Tuesday, September 22, 2009

IT နှင့် ဂျပန်စာတွင်စိတ်ဝင်စားသော လူငယ်များအတွက် အခွင့်အလမ်း

Myanmar DCR Co., Ltd မှဝန်ထမ်းရွေးချယ်မှုနှင့်ပက်သက်သော ရှင်းလင်းပွဲ

နေ့ရက် - ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်(တနင်္ဂနွေ)

ပထမအကြိမ်ရှင်းလင်းပွဲ - ၁၀း၀၀ မှ ၁၂း၀၀ နာရီ (Reception Time ၉း၃၀ နာရီ)

ဒုတိယအကြိမ်ရှင်းလင်းပွဲ - ၁၄း၀၀ မှ ၁၆း၀၀ နာရီ (Reception Time ၁၃း၃၀ နာရီ)

နေရာ - CHATRIUM Hotel (အမှတ် ၄၀၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်)၊ (ယခင်Nikko Hotel)

ပထမအကြိမ် နှင့် ဒုတိယအကြိမ်ရှင်းလင်းပွဲ၏ အကြောင်းအရာများမှာ အတူတူပင်ဖြစ်သည်။

ဂျပန်နိုင်ငံရှိ Daiichi Computer Resources (DCR) ကုမ္ပဏီလီမိတက် (၀န်ထမ်းဦးရေ ၁၄၀၀၊ ၂၀၀၈ခုနှစ်အတွက်ရောင်းအား $128M) မှ ၄.၇.၂၀၀၈ တွင် ရန်ကုန်မြို့တွင် ဂျပန်လူမျိုးပိုင် Myanmar DCR ကုမ္ပဏီလီမိတက်ကိုတည်ထောင်ခဲ့ပါသည်။ ယခုလက်ရှိတွင် ဂျပန်လူမျိုးဝန်ထမ်း(၄)ဦး၊ မြန်မာလူမျိုးဝန်ထမ်း (၁၅၀)ဦး (Regular၀န်ထမ်းနှင့် Intern၀န်ထမ်း) ဖြင့်လုပ်ငန်းလုပ်ဆောင်လျက်ရှိပါသည်။

အဓိကလုပ်ငန်းမှာ ဂျပန်နိုင်ငံမှ System Development လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လုပ်ဆောင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ အရည်အချင်းပြည့်မီသော ၀န်ထမ်းကောင်းများကိုလည်း နောင်တွင်ဂျပန်-မြန်မာ အသွားအပြန်ပြုလုပ်ကာ အလုပ်လုပ်ဆောင်နိုင်မည့် အခွင့်အရေးများလည်း ရရှိမည် ဖြစ်ပါသည်။ ယခုရှင်းလင်းပွဲတွင် ရန်ကုန်ရှိ ကျော်ကြားသော ဂျပန်စာသင်ကျောင်းများဖြစ်သည့် Win Japanese Language Schooll နှင့် Momiji Japanese Language Centerတို့မှလည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။

တက်ရောက်ရန် ကြိုတင်စာရင်းပေးသွင်းထားသောသူများသာ ရှင်းလင်းပွဲခန်းမအတွင်းသို့ ၀င်ခွင့် ပြုမည်ဖြစ်သည်။

သတ်မှတ်ထားသော အရည်အချင်းများ

* Regular ၀န်ထမ်း (ယခုနှစ် Intern ၀န်ထမ်းမရွေးချယ်ပါ။)

- ITတွင်စိတ်ဝင်စားပြီး Programmer/System
Analyst/Consultant အဖြစ်အလုပ်လုပ်ကိုင်ချင်သော၊ ဂျပန်စာတွင် စိတ်ဝင်စား
လေ့လာချင်သောသူ

- ကွန်ပျူတာတက္ကသိုလ်မှကျောင်းသားကျောင်းသူများ
(၂၀၁၀ခုနှစ်၊ ၄လပိုင်းတွင်ဘွဲ့ရရှိမည့်သူ၊ ကျောင်းပြီးမည့်သူ)

- ဆေးတက္ကသိုလ်မှကျောင်းသားကျောင်းသူများ (၂၀၁၀ခုနှစ်၊
၎လပိုင်းတွင်ဘွဲ့ရရှိမည့်သူ၊ ကျောင်းပြီးမည့်သူ)

- အခြားတက္ကသိုလ်များတွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူများ (၂၀၁၀ခုနှစ်၊ ၄လပိုင်းတွင်ဘွဲ့ရရှိမည့်သူ၊ ကျောင်းပြီးမည့်သူ)

အသက်ကန့်သတ်ချက်အနေဖြင့်

၂၀၁၀ခုနှစ် မတ်လ ၃၁ရက်နေ့တွင်
- တက္ကသိုလ်ကျောင်းသားကျောင်းသူများ ၂၁ နှစ် (ယခုနှစ်၂၀နှစ်နှင့်အောက်)

- Thesis ကျောင်းသားကျောင်းသူများ ၂၃ နှစ် (ယခုနှစ်၂၂နှစ်နှင့်အောက်)

- ဆေးတက္ကသိုလ်ကျောင်းသားကျောင်းသူများ ၂၅ နှစ် (ယခုနှစ် ၂၄နှစ်နှင့်အောက်)

* Thesis ကျောင်းသားကျောင်းသူများအနေဖြင့် ၂၀၁၀ခုနှစ် မတ်လ ၃၁ရက်နေ့တွင် Thesis ပြီးဆုံးနိုင်မည့်သူဖြစ်ရမည်။

** အထက်ပါကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံတွဲများမှ အနည်းဆုံးဂုဏ်ထူး(၂)ခု ရရှိသူများသာလျှောက်ထားနိုင်ပါသည်။

** ယခင်နှစ်များတွင် Myanmar DCR မှကျင်းပခဲ့သော ၀န်ထမ်းရွေးချယ်ပွဲများတွင် ၀င်ရောက်ဖြေဆိုဖူးခြင်း မရှိသောသူ ဖြစ်ရမည်။

**ရှင်းလင်းပွဲတက်ရောက်ရာတွင် ယူဆောင်လာရမည့်စာရွက်စာတမ်းများ

- မှတ်ပုံတင်ကတ် မူရင်းနှင့်မိတ္တူ

- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ

(၀န်ထမ်းရွေးချယ်မှုတွင် အသက်အကန့်အသတ်ရှိပါသဖြင့် မပျက်မကွက်ယူဆောင်လာပါရန်)

ကန့်သတ်ချက်များနှင့်ကိုက်ညီမှုမရှိဘဲ ၀န်ထမ်းအဖြစ်ဝင်ရောက်ကြောင်းသိရှိလျှင် ၀န်ထမ်းအဖြစ်မှ ချက်ချင်း ရပ်ဆိုင်းမည်ဖြစ်ပါသည်။

*** ရှင်းလင်းပွဲသို့တက်ရောက်ရန် လူဦးရေကန့်သတ်ထားပါသဖြင့် အောက်ဖော်ပြပါလိပ်စာတွင် (၂၂.၉.၂၀၀၉)မှ စတင်၍ ကြိုတင်စာရင်းပေးသွင်းပါရန်

Myanmar DCR Co., Ltd.

အခန်းအမှတ် (၄၀၈(B))၊ ယုဇနတာဝါ၊

ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ဖုန်း- ၀၁-၅၅၈၂၂၉

စာရင်းလက်ခံချိန် ။ ။ ၉း၀၀ မှ ၁၁း၃၀ နာရီ / ၁၃း၃၀ မှ ၁၆း၃၀ နာရီ

No comments:

Post a Comment