ပေမယ့်။ တချားအားကစားပွဲ တစ်ခုတနဲ့တိုက်ဆိုင်နေတယ်ဆိုပြီး ဖျက်လိုက်ရပါတယ်။ ယခုပွဲ ကိုတော့ မင်းဓမ္မလမ်းပေါ်မှာရှိတဲ့ မြန်မာ ကွန်ဗန်းရှင်း စင်တာ မှာ ကျင်းပမှာပါ။ ရံပုံငွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ၂၀၁၂ ပြက္ကဒိန်၊ တီရှပ်နဲ့၊ တချား အသုံးအဆောင်ပစ္စည်းတွေကိုလဲ ရှိုးပွဲ ကျင်းပရာနေရာမှာ မြို့နယ် အလိုက် ဆိုင်ခန်းများ ဖွင့်ပြီးရောင်းချမယ်လို့လဲ သိရပါတယ်။ ပါဝင်သီဆိုမယ့် အဆိုတော်တွေကတော့ ပုံတွေမှာ ပဲဖတ်ရှုနိုင်ပါတယ်။ ပထမစီစဉ်ထားတဲ့ ပွဲ ကအဆိုတော် တချို့ တော့ မပါသ၀င်နိုင်တာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာကြည့်မယ်လို့လဲ ကြားသိရပါတယ်။
အထက်ပါပုံကတော့ မကျင်းပဖြစ်လိုက်တဲ့ ၁၅ရက်နေ့က ပိုစတာလေးပါ
အောက်ကပုံလေးကတော့ ယခုကျင်းပမယ့်ပွဲရဲ့ ပိုစတာပါ ယှဉ်ကြည့်လို့ရအောင်တင်ပေးလိုက်တာပါ။







အထက်ပါပုံတွေကတော့ ၂၄ ရက်နေ့ MCC မှာပြုလုပ်တဲ့ Iron Cross ရှိုးပွဲ မှာ NLD ပါတီဝင်တွေက ၃၀ ရက်နေ့ အတွက် ရှိုးပွဲလက်မှတ်တွေနဲ့ ရန်ပုံငွေအတွက် ပြက္ကဒိန်တွေ၊ တီရှပ်တွေနဲ့ တချား အသုံးအဆောင်ပစ္စည်းတွေရောင်းချနေတာပါ။ ဒီပုံတွေကိုတော့Burma VJ Media Network facebook မှ ရယူပါတယ်။ဖိုးရှုပ်လေး :)
Tuesday, December 20, 2011
Monday, December 19, 2011
ဒီမိုကရေစီ နှင့် အဖြတ်အတောက်
အပေါ်ကလင့် က ပိုင်ရှင်ပြန်ဖျက်သွားလို့ Facebook ကနေ Download လုပ်ပြီး ကျနော့ Youtube မှာ နှစ်ပိုင်းခွဲထားတာ အောက်မှာ Part 1 နဲ့ Part 2
Part 1
Part 2
မြန်မာပြည်မှ Video ဆင်ဆာ အဖွဲ့က ဖြတ်လိုက်တောက်လိုက်တွေ လုပ်လာတာဆယ်စု နှစ်တွေနဲ့ ချီနေပါပြီ....
မြန်မာပြည်ပြောင်းလဲမှုတချို့ ကိုတွေ့နေရပြီဆိုတဲ့ အချိန်ကာလ မှာတော့ အနုပညာရှင်တွေ စုဝေးပြီး ဆင်ဆာနဲ့ ပက်သက်တာတွေ ကိုလျှော့ပေါ့ပေးရေး အတွက် ဆွေးနွေးညှိနှိုင်းခဲ့တာ ... ဘာမှ မထူးချားလာခဲ့ပါဘူး... အဲဒီနောက်ပိုင်းမှာပဲ အပြုသဘောဆောင်တဲ့... မြန်မာရုပ်ရှင်သရုပ်ဆောင်တချို့က ရဲရဲတောက် သရုပ်ဆောင်ထားကြတဲ့ ဇတ်လမ်းတိုလေးကို အွန်လိုင်းမှာ ပျံ့နှံ့နေတာတွေ့လို့ တင်ပေးလိုက်ပါတယ်..........
နားလည်မှုတွေရှိလဲပြီး အပြောင်းအလဲတွေ ဖြစ်လာမလား .................
ဒီထဲက သရုပ်ဆောင်တွေပဲ တခုခု ဖြစ်မလား ......... ဆိုတာကို မြန်မာပြည်ရဲ့ပြောင်းလဲ မှု ရှိမရှိစောင့်ကြည့်ကြရအောင်ဗျာ
ဖိုးရှုပ်လေး.............
Friday, December 16, 2011
ဒီဇင်ဘာ ၁၀ ရက် နေ့က ပြည်တွင်းHR လှုပ်ရှားမှုတစ်ခု
၁။ပုဒ်မအမျိုးမျိုးတပ်ကာစွပ်စွဲထောင်ချထားသောယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနိုင်ငံရေးအကျဉ်းသားများအားခွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်
၂။တနိုင်ငံလုံးရှိတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင်.အပစ်အခတ်ရပ်စဲကာထာဝရငြိမ်းချမ်းရေးအတွက်အမြန်ဆုံးတွေ့ဆုံညှိနိုင်းအဖြေရှာရန်
၃။နိုင်ငံတ၀ှမ်းရှိအကြောင်းအမျိုးမျိုးအကြောင်းပြကာအဓမ္မသိမ်းပိုက်ထားသောလယ်မြေတောင်မြေများအားပြန်လည်၍လယ်တောင်သူများထံသို့ပေးအပ်ရန်အတွက်အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန်+
အကျဉ်းကျခံနိုင်ငံရေးအကျဉ်းသား
၂။တနိုင်ငံလုံးရှိတိုင်းရင်းသား
၃။နိုင်ငံတ၀ှမ်းရှိအကြောင်းအမျိ
ဖိုးရျုပ်လေး
သံဃာ့မဟာနာယကဖျက်သိမ်းရေး စတင်တော့ မည် ... အဲဒီသံဃာ့မဟာနာယက ဆိုတာဘာလဲ ..
နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားမှု များ ကို ရန်ကုန် ၊မန္တလေး နှင့်
တစ်နိုင်ငံလုံး က သံဃာများ မကြာခင် စတင်တော့ မည် ဟု FNG မှ သတင်း ရရှိ သည်။သံဃာ
မဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားမှု များ ကို ရန်ကုန် ၊ မန္တလေး နယ်မြို့ များ တွင် စတင်
သလို ပင် တစ်ချိန် တည်း တစ်ပြိုင် တည်း တွင် စစ်တွေ ဉ်လည်း စတင် မည် ဖြစ်ကြောင်း စစ်
တွေ မြို့  သံဃာတော် တစ်ပါး က FNG သို့  မိန့် ကြားတော် မူသည်။သတင်းဖေ့ဘုခ် FNG မှ....
သံဃာ့မဟာနာယက ဆိုတာဘာလဲ ..
သံဃာ့မဟာနာယကအဖွဲ့ကြီးကို မဆလ တပါတီအာဏာရှင် ဦးနေ၀င်းရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ ၁၃၄၂ ခုနှစ် နယုန်လ (၁၉၈၀ ပြည့်နှစ် မေလ) မှာ ဂိုဏ်းပေါင်းစုံက သံဃာတော် (၁၂၀၀) ကို ပင့်ဖိတ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူကြီးအတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာပါ။
သံဃာ့ကိုယ်စားလှယ် ၁၂၀၀ ထဲမှ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် အပါး (၃၀၀) ကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီအထဲကမှ သံဃာ့မဟာနာယကဆရာတော် (၃၃) ပါး (နောက်ပိုင်း (၄၇) ပါး) ကို ထပ်မံရွေးချယ်ခဲ့ပြီး ရန်ကုန်မြို့မှာ ရုံးထိုင်စေခဲ့တာပါ။ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်ဖို့ပါ။
သံဃာ့နာယကအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ထင်ရှားတဲ့ မန္တလေးက စာသင်တိုက်ကြီးအချို့က ဆရာတော်ကြီးတွေက သဘောမကျခဲ့တာ အမှန်ပါ။ သံဃာ့နာယက ဖွဲ့စည်းပြီးရင် စစ်အစိုးရက သံဃာ့နာယက အဖွဲ့ကို အသုံးချပြီး သံဃာတော်တွေကို ဖိနှိပ်လာလိမ့်မယ်ဆိုတာ မြင်တော်မူပါတယ်။ သာသနာရေးဌာနက အကောင်ကြီးကြီးတွေကိုယ်တိုင် ဆရာတော်ကြီးတွေထံ ချဉ်းကပ်ပြီး သံဃာ့နာယက အဖွဲ့အစည်းထဲဝင်ဖို့ စည်းရုံးဖူးပါတယ်။ ဆရာတော်ကြီးတွေက လက်မခံဘဲ သံဃနာယကအဖွဲ့နဲ့ ကင်းကင်းနေပြီး စာသင်စာချအလုပ်တွေကိုပဲ ကြိုးစားလုပ်ဆောင်နေခဲ့ကြပါတယ်။ အဲဒီလိုဆရာတော်ကြီးတွေကို နှစ်စဉ်ဆက်ကပ်နေကြ အဂ္ဂမဟာပဏ္ဍိတဘွဲ့တော်နဲ့ အဘိဓဇဘွဲ့တော် ရနိုင်တဲ့အရည်အချင်းတွေရှိပေမယ့် မပေးပဲ အာဏာပိုင်တွေက ချောင်ထိုးထားခဲ့ပါတယ်။ ဆရာတော်ကြီးတွေကတော့ အာဏာရှင်တွေနဲ့ မပတ်သက်ချင်လို့ ဘွဲ့တံဆိပ် မဆက်ကပ်လေ ကြိုက်လေပါ။
ဒါကတော့ သံဃမဟာနာယကအဖွဲ့နဲ့ ပတ်သက်လို့ အရှင်ပညာနန္ဒက သံဃမဟာနယကအဖွဲ့ စတင်ပေါ်ပေါက်လာပုံ၊ ဆောင်ရွက်ချက်များ၊ အကျိုးများ၊ အပြစ်များကို ရေးသားဖော်ပြထားတဲ့ အထဲက ကောက်နုတ်ထားတာပါ။
အပြည့်အစုံကို ဘားမားဗီဂျေ ဝက်ဘ်ဆိုဒ်မှာ ဖတ်ရှုနိုင်ပါတယ်။
ဧရာဝတီဘလော့မှရယူပါတယ်................
ဖိုးရှုပ်လေး.....
Friday, December 9, 2011
လက်တလောနိုင်ငံရေးအခြေအနေဆိုင်ရာ သဘောထားကြေငြာချက် 2 ခု
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
The Statement No-2-2011 of ABFSU
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
Statment No-5 of ABMA (2011)
ဖိုးရှုပ်လေး ရှေ့ဆက်တိုက်ပွဲ ၀င်ကြစို့
The Statement No-2-2011 of ABFSU
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
Statment No-5 of ABMA (2011)
ဖိုးရှုပ်လေး ရှေ့ဆက်တိုက်ပွဲ ၀င်ကြစို့
Wednesday, December 7, 2011
Subscribe to:
Posts (Atom)
