
Thursday, March 11, 2010
ဦးဝင်းတင် နှစ် ၈၀ ပြည့်မွေးနေ့ စကားသဝဏ်

ဥပဒေဆိုတာ ဒါပဲ ကြည့်ကြပေတော့.....

နအဖက ထုတ်ပြန်သော အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ အပြည့်အစုံ (Image files) ။
စစ်အစိုးမရရဲ့ ရွေးကောက်ပွဲ ကော်မရှင်စားများစာရင်း .....
ဤ ရွေးကောက်ပွဲ ဥပဒေသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်ရန် နှင့် NLD ပါတီအကျပ်အတည်း ဖြစ်စေရန် ….. ရည်ရွယ်ထုတ်ပြန်ထားကြောင်း လုံးဝသေချာပါသည်။၂၀၀၈ အခြေခံဥပဒေကိုလဲ ပြင်စေလိုတယ်။ ဒါတွေနဲ့ပက်သက်ပြီး ကျွန်တော်တို့ လူငယ်ထုကော ကျောင်းသားထုကပါ ဒီဥပဒေနဲ့ ဒီရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်တယ်။ ပြည်သူ လူထုကြီးလည်းတွေဝေမနေပဲ ဒီဥပဒေနဲ့ ဒီရွေးကောက်ပွဲကို သပိတ်မှောက် ကြပါလို့ပြောကြားချင်ပါတယ်။
ဖိုးရှုပ်လေး
Tuesday, March 9, 2010
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ တတိယအကြိမ်မြောက် ဂျာနယ်
http://allburmamonksalliance.
http://allburmamonksalliance.
စစ်အာဏာရှင်တို့၏ ၂၀၁၀ရွေးကောက်ပွဲ ဥပဒေကြေငြာချက် ထုတ်ပြန်ပြီ
ပြည်ထောင်စု ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ ငါးလခန့်သာ အချိန်ရမည်ဟု ရဲချုပ်ခင်ရီ ပြောကြား ...
မကြာမီကာလအတွင်း ပါတီများ မှတ်ပုံတင်ခွင့်ရကြမည်ဖြစ်ပြီး စည်းရုံးရေး မဲဆွယ်လုပ်ငန်းများအတွက် အချိန်ပေးတော့မည်ဟု ရဲချုပ်က ပြောကြားခဲ့ပြီး၊ ယင်းကာလအတွင်း မြို့မိမြို့ဖများအနေဖြင့် နိုင်ငံနှင့် လူမျိုးအတွက် အရွေးချယ်မမှားကြရန် လိုအပ်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
ရဲချုပ်ခင်ရီက ပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲများ ကျင်းပချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြည်တွင်း၊ ပြည်ပအဖျက်သမားများ အန္တရာယ်ကို ကာကွယ်နိုင်ရန် မြို့မိမြို့ဖများပါဝင်သည့် ရွေးကောက်ပွဲ လုံခြုံမှုအဖွဲ့များ ဖွဲ့စည်းသွားမည်ဟု ဆိုခဲ့ပြီး ယင်းအဖွဲ့ဝင်များကို မိုင်းရှင်းသင်တန်း၊ အဓိကရုန်း နှိမ်နင်းရေးသင်တန်းများ တက်ရောက်ရမည်ဟု ပြောကြားသွားခဲ့သည်။
ကိုဝဏ္ဏဘလော့မှ http://www.wanna23.com/
Monday, March 8, 2010
ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ .( မဇ္ဈိမသတင်းဌာန)
ဥပဒေအရ ကော်မရှင်တွင် ဥက္ကဋ္ဌ အပါအဝင် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးကို ခန့်အပ်တာဝန်ပေးနိုင်ကြောင်း ဖော်ပြထားပြီး ကော်မရှင်လူကြီးများသည် အသက် ၅၀ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်၊ ထင်ပေါ်ကျော်ကြားပြီး ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် စစ်အစိုးရက ယူဆသူဖြစ်ရမည်၊ နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ကာ လစာ၊ စရိတ်ကြေးငွေရသော အခြား မည်သည့်ရာထူးကိုမျှ လက်ခံခြင်း မပြုသူဖြစ်ရမည်ဟူသော အချက်များလည်း ပါဝင်သည်။
ဥပဒေအရ လက်ရှိ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု တို့နှင့် လက်အောက်အဆင့်ဆင့်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်များ ဖွဲ့စည်းမည်ဖြစ်ကာ၊ နေပြည်တော် ကော်မရှင်အဖွဲ့ခွဲကိုလည်း သီးခြားထားရှိမည်ဖြစ်သည်။
ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားရာတွင် လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊ လွှတ်တော်ရွေးကောက်ပွဲများ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်ဆောင်ရွက်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေးအတွက် ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင်အဖွဲ့ခွဲများအတွက် ရန်ပုံငွေ ခွဲဝေချထားပေးခြင်း၊ အသုံးစရိတ်များ ကြီးကြပ်ခြင်း၊ နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်းတို့ ပါဝင်သည်။
နေပြည်တော်ရှိ သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောကြားရာတွင် အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခြင်းအစီအစဉ် မအောင်မြင်လျှင် ထိုဒေသများကို ရွေးကောက်ပွဲမပြုလုပ်ဘဲ ချန်လှပ်ထားရန် စစ်အစိုးရက နည်းလမ်းတခုအဖြစ် စဉ်းစားထားကြောင်း ပါရှိသည်။
ပြည်တွင်းပြည်ပတွင် လူအများက ကျယ်ပြန့်စွာ ကဲ့ရဲ့ခံနေရသော ၂ဝဝ၈ အခြေခံဥပဒေကို အခြေခံ၍ စစ်အစိုးရသည် ရွေးကောက်ပွဲကို ကျင်းပရန် လုပ်ဆောင်လျက်ရှိသည်။
ရွေးကောက်ပွဲကို ဝေဖန်သူ အနောက်နိုင်ငံ အစိုးရများက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရရာထူး မယူနိုင်အောင် ပြုလုပ်ထားမှုကိုလည်း ထောက်ပြထားကြသည်။
ထို့ပြင် အခြေခံဥပဒေသည် စစ်တပ်ကို တိုင်းရေးပြည်ရာများတွင် ပါဝင်ချယ်လှယ်နိုင်ရန် အာမခံချက် ပေးထားသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာစစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်စေရေးနှင့် ဘက်စုံပါဝင်နိုင်ရေး တောင်းဆိုထားကာ လက်ရှိ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကိုလည်း လွှတ်ပေးရန် တောင်းဆိုထားသည်။
ရင်းမြစ်.... .( မဇ္ဈိမသတင်းဌာန)http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4881:2010-03-08-14-56-11&catid=1&Itemid=2
ဒီမိုဝေယံ ဆီမှ.. ရယူပါသည်။
နိုင်ငံတကာအမျိုးသမီးများနေ့ အိန္ဒိယနိုင်ငံ နယူဒေလီတွင်း ကျင်းပ
ယနေ့ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသော အားဖြင့် အိန္ဒိယနိုင်ငံ နယူဒေလီတွင် ယနေ့ မနက်ပိုင်းက ဆန္ဒပြပွဲ့ အခမ်းအနား တစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့ပါသည်
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် WlB က ဦးဆောင် ကျင်းပခဲ့ပြီး အမျိုးသမီးများ အဖွဲ့ချုပ်မြန်မာနိုင်ငံမှ ဒေါ်သင်သင်အောင်က တန်းတူရေး ငြိမ်းချမ်းရေး တရားမျှတရေး၊ဖွံ့ဖြိုးရေးတိုး
“ကျမတို့ အမျိုးသမီးတွေအတွက် စွန့်လွတ်ပေးတဲ့ သူရဲကောင်းအမျိုးသမီးတွေကို အသိ အမှတ်ပြုတဲ့အနေနဲ့ ဆက်ပြီးတော့ မြန်မာနိုင်ငံတွင်း၌ နအဖစစ်တပ်၏ ဖိနိပ်မှုခံနေရသည့် ကျမတို့အမျိုးသမီးထုကြီးအနေနဲ့
“ ဒီကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ကြိုးပမ်းမှြုေ
ကမ္ဘာပေါ်ရှိ အမျိုးသမီးများက ၁ဂ၅ရ ခုနှစ်မှစတင်၍ အမျိုးသမီးများ အခွင့်အရေး အတွက် ရုန်းကန်ခဲ့ရာ ၁၉ရ၅ခုနှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့က မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့အြ
နအဖစစ်အစိုးရက အမျိုးသမီးအခွင့်အရေးကာကွယ်သည့်
နေမင်းသိန်းရာဇာ
ရွေးကောက်ပွဲဥပဒေ အသေးစိတ် မနက်ဖြန် ထွက်မည်
| | | |
| |
| |
| ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေများ၏ အသေးစိတ်ကို မနက်ဖြန်မှ စတင်၍ ထုတ်ပြန်မည်ဟု နိုင်ငံပိုင် မီဒီယာများက ယနေ့ ကြေညာလိုက်သည်။ ယနေ့ ညနေ ၄ နာရီ မြန်မာ့ရုပ်မြင်သံကြားက သတင်းကြေညာရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို နေ့စဉ်ထုတ် သတင်းစာများနှင့် ပုံနှိပ်စာအုပ် ထုတ်ဝေ၍ ဖြန့်ချိသွားမည်ဟု ပါရှိသည်။ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဟု လွန်ခဲ့သည့် နှစ်လက လူသိရှင်ကြား ပြောဆိုခဲ့သော်လည်း ယနေ့ထုတ် စစ်အစိုးရက သတင်းများ၌ မည်သည့်နေ့ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ကိုမူ ပြောဆိုသွားခြင်း မရှိပါ။ အကဲခတ်အချို့သာလျှင် လာမည့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လိမ့်မည်ဟု ယုံကြည်ကြသည်။ အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂတို့က မြန်မာအစိုးရကို ဘက်စုံပါဝင်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် တိုက်တွန်းထားကြသည်။ လက်ရှိအချိန်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော် ထောင်များထဲတွင် ရှိနေသေးသည်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မကြာသေးခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အစည်းအဝေးတခု၌ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးလိမ့်မည်ဟု ပြောသွားခဲ့သည်။ ထိုအချိန်သည် သူမ၏ နေအိမ်အကျယ်ချုပ်သက်တမ်း ကုန်ဆုံးချိန်ဖြစ်သည်။ သူမအနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများတွင် ပါဝင်ခွင့် မရနိုင်ဘဲ ဖြစ်လိမ့်မည်။ နိုင်ငံခြားသားကို လက်ထက်ထိမ်းမြတ်လျှင် အစိုးရ ရာထူးတာဝန် ရယူပိုင်ခွင့် ပိတ်ပင်ထားသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည် ရာထူးရပိုင်ခွင့်ကို တားမြစ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းသည် ဗြိတိန်နိုင်ငံသားဖြစ်ပြီး ကင်ဆာရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။ စစ်အစိုးရက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို နိုင်ငံ့အုပ်ချုပ်ရေးတွင် မပါဝင်နိုင်အောင် ချိန်ရွယ်ရေးဆွဲခဲ့သည်ဟု အများက ယုံကြည်ကြသည်။ အငြင်းပွားဖွယ်ရာ အခြေခံဥပဒေကို မေလ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးခါစတွင် ဆန္ဒခံယူပွဲ အတုအယောင်လုပ်ကာ အတည်ပြုပြဋ္ဌာန်းခဲ့သည်။ အခြေခံဥပဒေသစ်က စစ်တပ်က တိုင်းရေးပြည်ရာများတွင် အဓိက အခန်းကဏ္ဍမှ နေရာယူလုပ်ပိုင်ခွင့် ပေးထားပြီး၊ ပြုပြင်ပြောင်းလဲမှု ပြုလုပ်လျှင် ဗီတိုအာဏာသုံး၍ ပိတ်ပင်ခွင့် ပေးထားသည်။ ချင်းမိုင် (မဇ္ဈိမ) |

