Saturday, March 13, 2010

ကိုဖုန်းမော်သို့.........


အကို့သွေးတွေဟာ ပေတရာပေါ်မှာတော့
ရှိချင်မှပဲရှိလေ့မယ်။

ဒါပေမယ့် ပြည်သူတွေနဲ့ရဲဘော်တွေရဲ့ ရင်ထဲမှာတော့
သေတောင်ခြောက်မှာ မဟုတ်ဘူး။

အကိုပေးတဲ့ အမွေဟာ လူတိုင်းအတွက်တော့
ရချင်မှပဲ ရလိမ့်မယ်။

ဒါပေမယ့် အမျိုးကိုချစ်တဲ့ သားကောင်းတွေအတွက်တော့
ထာဝရ ရတနာဖြစ်ခဲ့တယ်။

အကိုစခဲ့တဲ့ (သမိုင်း) စာမျက်နှာဟာ နှစ်လတွေနဲ့ ရေရင်တော့
ကြာပြီလို့ ဆိုနိုင်ခဲ့မယ်။

ဒါပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့
ဆက်လက် တိုက်ပွဲဝင်နေတယ်။

စမ်းချောင်းလေး

No comments:

Post a Comment