Wednesday, July 6, 2011

အိုးဝေတို့ရေ


အိုးဝေတို့ရေ


ဟိုးတုန်းက

ကံကော်တွေက စကားပြောတော့

နားနဲ့မဆံ့အောင်ပေါ့

ဟိုးတုန်းက

ဂျက်ဆင်ကြီးက စကားပြောတော့

နားနဲ့မဆံ့အောင်ပေါ့

ဟိုးတုန်းက

အဓိပတိလမ်းမကြီးက စကားပြောတော့

နားနဲ့မဆံ့အောင်ပေါ့

ဟိုးတုန်းက

ဘွဲ့နှင်းသဘင်ကြီးက စကားပြောတော့

နားနဲ့မဆံ့အောင်ပေါ့

ဟိုးတုန်းက

သစ်ပုတ်ပင်ကြီးက စကားပြောတော့

နားနဲ့မဆံ့အောင်ပေါ့

ဟိုးတုန်းက

အိုးဝေတွေကလဲ

နားနဲ့မဆံ့အောင်ပေါ့

ခု…… မြို့ဝေးတက္ကသီတွေ

ဝင်တာမီယာ ရပ်ကွက်တခုလိုလား

ခု……. သမဂ္ဂမြေတွေ

ဆောင်းည တစ်ညလိုလား

ခု…….. အိုးဝေလက်သစ်လေးတွေ

ဆွံ့အနားမကြားသူတို့လိုလား

ဝင်တာမီယာလဲ မဟုတ်

ဆောင်းည တစ်ည လည်းမဟုတ်

ဆွံ့အ နားမကြားလည်းမဟုတ်

နားကွဲအောင် ဟစ်မယ့်

ပုစင်းရင်ကွဲတွေ ဆိုတာပြဖို့

ဒေါင်းအိုးဝေ တို့ညီကြစို့ ……………………..

ဖိုးရှုပ်လေး ( ၇ ရက်ဇူလိုင်ကျောင်းသားအရေးတော်ပုံ ၄၉ နှစ်ပြည့် အထိမ်းအမှတ်နေ့ အတွက် သတိရစွာရေးမိပါသည်။)

No comments:

Post a Comment