Sunday, February 21, 2010

နအဖ လက်ကိုင်တုတ်တွေ လုပ်ချင်တိုင်းလုပ်နေကြပြီ


-ပဲခူးတိုင်းနတ္တလင်း၊ပေါင်းတည်မြို့ နယ်တွေမှာ မြို့ နယ်အာဏာပိုင်တွေက မော်တော်ဆိုင်ကယ်စီးနင်းသူတွေကို မတရားဖမ်းဆီးမှု တွေလုပ်နေပါတယ်။ယခုနှစ် တပြည်လုံးမော်တော်ဆိုင်ကယ်လိုင်စင်တွေလုပ်ဖို့ကြေညာ ထားပေမဲ့ လိုင်စင်ကြေးတွေကြီး လွန်းလို့လိုင်စင်လုပ်သူနဲပါတယ်။
ဆိုင်ကယ်တန်ဖိုးကိုလိုက်ပြီးလိုင်စင်ကြေးသတ်မှတ်ထားတာကြောင့် အနဲဆုံး ၅သိန်းတန် တရုပ်လုပ်ဆိုင်ကယ် တစီးကိုလိုင်စင်ကြေး၂သိန်းခန့်ကျပြီး။၁၅သိန်းတန် ယိုးဒယားဆိုင်ကယ်တစီးကို လိုင်စင်ကြေး(၇)သိန်းခန့် ကုန်ကျပါတယ်။
ယခုရက်ပိုင်းမှာနေ့စဉ်လိုလိုမြို့နယ်အာဏာပိုင်တွေရယ်၊တရားသူကြီး၊မော်တော်ပီကယ်၊ စည်ပင်သာယာ၊ မီးသတ် ကြံ့ဖွံတွေပါတဲ့အဖွဲ့တွေဟာမြို့ပေါ်မှာ သာမကတောရွာတွေကိုပါဆင်းပြီးလိုင်စင်မဲ့ ဆိုင်ကယ်သာမက၊ လိုင်စင်ရှိသူတွေကိုပါနည်းမျိုးစုံအကြောင်းအမျိုးမျိုးပြပီး။ဖမ်းဆီးခြင်း၊ဒဏ်ရိုက်ခြင်း တွေကိုမတရား ပြုလုပ်နေပါတယ်။
ဆိုင်ကယ်စီးဦးထုပ်မပါလျင်-၄၀၀၀ကျပ်
လိုင်စင်အတူပါမလာလျင် -၁၅၀၀ကျပ်
အကုန်ပြည့်စုံနေလျင်
ဘီးခွန်၁၅၀၀ကျပ်..စသဖြင့်အကြောင်းရှာဒဏ်၇ိုက်ပါတယ်။လိုင်စင်မဲ့ဘီးများကိုတော့တခါထဲသိမ်းယူသွားပါတယ်။

ကျေးရွာတွေကိုဆင်းပြီးကျေးရွာရ.ယ.ကလူကြီးထံကနေရွာရှိဆိုင်ကယ်ရှိသူစာရင်းကောက်ပြီး၊ သတ်မှတ် ရက်အတွင်း လိုင်စင်မလုပ်ပါကူဆိုင်ကယ်ကိုသိမ်းဆည်းမည့်အကြောင်းပြောပါတယ်။ တချို့လယ်သမားတွေကတော့ ၀မ်းစာစပါးတွေထုပ်ရောင်း ပြီးလိုင်စင်လုပ်နေကြရပေမဲ့၊အများစုကတော့လိုင်စင်မဲ့ဆိုင်ကယ်တွေကို ထုပ်မစီးရဲတော့ဘဲသိမ်းထားကြပါတယ်။တအိမ်တက်ဆင်းလိုက်လံသိမ်းဆည်းလျင်တော့ငြိမ်ခံမနေဘဲ
၊တနည်း နည်းဖြင့်တုံ့ပြန်ခုခံသွားဖို့ပြောဆိုနေကြပါတယ်။

ကျေးရွာနေလယ်သမားအများစုဟာသွားရေးလာရေးလွယ်ကူစေဖို့ ဈေးသက်သာတဲ့
တရုပ် လုပ်လိုင်စင်မဲ့ဆိုင်ကယ်တွေကိုဝယ်ယူစီးနေရတာပါ။ ဓါတ်ဆီဆိုင်တွေပုဂလိကပိုင်ဖြစ်သွား လို့ဆိုင်ကယ် တွေဓါတ်ဆီထုပ်မပေးတော့ဘူးဆိုတဲ့သတင်းတွေကြောင့် လဲလိုင်စင်လုပ်လိုသူပိုနဲပါးနေပါတယ်။
တကယ်တော့လိုင်စင်မဲ့ဆိုင်ကယ်တွေကို တရားမ၀င်တင်သွင်းနေသူတွေကိုတော့
လာဘ်ငွေယူခွင့်ပြုထားပြီး ၀ယ်ယူစီးနင်းနေသူပြည်သူအများကို ခုလိုဖမ်းဆီးဒဏ်၇ိုက်ကာ၊ အာဏာသုံးအနိုင်ကျင့်နေခြင်းကို ဒေသခံပြည်သူတွေအတော် မကျေမနပ်ဖြစ်နေပါတယ်။
နောက်တခါအာဏာပိုင်အဖွဲ့အစည်းကလူများကတော့ လိုင်စင်မဲ့ဆိုင်ကယ်များကို လွတ်လွတ်လပ်လပ်စီးနင်းနေ ကြပါတယ်။ ။

(၂၂.၂.၁၀)မှာကျေးရွာတွေမှာတအိမ်တက်ဆင်းလိုက်စစ်ပြီး လိုင်စင်မဲ့တွေကိုသိမ်းမယ်လို့ကြေညာထားတယ်။

ဒေသခံတဦး

No comments:

Post a Comment