Monday, March 8, 2010

နိုင်ငံတကာအမျိုးသမီးများနေ့ အိန္ဒိယနိုင်ငံ နယူဒေလီတွင်း ကျင်းပ

ယနေ့ကျရောက်သည့် နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသော အားဖြင့် အိန္ဒိယနိုင်ငံ နယူဒေလီတွင် ယနေ့ မနက်ပိုင်းက ဆန္ဒပြပွဲ့ အခမ်းအနား တစ်ရပ်ကိုကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ် WlB က ဦးဆောင် ကျင်းပခဲ့ပြီး အမျိုးသမီးများ အဖွဲ့ချုပ်မြန်မာနိုင်ငံမှ ဒေါ်သင်သင်အောင်က တန်းတူရေး ငြိမ်းချမ်းရေး တရားမျှတရေး၊ဖွံ့ဖြိုးရေးတိုးတက်ရေး အတွက် ကြိုးပမ်းခဲ့ သည့် အမျိုးသမီးများအား
“ကျမတို့ အမျိုးသမီးတွေအတွက် စွန့်လွတ်ပေးတဲ့ သူရဲကောင်းအမျိုးသမီးတွေကို အသိ အမှတ်ပြုတဲ့အနေနဲ့ ဆက်ပြီးတော့ မြန်မာနိုင်ငံတွင်း၌ နအဖစစ်တပ်၏ ဖိနိပ်မှုခံနေရသည့် ကျမတို့အမျိုးသမီးထုကြီးအနေနဲ့ရဲ့ရင်စွာတိုက်ပွဲ့ဝင်ကျဟုအကျယ်တ၀င့်ရှင်းပြခဲ့သည်။

“ ဒီကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ကြိုးပမ်းမှုကြောင့် အမျိုးသမီးများနေ့ဆိုတာပေါ်ပေါက်လာ ရတယ် ကုလသ မဂ္ဂက အသိအမှတ်ပြုထားပြီး နိုင်ငံတော်တော်များများက အလုပ်အားလပ်ရက် သတ်မှတ်ထားကြတယ် ဒီနေ့မှာ ဆိုရင်အမျိုးသမီး တွေ လူမျိုးဘာသာ မခွဲခြားပဲ သွေးစည်းညီညွတ်မှုကို ပြသပြီး စီးပွားရေး လူမှုရေး မခွဲခြားပဲ အခမ်းအနားကျင်းပရချင်းဖြစ်တယ်လို့ပြောဆိုသွားပါသည်။


ကမ္ဘာပေါ်ရှိ အမျိုးသမီးများက ၁ဂ၅ရ ခုနှစ်မှစတင်၍ အမျိုးသမီးများ အခွင့်အရေး အတွက် ရုန်းကန်ခဲ့ရာ ၁၉ရ၅ခုနှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့က မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ်အသိအမှတ်ပြုခဲ့သည်။

နအဖစစ်အစိုးရက အမျိုးသမီးအခွင့်အရေးကာကွယ်သည့် နိုင်ငံတကာဥပဒေဖြစ်သည့် စီဒေါ်စာချုပ်ကို လက်မှတ် ထိုးထားပြီး နိုင်ငံအ၀ှန်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ကျယ်ပြန့်စွာ ကျူးလွန်နေကြောင်းအမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ယနေ့တွင် ကြေငြာချက် ထုတ်ပြန်ထားကြောင်းသိရပါတယ်။။

နေမင်းသိန်းရာဇာ

No comments:

Post a Comment