Thursday, May 10, 2012

"အခြေခံဥပဒေ ပြင်နိုင်ရမည် " ဆိုသည့် လူငယ်ထု









 စမ်ချောင်း မြို့နယ် NLD ရုံးဖွင့်ပွဲ "အခြေခံဥပဒေ ပြင်နိုင်ရမည် " ဆိုသည့် လူငယ်ထုရဲ့ အသံဖြင့် ဖွင့်လှစ်


  စမ်ချောင်း မြို့နယ် NLD ရုံးဖွင့်ပွဲ "အခြေခံဥပဒေ ပြင်နိုင်ရမည် " ဆိုသည့် လူငယ်ထုရဲ့ အသံဖြင့် ဖွင့်လှစ်

 စမ်ချောင်း မြို့နယ် NLD ရုံးဖွင့်ပွဲ "အခြေခံဥပဒေ ပြင်နိုင်ရမည် " ဆိုသည့် လူငယ်ထုရဲ့ အသံဖြင့် ဖွင့်လှစ်

ဘယ်သူမှမတင် ဘယ် သတင်းမှာ မှ မမြင်လိုက်ရလို့ တင်ပေးလိုက်တယ်။ (၁.၅.၂၀၁၂) အလုပ်သမားနေ့ ညနေ ၅နာရီတိတိ အချိန်မှာ ဖွင့်လှစ်ခဲ့တာပါ။ ဒီပွဲကို ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်တိုက တက်ရောက် မိန့်ခွန်းပြောပြီင်္း ဖွင့်လှစ်ခဲတာပါ။ တကယ့်နိုင်ငံရေးဆနတဲ့ ပွဲလေးပါ။ " အခြေခံဥပဒေ ပြင်နိုင်ရမည် " ဆိုပြီး စမ်းချောင်းသားလူငယ် များက အားရပါးရကြွေးကျော်ပြီး သူတို့ ကိုင်ထားတဲ့ စာတန်းလေးတွေက လဲ တိုင်းပြည်ရဲ့ အဓိက လိုအပ်ချက်တွေကို ပေါ်လွင်စေခဲ့ပါတယ်။
ဖိုးရှုပ်လေး

Wednesday, May 2, 2012

ပညာရေး xxီး ပဲ တဲ့ဗျာ




လူဖြူ လူမဲ အသားရောင်ခွဲခြားဖိနိုပ်မှုတွေကြောင့် လူမဲလူငယ်တွေက သူတို့ခံစားချက်တွေကို ရေရွတ်ရင်း Rap၊ Hip Hop သီချင်းတွေပေါ်လာခဲ့တယ်။ နောက် လူငယ်တွေရဲ့ ပေါက်ကွဲသံစဉ်တွေဖြစ်တဲ့၊ Punk, Modern Rock တွေထပ်ပေါ်လာတယ်။ အဲဒီ မြူးဇစ် တွေပေါ်ကနေကျော်တက်ပြီး နံရံပေါ်ဆေးမှုတ်ပြီး ဆန္ဒ ထုတ်ဖေါ်တဲ့ အလုပ်တွေကို လူငယ်တွေလုပ်လာကြတယ်။ နိုင်ငံတော်တော်များများရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဒီလိုနံရံပေါ်ဆေးမှုတ်ပြီး ဆန္ဒထုတ်ဖေါ်မှုတွေဟာ ကြယ်ပြန့်ခဲ့ပါတယ်။ ကျနော်တို့ မြန်မာပြည်မှာလဲ ၂၀၀၇ စက်တင်ဘာ တော်လှန်ရေးအပြီးမှာ လူငယ်အဖွဲ့ တချို့ဟာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီလိုနည်းလမ်းတွေနဲ့ လုပ်ခဲ့ပါသေးတယ်။

ခုမှာတော့ ဒီကနေ့ (၃.၅.၂၀၁၂) စမ်းချောင်းမြို့ နယ် အ.ထ.က (၂) ရှေ့မှာတွေ့ရတဲ့ နံရံပေါ်ကစာကတော့ ဒီလိုပါ။



လူငယ်တွေရိုင်းလှချည်လား။ အဲလိုမေးမလား။
ပညာရေးဆိုတာကြီး ဘာကြောင့် ဒီလောက်တောင်ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ခိုင်းနှိုင်းကြပါသလဲ။

လူဆိုတာ အလိုလိုနေရင်းနဲ့တော့ ဆဲဆိုမနေဘူး မခံရပ်နိုင်တဲ့ အကြောင်းတခုရှိလို့ ဆဲရေးတိုင်းထွာ တာပါ။
မြန်မာပြည်က လူငယ်စစ်စစ်တွေဆိုရင် မြန်မာပြည်ပညာရေးရဲ့ ဆုတ်ယုတ်မှု၊ ဆိုးဝါးမှု တွေကိုသိကြမှာပါ။

ကျနော်ဒီမနက် လမ်းလျှောက်ထွက်ရင်း တွေ့လိုက်ရတာပါ။ ကျနော့် ဘလော့ကို ဒီ ဓါတ်ပုံသတင်းလေးနဲ့ပဲ အသက်ပြန်သွင်းလိုက်ပါတယ်။

ဖိုးရှုပ်လေး (၃.၁.၂၀၁၂)

Friday, March 16, 2012

Junction Square ဖွင့်တာ ဘာထူးခြားလဲ

အရင်းရှင်တွေ ကြီးထွား သထက်ပိုကြီးထွားလာပြီး ဆင်ခြေ ဖုန်းရပ်ကွက် အနီးတ၀ိုက်မှာ ရှော့ပင်းမောတွေ လာဖွင့် ဖွင့်ပွဲတွေ လာလုပ်နေကြပါတယ်။

ခုမြင်ရတဲ့ပုံကတော့ စမ်းချောင်းမြို့နယ် အနီး ကမာရွတ်မြို့ နယ် ပွဲစားတန်း နားက Junction Square ဆိုတဲ့ ရှော့ပင်းမော ဖွင့်ပွဲပါ။ အဲဒီဖွင့်ပွဲကို နိုင်ငံကျော် အဆိုတော်တွေ အကသမားတွေ လာကြဖြော်ဖြေ ကြပါတယ်။ TV တွေမှာလဲ အဲလိုဖွင့်ပွဲလုပ်မယ်လို့ ကြော်ငြာထားပါတယ်။ ဒါကြောင့်...လဲ အနီး အနား ရပ်ကွက်က ကလေးလူကြီးမကျန် ကြက်ပြံမက စည်ကားသွားပါတယ်။ သို့သော်လဲ ဖွင့်ပွဲလုပ်တဲ့ ဒီနေ့ (၁၆.၃.၂၀၁၂)
မှာတော့ သူတို့ အရင်းရှင် အသိုင်းအ၀ိုင်းတွေ ဖိတ်ပြီး ရပ်ကွက်နေပြည်သူတွေ ကို ရပ်ကွက်နေပြည်သူတွေကို သူတို့ ဖွင့်ပွဲ ကျင်းပနေတဲ့ အထဲ ပေးမ၀င်ပါဘူး။ သူတို့ အသိုင်း အ၀ိုင်းတွေကတော့ ဘူဖေး တွေ ဘာတွေကို အကြသားစားသောက်နေကြတာဗျာ။ အားလုံးပဲ ဒီပုံလေးမှာ ကျနော်တို့ ပြည်သူတွေ တားဆီးထားတဲ့ ခြံစည်းရိုးလေး အပြင်ဘက်မှာပဲ ဘ၀ အမောတွေ ဖြေဖျောက်နေတာ တွေ့ရမှာပါ။

ကျနော် ဒါကိုကြည့်ပြီး မျက်ရည်တောင်လည်မိတယ်ဗျာ ကဲ ရဲဘော် ခင်ဗျားတို့ရော


ဖိုးရှုပ်လေး

Thursday, February 9, 2012

အန်တီစု သွားသွားလာလာ ပျော်စရာလား

အန်တီစုစည်းရုံးရေးခရီးစဉ် ကိုပြည်သူလူထုတွေ သောင်းသောင်းဖျဖျ ကြိုဆိုတာ၊ အန်တီစု ကျနော်တို့/ကျမတို့ မြို့ကိုလာတာ ပျော်စရာလား? ပျော်သင့်ပါတယ်။ သို့သော်လဲ အမေစုကိုချစ်တယ်။ ဆိုတာလေး ထောင်ပြ။ NLD အလံလေးကိုင်ပြ၊ ဝှေ့ပြတာ လောက်နဲ့တော့မရပါဘူး။ အန်တီစုလာတာ ဘာကြောင့်လာတယ် ဘာကြောင့်သွားတယ်ဆိုတာ ပြည်သူနဲ့ အတူ ကျနော်တို့ပြဖို့လိုပါတယ်။ ၀န်းရံဖို့ တွေလိုပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး အရေးကြီးတယ် ဒါ့နောက်မှာ မဲမသာမာမှုတွေရှိလာနိုင်တယ်။ ဒါတွေကို ပြည်သူတွေ နောက်ကပါလာနိုင်အောင် အန်တီပြောတဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စကားလေးတွေကို အန်တီရောက်လာတဲ့ နေရာပဲဖြစ်ဖြစ်။ မရောက်သေးတဲ့နေရာပဲဖြစ်ဖြစ် ကျနော်တို့ ပြသနိုင်ဖို့လိုပါတယ်။ ဒါမှလဲ ပြည်သူလူထုကြီး အမေစုကိုချစ်တယ် ဆိုတာလောက်ကနေ ရွေးကောက်ပွဲအောင်နိုင်ရေး လှူပ်ရှားမှူအထိ လိုက်ပါနိုင်လာပါလေ့မယ်။

ဖိုးရှုပ်လေး (ရင်ထဲမှလာသော

Sunday, January 22, 2012

တိုက်ရိုက်လေလှိုင်းက ကျောင်းသားများ

ပထမပိုင်း


ဒုတိယပိုင်း


တတိယပိုင်း
အမှားပြင်ဆင်ချက်။ ။ Video မှာဒုတိယပိုင်းဆိုတာကို တတိယပိုင်းလို့ပြင်ဆင်ဖတ်ပါ



ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗဟိုစည်းရုံးရေးကော်မတီ) ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခြင်း (၃ ပိုင်းရှိတယ် ... VOA ကနေ အသံဖိုင်ဒေါင်းပြီး Upload လုပ်ပေးလိုက်တာ လွယ်လွယ်ကူကူနားထောင်လို့ရအောင်ပေါ့
ဖိုးရှုပ်လေး

Saturday, January 21, 2012

၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ

ခေါင်းဆောင် ၁၀ ဦး

သဘောထားကြေငြာချက်
In English

၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲ
ယနေ့မွန်းလွဲ ၂ နာရီမှစတင်ကျင်းပပြီး သတင်းစာရှင်းလင်းပွဲမှာ
အချက်၉ ချက်ပါရှိတဲ့ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။


ဖိုးရှုပ်လေး http://4shokelay.blogspot.com/

(HRWDN)ရဲ့ပုသိမ် တဖက်ကမ်းဈေးရောင်းပွဲ




(၁၅.၁.၂၀၁၂)နေ.(၁၆.၁.၂၀၁၂)နေ.တွင်လူ.အခွင့်ရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်(HRWDN)၏ဈေးရောင်းပွဲ...အမှတ်(၉)ရပ်ကွက်ပုသိမ်တဖက်ကမ်းနိဂျောဓါဗျာဒိတ်ပေးဘုရားပွဲတော်တွင်ဈေးရောင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်အဓိကအနေနှင့်ဗိုလ်ချုပ်ပုံ။ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံများအားပြည်သူလူထုလက်ထဲသို့ရောက်ရှိကာကွန်ယက်၏ကျယ်ပြန်.မူ.ညီညွတ်မူ.များရရှိခဲ့ပါသည်။


HRWDN

မေးလ်ကပိုလာတဲ့ အတိုင်းတင်ပေးလိုက်တာပါ...

Tuesday, January 17, 2012

ဒေါ်အောင်ဆန်းစုကြည်ကို My Fair Lady ဆိုပဲ



Youtube စာမျက်နှာမှာတွေ့လိုက်လို့ပါ ...
Bands- Dream Makers _ Vocal- Ko Htet_ Studio - String and Max


ဖိုးရှုပ်လေး

Saturday, January 14, 2012

ကိုမင်းကိုနိုင်ရဲ့ ပေါင်းတည်မြို့ရောက် မိန့်ခွန်းလေးပါ


88 မျိုးဆက်ကျောင်းသားခေါင်းဆောင် ထောင်က အထွက် ကိုမင်းကိုနိုင် အိမ်ပြန်လမ်း ပဲခူးတိုင်းပေါင်းတည်မြို့ အရောက် ပေးတဲ့ မိန့်ခွန်းလေးပါ ဖေ့ဘုခ်မှာတွေ့ လို့ ဒေါင်းပြီ်းတင်ပေးလိုက်ပါတယ်။
သီချင်း ၂ ပုဒ်လဲဆိုသွားတယ်ပြောပါတယ်။ အရေးကြီးပြီ (ရေး-ထူးအိမ်သင်) နဲ့ သူကိုယ်တိုင်ထောင်ထဲမှာရေးထားတဲ့ တစ်ပုဒ်ပါတဲ့။ မရောက်ခင်ဖုန်းနဲ့ လှမ်းမေးတော့ ဂစ်တာယူထားပေးပါ သီချင်းဆိုမယ်ဆိုလို့ လူငယ်တွေ ဂစ်တာတွေယူလာကြတာ ဂစ်တာတွေဒါဇင်နဲ့ ချီသွားတယ် လို့ ပေါင်းတည်မြို့ ခံတစ်ယောက်ကပြောပါတယ်။

ဖိုးရှုပ်လေး