Friday, March 12, 2010

ခွတ်ဒေါင်းနဲ့ ရွေးကောက်ပွဲ


မလှမပ အတိတ်နဲ့ 
ညတညအိပ်ပစ်ရမှာလား ။
ညမှာအားမွေး
နေ့ မှာဓားသွေး

နှစ်ထောင့်တဆယ် အရေးတော်ပုန်ဆင်နွဲမယ် ။
အားသစ်ပျောက်တဲ့ ကြောက်သွေးတွေ
နောက်ဖေးကဖေါက်ထုတ်

နောက်မဆုတ်စတမ်းရှေ့ တက်
၆၀ ရက်အတွက် အရေးကြီးတယ် ။

လူပျော့လူညံ့ အာဏာရူးသူတွေ
ပွဲလန့် ပြီး ဖျာမခင်းကြစေနဲ့ 
လာခြင်းကောင်းတဲ့ ပြည်သူအပေါင်း
ခွပ်ဒေါင်းသတိ အမြဲရှိ ။
အဖိမခံ အလိမ်မခံ
ဒီမိုကရေစီ ဇာတိမာန်
အလံမလှံစတမ်း ။

နိုင်ငံဖျောက် လူမျိုးဖျောက်ပြီး
ရောက်ရာ တိုင်းပြည်က
ဒီမိုကရေစီ ကြွေးကြော်
တော်လှန်ရေးလုပ်နေတဲ့ အဝေးက ရဲဘော်တွေ
ရရာလက်နက် အစပါအောင်ဆွဲထွက်
ကွန်ပျူတာတွေ မီဒီယာတွေ
အသံလွင့်ဌာနတွေ သတင်းဌာနတွေ
အသင်းအဖွဲ့ စင်မြင့်တွေ
အဆင်သင့် တွေ့ ရာနေရာက
ရရာလက်နက်ကိုင်ကြူး
ဦးတည်ရာ မရမ်းဘဲ
ဇွဲခိုင်ခိုင်နဲ့  တိုက်ပွဲဝင်ကြ ။

ပြည်တွင်းက အသံကို
ကမ္ဘာလုံးညံအောင် ပဲ့တင်ထပ်
အရပ်ရပ် အရွာရွာ
ပတ်ပတ်လည်ကမ္ဘာမှာ
စစ်တပ်ရဲ့ မသမာပုံတွေကို ဖွင့်ချ
မတရားတဲ့ရွေးကောက်ပွဲ ဥပဒေကို တင်ပြ
တက်ကြွစွာတိုက်ပွဲဝင်ရန်ပြင်
အာဏာရှင်စနစ်ရဲ့  မသမာရွေးကောက်ပွဲအဖြစ်
ခြေရာမျှ မကျန်ရစ်အောင်
ရတဲ့အားနဲ့ ဆွဲဖျက်ပစ်ကြ
ရဲရင့်တဲ့ ပြည်သူ့ လက်တွေပါလားလို့ 
သမိုင်းမှာ ကျန်ရစ်စေကြ ။

တပြည် ရပ်ခြားမှာ
ဖိနပ်ပါးအောင် လမ်းလျှောက်
ရမ်းဖေါက်လိုက်တဲ့ သေနပ်သံ
အာဏာရှင်ရင်ဝမှန်ပါစေ ။

စေတနာပါတဲ့အလုပ် နောက်မဆုပ်နဲ့ ဟေ့
ပစ်လိုက်တဲ့ မျှားအစင်းတိုင်း
အဆိပ်လူးစရာမလိုဘူး
ပြည်သူ့ မေတ္တာစူးပြီး
အာဏာရှင်ရဲ့ ရွေးကောက်ပွဲ
ဖရိုဖရဲ ။

မနက်ဖန်က ဒီမိုကရေစီနိုင်ငံ
အာဏာရှင်ရဲ့ ငိုကြွေးသံမို့ 
မှန်တဲ့လက်တွေ တွဲမဖြုတ်စတမ်း ။

ဌေးတင့် Dhr Htay Tin

No comments:

Post a Comment