Saturday, July 31, 2010

လိမ်ချင်တိုင်း လိမ်ပါ သမိုင်းကိုတော့ လိမ်လို့မရ.. အာရုံဦးမှာ နွမ်းမည့်ကြာ



ဒီဇာတ်လမ်းနဲ့ ပက်သက်ပြီး မီဒီယာတိုက်ပွဲ ကျောင်းသားတိုက်ပွဲ ဆင်နွဲသင့်ပြီ


နအဖ က
`အာရုံဦး မှာဖူးသည့်ကြာ´ဆိုတဲ့ အမည်နဲ့ အာဏာရှင် နဲ့ ကျောင်းသားတော်လှန်ရေး သမိုင်းတွေကို ဇက်လမ်းထွင် ရိုက်ကူးနေပါသည်။

ဒီဇာတ်ကားမှာ ဒါရိုက်တာက တင်သန်းဦး ပါ သရုပ်ဆောင်တွေကတော့ ယခုနာမည် ကြီးနေတဲ့မင်းသား မင်းသမီးမော်ဒယ် အစုံပါပဲ ပရိတ်သတ်ကြိုက်အောင် လုပ်ထားတာပါ။ ဒီဇာတ်ကားမှာပါတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကျောင်းသားတွေက ကျောင်းသားသမဂ္ဂ၀င်းထဲတွင် ကျောင်းသား သမဂ္ဂ အလံထောင်ပြီး ရေခဲရေရောင်းတဲ့မိန်းကလေးကို ရေထဲ အဆိပ်ခတ်တယ် ဆိုပြီး ခေါင်းဖြတ်တဲ့ ရိုက်ကွင်းပါ။တကယ်လဲ ကျောင်းသား သမဂ္ဂ၀င်းထဲမှာ ရိုက်တာပါ။ သူတို့ ကတော့ လုပ်နေမှာပါပဲ ကျွန်တော်တို့တွေကလဲ ပြန်တိုက်ရမယ်။ ဒါနဲ့ပက်သက်ပြီး အကြောင်းအချက် ခိုင်ခိုင် လုံလုံ နဲ့ ပြန်တိုက်သင့်ပါတယ်။ ကျောင်းသား အမြင်နဲ့ကြည့်ရင်တော့ တော်တော့်ကို စော်ကားတယ်လို့ မြင်ပါတယ်။ ကျောင်းသားဆိုတာ အချိန်တိုင်း တိုက်ပွဲတိုင်း တော်လှန်ရေးတိုင်း အမြဲပေးဆပ်ခဲ့ကြတာပါ။ ဒီလိုတော့ မစော်ကားသင့်ဘူး လို့ထင်ပါတယ်။မီဒီယာကလည်း မီဒီယာအလျှောက် ကျောင်းသားကလဲ ကျောင်းသား အလျှောက် ပြန်တိုက်ကိုတိုက်သင့်ပါတယ်။


ဒီဇာတ်ကားမှာပါဝင်ခဲ့ တဲ့ သရုပ်ဆောင် မင်းသားမင်းသမီးများအနေနဲ့ တထောင့်တနေရာကနေပြန်လည်တောင်းပန်ရလေ့မယ်............

ကျောင်းသားဟာ အမှန်တရားရှေ့မှာပဲရပ်တည်တယ်...

ကျောင်းသားဟာ လူသတ်တရားခံမဟုတ်.....



ဖိုးရှုပ်လေး

http://myatlayngon.blogspot.com/ တွင်လည်း ဒီဇတ်ကားနဲ့ ပက်သက်ပြီး


လန်ဒန်ရောက် နအဖ စစ်အာဏာရှင်အလိုတော်ရိ အနုပညာသည်မင်းသားမင်းသမီးများကို ဆန္ဒပြ


ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးပြီး မြန်မာနိုင်ငံထဲမှာ ဖြန့်ချီနေတဲ့ အရုဏ်ဦးတွင် ဖူးသည့်ကြာ ဗီဒီယို ဇာတ်ကားဟာ ဦးသန့်အရေးအခင်းနဲ့ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွေကို သေးသိမ်အောင် ဖော်ပြချက်တွေ ပါဝင်နေပြီး သမိုင်းကြောင်းတွေကို အမှန်အတိုင်း မဖော်ပြပဲထားတဲ့ အတွက် အဲဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်တချို့လန်ဒန်ကို ရောက်လာချိန်မှာ ကန့်ကွက် ဆန္ဒပြဖို့ ဗြိတိန်ရောက် မြန်မာ ကျောင်းသူ ကျောင်းသားတွေက စီစဉ်နေပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် နေတိုးနဲ့ မိုးယုစံဟာ တခြားသရုပ်ဆောင်တွေ ဖြစ်တဲ့ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ ဂျင်းနီတို့နဲ့ အတူ မြန်မာအသင်း (ယူကေ) ရဲ့ အစီအစဉ်နဲ့လန်ဒန်မြို့မှာ ဇူလိုင်လ ၃၁ ရက်နေ့ ညနေမှာ အငြိမ့်နဲ့ စင်တင်တေးဂီတ ဖျော်ဖြေမှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဗြိတိန်ရောက် မြန်မာကျောင်းသူတစ်ဦးဖြစ်တဲ့ မမို့မို့ခင်ကတော့ အစိုးရက အနုပညာရှင်တွေကို အသုံးချပြီး သမိုင်းကြောင်းကို လှည့်ဖျား လိမ်ညာဖုံးကွယ်ဖို့ ကျိုးပမ်းနေတာကို အနုပညာရှင်တွေ အနေနဲ့လဲ ဝါဒဖြန့်ဇာတ်ကားတွေမှာ အသုံးချခံ မဖြစ်ရအောင် အသိရဖို့ အခုလို ဆန္ဒပြဖို့စီစဉ်ရတာ ဖြစ်ကြောင်း၊ သမိုင်းအမှားကြီးကို လူငယ်တွေ အမှတ်မှားသွားရင် တိုင်းပြည်အတွက် အန္တရာယ်ရှိတဲ့ အကြောင်း ဘီဘီစီကို ပြောပြသွားပါတယ်။

အာရုံဦးမှာ ဖူးသည့် ကြာဇာတ်ကားတွင်ပါဝင်ခဲ့သော စစ်အာဏာရှင်အလိုတော်ရှိ အနုပညာသည်များ စာရင်းမှာ -

ဒါရိုက်တာ တင်သန်းဦး၊

သရုပ်ဆောင်များ - လွင်မိုး၊ ကျော်ရဲအောင်၊ ဝေလုကျော်၊ လူမင်း၊ အောင်ခိုင်၊ ခန့်စည်သူ၊ ပြေတီဦး၊ နေတိုး၊ ရဝေအောင်၊ ဖြိုးငွေစိုး၊ ကျော်ဇေယျ၊ အောင်ဇော်၊ နန္ဒ၊ မင်းရာဇာ၊ ဖုန်းရှိန်၊ မိုးယံဇွန်၊ ကောင်းခန့်၊ ထွန်းထွန်းဝင်း၊ ဇော်ဦး၊ အရိုင်း၊ ကုသိုလ်၊ ငှက်ပြောကြော်၊ အောင်ကျော်မင်း၊ ညီနိုင်၊ ထက်မိုး၊ ကျော်စစ်၊ စိန်သန်း၊ ဧရာ၊ သတိုးစော၊ စိုင်းအောင်တင့်၊ အုန်းသီး၊ ဗေဒါ၊ စိုပြေ၊ မော်ကြီး၊ ကျော်မင်း၊ စပ်စု၊ ကျော်မင်း၊ ကိုကိုဦး၊ ကျားကြီး၊ ထက်အောင်၊ ကောင်းကျော်၊ ပျံလွှား …


သရုပ်ဆောင်အမျိုးသမီးများ - ဆွိ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒာကျော်ဇင်၊ မြတ်ကေသီအောင်၊ ၀ါဝါအောင်၊ ဆုပန်ထွာ၊ ပုလဲဝင်း၊ သက်မွန်မြင့်၊ မိုးဟေကို၊ မယ်လိုဒီ၊ ၀ိုင်းစုခိုင်သိန်း၊ မိုးယုစံ၊ မေသက်ခိုင်၊ ရတနာမယ်၊ ပြည်ဖြိုးခိုင်၊ အေးမြတ်သူ၊ မေကဗျာ၊ ဆုမြတ်သိင်္ဂီ၊ မေဦးခိုင်၊ ခင်မို့မို့အေး၊ ဂွမ်းပုံကြီး၊ ဂွမ်းပုံလေး၊ သဇင်ထွန်း၊ အိတုံ၊ မေလဲ့ …

စီစဉ်သူများ - တက္ကသိုလ် မြတ်သူ၊ ဦးဝင်းတင်၊ ဦးကိုကိုလှိုင်
ထုတ်လုပ်သူ - အေးလွင်
ဇာတ်ညွှန်း - လှိုင်းအောင်
လက်ထောက်ဒါရိုက်တာ - ဘုန်းဝေ၊ အောင်ကျော်မင်း၊ ဇင်မင်း- တို့ဖြစ်သည်ဟု ရေးသားထားသည်။

ကဗျာ

Photo copy from

www.artbylt.com/Images/modern-art-4500.jpg




သို့ ..............................................


မနေ့ညကပဲအိပ်ယာတစ်ခုတည်းမှာမျက်လုံးအတူတူမှိတ်ခဲ့ကြသေးတယ်

အခုတော့ငါတို့မြို့လေးမှာမင်းရယ်သံမရှိတော့

တွန့်ကြေနေတဲ့တိမ်တိုက်တွေလိုမျိုး

အမှန်တရားကိုအိပ်မက်မက်ဖို့ဆိုပြီးအမှားတွေဆီမင်းလစ်သွားတော့

ငါတို့မြို့လေးမှာညနေစောင်းတိုင်းမင်းသောက်ဖို့

လေးပတ်ပြားသစ္စာတရားတစ်ချို့

မျှော်လင့်ချင်းအစိုင်အခဲလေးတွေထည့်စိမ်ထားတုန်း

မနက်လင်းတိုင်းအထူးဘစ်(စ)ကားကို အထူးတိုးစီးနေရတုန်း

ပါးကိုက်ရင်နားရိုက်ကြတုန်း

အင်တာနက်ဆိုင်မှာဖိနပ်တွေပျောက်ကြတုန်း

ခိုးကူးခွေတွေတစ်ခွေ ၂၀၀နဲ့ရတုန်း

ကားမီးနဲ့ထိုးရင်လက်နဲ့မကာဘဲ

မျက်နှာမှာလိမ်းထားတဲ့မိတ်ကပ် ပါးပါးနဲ့ကာနေကြတုန်း

ကော်ပီ သီချင်းတွေအောင်မြင်နေတုန်း

ရပ်ကွက်ထဲသွားရင်ကို ၀ ကြီးကိုသတိရမိသလို

စာရေးပါ စာပြန်ပါ

အွန်လိုင်းပေါ်တက်ပါ

အရင်လိုအားရပါးရ ရယ်ပါ

အနာဂါတ်ငါတို့မြို့လေးမှာ ပန်းတွေစိုက်ပြမယ်ဆိုပြီး

မင်းအိပ်မက်တွေသွားမျှားလိုက်တာ

ငါတို့မြို့လေးမှာ အခု

ထိ

မင်းရယ်သံမရှိ

တော့။

သိုး

(၇ . ၃၁ . ၂၀၁၀ )

Sunday, July 25, 2010

တောင်ကြီးမြို့ ကွန်ပျူတာ ကျောင်းသားများရဲ့ ကံကြမ္မာ...












တောင်ကြီး မြို့တွင် အသစ်ဆောက်လုပ်လျှက်ရှိ သော ကွန်ပျူတာ ကျောင်း ပြိုကျမှု
သောကြာနေ့ တွင်ဖြစ်ပွား
စနေနေ့တွင် ကျောင်းဆောက်လုပ်သော ကုဏ်ပဏီမှ ပညာရေးထံသို့ ကျောင်းကို အပြီးသတ်
အပ်နံရန် စီစဉ်ထား.စဉ်
မအပ်နံမှီ တရက် အလို ညနေ ၆ နာရီခန့်တွင် အခုပုံပါအတိုင်း
ကျောင်းကြီးပြို့ကျသွားခဲ့။
ဘာကြောင့်ပြိုကျသွားခဲ့သည်ကို.
.လိုက်လံစုံစမ်းဆဲ.
အရေသွေးပြည့်မှီသောအသုံးပြု ဘိလပ်မြေ အုတ်သဲ သံ သွပ် ထုံး စာရင်းများကို
ကြည့်ရာတွင်လည်း အားလုံးကိုက်ညီ.
ကျောင်းကြီး ပြီးစီးအောင်မြင်ရန် နိုင်ငံတော် အကြီးကဲများ ၊ ဆောက်လုပ်ရေး
ကုဏ်ပဏီများ.၊ ကြီးကြီးငယ်ငယ် အင်ဂျင်နီယာများ.၊ အောက်ခြေအလုပ်သမားများက လည်း
အားကြိုးမန်တက်.စွမ်းစွမ်းတမံ မနေမနား.ကြိုးစားပန်းစား
အားထုတ်ခဲ့ကြပါသော်လည်း..ယခုလို အဖြစ်ဆိုးဖြစ်ကြုံခဲ့ရ.
ပြိုကျသွားသော အဆောက်ဦးအား ကုမ်ပဏီမှ ပြန်လည်ပြင်ပြီး အပ်နံမည်ဟုဆိုရာ
ပညာရေးဖက်က လက်မခံဟုလည်း ဆို.
ယခုလို ဖြစ်ပြီး တကျောင်းလုံး ပြိုကျ သွားနိုင်အောင် ဖြစ်နိုင်ကြောင်းပြော
ဝန်ကြီးရောက်လာပြီး အစည်းဝေးထိုင်ကာ. ပြိုကျရခြင်းအကြောင်းကို
ရှာရာ..ကျောင်းအောက်တည့်တည့်တွ
င် ရေကြောကြီး ၇ှိနေသည်ဟု ကျွမ်းကျင်
ဆောက်လုပ်ရေး အင်ဂျင်နီယာကြီးများက မှတ်ချက်ချ.
ကျောင်းမဆောက်ခင်က ရေကြောကိုတော့ ရှိမရှိ မသိခဲ့ကြကြောင်းအဆိုပါ
အင်ဂျင်နီယာကြီးများမှ.ပြောကြား
.
အစည်းဝေးပွဲ နောက်ဆုံးတွင် အဖြေတစ်ခုကို အားလုံးမှ တူညီစွာ လက်ခံသဘောတူ
လိုက်ကြ.

အဖြေမှာ

ူကျောင်းသားများအပေါ် နိုင်ငံတော်ဖက်မှ စေတနာမှာလည်း ပြောဖွယ်ရာမရှိ
မြင်တွေ့နိုင်ကြောင်း။။ ယခုလို တောကြီးမျက်မည်းထည်းတွင် ပညာကို အေးဆေး
တည်ငြိမ်အဆင့်မြင့် စွာ သင်ကြားနိုင်ရန် လူသူအရောက်အပေါက်နည်းသော နေရာမှာပင်
ကျောင်းကြီးကိုဆောက်လုပ်ခွင့်ေ
ပးထားသည်ကိုကြည့်ကာ မြင်နိုင်ကြောင်း။
ဆောက်လုပ်သူကုမ်ပဏီဖက်မှကြည့်
ရင်လည်း.အရည့်သွေးမြင့် ပစ္စည်းများဖြင့်သာ
ရည်ရှည်တည်တံအောင် ဆောက်လုပ်ခဲ့ကြောာင်း။ စာရင်းဇယားများကို
ကြည့်ခြင်းဖြင့်သိနိုင်ပြီး ဘယ်အချိန်မဆို လာရောက်စစ်ဆေးနိုင်ကြောင်း...
အင်ဂျင်နီယာများအလုပ်သမားများ ဖက်တွင်ကြ ည်လျှင်လည်း စေတနာ ၊ မေတ္တာ၊ ဂရုဏာ မှာ
ထင်သာ မြင်သာကြောင်း..
ထို့ကြောင့်. ကျောင်းဆောက်လုပ်ပြီး ပြိုကျရာတွင် ပြောစရာ မ၇ှိကြောင်း..


ဒီကျောင်းတွင် တက်ရောက်နေသော ကွန်ပျူတာ ကျောင်းသူ/သား များကံဆိုးလွန်းလို့သာ
ဖြစ်နိုင်ကြောင်းကို အားလုံးသဘောတူညီ ခဲ့ကြ...





နောက်ဆက်တွဲ

- ထိုကျောင်းပေါ်တွင် တက်ရောက်စာသင်ကြားရတော့မည့် ကျောင်းသူ /သား များ (
တရုတ်နိုင်ငံတွင် ကျောင်းပြိုကျပြီး အစုလိုက်အပြုံလိုက် သေကြရသော အဖြစ်ကို
အမှတ်ရကာ ) လွန်စွာ ထိတ်လန့် တုံလှုပ်လျှက်ရှိ
- အန်တရယ်၇ှိသောကြောင့် ပြိုကျသွားသော ကျောင်းအနီးတို့ မည်သည့် သက်ရှိသတ္တာဝါမှ
မလာရောက်ရဟု ဆိုင်ဘုတ်တပ်ထား.


G Mail မှပေးပို့ လာသူအား အထူးကျေးဇူးတင်ပါသည်......
ဖိုးရှုပ်လေး

Tuesday, July 20, 2010

အာဇာနည်များ မျှော်မှန်းခဲ့သော ဗမာနိုင်ငံ



ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ (၆၃)နှစ်ပြည့် အာဇာနည်နေ့ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၆၃) နှစ်အချိန်ကာလဟာ အင်္ဂလိပ်ကိုလိုနီလက်အောက် ဗမာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလ၊ အတိအကျပြောရရင် တနှစ်အတွင်း လွတ်လပ်ရေးအရယူမယ်လို့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အဲဒီ့ ခေတ် ကာလက နိုင်ငံရေးခေါင်းဆောင်တွေ သံဓိဌာန်ချပြီး လွတ်လပ်ရေးရရှိရေးအတွက် အပြင်းအထန် ကြိုးပမ်းနေတဲ့ အချိန်ဖြစ်ပါတယ်။

အဲဒီအချိန်ကာလမှာပဲ ၁၉၄၇ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့၊ လွတ်လပ်ရေးအတွက် ကြိုးပမ်း အားထုတ် နေကြတဲ့ ဗမာ့နိုင်ငံရေးခေါင်းဆောင်တွေဟာ အတွင်းဝန်များရုံးမှာ အစိုးရအဖွဲ့အစည်းအဝေးလုပ်နေချိန်မှာပဲ၊ ဂဋုန် ဦးစောရဲ့ သေနတ်သမားတွေဖြစ်ကြတဲ့ ရန်ကီးအောင်သက်နှင်း၊ မောင်စိုး၊ စိန်ကီးတို့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရပါတယ်။

ကျဆုံးခဲ့ရတဲ့ အာဇာနည်ခေါင်းဆောင်တွေကတော့ အားလုံးသိကြတဲ့အတိုင်း ---

1 ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)

2 သခင် မြ (၁၈၉၇ - ၁၉၄၇)

3 ဦးဘချို (၁၈၉၃ - ၁၉၄၇)

4 ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)

5 မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)

6 မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)

7 ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)

8 ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)

9 ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)

တို့ဖြစ်ကြပါတယ်။

အဲဒီ့အာဇာနည်တွေဟာ ခေါင်းဆောင်ပိုင်းတာဝန်တွေယူပြီး တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်း အားထုတ် နေကြသူတွေဖြစ်ပါတယ်။

ဒီနေရာမှာ အာဇာနည်ခေါင်းဆောင်တွေ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ လွတ်လပ်ရေးရရှိရေးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အချက်တချို့ကို နည်းနည်း တင်ပြချင်ပါတယ်။

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး၊ ဗမာနိုင်ငံရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှု ဖြစ်စဉ်ထဲမှာ “ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး(ဖဆပလ)”ဆိုတဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးကို တည်ထောင်ထားခဲ့ပြီးပါပြီ။ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုတွေကို ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ ဦးဆောင်မှုနဲ့ ဆင်နွှဲနေကြတဲ့အချိန်ဖြစ်ပါတယ်။

အဲဒီ့ ဖဆပလအဖွဲ့ချုပ်ကြီးဟာ ၁၉၄၅ ခုနှစ် သြဂုတ်လ(၁၉)ရက်နေ့မှာ နေသူရိန်ကဇာတ်ရုံကြီးမှာ လူထု အစည်း အဝေးကြီးတရပ် ကျင်းပခဲ့ပါတယ်။ အဲဒီ့ လူထုအစည်းအဝေးကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းက အဆိုတရပ် တင်သွင်း ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့တဲ့အဆိုက ဒီလိုပါ ---

(ဖ ဆ ပ လ) အဖွဲ့ချုပ်ရဲ့ ကိုယ်စား ကျနော် ဒီလူထု အစည်းအဝေးကြီးမှာ အဆိုသုံးရပ်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ ဗမာ့ တပ်မတော်သစ်ကို မျိုးချစ် ဗမာ့တပ်မတော်သားများနှင့်သာ ဖွဲ့စည်းသွားရန် ဖြစ်ပါ တယ်။ ဒုတိယအဆိုအနေနဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲနိုင်ရေးအတွက် တိုင်းပြု ပြည်ပြု လွှတ်တော်တရပ် ခေါ်ယူသွားရေး ဖြစ်ပါတယ်။ တတိယအနေနဲ့ မြန်မာတနိုင်ငံလုံး၊ လုံးဝလွတ်လပ်တဲ့ နိုင်ငံတခုဖြစ်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်ကြတဲ့အခါမှာ အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ စည်းလုံး ညှီညွှတ်ကြဖို့ လိုပါတယ်။ ---- ဒီအတွက် အားလုံး ညီညီညွှတ်ညွှတ်နဲ့ လုပ်ကိုင်သွားကြရန် ဖြစ်ပါတယ်။

ဒီအဆို(၃)ရပ်ကို နေသူရိန်လူထုအစည်းအဝေးကြီးကနေ တခဲနက်ထောက်ခံအတည်ပြုခဲ့ကြပါတယ်။ ဒါဟာ ဗမာ နိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် လမ်းညွှန်ချက်တွေလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဟာ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတလျှောက်မှာ ဒီအဆို(၃)ရပ်ကို အကောင်အထည်ဖေါ်တဲ့လုပ်ငန်းစဉ်တွေကို အားကြိုး မာန်တက် လုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။

နေသူရိန် လူထုအစည်းအဝေးကြီးနဲ့ပတ်သက်ပြီး ‘တို့ဗမာအစည်းအရုံးသမိုင်း’ စာမျက်နှာ ၅၈၈ တွင် အခုလို ဖေါ်ပြခဲ့ပါတယ်။

“ဤလူထုအစည်းအဝေးကြီးသည် ဗြိတိသျှစစ်အုပ်ချုပ်ရေးအောက်တွင် ပထမဦးဆုံး အစည်းအဝေးဖြစ်ရုံမျှမက ဗမာ ပြည်သူတို့၏ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲသမိုင်းတွင် အလွန်အရေးကြီးသော မှတ်တိုင်တခုဖြစ်ပေသည်။ အဘယ် ကြောင့်ဆိုသော် အနာဂတ်လွတ်လပ်ရေးတိုက်ပွဲအတွက် အရေးကြီးသော အမျိုးသားရေးလမ်းစဉ်တရပ်ကို ထိုလူထု အစည်းအဝေးကြီးမှ ခေါင်းဆောင်များစုညီ၊ ပါတီအဖွဲ့အစည်းများစုံညီ၊ တပ်မတော်သားများနှင့် လူထုအစုံအညီ ရှေ့မှောက် တွင် အခိုင်အမာ ချမှတ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်”

အရေးကြီးသော အမျိုးသားရေးလမ်းစဉ်တရပ်ဆိုတာဟာ နေသူရိန်လူထုအစည်းအဝေးကြီးမှာ ဖဆပလအဖွဲ့ ချုပ်ကြီးကို ကိုယ်စားပြုပြီး ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့တဲ့အဆိုတွေပါပဲ။ အဲဒီ့နောက် နေသူရိန်လူထုအစည်း အဝေးကြီးကနေ ဗမာ့နိုင်ငံရေးခေါင်းဆောင်တွေ အိပ်မက်မက်ခဲ့ကြတဲ့ လွတ်လပ်တဲ့၊ ဒီမိုကရေစီရှိတဲ့၊ ငြိမ်းချမ်းတဲ့ ဗမာနိုင်ငံကို အကောင်အထည်ဖေါ်ဖို့ ကြိုးစားခဲ့တာဟာ နောက်ဆုံး ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှာ လွတ်လပ် ရေး ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဗမာနိုင်ငံရေးခေါင်းဆောင်တွေဟာ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့မှာ နိုင်ငံတော်လုပ်ကြံမှုကြီးဖြစ်ပြီး အာဇာနည်များအဖြစ် ကျဆုံးခဲ့ရတာကြောင့် လွတ်လပ်ရေးရရှိခဲ့တဲ့ အချိန်မှာတော့ အာဇာနည်ခေါင်းဆောင်တွေ မရှိတော့ပါဘူး။

အာဇာနည်ခေါင်းဆောင်တွေ မရှိတော့တဲ့နောက်ပိုင်း၊ လွတ်လပ်ရေးရပြီး ဗမာပြည်အခြေအနေကို ပြန်ကြည့် တဲ့အခါ အရေးကြီးတဲ့သမိုင်းအဖြစ်အပျက်တွေကို အခုလိုတွေ့ရပါတယ်။

လွတ်လပ်ရေးရပြီး(၈၃)ရက်အကြာ ၁၉၄၈ ခုနှစ် မတ်လ(၂၈)ရက်နေ့မှာပဲ ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ရတယ်။ ဒီပြည်တွင်းစစ်မီးကြီးဟာ ဒီနေ့အထိ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ်မီးကြီးပါ။ တိုင်းရင်းသား လူမျိုးပေါင်းစုံလည်း မိမိတို့တိုင်းရင်းသားအခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတွေကို ကာကွယ်ဖို့အတွက် ပြည်တွင်းစစ်ထဲ ပါဝင်လာခဲ့ရတယ်။

ပါလီမန်ဒီမိုကရေစီခေတ်မှာပဲ ၁၉၅၈ ခုနှစ်မှာ ပထမအကြိမ်စစ်အာဏာသိမ်းမှုဖြစ်၊ နောက်ဆုံးတော့ ဗမာ ပြည်ကြီးဟာ ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့မှာ ဒုတိယအကြိမ်စစ်အာဏာသိမ်းမှုနဲ့အတူ ပြည်တွင်းစစ်မီးကြီးကို ထွေးပိုက်ထားရရုံသာမကဘဲ စစ်အာဏာရှင်နိုင်ငံအဖြစ် ကျရောက်သွားခဲ့ရတာ ဒီနေ့အထိပါပဲ။

ဒီနေ့ ကျနော်တို့ ဗမာပြည်ရဲ့ စစ်အာဏာရှင်သက်တမ်းဟာ နှစ်ပေါင်း (၄၈)နှစ်ရှိခဲ့ပါပြီ။

တကယ်တော့ စစ်အာဏာရှင်စနစ် နိုင်ငံဆိုတာ အာဇာနည်တွေ မျှော်မှန်းခဲ့တဲ့စနစ်၊ အာဇာနည်တွေ မျှော်မှန်းခဲ့တဲ့ ဗမာပြည်မဟုတ်ပါဘူး။ အာဇာနည်တွေ မျှော်မှန်းခဲ့တဲ့ ဗမာပြည်ဆိုတာ တိုင်းရင်းသားပေါင်းစုံ စည်းလုံး ညီညွတ်ရေး အခြေခံပေါ်မှာ လွတ်လပ်တဲ့ ခိုင်မာတဲ့ဖွဲ့စည်းပုံတရပ်ရှိတဲ့၊ မျိုးချစ်တပ်မတော်သားများနဲ့ ဖွဲ့စည်းထားတဲ့ တပ်မတော်သစ်တရပ်ရှိတဲ့နိုင်ငံတော်ပါ။

နှစ်ပေါင်း (၄၈)နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်အာဏာရှင်ခေတ်တလျှောက်လုံးကို ပြန်ကြည့်ရင် တပ်မတော် ဆိုတာဟာ ၁၉၆၂၊ ၁၉၇၄-၇၅-၇၆ ခုနှစ် ကျောင်းသားတိုက်ပွဲ၊ အလုပ်သမားတိုက်ပွဲတွေမှာ ရဟန်းရှင်လူ၊ ကျောင်း သားပြည်သူ ရာပေါင်းများစွာကို ရက်ရက်စက်စက်ပစ်သတ်ခဲ့တဲ့စစ်တပ်၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထု အုံကြွမှုကြီးနဲ့ ၂၀၀၇ ခုနှစ် သံဃာတော်များဦးဆောင်တဲ့ ရွှေဝါရောင်အရေးတော်ပုံကြီးမှာလည်း ကိုယ့်ပြည်သူကို ရက်ရက် စက်စက် ပစ်သတ်ခဲ့တဲ့ စစ်တပ်ပါ။ စစ်အာဏာရှင်စနစ်အောက်မှာ ပြည်သူတွေ ထောင်သောင်းချီ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ရပြီးပါပြီ။

ဒါကို ကြည့်ရင် အခုစစ်တပ်ကြီးဟာ အာဇာနည်တွေ မျှော်မှန်းခဲ့တဲ့စစ်တပ်မျိုး မဟုတ်တော့ဘဲ စစ်အုပ်စု ထိပ်သီး တချို့ရဲ့ အသက်အိုးအိမ်စည်တွေကို အကာအကွယ်ပေးပြီး၊ ပြည်သူလူထုကို ဖိနှိပ်တဲ့စစ်တပ်ဖြစ်နေပြီဆိုတာ ထင်ရှား ပါတယ်။

တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်ရေးအခြေခံပေါ်မှာ လွတ်လပ်တဲ့ ခိုင်မာတဲ့ဖွဲ့စည်းပုံတရပ်ရှိရေးနဲ့ ပတ် သက်ပြီး ဗမာပြည်သမိုင်းကို ပြန်ကြည့်ရင် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံဆိုတာကို ၁၉၆၂ ခုနှစ်စစ်အာဏာသိမ်းမှုနဲ့ အဓမ္မဖျက် သိမ်းခဲ့ပြီး၊ ၁၉၇၄ ခုနှစ် တပါတီစနစ်ဖွဲ့စည်းပုံနဲ့ အစားထိုးခဲ့တာတွေ့ရပါတယ်။ ၁၉၇၄ ခုနှစ် တပါတီအာဏာရှင်စနစ် ဖွဲ့စည်း ပုံဟာ ပြည်သူလူထုအကျိုး၊ တိုင်းရင်းသားလူမျိုးတွေရဲ့အကျိုးစီးပွားကို ဘယ်လိုမှအကာအကွယ်ပေး အကျိုးမဆောင်တဲ့ အတွက် ၁၉၈၈ ခုနှစ် လူထုတိုက်ပွဲနဲ့ ဖျက်သိမ်းခံခဲ့ရပါတယ်။

တပါတီအာဏာရှင်စနစ်ဖွဲ့စည်းပုံကို ဖျက်သိမ်းအပြီး အနှစ်(၂၀)အကြာမှာ စစ်အုပ်စုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို အတုအယောင်အမျိုးသားညီလာခံနဲ့ တဖက်သတ်ရေးဆွဲပြီး၊ နာဂစ်မုန်တိုင်းကြောင့် ဗမာပြည်သူတွေ ဒုက္ခ ပင်လယ်ဝေနေကြရတဲ့အချိန်မှာပဲ ဇွတ်အဓမ္မ တဖက်သတ် အတည်ပြုခဲ့ပြန်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို လေ့လာကြည့်တဲ့အခါ စစ်အာဏာရှင်စနစ်ကပဲ ဆက်လက်အုပ်ချုပ်မယ့် အ ချက်ပေါင်း (၁၇) ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးဆွဲထားတယ်ဆိုတာ တွေ့ရပါတယ်။ ကျနော် ဒီစာတမ်း မှာ ရှည်လျားနေမှာစိုးတဲ့အတွက် အဲဒီ့အချက်(၁၇)ချက်ကို ထည့်မပြောတော့ပါဘူး။ စိတ်ဝင်စားတယ်ဆိုရင် အဲဒီ့အချက် (၁၇)ကို သီးခြားထုတ်ပေးထားပါတယ်။ အဲဒါကို စစ်အာဏာရှင်တို့ရဲ့ စစ်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နဲ့ တိုက်ဆိုင် လေ့လာ ကြည့်လို့ရပါတယ်။

ဒီအချက်တွေအရ ၂၀၁၀ ရွေးကောက်ပွဲပြီး အသက်ဝင်တော့မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဟာ စစ်အာဏာ ရှင်စနစ်က တရားဝင် အုပ်ချုပ်တော့မယ်ဆိုတာ အထင်အရှားဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ဟာ တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေးတွေကိုလည်း ဘာအာမခံချက်မှ ပေးမထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေပါတယ်။ အတုအယောင်ပြည်ထောင်စုဖွဲ့စည်းပုံဖြစ်ပြီး၊ အမှန် စင်စစ်က စစ်တပ်ကြီးစိုးတဲ့ တပြည်ထောင်စနစ်ဖွဲ့စည်းပုံအနှစ်သာရသာဖြစ်နေကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) မှာ တိုင်းရင်းသားလူမျိုးတွေနဲ့သက်ဆိုင်တဲ့ လွှတ်တော်တွေမှာ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနဲ့ ဥပဒေ ပြုရေးအာဏာတွေကို ဗဟိုကသာ ၀င်ရောက်စွပ်ဖက်လုပ်ကိုင်ဖို့ ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်။

ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲအလွန် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) နဲ့ အုပ်ချုပ်တော့မယ့်ကာလမှာ ဗမာပြည် အခြေအနေဟာ ပြည်တွင်းစစ်ပိုမိုတောက်လောင်နိုင်တဲ့ အနေအထားရှိကြောင်းကို ဒီနှစ်အစောပိုင်း ဇန်န၀ါရီ (၂၅) ရက် နေ့ကနေ (၂၉)ရက်နေ့အထိ အရှေ့တီမောမှာ ကျင်းပခဲ့တဲ့ The Student Solidarity Conference 2010 မှာ တင်သွင်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)ရဲ့"Boycotting 2010 election in Burma and regional peace in the future" စာတမ်းမှာ အခုလို ဖေါ်ပြခဲ့ပါတယ်။

After the 2010 Election

Therefore, the SPDC neglect the Shwe Gone Dine Declaration and continue their 2010 election with current 2008 constitution will be prolonging of military rule. That is meant all the rights of civilian and minorities rights will abandon and silence.

That is another meaning to hold the arms to protect their own ethnics and civilian rights.

That is prolonging of civil wars and more political conflicts in Burma. That will be another challenge to neighboring countries and for this region. The strong evident of conflict is more than 60 years of civil wars and public discontentment of Saffron Revolution in 2007 on Burma soils.

၂၀၁၀ ရွေးကောက်ပွဲပြီးသော် …

ဒါကြောင့် ဒီနေ့ ဗမာပြည်နိုင်ငံရေးအခြေအနေဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့သွားမယ့် တိုင်းပြည်ရဲ့ အနာဂတ် မှာ ရွှေဂုံတိုင်ကြေညာစာတမ်းပါအချက်တွေကို လစ်လျူရှုပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဇွတ်လုပ်သွားမယ်ဆိုရင် ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ဟာ ဆက်လက်တည်တံ့နေမယ်၊ ပြည်သူလူထုနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးတွေဟာ ဆုံးရှုံးမြဲ ဆုံးရှုံးနေမှာဖြစ်ပါတယ်။

အဲဒါဆိုရင် တိုင်းရင်းသားလူမျိုးတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးတွေဟာလည်း ဘယ်တော့မှ ရပ်ဆိုင်းသွား မှာမဟုတ်ပါဘူး။

နိုင်ငံတနိုင်ငံမှာ ပြည်တွင်းစစ်ဆက်လက်ရှိနေဦးမယ်၊ နိုင်ငံရေးတိုက်ပွဲတွေ ဆက်လက်ရှိနေဦးမယ်ဆိုရင် ဒေသ တွင်းနိုင်ငံတွေကို ရိုက်ခတ်မြဲဖြစ်ပါတယ်။ ဒါကို ဗမာပြည်ရဲ့ အနှစ်(၆၀)ကျော်ကြာတဲ့ ပြည်တွင်းစစ်နဲ့ အခုနောက်ဆုံး ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော်တွေ ဦးဆောင်တဲ့ နိုင်ငံရေးတိုက်ပွဲတွေက သက်သေပြခဲ့ပြီးပါပြီ။”

အဲဒါအပြင် အဲဒီ့စာတမ်းမှာပဲ ၂၀၁၀ ရွေးကောက်ပွဲလွန်အခြေအနေနဲ့ပတ်သက်ပြီး အခုလိုကောက်ချက်ဆွဲခဲ့ပါ တယ်။

Conclusion

If we do not boycott 2010 election, 2008 Constitution will be ratified after 2010. And then, the civil war will be progressed. Still, it will make regional peace lost. It will be interruption of ASEAN’s aims and objectives. The more fled of refugees to Thailand, China and India. This is why we need to boycott the SPDC 2010 planned election in Burma and international.”

နိဂုံး

၂၀၁၀ ရွေးကောက်ပွဲကိုသာ ကျနော်တို့အနေဖြင့် သပိတ်မမှောက်ဘူးဆိုရင်၊ ၂၀၁၀ အလွန်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အသက်ဝင်လာမှာဖြစ်ပါတယ်။ အဲဒီ့နောက် ပြည်တွင်းစစ်ဟာ ဆက်ဖြစ်နေလိမ့်ဦးမယ်။ ဒေသတွင်း ငြိမ်း ချမ်းရေးဟာလည်း ကွယ်ပျောက်နေဦးမှာပဲ။ အာဆီယံရဲ့ ဒေသတွင်းရည်မှန်းချက်တွေလည်း အနှောင့်အယှက်ဖြစ်နေလိမ့် ဦးမှာဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ ဒုက္ခသည်တွေ ပိုများလာလိမ့်ဦး မယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့အနေနဲ့ သပိတ်မှောက်ရတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။”

ဒီအခြေအနေတွေကို ကြည့်ရင် ၂၀၁၀အလွန်ကာလမှာ ပေါ်လာမယ့် အနာဂတ်နိုင်ငံတော်ဆိုတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၃)နှစ်ကျော်က အာဇာနည်တွေ မျှော်မှန်းခဲ့သလို တိုင်းရင်းသားလူမျိုးစုတွေအားလုံး သွေးစည်း ညီညွတ်တဲ့၊ ခိုင်မာတဲ့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံတရပ်ရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့ မှေးမှိန်နေသေးတဲ့ အကြောင်း၊ အာဇာနည်တွေ မျှော်မှန်းတဲ့ နိုင်ငံတော်သစ်ကိုရောက်ဖို့ ဆက်လက် တိုက်ပွဲဝင်သွားကြရဦးမယ့် အကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။


မောင်ယဉ်ခိုင်


Saturday, July 17, 2010

မနှစ်က ၁၉ ဇူလိုင် နဲ့ ကျွန်တော်




ဒီနေ့က ဘာနေ့လဲ ဆိုတာကိုတော့ ကျွန်တော့်ရဲ့ အဖေက စလို့ နံနက် ၇ နာရီလောက်မှာ ၀မ်းနည်းခြင်းအထိမ်းအမှတ် အနေနဲ့ မြန်မာနိုင်ငံအလံကို တစ်ဝက် လျှော့ချပြီး ကျွန်တော်တို့အိမ်ရှေ့မှာ အလံကို စိုက်ထူလိုက်ပါတယ်။ နောက် အမေက အိမ်က ဘုရားမှာဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေ အတွက် ဆွမ်းကပ်ပါတယ်။နောက်ပြီး အဖေက ကျွန်တော့်ကို သူ့ဖုန်းမှာ (၁၀း၃၅) Alarm ပေး ပေး ပါ ဆိုလို့ ကျွန်တော် Alarm ပေး ပေး ရသေးတယ်။ ပြီးမှ အဖေက အနက်ရောင် ၀မ်းဆက် ၀တ်ပြီး သူ့အလုပ်ကို ထွက်သွားပါတယ်။

ဒါနဲ့ ကျွန်တော် လက်ဖက်ရည်သောက်မယ်ဆိုပြီး လက်ဖက်ရည်ဆိုင်ထွက်ခဲ့ပါတယ်။ မထင်မှတ်စရာပဲဗျာ။ ကျွန်တော်တို့ရပ်ကွက်ထဲက ကျွန်တော်မထင်မှတ်ထားတဲ့ လူငယ်တချို့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောနေကြတယ်ဗျ။ ကျွန်တော် တော်တော် ၀မ်းသာသွားတယ်ဗျာ။ ကျွန်တော်လည်း သူတို့ကိုအာဇာနည်တွေရဲ့ အကြောင်းတွေပြောပြပြီး ကျွန်တော်စီစဉ်ထားတဲ့ အစီအစဉ်နဲ့ ကျွန်တော်တို့ သူငယ်ချင်း ၃ယောက် အနက်ဝမ်းဆက်ဝတ်ပြီး ရွှေတိဂုံ သွားဖို့ ပြင်ဆင် ကြပါတယ်။

အဲ.........ကျွန်တော်တို့ ထွက်လာတော့ လမ်းထိပ်မှာ ထီသည် တစ်ယောက်က (အာဇာနည်နေ့)သီချင်း ကိုဖွင့်လို့ဗျ။ ကျွန်တော်တို့မှာ မျက်ရည်တွေတောင် လည်လာတယ်ဗျာ။ ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့က အနက်ရောင် ၀မ်းဆက်တွေနဲ့ဆိုတော့ ဟိုလူကြည့် ဒီလူကြည့်ပေါ့ဗျာ။ ဒါလည်းကျွန်တော်တို့က လူငယ်တွေဆိုတော့ နည်းနည်းတော့ ဂုဏ်ယူမိတာပေါ့ဗျာ။

ကျွန်တော် ရွှေတိဂုံကို Bus ကားစီးပြီးသွားပါတယ်။အဲ ကျွန်တော်တို့လိုင်းကားက NLD ရုံးရှေ့ရောက် တော့ မနက် (၁၀း၃၅) ဗျ။ ချိန်ကိုက်ထားလား အောက့်မေ့ရတယ်ဗျာ။ အဲဒီမှာပါတီဝင်တွေနဲ့ အရပ်သားတွေ ၁၅၀၀-၂၀၀၀ လောက် ရှိမယ်ထင်တယ်။ သူတို့က တစ်ဖက် က ဗိုလ်ချုပ်အောင်ဆန်းပုံကိုကိုင် တစ်ဖက် က ဖယောင်းတိုင် လေးတွေကို ကိုင်ပြီး တစ်မိနစ် ငြိမ်သက်အလေးပြုတယ်ဗျ။ တချို့လူတွေက ဗိုလ်ချုပ်စတစ်ကာပါ အင်္ကျီအဖြူတွေနဲ့။ တချို့က ဗိုလ်ချုပ်နဲ့ သူ့သမီး ဒေါ်အောင်ဆန်းစုကြည် စတစ်ကာပါ အင်္ကျီ တွေနဲ့။ တချို့က အာဇာနည် ခေါင်းဆောင်ကြီးတွေပါတဲ့ ရင်ထိုးတွေနဲ့ဗျ။ ကျွန်တော် သူတို့ကို ကြည့်ပြီး ကြက်သီးတွေ တောင် ထ သွားတယ်ဗျာ။ ကားပေါ်က လူတွေကလည်း တစ်ယောက် တစ်ပေါက်ပေါ့ဗျာ-
"သူတို့လို............ငါတို့မလုပ်နိုင်ဘူး"
"ငါတိုလည်း........ဒီနေ့........ဆွမ်းကပ်တယ်"
"တို့ကခု.........ဘုရားသွားမှာလေ"တို့ပေါ့ဗျာစုံရော။

အော ဒီကြားထဲ ကားစပယ်ယာလေးက ဘာပွဲလဲဆိုလို့ ကျွန်တော် အသိပေးလိုက်ရသေးတယ်ဗျ။ အဲဒီတော့မှ သူ့ခမျာ "အော်" ဆိုတဲ့ အသံလေးက တစ်မျိုးပဲဗျာ။ ဒါနဲ့ ကျွန်တော်တို့အရှေ့ဘက်မုခ်က တက်မယ်ဆိုပြီး အုတ်လမ်းမှတ်တိုင်မှာ ဆင်းလည်းဆင်းလိုက်ရော အောင်မလေး စွမ်းအားရှင်တွေမှ နည်းတာမဟုတ်ဘူး။ BM တွေ ဒိုင်နာတွေ (၁၅) စီးလောက်ရှိတယ်။ အပြည့်ပဲဗျ။ အော်မေ့နေလို့ ကျွန်တော် တို့ကား NLD ရုံးရှေ့ မရောက်ခင် လမ်းထိပ် မှာလည်း လုံထိန်းကားတွေ- ဒါတွေလည်း ၁၅စီး လောက်ရှိမယ်။ လက်နက်တွေဒိုင်းတွေနဲ့အပြည့်ဗျ။

အော်........ ကျွန်တော်ထင်ပါတယ်။ သူတို.တာဝန်အရ မလို.ပါ သူတို.လည်း လူများတွေ အာဇာနည်တွေအတွက် ကောင်းမှုအမျိုးမျိုး လုပ်နေကြချိန်မှာ သူတို့လည်း ဘယ်လိုလုပ် သေနတ်ကြီးတွေ ကိုင်ထား ချင်ပါ့မလဲလို့။ ဟိုစားလို့ ၀နေတဲ့ ဗိုက်ပူကြီးတွေခိုင်းလို့သာ လုပ်နေရတယ်လို့ ထင်ပါတယ်။ အဲဒါထားပါအုံး ကျွန်တော်တို့ အရှေ့ဘက်မုခ်ရောက်တော့ အရှေ့ဘက်မုခ် ပိတ်ထားတယ်ဗျ။ လူတစ်ယောက် ကပြောပါတယ်။ "ရှေ.မှာလမ်းကြမ်းတယ် ဒီဘက်က သွားရင် ဘုရားရောက်ပါတယ်" တဲ.့။ ဟုတ်တယ်ဗျ ။ ရှေ့ကိုကြည့်လိုက်တော့ အစာဝနေတဲ့ ဗိုက်ပူ ထောက်လှမ်းရေး ပေါက်စတွေဗျ သူတော်ကောင်းယောင်ဆောင်ပြီး လည်ဂတုံးအဖြူတွေနဲ့လေ။ တောင်ဘက်မုခ်ရောက်တော့ သုံးယောက်သား ဖိနပ်လေးတွေချွတ် ဘုရားပေါ်လည်းတက်ရော လုံခြုံရေးဆိုတဲ့ အကိုကြီးတွေက ကျွန်တော့်လွယ်အိတ်ကို ယူစစ်တယ်ဗျ။ ဘာမှမပါပါဘူး...။ ကျွန်တော် တနင်္ဂနွေနေ့တိုင်း English သင်တန်းတက်တော့ လွယ်အိတ်ယူလာတာ ပေါ့ဗျာ။ ကျွန်တော်တို့က အနက်ဝမ်းဆက်တွေနဲ့ဆိုတော့ သေချာကိုစစ်တာဗျ .... အားလုံးသိအောင်ပြောရအုံးမယ် (ကျွန်တော်တို့က ဘုရားကို ဖြိုမယ့် လူတွေမဟုတ်ပါဘူး......။ ဘုရားက တည်တဲ့သူမဟုတ်ရင် သူ့ဖာသာသူပြိုတာပါနော်)။

ကျွန်တော်တို့ ဘုရားပေါ်လည်းရောက်ရော မိုးကစရွာတော့တာပါပဲ...။ ဒါ ၁၉ ဇူလိုင် ဆိုတာကို မိုးမင်းကြီးက ပြလိုက်တာပါပဲဗျာ။ ဟောပြီးတော့ ဗိုက်ပူကိုယ်တော်တွေက icom တွေကိုင်ပြီး ကျွန်တော်တို.နောက် ကို ခိုးကြောင်ခိုးဝှတ်နဲ့ တကောက်ကောက် လိုက်နေတယ်ဗျ။ ကျွန်တော်တို့အောင်မြေမှာ ဘုရားရှိခိုးပြီး ကျွန်တော်တို့နဲ့ ချိန်းဆိုထားတဲ့ အနက်ရောင် ညီအစ်ကိုမောင်နှမတွေကို ကျွန်တော်တွေ့လိုက်ရတယ်ဗျ။ သူတို့လည်း သူတို့ဖာသာသူတို့ ဆုတောင်းရေချမ်းကပ်တွေ လုပ်နေကြတာပေါ့ဗျာ။ တချို့လူတွေက အာဇာနည်နေ့ မလို့ ဘုရားလာကြတာလားလို့ ကျွန်တော်တို့ကို မေးပြီး သူတို့လည်း အာဇာနည်နေ့မို့ ဘုရားလာ ဆုတောင်းပေးကြတာလို့ပြောပါတယ်။

ကျွန်တော်တို့လည်း ဘုရားက အေးအေးဆေးဆေးပဲ ပြန်ဆင်းလာပြီး English သင်တန်းကို Bus Car စီးပြီးသွားခဲ့ပါတယ်။ အဲ ကျွန်တော်တို့ Bus Car (NLD) ရုံးရှေ့ရောက်တော့ စွမ်းအားရှင်တွေမှာ တစ်နေ့လုံး မိုးရွာထားတော့ အားလုံးက ချမ်းလွန်းလို့ တုန်တောင် တုန်နေကြပါတယ်။ သူတို့ခမျာမှာလည်းဗျာ ဘုမသိ ဘမသိနဲ့ တချို့ဆို ဗိုလ်ချုပ်ကိုတောင် မသိတဲ့ လူတွေဗျ။ သနားပါတယ်ဗျာ။ NLD ရုံးထဲကနေ NLD လူငယ်တွေ ရွှေတိဂုံဘုရား ကို သွားဖို့ ၂ ယောက် တစ်တွဲ စီ စီတန်းလျှောက်လာတာ စည်းကမ်းရှိလိုက်တာဗျာ။ အယောက် ၅၀ လောက်ရှိမယ်ဗျ။ လုံထိမ်းကားတွေရှေ့က ရဲရဲရင့်ရင့်ပဲ ဖြတ်လျှောက်သွားကြတာဗျာ။ ကျွန်တော်ဒီလူငယ်တွေကိုအရမ်းလေးစားတယ်ဗျာ။

ကျွန်တော်တို့ သင်တန်း ရောက်တော့ ဆရာက Who really killed Aung San? အကြောင်း ကိုပြောပြတယ်ဗျ။ သင်တန်းက အပြန် အိမ်ပြန် ရောက်တော့ ည ၈း၀၀ ရှိပြီ။ သီတင်းကြည့်မယ် ဆိုပြီး TV ဖွင့်ကြည့်တော့ တော်တော် အရေးမကြီးတဲ့ သတင်းတွေ အရင်လာတယ်။ အားလုံးပြီးမှ အာဇာနည်နေ့ အခမ်းအနားလာတယ်ဗျ။ ဗိုလ်ချုပ် မိသားစုထဲက ဦး အောင်ဆန်းဦး ကိုယ်စား ဘယ်သူကပန်းခွေ လာချတယ် ဆိုတာပဲပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဘယ်သူတွေ တက်ရောက်တယ်ဆိုတာလည်း မပါဘူးဗျ။ ဒီသတင်းကို မိနစ်ပိုင်းနဲ့ပြီးသွားတာ အားလုံး အသိပါ။

အော်....... ကျွန်တော့်အထင်ပြောရရင် နောက်ဆို အာဇာနည်နေ.အခမ်းအနားတောင် လုပ်ပါတော့မလား......။
အာဇာနည်ခေါင်းဆောင်ကြီးတွေကို မေ့လိုက်ကြပြီ လားလို့.................................။

အားလုံးကိုပြောချင်တာကတော့-
သူတို့ဟာ မလုပ်သင့်မလုပ်ထိုက်သည့် အရာများကို အလေးထားပြု လုပ်နေကြပြီး
လုပ်သင့်လုပ်ထိုက် သည့် အရာများ ကို လစ်လျှု ရှုထားကြပါသည်။
သို့သော် ကျွန်တော်တို့လူငယ်များသည် လုပ်သင့်လုပ်ထိုက်သည့် အရာများကို ပြည်သူများနှင့် ပူးပေါင်းပြီး လုပ်ကိုင် သွားပါ မည်။ ။

အသစ်လဲ မရေးနိုင်တော့ ဒါလေးပဲပြန်တင်လိုက်ပါတယ်......

ဖိုးရှုပ်၎

Tuesday, July 6, 2010

7 July .......ကဘာလဲ.


ပုံကြီးကြီး ကြည့် ချင်ပါက ပုံကို Click လုပ်ပါ........

4shokelay

မေ့မရတဲ့နေ့ 7 July........


အသစ်မတင်နိုင်ခြင်း အတွက်ခွင့်လွှတ်ပါ.................

4shokelay