Monday, March 15, 2010

အရေးတော်ပုံတပ်သား (သို့မဟုတ်) သူရဲကောင်း

ကိုဗဟိန်းတို့ အမွေပေးခဲ့တဲ့ အာဇာနည်သွေးတွေက ကျနော်တို့ရင်ဘတ်ကိုရိုက်ခတ် သေနတ်ကြည် တချက် ဖောက်တိုင်း မီးဟုန်းဟုန်းတောက်ခဲ့ကြပါတယ်။

ပြည်သူဟာ ပြည်သူကိုပဲချစ်တယ် ပြည်သူကပေါက်ဖွားလာတဲ့ ပြည်သူအစိုးရကိုပဲလိုချင်တယ် ပြည်သူဟာ ပြည်သူတွေအတွက် အရေးတော်ပုံတပ်သားတွေဖြစ်တယ် ၈၈ ရဲ့လှံစွပ်ဖျားမှာရဲရဲနီတဲ့နှင်
းဆီပွင့်တွေပွင့်ခဲ့တာ လည်း ၂၂ နှစ်ကြာခဲ့ပါပြီ သမိုင်းတခေတ်ရဲ့မျိုးဆက်သစ်တွေဟာ အရေးကြီးပြီညီနောင်အပေါင်းတို့ သီချင်းကို ဆိုရင်း ၂၀၁၀ သတ်ကွင်းထဲကို ရဲရဲတင်းတင်းနင်းဖြတ်လို့လာပါပြီ။

ကိုဘဟိန်းတို့ပုခုံးပြောင်းခဲ့
တဲ့သမိုင်းပေးတာဝန်အတိုင်း ဗိုလ်အောင်ကျော်က ၁၃၀၀ ပြည့်မှာတာဝန်ကျေခဲ့သလို အာဏာရှင်ရဲ့ကြိုးစင်ပေါ်ရဲရဲဝင့်ဝင့်တက်ခဲ့တဲ့ ကိုတင်မောင်ဦးလည်း ၇၄ မှာတာဝန်ကျေခဲ့ပြီ ကိုဖုန်းမော်က ၈၈ မှာတာဝန်ကျေခဲ့သလိုကိုသက်ဝင်းအောင်လည်း ၂၀၀၆ မှာတာဝန်ကျေခဲ့ပြီ။

သူတို့အားလုံးကျနော်တို့ရဲ့အရေး
တော်ပုံတပ်သားတွေပါ သူရဲကောင်းတွေပါ။

ညီနောင်ရဲဘော်တို့ရေ ၂၀၁၀ ဟာလည်းပြည်သူတွေအတွက် သေရေးရှင်ရေးမျှအရေးကြီးနေပြီ စစ်အာဏာရှင် စနစ်ကို တွန်းလှန်ဖြိုလှဲ ဒေါင်းအလံတွေတလူလူလွင့်ဘို့ အရေးတော်ပုံတပ်သားတို့ရဲ့သွေးေ
တွနဲ့ လူ့အခွင့်ရေး ကျောက်စာကိုရေးထိုး ဆူးခင်းမှန်သမျှ တိုးကြပါစို့.......


ဇော်မြင့် - မင်းရန်နိုင်

No comments:

Post a Comment