Photo from Myatlayngon.blogspot.com
အန်တီစု တယောက် ကနေ့ သုဝဏ္ဏကွင်း မှကျင်းပတဲ့ အာစီယံ အသက် ၁၉ နှစ်အောက် ဖလားဖြစ်တဲ့
မြန်မာ အသင်းရဲ့တတိယမြောက် အုပ်စုစဉ် ဖြစ်တဲ့ လာအို နဲ့ မြန်မာ ဘောလုံးပွဲ ကို သွားကြည့်တယ်လို့ သိရပါတယ်၊၊
(ဧရာဝတီမှ သတင်းအရ
“အခု ပွဲစလို့ ၃ မိနစ် ရှိနေပါပြီ၊ ဒေါ်အောင်ဆန်စုကြည် အနားမှာ ဦးဇော်ဇော်၊ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဦးအောင်ကျော်မိုးတို့လည်း ထိုင်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး တာဝန် ယူထားသည့် ကိုကျော်စိုးနိုင်က ဧရာဝတီသို့ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုလည်း အာဏာပိုင်များက တာဝန်ယူကြောင်း ဘောလုံးပွဲကို အေးချမ်းစွာအားပေးနေသည့် ပရိသတ်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ကြောင်း ကိုကျော်စိုးနိုင်က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လက နေပြည်တော်၌ ကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးပွဲ ကြည့်ရှုရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။) ဟုတွေ့ရပါတယ်။
ဒီကနေ့ပွဲမှာ မြန်မာ က လာအိုကို ၁-၀ ဂိုးနဲ့ နိုင်ခဲ့ပြီး။ မြန်မာ အသင်း အနိုင်ဂိုးကို သီဟဇော်က ပွဲကစားချိန် ၂၂မိနစ်မှာ လာအိုသင်းဂိုးသမား နဲ့ နောက်တန်းလူ ၂ယောက် ကြားသွင်းသွားတာဖြစ်ပါတယ်။
Photo from aseanfootball.org
ဒီပွဲ ကို အန်တီစုကြည့် တယ်ဆိုရင်တော့ ဒီပွဲမှာ မြန်မာအသင်းက အသင်းသားတွေ ဘယ်လို ဘယ်ပုံ အားကစားစိတ်ဓါတ် မရှိကြပုံကို တွေ့သွားမှာပါ။
အကြောင်းမှာ ဒုတိယ ပိုင်းအရောက်တွင် မြန်မာ အသင်း ကစားသမားများဟာ ဘောလုံးပွံတစ်ပွဲ၏ ရသပျက်လောက်အောင် ပွဲချိန်ကို အချိန်စွဲပြီး ကစားခဲ့ ကြပြီး။ မလို အပ်ပဲ အတုံးအရုံးလဲပြခဲ့ကြပါသည်။ အထူသဖြင့် ဂိုးသမား ၏အပြုမူများသည်ပိုမိုထင်ရှားခဲ့ပါသည်။ ဒါတင်မကသေးပဲ တဖက် အသင်းသားများအား အားကစား စိတ်ဓါတ်မရှိစွာ ကြမ်းကြမ်းတမ်းတမ်းကစားခဲ့ ကြသဖြင့် ကွင်းလယ်ဒိုင်မှ နှစ်ဝါ တစ်နီ ဖြင့် မြန်မာ အသင်း အသင်းသား နှစ်ဦးအား ထုတ်ပယ်ခံခဲ့ရပါသည်။ ထိုအဖြစ်အပျက်များကို အထူးတလည် ရှင်းပြနေစရာမလိုပါ မြန်မာ အသင်း၏ အကျင့် ဒီလိုရှိမှန်း ကျနော်တို့ ရွှေမြန်မာများသိပြီး ဖြစ်ပါသည်။
ထိုအဖြစ်ကိုကြည့်လျှင် ကျနော်တို့ ရွှေမြန်မာများ အကျင့်သည် အလွန်အမင်းဆိုးဝါးသော အခြေ အနေသို့ရောက်ရှိနေသည် ဟုပြောလျှင် မည်သို့မည်ပုံမှာ ငြင်းလို့ ရနိုင်မည်မဟုတ်ပါ။
ဘောလုံးပွဲလာရောက်ကြည့်သော အန်တီစုလဲ တော်တော်ကို သင်ခန်းစာများရသွားပါလေ့မည်။ ပွဲကြည့်ရန် ဖိတ်ကြားသော ဘောလုံးအဖွဲ့ ချုပ် ဥက္ကဌ ဦးဇော်ဇော် ကိုလဲ ကျေးဇူးတင်သင့်ပါသည်။( မြန်မာအသင်း၏ ဂုဏ်ရည်များထုတ်ပြနိုင်ခဲ့သောကြောင့်)
တော်ပါပြီ။
မှတ်ချက်။ ။ ကျနော်ဖိုးရှုပ်လေး မြန်မာပြည်ကိုချစ်သော စိတ်ဖြင့် ယခုပွဲလေးကို ကျနော် ကိုယ်တိုင်ပင် မြန်မာ့ အသံမှ တိုက်ရိုက် ထုတ်လွှင့်မှုကို အားရပါးရ ထိုင်ကြည့်ခဲ့သဖြင့် တွေ့သမျှ မြင်သမျှရေးမိပါသည်။
ဖိုးရှုပ်လေး
No comments:
Post a Comment