
ပုံကိုနိုပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို လူအများက ပြောနေကြသလိုပဲ သက်ဆင်အကြောင်း ဘာကြောင့် ပြောလို့ မရနိုင်ရမှာလဲ၊ ဒါကို တခြားနိုင်ငံရဲ့အရေးကို ဝင်ရောက် စွက်ဖက်တယ်လို့ မယူဆနိုင်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ်က အခုလို တုန့်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မစ္စတာသက်ဆင်ကို လူသားချင်းစာနာတဲ့ အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ဧည့်သည်အဖြစ် ခိုလှုံခွင့်ပေးပြီး စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေးဖို့ ရာထူးကမ်းလှမ်းမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် အဘီဆစ်က နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆင်တို့ကို အခြေအနေချင်း အတူတူပဲလို့ ထင်မြင်ယူဆတဲ့သူ များများစားစား ရှိမှာမဟုတ်ကြောင်း၊ ဒီလို နှိုင်းယှဉ်ယူဆတာဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် အနေနဲ့ တကယ့် အခြေအနေကို နားလည်မှု လွဲနေတယ်ဆိုတာ ထင်ထင်ရှားရှား ပြသလိုက်တာပဲလို့လည်း ပြောဆိုသွားပါတယ်။
RFA
“ဂျာနယ်လစ် ဖလား” ဟု စာလုံးကြီးနှင့် ရေးထားသော ရန်ကုန်မြို့လယ်ရှိ ဘေလ်ဘုတ်ကြီးတခုကို ဦးရုက္ခစိုး မော့ကြည့်လိုက်သည်။ ဦးရုက္ခစိုးဘေးမှ ဖိုးရှုပ်ကလည်း ဦးရုက္ခစိုးကဲ့သို့ပင် မော့ကြည့်သည်။
ရုက္ခစိုး။ ။ ဟေ့ကောင်ဖိုးရှုပ် … နည်းနည်းတောင် နောက်ကျနေပြီ၊ မြန်မြန်လျှောက်ကွ။ ငါက ဒီပွဲမှာ သဘာပတိ ဝင်လုပ်ပေးရမှာ။
ဖိုးရှုပ်။ ။ အမှတ်ပေး ဒိုင်မဟုတ်ဘူးလား။
ရုက္ခစိုး။ ။ ဟာ … ငါ့ကို အမှတ်ပေးဒိုင် ခန့်ရင် ဘက်လိုက်မှာစိုးလို့တဲ့ကွ။ ဒီပွဲမှာ ဒိုင်က ပြန်ကြားရေးဝန်ကြီး ဆော်ကြမ်းနဲ့ စာပေခုတ်လှီးရေး ညွှန်ချုပ် ဓား ကိုတင့် ၂ ယောက်ပဲလုပ်မှာ။
ဖိုးရှုပ်။ ။ မသိလို့မေးပါရစေ ဦးရုက္ခစိုးရာ၊ ကျနော်လည်း ဂျာနယ်လစ်ပဲဟာ ဝင်ပြိုင်လို့မရဘူးလား။
ရုက္ခစိုး။ ။ ဟာ … ရာရာစစ ဒါမင်းလို အညတြ ဂျာနယ်လစ်တွေနဲ့ ဆိုင်တဲ့ ပြိုင်ပွဲမဟုတ်ဘူးကွ။ မင်း အယ်ချုပ် ကိုဂေါ်ကြီးတောင် ဝင်ပြိုင်လို့မရဘူး။ ပြည်တွင်းက ဂျာနယ်လစ် စစ်စစ်၊ အယ်ချုပ်စစ်စစ်၊ စီအီးအို စစ်စစ် ကြီးတွေ ချည်းပဲ အတွက် လုပ်တဲ့ ပြိုင်ပွဲ။
ဦးရုက္ခစိုးစကားကြောင့် ဖိုးရှုပ်ခေါင်းကို တဗျင်းဗျင်းမြည်အောင် ကုတ်လိုက်သည်။ စကားတပြောပြောနှင့် သူတို့ နှစ်ယောက် ပြိုင်ပွဲ ကျင်းပမည့် ဈေးသည်ကြီးများ ဟိုတယ်ရှေ့ကို ရောက်လာပြီဖြစ်သည်။ သူတို့ရှေ့မှ ဖြတ်ကာ အရပ်ထောင်ထောင်မောင်းမောင်း၊ လူဆိုးဂိုဏ်းခေါင်းဆောင်မျက်နှာ
ရုက္ခစိုး။ ။ ဖိုးရှုပ် … သေချာကြည့်ထား။ အဲဒါ တွမ်တီတူး မီဒီယာရဲ့ အယ်ချုပ်လေ။ ပြိုင်ပွဲဝင်ဖို့လာတာ။
ထိုအယ်ချုပ်နောက်မှ ဝင်သွားသူများမှာ ဝန်ကြီးဆော်ကြမ်းနှင့် စာပေခုတ်လှီးရေးညွှန်ချုပ်ကြီး ဖြစ်သည်။
သူတို့ ဟိုတယ်ထဲရောက်တော့ တွမ်တီတူး အယ်ချုပ်က ၅၀၀၀ တန်အသစ်များကို ဆော်ကြမ်းနှင့် ဓားကိုတင့်တို့ လာရာ လမ်းတလျှောက် ဖြန့်ခင်းကာ ခပ်တည်တည်နှင့် လျှောက်သွားပြီး သူထိုင်ရမည့် နေရာတွင် ဝင်ထိုင်သည်။
ဆော်ကြမ်းနှင့် ဓားကိုတင့်တို့က ပြုံးပြုံး ပြုံးပြုံးနှင့် ၅၀၀၀ တန်များကို ကောက်ရင်း နောက်က လိုက်သွားသည်။ ထိုစဉ် ခပ်ပုပု မည်းမည်း လူတဦးက ဦးရုက္ခစိုးနှင့် ဖိုးရှုပ်ကို အတင်းတိုးတိုက်ကာ ဝင်သွားပြီး ဧည့်သည်တော် အဖြစ် ရှေ့ဆုံးတန်းမှာ ထိုင်နေသည့် ချိုကုပ်ဒူးကြီးရှေ့မှာ သွားကလေးဖြီးကာ သွားရပ်သည်။
ဖိုးရှုပ်။ ။ ဟာဗျာ ဒီလူ အတင်းတိုးတိုက်သွားတာ … အထဲကို မရောက်တော့မယ့်အတိုင်းပဲ၊ ဘယ်သူလဲ ဦးရုက္ခစိုး။
ရုက္ခစိုး။ ။ မင်းကလည်း ဂျာနယ်လစ်လုပ်နေပြီး ဒါတောင် မသိဘူးလားကွ၊ အဲဒါ အသံတိတ်ဂျာနယ်ရဲ့ အယ်ချုပ်ကြီးလေ။
ဖိုးရှုပ်။ ။ ဟုတ်လား၊ သူကျတော့ တမျိုးပါလား၊ ချိုကုပ်ဒူးကြီးရှေ့မှာ သွားလေးဖြီးလို့။
ရုက္ခစိုး။ ။ ဒါကတော့ သူ့ဂျာနယ်ရဲ့ အယ်ဒီတိုရီရယ် လိုင်းလေကွာ။ ဟော ဘေးဖယ် ဘေးဖယ် လာကုန်ကြပြီ။
ပြိုင်ပွဲဝင်ရန်အတွက် ပြည်တွင်း ဂျာနယ်အသီးသီးမှ အယ်ချုပ်စီအီးအိုကြီးများ တန်းစီ ဝင်ရောက်လာကြသည်။ နောက်ဆုံးမှ ဝင်လာသူက မြန်မာ့အမှောင်သတင်းစာ အယ်ချုပ်ဖြစ်သည်။ ပြိုင်ပွဲ စရန် … သဘာပတိ ဦးရုက္ခစိုးက ကြေညာလိုက်ရာ ဂျာနယ်အယ်ချုပ်အသီးသီး ၎င်းတို့အစွမ်းများကို စင်ပေါ်တက် သရုပ်ပြကြသည်။
ရုက္ခစိုး။ ။ ပထမဆုံးယှဉ်ပြိုင်ရန် အလှည့်ကျသူကတော့ အသံတိတ်အယ်ချုပ်ကြီး ဦးအသံတိတ် ဖြစ်ပါတယ် ခင်ဗျား။
ဦးအသံတိတ်။ ။ (စင်ပေါ်ကို ကွတကွတနှင့်တက်လာ၍ မိုက်ကရိုဖုန်းကိုကိုင်ကာ) နိုင်ငံတော်ကလုပ်သမျှ ကြိုဆိုပါတယ်၊ ချိုကုပ်ဒူးကြီးကို ထောက်ခံပါတယ်၊ ၂၀၁၀ ကို မျှော်လင့်ပါတယ်၊ အမေရိကန်ကို ရိုသေ လေးစား ချစ်ခင်ပါတယ်။ ချိုကုပ်ကြီးများရဲ့ ချစ်ခင်အားကိုး ယုံကြည်မှုကိုလည်း မျှော်လင့်နေပါတယ်။ ဝီ အာ အီး မြက် …။
နောက်ဆုံးက “ဝီ အာ အီး မြက်” ကို အသံကုန် အော်လိုက်သောကြောင့် ပရိသတ်အားလုံး နားပိတ်ထားလိုက် ရသည်။ သူ့ကို မော်ဒယ်လေးတယောက်က လာ၍ လက်တွဲခေါ်ဆောင်သွားကာ စင်ထောင့်မှ ဧရာမ ကြက်ခြင်းကြီး တခုနှင့် အုပ်ထားလိုက်သည်။
ဖိုးရှုပ်။ ။ မြက်ဖြစ်ရတဲ့အထဲ အီးမြက်တဲ့ … တော်တော်နံမှာပဲ။
နောက်ထပ် ပြည်တွင်းအခြေစိုက် ပုဂ္ဂလိက သတင်းစာကြီးများအသီးသီး တက်ရောက်ယှဉ်ပြိုင်ကြသည်။ “ငွေရရှိရေး တို့အရေး” “ဝန်ကြီးနှင့်သင့်မြတ်ရေး တို့အရေး” “စောင်ရေတက်ရေး တို့အရေး” “ဆင်ဆာမမိရေး တို့အရေး” “ဘယ်သူပြုတ်ပြုတ် တို့မပြုတ် ဖား၍ ထုတ်ကြမည်” ဟူ၍ တယောက်နှင့် တယောက် မတူရအောင် အော်ကာ နောက်ဆုံးတွင် “ချိုကုပ်ဒူးကြီးအာဘော် တို့အာဘော်” ဆိုတာနှင့် အဆုံးသတ်လိုက်ကြသည်။ သူတို့ ကိုလည်း မော်ဒယ်လေးများက လာရောက်ခေါ်ဆောင်သွားကာ ဦးအသံတိတ် ရှိနေသည့် ကြက်ခြင်းကြီးနှင့် အုပ်ထားလိုက်ပြန်သည်။
ရုက္ခစိုး။ ။ အခုတဖန် အလှည့်ကျသူကတော့ ခပ်နဲ့နဲ့ ဂျာနယ်က အယ်ချုပ်ကြီး ဦးခပ်နဲ့နဲ့ပဲ ဖြစ်ပါတယ်ခင်ဗျာ။
ဖိုးရှုပ်။ ။ ဂျာနယ်နာမည်ကလည်း ခပ်နဲ့နဲ့ တဲ့။ လူကြည့်ရတာလည်း ခပ်နဲ့နဲ့ ပဲနော် ဦးရုက္ခစိုး။
ရုက္ခစိုး။ ။ အဲဒီဂျာနယ်တိုက်က ပြည်သူတွေ ကောင်းရာကောင်းကျိုးအတွက် သူ့ဂျာနယ်အကျိုးကို မကြည့်ဘဲ တတ်နိုင်သလောက် ရေးနေလို့ စီးပွားရေးအရ မရပ်တည်နိုင်ဘူးကွ။ ပြုတ်တော့မယ့်ဆဲဆဲ ဖြစ်နေတာ … ။
ခပ်နဲ့နဲ့ အယ်ချုပ်စင်ပေါ်တက်လာသည်။ မိုက်ကရိုဖုန်းကို ကိုင်ကာ …
ဦးခပ်နဲ့နဲ့။ ။ ကျနော်တို့ ဂျာနယ်ရဲ့ အယ်ဒီတိုရီယယ်ပေါ်လစီကတော့ ပြည်သူလူထုနဲ့ တထပ်တည်း ကျရေးကို အလေးပေးပါတယ် ခင်ဗျား …။
ချိုကုပ်ဒူးကြီး ထိုင်နေရာမှ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။ ခပ်နဲ့နဲ့ အယ်ချုပ်ကို လက်ညှိုးထိုး၍ …
ချိုကုပ်။ ။ ဟေ့ … သူ့ကို ကြက်ခြင်းနဲ့ မအုပ်နဲ့၊ ထောင်ထဲ တခါတည်း တန်းပို့လိုက်။
နောက်တဖန်အလှည့်ကျသူကတော့ မြန်မာ့အမှောင် သတင်းစာ အယ်ချုပ်ကြီးဖြစ်သည်။ ထိုအယ်ချုပ်ကြီးက စင်ပေါ်တက်၍ အားလုံးကို အလေးပြုကာ ကြက်ခြင်းထဲ တန်းဝင်သွားသည်။
ဖိုးရှုပ်။ ။ ဟာ မြန်မာ့အမှောင်အယ်ချုပ်ကြီးရဲ့ ပါးစပ်ကို ပလာစတာနဲ့ ပိတ်ထားပါလားဗျ။
ရုက္ခစိုး။ ။ အေး မင်းပါးစပ်ကိုပါ ပလာစတာနဲ့ ပိတ်လိုက်လိမ့်မယ် ငြိမ်ငြိမ်နေ။ (ထို့နောက် ပရိသတ်ဘက် လှည့်၍) အခုနောက်ဆုံး ယှဉ်ပြိုင်ဖို့ အလှည့်ကျသူကတော့ တွမ်တီတူး မီဒီယာအယ်ချုပ် ဦးတွမ်တီတူး ဖြစ်ပါတယ် ခင်ဗျား။
တွမ်တီတူး အယ်ချုပ်ကြီးမှာ လက်ဆောင်ခြင်းကြီး ၂ ခြင်းကို မနိုင်မနင်း မ ၍ စင်ပေါ်တက်လာသည်။ သူ့နောက်မှ လူနှစ်ယောက်လည်း လက်ဆောင်ခြင်းများသယ်၍ လိုက်တက်လာသည်။
ဦးတွမ်တီတူး။ ။ အားလုံး သိကြတဲ့အတိုင်း ကျုပ်ကတော့ ပေးစရာရှိပေးမှာပဲ၊ ရေးစရာရှိ ရေးမှာပဲ၊ အဲ … ခြင်းမျက်နှာလေး ထောက်ထားသောအားဖြင့် တခြားဂျာနယ်တွေထက် နည်းနည်းတော့ ပိုပိုသာသာ ရေးခွင့် ပေးပေါ့ဗျာ၊ ဒါပါပဲ … ငှဲငှဲ။
ပြောပြောဆိုဆို စင်အောက်ပြန်ဆင်းသွားသော တွမ်တီတူး အယ်ချုပ်ကို မော်ဒယ်လေးတယောက်က အတင်း လိုက်ဆွဲ၍ ကြက်ခြင်းထဲ ထည့်လိုက်ရသည်။ အမှတ်ပေး ဒိုင်လူကြီးများ အမှတ်ပေါင်းနေစဉ် ကြက်ခြင်းထဲရှိ ဂျာနယ်လစ်ကြီးများ ရန်ဖြစ် စကားများနေကြသည်။
ဦးအသံတိတ်။ ။ ခင်ဗျားက ငွေနဲ့ပေါက်တိုင်း ဘာမဆိုရမယ် ထင်နေတဲ့သူ၊ ခင်ဗျားက တကိုယ်ကောင်း သမား၊ ဂျာနယ်လစ်မဟုတ်ဘူး၊ စီးပွားရေးသမားပဲ။ ခင်ဗျားလိုလူကြောင့် တိုင်းပြည်နာတယ်။
ဦးတွမ်တီတူး။ ။ ခင်ဗျားကျတော့ကော၊ ငွေမပေးနိုင်တိုင်း အစိုးရလုပ်သမျှ ကောင်းတယ်ဆိုပြီး ဖားနေတာ မဟုတ်လား။ ခင်ဗျားလည်း ဘာထူးလည်း … ခင်ဗျားအကျိုးစီးပွားတခုတည်း ကြည့်တာပဲ။ တူတူပဲ၊ ကျုပ်က ရှင်းတယ် ငွေမျော ငွေနဲ့လိုက်ပဲ၊ ငွေနဲ့ခင်းပြီး ကိုယ်လုပ်ချင်တာ လုပ်တယ် ဘာဖြစ်လဲ။ တတ်နိုင်ရင် လိုက်လုပ်ကြပေါ့။
ဦးတွမ်တီတူး စကားက တခြားသူများအတွက်ပါ အနှောင့်အသွား မလွတ်သောကြောင့် အားလုံး ဝိုင်း၍ တယောက်တပေါက် ပြောကြ၊ ငြင်းခုန်ကြရာ ကြက်ခြင်းထဲတွင် ဆူညံနေသည်။
တခြားအယ်ချုပ် ၁။ ။ ဟေ့လူတွေ ကျုပ်တို့က ကိုယ်လုပ်စရာရှိတာကို ရတဲ့နည်းနဲ့၊ အခက်အခဲတွေကြားက၊ ဒုက္ခတွေကြားက လုပ်နေရတာ၊ အပြစ်တင်မစောကြပါနဲ့။
တခြားအယ်ချုပ် ၂။ ။ အပိုတွေ မပြောစမ်းပါနဲ့၊ ခင်ဗျားက ဓားကိုတင့်နဲ့ အစ်ကိုကြီး၊ ညီလေး လုပ်ပြီး ပေါင်းစား နေတာ ဘာမှ အသံကောင်းဟစ်မနေနဲ့။
တခြားအယ်ချုပ် ၃။ ။ ခင်ဗျားကျတော့ကော … တိုက်က သတင်းထောက်တွေကို မဆို့မပို့ လစာလေးပေးပြီး ခင်ဗျားအိတ်ထဲကိုပဲ ထည့်နေတာ မဟုတ်ဘူးလား။
ဆူသံ ညံသံများကြားတွင် မြန်မာ့အမှောင် အယ်ချုပ်ကြီး ကတော့ ပါးစပ်လည်း ဟ မရဘဲ ချောင်တချောင်တွင် ကုပ်ချောင်းချောင်းထိုင်နေသည်။ ဂျာနယ်လစ်များကို အုပ်ထားသည့် ကြက်ခြင်းကြီးနားကို ဦးရုက္ခစိုး ချဉ်းကပ် သွားလိုက်သည်။
ရုက္ခစိုး။ ။ ဟေ့လူတွေ၊ ဟေ့လူတွေ တော်ကြတော့လေ၊ ခင်ဗျားတို့အားလုံး ကြက်ခြင်းထဲ ရောက်နေတာ တောင် ရန်ဖြစ်နိုင်ကြသေးတယ်။ တော်ကြပါတော့ဗျာ၊ တော်ကြပါတော့ဗျ။
ဦးရုက္ခစိုးက နတ်သံနှော၍ အော်လိုက်သောကြောင့် အားလုံးတိတ်သွားသည်။
ဦးတွမ်တီတူး။ ။ ဟာ ချင်းမိုင်ရုက္ခစိုးကြီး … ခင်ဗျားကိုတော့ လေးစားပါတယ်ဗျာ၊ ချင်းမိုင်ပြန်ရောက်ရင် ပြည်ပက မီဒီယာတွေကို ပြောလိုက်စမ်းပါ၊ ဒီလူတွေထဲမှာ ကျုပ်မပါဘူး၊ ကျုပ်က သန့်သန့်လေးလို့ … ဟုတ်လား။
ဦးအသံတိတ်။ ။ ကျုပ်လည်းမပါဘူး၊ ကျုပ်လည်း မပါဘူး၊ ကျုပ်က အီးမြက်၊ ကျုပ်က အန်ဂျီအို၊ ကိုဂေါ်ကြီးနဲ့လည်း ဒင်နာလေး ဘာလေး စားချင်သေးတယ်။ ပြောလိုက်နော် ဦးရုက္ခစိုး။
ဦးရုက္ခစိုး နောက်တွင် ကပ်ပါလာသော ချိုကုပ်ဒူးကြီးက “ဘာပြောတယ်” ဟု အသံကွဲကြီးဖြင့် အော်လိုက်ရာ အားလုံးလန့်သွားပြန်သည်။
ဦးတွမ်တီတူး။ ။ ဦးရုက္ခစိုး … ခုဏက ပြောတာ အတည်မယူနဲ့ဗျာ နော်၊ ဟဲဟဲ။ အလကားနောက်တာ။ ပြည်ပမီဒီယာကို သတင်းပေးနေတဲ့ သူတွေကို တရားစွဲဖို့ကိစ္စလည်း လုပ်ရဦးမယ်ဗျ။ ဒါအရေးကြီးတယ်။ တခြား ကိစ္စတွေ အတွက် အချိန်မပေးနိုင်ပါဘူးဗျာ။
ဦးအသံတိတ်။ ။ ဟဲဟဲ … ကျုပ်တို့က စီးပွားဖြစ်အောင် လုပ်ရဦးမှာ အဲ ယောင်လို့ လုပ်စရာတွေ အများကြီး ရှိသေးတာ ဆိုတော့ ထောင်ထဲဝင်လို့ မဖြစ်သေးဘူး။ ခုဏက အလကား စတာနော် ဟီးဟီး။
ချိုကုပ်ဒူးကြီး။ ။ ကြက်ခြင်းထဲမှာ ထားတာ ကောင်းကောင်းခွပ်ကြ၊ အဲကောင်းကောင်း နေကြ။ ကောင်းကောင်း မနေရင် ခုဏက ခပ်နဲ့နဲ့ ကောင်လို ထောင်ထဲ ရောက်သွားမယ် ဘာမှတ်လဲ။
ချိုကုပ်ဒူးကြီးက ကြိမ်းမောင်းပြီး ဆင်းသွားစဉ် အမှတ်ပေးဒိုင်လူကြီး ဆော်ကြမ်းက ၂၀၀၉ ခုနှစ် ဂျာနယ်လစ် ဖလားကို ကြေညာလိုက်သည်။
ဆော်ကြမ်း။ ။ ၂၀၀၉ ခုနှစ် ဂျာနယ်လစ် ဖလားကြီးကို ပါးစပ်ပိတ်ထားပြီး အထက်ကရေးခိုင်းသမျှ ဆိုးဆိုး ကောင်းကောင်း ရေးပေးနေတဲ့ မြန်မာ့အမှောင်သတင်းစာအယ်ချုပ်ြ
ဓားကိုတင့်။ ။ တခြား ဂျာနယ်တွေ အနေနဲ့လည်း ဖလားမရလို့ စိတ်မကောင်း မဖြစ်ကြပါနဲ့ခင်ဗျာ၊ ဖလား မရပေမယ့် ကြက်ခြင်းတခုစီ လက်ဆောင်ပေးလိုက်ပါမယ်။
ဂျာနယ်လစ်ကြီးများအားလုံး “ဝေး” ခနဲအော်ကာ လက်ခုပ်ထတီးကြသည်။ အပြန်လမ်းတွင်တော့ ဘာမဆို စစ်စစ်ပေါက်ပေါက် သိရမှ ကျေနပ်သည့် ဖိုးရှုပ်က ဦးရုက္ခစိုးကို မေးခွန်းများထုတ်လာသည်။
ဖိုးရှုပ်။ ။ ကြက်ခြင်းပေးတာ ဘာအဓိပ္ပာယ်လဲဗျ ဦးရုက္ခစိုး။
ဦးရုက္ခစိုး။ ။ ဒါလား … သူတို့ကို ခြင်းထဲက ကြက်တွေနဲ့ တင်စားတာပေါ့ကွာ …။
ဖိုးရှုပ်။ ။ ဘာဖြစ်လို့လဲဗျ။
ဦးရုက္ခစိုး။ ။ ညံ့ရန်ကောကွာ … ကြွက်စုတ်သာပါလာရင် မင်း အကောခံရဦးမယ်။ မှတ်ထား … ခြင်းထဲက ကြက်ဆိုတာ ဘယ်အချိန်သတ်စားစား စားလို့ရတယ်ကွ။ အင်း ဒုက္ခ … ဒုက္ခ ကြက်ခြင်းထဲ ရောက်နေတာတောင် အချင်းချင်း ရန်ဖြစ်နေကြတုန်း၊ စားမာန်ခုတ်နေကြတုန်းပါလား … တကယ်က သူတို့ကို ချိုကုပ်တွေက ရန်တိုက် ပေးနေတာ။ ဒီလူတွေကို မြင်ရတာ ငါ တော်တော်လေး တရားရသွားပြီ … ဒွိုင်ဆူထေ့တောင်ပေါ် ပြန်ပြီး တရားပဲ မှတ်နေတော့မယ်ဟေ့။
Bloggerမှတ်ချက်။ ။ဒီဇာတ်လမ်းမှ ဖိုးရှုပ်က ကျွန်တော်မဟုတ်ဘူးနော် ဟဲ
အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် စတင်သည့် ၎င်း ပြိုင်ပွဲများ ကျင်းပမည့်နေရာ၊ အချိန်၊ ပြဇတ်အမည်များ အပါအ၀င်ပြိုင်ပွဲ သတင်းအချက်အလက်များ အသား ပေး ဖော်ပြထားသော အဆိုပါ သတင်းလွှာတွင် ယခုကဲ့သို့ “သားကောင်း ရတာနာ”ဟူ၍ ပြိုင်ပွဲဝင် ပြဇာတ်အမည် ပြောင်းလဲပါရှိသော ကြောင့် စစ်ဗိုလ်ချုပ်များစိတ်ဆိုး ဒေါသထွက်နေခြင်းဖြစ်သည်ဟု နေပြည်တော် ၀န်ထမ်း အသိုင်းအ၀ိုင်းကြား တွင် ပြောဆိုနေကြသည်။
ယင်းသတင်းလွှာကို ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးသော အဆို အက အရေး အတီး ပြိုင်ပွဲ ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေးနှင့်လှုံ့ဆော်ေ
“သတင်းလွှာက အခမဲ့ဝေတာ၊ သားကောင်း ရတာနာ ဆိုတဲ့ အရေးအသားပါလာတော့ ဗိုလ်ချုပ်တွေနဲ့ ၀န်ထမ်း အသိုင်းအ၀ိုင်းမှာ တော်တော် ဂယက်ရိုက်သွားတယ်”ဟု နေပြည်တော် အလုပ်သမားဝန်ကြီးဌာန မှ အရာရှိ တဦးက ပြောသည်။
တပ်မတော်သားများကို “သားကောင်းရတနာ” အစား “သားကောင်းရတာနာ” ဟု ဖော်ပြခြင်းသည် မှားယွင်း ရေးသားခြင်းဖြစ်နိုင်သော်လည်း သတင်းလွှာ ထုတ်ဝေကြသည့် အစိုးရ၀န်ထမ်းများ အရေးယူခံရဖွယ် ရှိ သည်ဟုလည်း ၀န်ထမ်းများအကြား ပြောဆိုနေကြသည်။
“သားကောင်း ရတာနာ လို့ မှားရေးမိတာလား၊ တမင်ရေးတာလားဆိုတာတော့ သတင်းလွှာထုတ်တဲ့ဝန်ထမ်း တွေပဲသိမှာပါ။ ဒါပေမယ့် ဒီရေးသားချက်ကြောင့် အရေးယူတာတွေဖြစ်လာနိုင်ပါတယ်၊ ဒါက ဗိုလ်ချုပ်တွေရဲ့ ဒေါသကို ဆွပေးသလိုဖြစ်သွားတယ်” ဟု နေပြည်တော်ဝန်ထမ်း တဦးက ပြောသည်။
လွန်ခဲ့သည့် ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်ထုတ် ကြေးမုံ သတင်းစာ၌ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ဓာတ်ပုံ အထက်တွင် “ကမ္ဘာကျော် လူလိမ်ကြီးများ”ဟူသော စာလုံးများပါသည့် စာတန်းတခု မှား ယွင်း ပါရှိသွားသဖြင့် ယင်းသတင်းစာတိုက်မှ တာဝန်ရှိသူများဖြစ်သော ဦးလှဟန်နှင့် ဦးသာဝင်းတို့ ၂ ဦး သည် စစ်ကြောရေးစခန်းတွင် ခေါ်ယူစစ်ဆေးခံခဲ့ရာမှ ကွယ်လွန်သွားသည့်ဖြစ်ရပ်ရှိခဲ့
နေပြည်တော်တွင် ကျင်းပသည့် ယခု အဆို အက အရေး အတီး ပြိုင်ပွဲများကို စစ်အစိုးရဗိုလ်ချုပ်များအားလုံး မဖြစ်မနေ သွားရောက်ကြည့်ရှုရမည်ဟုညွှန်ကြား
စစ်အစိုးရက ယင်း အဆို အက အရေး အတီး ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပနေပြီး ယခုနှစ်ကျင်းပသောပြိုင်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင်မည့်သူနည်းပါးသည့်အတွ
ယခု ၁၇ ကြိမ်မြောက် အဆို အက အရေး အတီး ပြိုင်ပွဲများကို နေပြည်တော် ပျဉ်းမနား ဒေသရှိ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့် အမှတ် ၇ တည်းခိုရေးစခန်းများတွင် အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး ကျင်းပလျက်ရှိသည်။
အောင်သက်ဝိုင်း ဧရာဝတီ
(၁)
၂ဝ၁ဝ ထဲမှာ ရွေးကောက်ပွဲကို နအဖ က ဇွတ်လုပ်တော့မယ်။
အဲဒီရွေးကောက်ပွဲအပေါ်ကို ဘယ်လိုသဘောထားမလဲ။
ဒီမေးခွန်းကို ကျနော်တို့အားလုံး ဖြေကြရလိမ့်မယ်။
တိုင်းပြည်ကို ချစ်သူ၊ လူမျိုးစုံ မြန်မာပြည်သူတွေကို ချစ်သူ၊ မိမိရဲ့ ဂုဏ်သိက္ခာနှင့် မိမိရဲ့ အနာဂတ်ကို ချစ်သူ ဘယ်သူမဆို ဒီမေးခွန်းကို ဖြေကြရလိမ့်မယ်။
(၂)
ဒီရက်ပိုင်းမှာ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အဖြေတွေ တော်တော်များများ ကြားကြရ၊ ဖတ်ကြရလိမ့်မယ်ထင်ပါတယ်။
အဖြေတွေက အမျိုးမျိုးပဲ။
တချို့အဖြေတွေက အစမှာ ဆင်သလိုလိုနှင့် နောက်ပိုင်းကျ ကွဲသွားတာတွေလည်း တွေ့ရတယ်။ အစပိုင်းမှာ ကွဲသလိုလိုနှင့် နိဂုံးချုပ်မှာ ပြန်တူသွားတာတွေလည်း တွေ့ရတယ်။
ဘာပဲပြောပြော ချုပ်ကြည့်လိုက်ရင် . . .
အဖြေက (၂)မျိုးတည်းပါပဲ။
တမျိုးက နအဖ ရွေးကောက်ပွဲကို လက်မခံတာ၊ ဆန့်ကျင်တာ၊ ထည့်ကို မစဉ်းစားတာ။ ဒါက အများစု။
နောက်တမျိုးက နအဖ ရွေးကောက်ပွဲကို ကြိုဆိုတာ၊ လက်ခံတာ၊ ထောက်ခံတာ။ ဒီအဖြေမျိုးက နှိုင်းယှဉ်ချက်အရ အနည်းစု။
အဲဒီကြိုဆိုကြ၊ လက်ခံကြ၊ ထောက်ခံကြတဲ့ သူတွေဆိုရင်လည်း . . .
သူတို့ ဘာကြောင့် ဒီလို ဆုံးဖြတ်ရ၊ အဖြေပေးရသလဲဆိုတာကိ အကျိုးအကြောင်းတွေ ပြောပြကြ၊ သက်သေတွေထူကြနှင့် စကားတတ် ရင် တတ်သလို၊ စကားပြောကောင်းရင် ကောင်းသလို သွယ်ကာ ဝိုက်ကာ ပြောကြ ရှင်းပြကြပေါ့။
ကျမ်းကြီးပေါက်များကလည်း ဟိုစကားလုံးတွေ ထုတ်သုံး၊ ဒီစကားပိုဒ်တွေ ထုတ်သုံး၊ ဟိုဟာတွေ ဥပမာပေး၊ ဒီဟာတွေ ဥပမာပေးနှင့် အကိုးအကားတွေနှင့် ဝေဝေဆာဆာပေါ့ဗျာ။ သူတို့ ဆုံးဖြတ်တာ၊ သူတို့ ရွေးချယ်တာဟာ တရားနည်းလမ်းကျကြောင်း၊ လက်တွေ့ဘဝနှင့် အဟတ် ညီကြောင်း ရှင်းကြ၊ လင်းကြပေါ့။
(၃)
ကွဲလွဲတာ တယောက်နှင့် တယောက်မတူနိုင်တာက သဘာဝကျပါတယ်။
ဒါက အဆန်းမဟုတ်ပါဘူး။ ကိုယ်ယုံကြည်တာကို ယုံကြည်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်တင်ပြကြရင်း ရိုးရိုးသားသား ကွဲလွဲကြ တာ၊ ဒါက သဘာဝပါ။
လွတ်လပ်အေးချမ်းစွာ ဒီလိုပဲ ကွဲလွဲလိုက်ကြတာပေါ့။ ဒါကိုက ဒီမိုကရေစီရဲ့ အနှစ်သာရပဲလေ။
အဲဒီလို ရိုးရိုးသားသား ကွဲလွဲနေတဲ့ သူတွေကို ညှိနှိုင်းချင်ရင်၊ အကူအညီပေးချင်ရင် ကျနော်တို့ စဉ်းစားနိုင်တာက . . .
သူရရှိထားတဲ့အချက်အလက်က မစုံလို့လား။
ကြည့်မြင်တဲ့ ဒေါင့်ကပဲ မပြည့်မစုံ ဖြစ်ပြီး တခြမ်းပဲ့အမြင်၊ တဖက်သတ်အမြင် ဖြစ်နေလို့လား။
အကြံပြုကြည့်၊ ဆွေးနွေးကြည့်၊ ဖလှယ်ကြည့် ဒီလို လုပ်ကြည့်နိုင်ပါတယ်။
ဒါလည်း တဖက်က ကြိုဆိုရင် လက်ကမ်းရင်ပေါ့လေ။
ကိုယ့်ရဲ့ သိရှိနားလည်ထားမှုတွေကို ရိုးသားစွာပဲ ဖလှယ်တဲ့ ( လုပ်ကြည့်တဲ့) သဘောပါ။ လုပ်ကြည့်သည့်တိုင်အောင် ဆက်ပြီး ကွဲလွဲမြဲ ကွဲလွဲနေနိုင်ပါသေးတယ်။ ဒါလည်း သူ့အခွင့်အရေးပဲပေါ့၊ ကွဲလွဲပါစေ။
ကွဲလွဲတဲ့သူတွေထဲမှာ နောက်တမျိုးက ဒီလို . . .
ကိုယ်ကိုယ်တိုင်ကလည်း မယုံကြည်ဘဲနှင့်
မဖြစ်သင့် မဖြစ်ထိုက်တာကလည်း သေချာနေရက်နှင့်
ဒါတွေကိုလည်း ခရေစေ့တွင်းကျကို သိသိကြီးနှင့်
အကျိုးစီးပွားလေး နှစ်ပြား တပဲ မက်ပြီး ကိုယ်ကိုယ်တိုင်လည်း အမြီးဖြတ်၊ သူများကိုလည်း အမြီးဖြတ်ဖို့ အဖော်ညှိဆိုတဲ့လူမျိုး။ အဲဒီလို လူမျိုးဆိုရင်တော့ ခက်ပြီ။
ကျနော်တို့ ဘယ်လိုမှ ကူလို့မရတော့ဘူး။
သူက မျက်စိလည်နေသူ သက်သက်မဟုတ်တော့ဘူး။
ရိုးရိုးမျက်စိလည်နေသူက လမ်းညွှန်လို့ရတယ်။
လမ်းညွှန်တဲ့သူကိုလည်း မျက်စိလည်နေသူက ကျေးဇူးတင်တတ်တယ်။ (အိပ်ပျော်နေသူ နှိုးလိုက်ပါ ဆိုတာမျိုး)
စောစောက လူမျိုးတွေကျ မျက်စိလည်တာ မဟုတ်တော့ဘူး။
လူထုမျက်နှာထက် တဦးချင်းအကျိုးစီးပွား အသိမ်အဖျင်းလေးကိုပဲ ကမ္ဘာတည်မယ့် စည်းစိမ်ကြီးသဖွယ် မှောက်မှား မက်မောပြီး တရား တခု ထူထောင်တာ။ လူလည်ကျတာ ဖြစ်သွားပြီ။
ဒီလိုအမျိုးအစားက ဘယ်လိုမှ ကူလို့ကုလို့မရတဲ့ အမျိုးအစား။ သူတို့အတွက်ကျတော့ ဆေးက သိပ်ကိုရှားသွားပြီ။
(၄)
ထားတော့။
အမြင်မှောက်မှားသူများရော
ကိုယ်ကျိုးစီးပွားအတွက် အ ချင် နုံချင်ယောင်ဆောင်ပြီး လူလည်ကျနေသူများရော
ကြိုက်ရာလမ်းရွေးချယ်ကြပါ။
ခင်ဗျားတို့ စိတ်နှင့် ခင်ဗျားတို့ ကိုယ်။
လွတ်လပ်စွာ ရွေးချယ်ကြတော့။
‘ကိုယ်စိုက်တဲ့အပင်ကို ကိုယ်ကိုယ်တိုင် ရိတ်သိမ်းရလိမ့်မယ်’ဆိုတဲ့ တရားကို ခင်ဗျားတို့ တခါတရံပဲဖြစ်ဖြစ် သတိရနိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။
(၅)
ကဲ . . . ကိုယ့်အကြောင်းကိုယ်ပြောကြစို့။
ကျနော်ကတော့ နအဖ ရွေးကောက်ပွဲကို လုံးဝလက်မခံနိုင်ဘူး။
ဘာကြောင့်လဲ . . .
၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်းပြောရင် ၂ဝဝ၈ နအဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းစပြောမှ ပြည့်စုံမယ်။
၂ဝဝ၈ နအဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော့်အနေနဲ့ ဘယ်လိုနည်းနှင့်မှ လက်မခံနိုင်ဘူး။
စတင်ကျင်းပပုံ၊ ညီလာခံကိုယ်စားလှယ်ရွေးချယ်ပုံ၊ ညီလာခံရဲ့ ဦးတည်ချက်၊ ညီလာခံ ကျင်းပပုံအဆင့်ဆင့်၊ အခြေခံမူ ချမှတ်မှု၊ အဲဒီ အခြေခံမူတွေနှင့် ဖွဲ့စည်းပုံမူကြမ်းကို ရေးသားပုံ၊ ပြီးတော့ တရားနည်းလမ်းမဲ့စွာ အတည်ပြုခဲ့ပုံ စသည်ဖြင့် . . .
ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်ကိုရော
ဖွဲ့စည်းပုံထဲမှာပါတဲ့ စစ်အာဏာရှင်စနစ် ထာဝစဉ် တည်မြဲရေး အနှစ်သာရတွေကိုပါ တစက်ကလေးမှ လက်မခံနိုင်ဘူး။
ဒါ့ကြောင့် ဒီဖွဲ့စည်းပုံ(၂ဝဝ၈)ကို အသက်သွင်းအတည်ပြုမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘယ်နည်းနှင့်မှကို လက်မခံနိုင်တာဖြစ်ပါတယ်။ အသိအမှတ်လည်း မပြုဘူး။ ထောက်ခံဖို့နေနေသာသာ ပြောရရင် ထည့်တောင်မစဉ်းစားဘူး။
(၆)
ဒါဖြင့် ဘာလုပ်မလဲ။
ဘာလုပ်မလဲ ဆိုတဲ့ ကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စုံညီအစည်းအဝေးခေါ်ပြီး ၂ဝဝ၉ ဧပြီလ ၂၈၊ ၂၉ မှာ ကတည်းက အတိ အလင်းပြောခဲ့ပြီ။
သူ့ပြောပြချက်အပြည့်အစုံကို ‘ရွှေဂုံတိုင် ကြေညာစာတမ်း’ထဲမှာ အတိအကျ ဖော်ပြခဲ့ပြီးပြီ။
အဓိကအားဖြင့် ဒီ (၄)ချက်ကို နအဖက မဖြစ်မနေ လုပ်ရလိမ့်မယ်။
၁။ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရလိမ့်မယ်။
၂။၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနှင့် အသိအမှတ်ပြုရမယ်။တနည်းအားဖြင့် ပြည်သူ့လွှတ်တော်ခေါ်ပေးရမယ်။
၃။တွေ့ဆုံဆွေးနွေးအဖြေရှာရမယ်။
၎။နအဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)ကို ပြန်လည်သုံးသပ်ပြင်ဆင်ကြရလိမ့်
မိတ်ဆွေ . . .
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်းဆိုတာ သဘောတူရဲ့လား။
တိုင်းပြည်ကိုချစ်တဲ့၊ ပြည်သူတရပ်လုံးရဲ့ အကျိုးကို ရှေု့တဲ့သူ ဘယ်သူမဆို သဘောတူနိုင်တဲ့ တူကြရမယ့် တောင်းဆိုမှုတွေပါ။
လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းအရပ်ရပ်ကို ဖြေရှင်းမယ်ဆိုရင် ပထမဦးဆုံး နှင့် မဖြစ်မနေ လုပ်ကြရမယ့် လုပ်ငန်းစဉ် (၄)ရပ်က ဒီ (၄)ချက်ပါပဲ။
ဒီ (၄)ချက်ကို လုပ်ရင် အမှန်တကယ် ဖြေရှင်းနိုင်မယ်။
ဒီ (၄)ချက်ကို ငြင်းရင် မဖြေရှင်းနိုင်တဲ့အပြင် ဒီ့ထက်ဆိုးတဲ့ကြမ္မာရိုင်းတွေနှ
ဒါ ဗေဒင်ဟောတာ မဟုတ်ဘူး။
ဒါ့ကြောင့် ယတြာချေလို့မရဘူး၊ ယတြာချေတာလိုလို၊ အင်းကွက်ကို ပြာချပြီး သောက်တော့မှာလိုလို လုပ်ပြရုံနှင့် ကျော်လွှားသွားနိုင်မှာ မဟုတ်ဘူး။
မစ္စတာ ဂျင်ဝက်ကို ပြေးကပ်တာလိုလို
အကျဉ်းသား ၇၁၁၄ ယောက် လွှတ်ပေးလိုက်ပါပြီဆိုပြီး အပြုသဘောပဲ ဆောင်ပြတော့မှာလိုလို
ဗိုလ်သိန်းစိန် ကိုယ်တိုင် UN ပြေးတက်ပြီး လူရာဝင်ကြောင်း ကော်လာထောင်ပြတာလိုလို US နှင့်ပဲ တိုးတိုးတိတ်တိတ် ကြိတ်ဝိုင်းတွေ လုပ်တော့မှာလိုလို
ဗိုလ်အောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပေးပြီး တခုခုပဲ အစပြုတော့မှာလိုလို
ဟန်ရေးပြနေရုံနှင့်လည်း ပွဲကပြီးသွားမှာ မဟုတ်ဘူး။
တကယ့်စိတ်ရင်းနှင့် လုပ်ကြရမှာ။ ညာနေရုံ ဟန်ဆောင်ပြနေရုံနှင့် မရနိုင်ဘူး။
မြန်မာနိုင်ငံရဲ့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်တဲ့ အငြိမ်းချမ်းဆုံး နည်းနာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ပြထားတဲ့ ဒီလုပ်ငန်းစဉ် (၄)ရပ်ကလွဲရင် အခြားနည်းနာမရှိပါဘူး။
ဒီ (၄)ရပ်ကို စိတ်ရော ကိုယ်ပါ လုပ်မှာလား၊ မလုပ်ဘူးလား ဆိုတာ ပြည်သူတရပ်လုံးဘက်က ရပ်မှာလား၊ စစ်အုပ်စု အာဏာတည်မြဲ ရေး ဘက်က ရပ်မှာလားဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲလို့ ကျနော်ပြောချင်တယ်။
(၇)
နအဖ အနေနဲ့ ဘယ်သူ့ကိုပဲ မျက်နှာလို မျက်နှာရ လုပ်လုပ်၊ ဘယ်သူ့ပဲ ပြေးကပ်ကပ် ကျနော်တို့အတွက် အဖြေမဟုတ်ပါဘူး။
ပြည်သူလူထုရဲ့ အကျိုးစီးပွားကို စိတ်ရောကိုယ်ပါ မျက်နှာ မမူသေးသရွေ့၊
နအဖ က ရွှေဂုံတိုင် ကြေညာစာတမ်းပါ ဒီ လုပ်ငန်းစဉ် (၄)ရပ်ကို မလုပ်သေးသရွေ့၊
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)ထဲက ဒီမိုကရေစီ မဆန်တဲ့ အပိုင်းတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ခြင်း မလုပ်သေးသရွေ့၊
မရောင်ရာဆီလူးတွေ ဘာတွေပဲ လုပ်နေနေ၊
‘နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို စာရင်းထဲတောင် မထည့်ဘူး’ဆိုတာ လူထုကို တန်ဖိုးထားသူတိုင်း၊ မိမိဂုဏ်သိက္ခာနှင့် မိမိအနာဂတ် ကို တန်ဖိုးထားသူတိုင်းရဲ့ သန္နိဌာန်ဖြစ်ကြရလိမ့်မယ်။
ပြီးရင် . . .
အဲဒီ သန္နိဌာန်ကို အပီအပြင် အကောင်အထည်ဖော်ဖို့ အလုပ်တွေ ပြင်ကြရလိမ့်မယ်။
အဲဒီအလုပ်တွေဟာ လွယ်ကူတဲ့ ကိစ္စတွေမဟုတ်ဘူးဆိုတာ လူတိုင်းသိနိုင်ပါတယ်။
ဒါပေမယ့် ကျနော်တို့ မုချ လုပ်ကြရလိမ့်မယ်။
ရေကြည်ကို သောက်ချင်ရင်တော့ ရေတွင်းကို အချိန်အခါရှိတုန်း ကြိုးစားပြီး တူးကြရလိမ့်မယ်။ ။
ဇွန်မှိုင်း
၎၊ ၁ဝ၊ ၂ဝဝ၉။
ဒီတစ်ခါလည်း ယတြာပဲလား မသိပါဘူးဗျာ အဟိ “၀န်ကြီးက မျက်စိခွဲစိတ်ပြီးသူများကို နေကာမျက်မှန်များ တပ်ဆင်ပေးပါတယ်” တဲ့ဗျာ ညကသတင်းမှာလေ၊ တော်တော့်ကိုပဲ တစ်ခါမှမကြားဘူးပါဘူးဗျာ လူတွေကို အရုပ်များမှတ်နေလား မသိပါဘူး။ န အ ဖ တို့ အလုပ်တွေ လုပ်ပြနေပုံများတော့ တော်တော့ကို ရယ်စရာကောင်း နေပြန်ရောဗျာ။ မြန်မာပြည်သူတွေ ဟာသဇာတ်လမ်းတွေ ကြည့်နေစရာမလိုတော့ဘူးဗျ ည(၈နာရီ) သတင်းစောင့်ကြည့်ရင်ကို ရယ်နေရပြီနော်။
ဖိုးရှုပ်လေး
၇ နာရီ နှင့် ၂၅ မိနစ်။ ထိုအချိန်ကာလသည် ၆ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အဖွဲ့ဝင်များ တွေ့ဆုံခဲ့သည့် အချိန် စုစုပေါင်း ဖြစ်သည်။
ဒီပဲယင်း အကြမ်းဖက်မှု အပြီး နေအိမ် အကျယ်ချုပ် ချမှတ်ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ မှ ၂၀၀၉ ခုနှစ် အထိ ၆ နှစ်တာ ကာလအတွင်း CEC အဖွဲ့ဝင်များနှင့် ၄ ကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။
ပထမအကြိမ် အဖြစ် ၂၀၀၄ ခုနှစ်၊ ဧပြီ ၂၇ ရက်နေ့တွင် အာဏာပိုင်တို့က CEC အဖွဲ့ဝင်များကို ဒေါ်အောင်ဆန်းစုကြည်၏ နေ့အိမ်တွင် တွေ့ဆုံခွင့် ပြုခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် အကျယ်ချုပ်ကျနေသူ ဦးတင်ဦးလည်း ပါဝင်ပြီး အမျိုးသား ညီလာခံသို့ ပြန်လည် တက်ရေး မတက်ရေး အကြောင်းအရာနှင့် ပတ်သက်၍ ၃ နာရီ ၃၀ မိနစ်ကြာ ဆွေးနွေးခဲ့သည်။
၂၀၀၇ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် NLD ခေါင်းဆောင် ၃ ဦး ဖြစ်သော ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးညွန့်ဝေ နှင့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းတို့သည် ဒေါ်အောင်ဆန်းစုကြည် နှင့် ၂ နာရီ ၃၀ မိနစ်ခန့် ဒုတိယ အကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကြေညာချက်တစောင်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
တတိယ အကြိမ် အဖြစ် ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီ ၃၀ ရက်နေ့တွင် CEC အဖွဲ့ဝင်တချို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရ၏ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ၁ နာရီ ၁၀ မိနစ်ခန့် တွေ့ဆုံခွင့် ရခဲ့ကြသည်။
နောက်ဆုံး တွေ့ဆုံမှုမှာ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖြစ်သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီနှင့် မတွေ့ဆုံကြမီ CEC အဖွဲ့ဝင်တချို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၁၅ မိနစ်ခန့် ဆွေးနွေးခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးခွင့်ရရှိရန် လိုအပ်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။
“NLDကို တမင်လုပ်ထားတာပါ၊ ခေါင်းပိုင်းကို အမြီးပိုင်းနဲ့ မစပ်မိအောင် ကြိုးစားတာပေါ့၊ သို့သော် NLD အနေနဲ့က ရှိတဲ့ နည်းလမ်းနဲ့ လုပ်ပါတယ်၊ ဘယ်အဖွဲ့အစည်း မဆို အဖွဲ့အစည်း စုံညီ တွေ့ဆုံဆွေးနွေးတာက အကောင်းဆုံးပါ” ဟု ဦးဉာဏ်ဝင်းက သုံးသပ်သည်။
အကြိမ်ကြိမ် ထိန်းသိမ်းခံရသူ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း စုစုပေါင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံထားရသူ ဖြစ်သည်။ မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် အာဏာပိုင်တို့က ဆက်လက် ချုပ်နှောင်ထားပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုကို ကျူးလွန်ခဲ့သည်ဟု အာဏာပိုင်တို့က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းခွင့်ရရေးအတွက် ယခင် ရက်ပိုင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရေးသား ပေးပို့လိုက်သည့် စာတွင် ထည့်သွင်း တောင်းဆိုထားသည်။
NLD ခေါင်းဆောင်များ အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် အစဉ်တောင်းဆိုခဲ့သည်။
နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခံရစဉ် ဒေါ်အောင်ဆန်းစုကြည်က သူ၏ သက်သေများ အဖြစ် ဦးတင်ဦး၊ ဦးဝင်းတင်တို့ကိုလည်း အဆိုပြုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုခေါင်းဆောင်နှစ်ဦးနှင့် တွေဆုံခွင့်ရရန် အတွက် ကြိုးပမ်းခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
NLD ပါတီ၏ မူဝါဒကို ချမှတ်သူ တဦးဟု အများက ယူဆကြသည့် ဦးဝင်းတင်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခံယူချက် ခိုင်မာပြီး အများက လေးစားကြသည့် ဦးတင်ဦးတို့ ၃ဦး တွေ့ဆုံခွင့် မရသည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း ၂၀ တိုင်ပြီဖြစ်သည်။
၎င်းတို့ ၃ ဦးကို တွေ့ဆုံခွင့် ပေးလိုက်ပါက NLD အတွက် ပိုမို ကောင်းမွန်သော မူဝါဒတခုကို ချမှတ်နိုင်လိမ်မည် ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
“CEC ကို မလှုပ်ရှားနိုင်ဘူးလို့ စစ်အစိုးရက ခံယူထားတယ်၊ ဒေါ်စုနဲ့ ပေးတွေ့ရင် CEC က လှုပ်လာမယ်၊ ဒေါ်စုရဲ့ အမာခံအားက NLD ထဲမှာ ရှိနေတယ်၊ NLD အပေါ်မှာလည်း ယနေ့ထိ အလွန် ကြီးမားတဲ့ သြဇာ ရှိနေတုန်းပဲ၊ NLDက ဘာပဲပြောပြော ယန္တရား ရှိနေတုန်းပဲ၊ အဲဒီမှာ ဒေါ်စုကို NLDနဲ့ ပေးတွေ့လိုက်မယ်၊ တွေ့တဲ့ အခါမှာလည်း ဒေါ်စုက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဦးဆောင်မှုပေးတာ ရှိနေရင် အောက်ခြေ အထိ ရောက်သွားနိုင်တယ်” ဟု ဦးဝင်းတင်က ပြောသည်။
CEC အဖွဲ့ အတွင်းတွင် လတ်တလော သူ၏ သဘောထားမှာ တင်းမာသည့် အတွက် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို ရွှေ့ဆိုင်းနိုင်သရွေ့ ရွေ့ဆိုင်းထားနိုင်ကြောင်း သူက ယူဆသည်။
ဦးဝင်းတင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၈၉ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် နောက်ဆုံး တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်သည်လည်း လွန်ခဲ့သည့် အနှစ် ၂၀ က ပြုလုပ်ခဲ့သည့် NLD ခေါင်းဆောင်များ၏ အစည်းအဝေး တခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်ဆုံး တွေ့ဆုံခဲ့ရသည်ဟု ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို NLD ဗဟိုကော်မတီများနဲ့ တွေ့ခွင့် မပေးတာ တိုင်းပြည်အတွက်လည်း မကောင်း သလို ဒီမိုကရေစီလှုပ်ရှားမှု အတွက်လည်း မကောင်းဘူး၊ NLD အတွက်လည်း မကောင်းဘူး၊ အဆက်အသွယ် ဖြတ်ထားတော့ လုပ်ငန်းတွေက မတွင်ဘူးပေါ့” ဟု ဦးအုန်းကြိုင်က ပြောသည်။
ယင်းသို့ တွေ့ဆုံခွင့် နည်းပါးသည့် အတွက် ယခုနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုသည့် စကားများ၊ သူ၏ သဘောထားများကို သူ၏ အိမ်ရှေ့၌ ချိတ်ဆွဲထားသော ဆိုင်းဘုတ်များမှတဆင့် ဖော်ပြလေ့ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် NLD ခေါင်းဆောင်များနှင့် ထိတွေ့မှုများပါက NLD၏ မူဝါဒများ ပိုမိုထိရောက် အသက်ဝင်လာဖွယ် ရှိကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ ယခုအခါ NLD၏ လှုပ်ရှား ဆောင်ရွက်မှုများ အားနည်းသည်ဟု ဝေဖန်ခံနေရသည်။
ဝါရင့်နိုင်ငံရေးသမား တဦးဖြစ်သူ သခင်ချန်ထွန်းက“တွေ့ခွင့်ပေးလို
ကိုထွေး၊ ဧရာဝတီ
“ကူညီပါရစေ ကူညီပါရစေရှင့်၊ ကူညီပါရစေ ကူညီပါရစေခင်ဗျ” ဆိုသော သီချင်းသံ ထွက်ပေါ်လာရာ နေရာသို့ ဦးရုက္ခစိုးနှင့် ကြွက်စုတ်၊ ဖိုးရှုပ်တို့ ရောက်နေသည်။ ဂိတ်ပေါက်ဝတွင် “ကူညီပါရစေ” ဟူသော ဆိုင်းဘုတ်တခု တွေ့ရသည်။
ဖိုးရှုပ်။ ။ အတော်ပဲ ဦးရုက္ခစိုးရေ “ကူညီပါရစေ” ဆိုပါလား။ ကြုံတုန်း ကျနော်တို့ ရန်ကုန်မှာ မသွားတတ် မလာတတ် ဖြစ်နေတာကို အကူအညီ ဝင်တောင်းရင် ကောင်းမယ်ထင်တယ်။
ရုက္ခစိုး။ ။ အေးကွ၊ ဒီလိုလေး မြင်ရတာ စိတ်ချမ်းသာတယ်ကွာ။ ရန်ကုန်တမြို့လုံး စုတ်ပြတ်သတ်ပြီး ညစ်ပတ် နေသမျှ ခုလို လူလူချင်း ကူညီချင်တယ်ဆိုတာကို စာနဲ့ပေနဲ့ တောင်းပန်တိုးလျှိုးတဲ့ ပုံစံနဲ့ ရေးထားတာ ကမ္ဘာကို မြင်အောင် ပြသင့်တယ်။ မင်းတို့ လမ်းစရိတ် ပြတ်ပြီဆို … အဲဒါလည်း အကူအညီတောင်းကြည့် ပါလား။
ကြွက်စုတ်။ ။ ဟုတ်တယ်ဟုတ်တယ်၊ ကျနော့် ဘကြီးတယောက် အိမ်မှာမွေးထားတဲ့ ခွေးလေး ပျောက်သွားလို့တဲ့ အဲဒါပါ အကူအညီတောင်းရင် ကောင်းမလားမသိဘူး။
ထိုကဲ့သို့ တရောက်တပေါက် ထင်ရာ ပြောဆိုနေကြစဉ် ဂိတ်ပေါက်ဝမှ လူထွားကြီးတဦး မည်းမည်း မည်းမည်း၊ လိမ့်လိမ့် လိမ့်လိမ့်နှင့် သွားကြားထိုးရင်း ထွက်လာတာ တွေ့လိုက်ရသည်။ ဖိုးရှုပ်က ထိုလူထွားကြီးကို လှမ်း နှုတ်ဆက်လိုက်သည်။
ဖိုးရှုပ်။ ။ ဟာ ကြွက်ချုပ်ကြီးခင်ရီ ပါလား။ ခင်ဗျား ပျောက်နေတယ်ဆို၊ အစစ်ခံရတယ်လည်းကြားတယ်။ သတင်းတွေကလည်း အမျိုးမျိုးပဲ။ ဘယ်လို ဖြစ်တာလဲဗျ။
ကြွက်ချုပ်။ ။ ဒါက ကောလာဟလတွေပါဗျာ၊ ချိုကုပ်ဒူးကြီး အပျော်ကစားနေတာပါ။ ကျုပ်ကို ဖျောက်ထား လိုက်၊ ခင်ဗျားတို့လို ပြည်ပမီဒီယာတွေက ကြွက်ချုပ် ဘာဖြစ်နေပါတယ်၊ ညာဖြစ်နေပါတယ်ရေးလိုက်၊ သတင်းစာထဲမှာ ကျုပ်ပုံလေး ပြန်ထည့်လိုက် … ပြည်ပက မီဒီယာတွေ ရူးအောင် လုပ်နေတာဗျ။ ဟဲဟဲ။
ရုက္ခစိုး။ ။ အင်းနော်၊ အခုတော့လည်း ပြောနေတာတွေ မဟုတ်တဲ့ အတိုင်းပဲ … သွားကြားလေးထိုးလို့ အေးရာ အေးကြောင်းပဲ။
ကြွက်ချုပ်။ ။ စားထား၊ ဝါးထားတာတွေ များလို့ … အဲ … ဒီနေ့က မြန်မာနိုင်ငံ ကြွက်တပ်ဖွဲ့ ၄၅ နှစ်ပြည့် အခမ်းအနားမှာ ကျွေးသမျှ စားတာ များသွားလို့ သွားကြားညပ်နေတယ် ပြောတာပါ။
ကြွက်စုတ်။ ။ သြော် … ဘာလိုလိုနဲ့ မြန်မာနိုင်ငံ ကြွက်တပ်ဖွဲ့ စားထားတာ ၄၅ နှစ်တောင် ရှိပြီကိုး။
ကြွက်စုတ်က တနေရာကို ငေးနေရာမှ ဘုမသိ ဘမသိနှင့် ဝင်ပြောလိုက်သောကြောင့် ကြွက်ချုပ်ကြီး ကျွဲမြီး တိုသွားသည်။
ကြွက်ချုပ်။ ။ ဟာဗျာ၊ မြန်မာနိုင်ငံကြွက်တပ်ဖွဲ့ ၄၅ နှစ်ပြည့်တာပါဗျ။ စကားကို သေချာ ပြောစမ်းပါ။
ဖိုးရှုပ်။ ။ ကြွက်စုတ်တို့ကတော့ မလွဲရရင်ကို မနေနိုင်တာ။ ဆောရီးပါဗျာ။ ဒါနဲ့ ကြွက်ချုပ်ကြီးတို့က ကူညီပါရစေ (May I Help You) ဆိုတဲ့ ဆောင်ပုဒ်လက်ကိုင်ထားတာနော်။
ကြွက်စုတ်စကားကြောင့် နည်းနည်း မကျေမနပ်ဖြစ်သွားသော ကြွက်ချုပ်ကြီးမှာ ဖိုးရှုပ်က ပြန်ပင့်ပေး လိုက်သောကြောင့် သဘောခွေ့သွားသည်။
ကြွက်ချုပ်။ ။ ဒါကတော့ဗျာ၊ ကျနော်တို့ ကြွက်တွေရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေပဲပေါ့။ ဒါပေမယ့် ပြည်သူလူထုက ပြည်သူ့ ကြွက်တွေရဲ့ စေတနာကို နားမလည်ပါဘူး။ ကြွက်ဆိုတာနဲ့ ဝေးဝေးက ရှောင်ကြတာပဲ။
ရုက္ခစိုး။ ။ ဒါဆိုလည်း ဒီဆောင်ပုဒ်အတိုင်း ကူညီပါတယ်ဆိုတာ သက်သေပြလိုက်ပေါ့။
ဖိုးရှုပ်။ ။ ဟုတ်တယ် … အတော်ပဲဗျာ။ ရန်ကုန်မှာ ကျနော်တို့ မသွားတတ်မလာတတ်နဲ့ လမ်းပျောက်နေတာ ကူညီပါဦး။ အခု ယုဇနပလာဇာ သွားချင်လို့။
ကြွက်ချုပ်။ ။ ဟာ ကူညီရမှာပေါ့ ..။ ဒီနေရာက ယုဇနပလာဇာနဲ့ နီးနီးလေး။ ဒီကနေ ရှေ့တည့်တည့်လျှောက်၊ ပထမဆုံးတွေ့တဲ့လမ်း ညာဘက်ကိုကွေ့ ရောက်ရော။
ရုက္ခစိုး။ ။ ကျေးဇူးပဲဗျာ။
ကြွက်ချုပ်။ ။ ကျေးဇူးဆိုရင် လက်ဖက်ရည်ဖိုး ပေးခဲ့။ လက်ဖက်ရည်ဖိုးဆိုတာ စကားအဖြစ်ပြောတာနော် အနည်းဆုံး ၅ ထောင်ပဲ။
ဖိုးရှုပ်။ ။ နည်းနည်းတော့ လျှော့ပါဗျာ၊ ကျနော်တို့က တကယ်မသွားတတ်မလာတတ်နဲ့ မို့လို့ပါ။
ကြွက်ချုပ်။ ။ ရပါတယ်၊ ညှိလို့ရတယ်။ ၄၉၀၀ ပဲပေးတော့။
ဖိုးရှုပ် သူ့ရှုးသူပတ်ကာ ၄၉၀၀ အိတ်ထဲမှ ထွက်သွားတော့သည်။ ထိုစဉ် သူတို့နားသို့ ဘတ်စ်ကားတစီး ဝူးခနဲ မောင်းလာရာ ကြွက်ချုပ်ကြီးက လက်ပြလိုက်သဖြင့် ကျွိခနဲ ဘရိတ်အုပ်လိုက်သည်။ ကားပေါ်မှ စပယ်ယာ မျက်နှာ ငယ်လေးနှင့် ဆင်းလာသည်။
စပယ်ယာ။ ။ ကျနော်တို့ လမ်းမှန်ပါတယ်နော် ဆရာ။ ဘာများမှားသွားလို့လဲ။ ဒါမှမဟုတ် အရှေ့တောင် အာရှ ပွဲစဉ်တွေမှာ ဘယ်အားကစားသမားတွေ ဆုရလာလို့လဲ။
ကြွက်ချုပ်။ ။ ဘာမှမမှားပါဘူး။ ဘယ်သူမှလည်း ဆုမရခဲ့သေးပါဘူး။ သူတို့ ဆုရခဲ့ရင် မင်းတို့ ဒီလိုတောင် မနေဘူး။ မီးပွိုင့်တိုင်းမှာ ဆက်ကြေးတောင်း ခံရမှာလေ။ ခုက ဘာမှ မဟုတ်ဘူး အကျင့်ပါနေတာနဲ့ မုန့်ဖိုး တောင်းမလို့။
ပြောရင်းဆိုရင်း ကြွက်ချုပ်ကြီးက လက်ဖြန့်လိုက်ရာ စပယ်ယာက ပြုံးဖြီးဖြီးနှင့် စုတ်ပြတ်နေသော ၂၀၀ ကျပ်တန် အခေါက်လေးကို လက်ထဲ ထိုးထည့် ပေးလိုက်သည်။ ထိုစဉ် နောက်ထပ် သွားကြားထိုးသူတဦး ထွက်လာရာ ကြွက်ချုပ်ကြီးက ကမန်းကတန်း သူ့လက်ထဲက ပိုက်ဆံများကို ခါးကြားထဲ ထိုးထည့်ဖွက်ရင်း လှမ်းနှုတ်ဆက် သည်။
ကြွက်ချုပ်။ ။ ဟာ … ဝန်ကြီး … စားတာ တော်တော်ကြာတယ်နော်။ ကျနော်တောင် မစောင့်နိုင်လို့ အပြင်ထွက်ရင်း ဒီက ဦးရုက္ခစိုးတို့နဲ့ စကားကောင်းနေတာ။
“စားတာ ကြာဆို … စားလို့ကကောင်းတော့ နေရာကကို မထချင်တာ” ဟု ပြည်ထဲရေးဝန်ကြီး ချိုကုပ် မောင်ပြူးက ပြန်ပြောလိုက်သည်။
ရုက္ခစိုး။ ။ (ကြွက်စုတ်နားကို ကပ်၍) ဟေ့ကောင်တွေ … ကူညီခိုင်းမယ့်ကိစ္စတွေကို နည်းနည်း ပို့စ်ပုန်း လုပ်ရင် ကောင်းမယ်ထင်တယ်နော်။ နှစ်ယောက်ဆိုတော့ မုန့်ဖိုးတို့၊ အာရကေတို့၊ လက်ဖက်ရည်ဖိုးတို့၊ အီကြာကွေးဖိုးတို့၊ ကွမ်းယာဖိုးတို့နဲ့ လောက်မှာတောင်မဟုတ်ဘူး။
ကြွက်စုတ်။ ။ ဟုတ်တယ် ဦးရုက္ခစိုး … လမ်းစရိတ်မလောက်လို့ အကူအညီတောင်းမလား မှတ်တယ်၊ ကိုယ့်ထဲကတောင် ပြန်ပါနေပြီ လစ်မလား။
ထိုနေရာက ခွာဖို့ ဟန်ပြင်နေစဉ် … လမ်းဘေးတွင် ဈေးရောင်းနေသော ဈေးသည် မိန်းမနှစ်ဦး ရန်ဖြစ်နေကြ သည်ကို ရုတ်တရက်တွေ့လိုက်ရသဖြင့် စိတ်ဝင်စား သွားကြသည်။ မောင်ပြူး၏ မျက်နှာကြီးမှာ ဆီသုတ်ထား သလို ဝင်းပြောင်သွားသည်။
မောင်ပြူး။ ။ ကြွက်ချုပ်ရေ … အမှုတော့ပေါ်ပြီ။
ကြွက်ချုပ်။ ။ ဒါပေါ့ ဝန်ကြီးရယ်။ ကျနော်တို့ ကြွက်တွေဆိုတာ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကိုယ့် အသက်နဲ့လဲပြီး ကာကွယ်ဖို့ တာဝန်ရှိတယ်မဟုတ်လား၊ ဒါမျိုး လမ်းပေါ်မှာ အော်ဟစ်နေတာ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်တယ် … ကိုင်း ကလေးမတွေ လာခဲ့ကြဦး။
ရန်ဖြစ်နေသည့် မပုနှင့် မရှည် အမည်ရှိ အမျိုးသမီးနှစ်ဦးမှာ ယူနီဖောင်းဝတ်ထားသည့် ကြွက်ချုပ်ကြီးနှင့် မောင်ပြူးကိုတွေ့လိုက်တော့ ကိုယ်ရှိန်သတ်သွားကြသည်။
မပု။ ။ ကျမတို့ အချင်းချင်း စ နောက်နေကြတာပါ ကြွက်ချုပ်ကြီး။
မရှည်။ ။ ဟုတ်ပါတယ်။ ကျမတို့ ဘာမှ မဖြစ်ပါဘူး။ သွားတော့မယ်နော်။ လာ မပု သွားကြရအောင်။
မောင်ပြူး။ ။ မရဘူး။ အမှုလုပ်ရမယ်။ ဘယ်သူက တရားခံလဲ၊ ဘယ်သူက တရားလိုလဲ။ ပြော။ ကဲ ကြွက်ချုပ် ၂၀၀၉ ခုနှစ် အမှု အရေအတွက် ပြည့်မီရေးအတွက် စာရင်းသွင်း။
မပု။ ။ ကျမတို့ နှစ်ယောက်လုံး မတိုင်ပါဘူး ဝန်ကြီးရယ်။ ရန်လည်းမဖြစ်ပါဘူး။ ရုံးရောက် ဂတ်ရောက်လည်း မဖြစ်ပါရစေနဲ့။
ကြွက်ချုပ်။ ။ ဒါဆိုရင်တော့ ညှိနှိုင်းလို့ရပါတယ်၊ ဟုတ်တယ်မဟုတ်လား ဝန်ကြီး။ ဟုတ်တယ်နော်။
မောင်ပြူး။ ။ အင်းလေ။ မင်းသဘောပေါ့။ ညှိလို့ရပါတယ်၊ ပြေပြေလည်လည်ပေါ့။
မပုဆိုသည့် အမျိုးသမီးက ထဘီအထက်ဆင့်တွင် လိပ်ထည့်ထားသော ငွေစက္ကူ တချို့ကို ထုတ်ကာ ကြွက်ချုပ်ကြီး လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် အမျိုးသမီးနှစ်ယောက်သည် ထဘီကို တိုတို ပြင်ဝတ်ရင်း ပါးစပ်က ပွစိပွစိ ရေရွတ်ကာ ထွက်သွားလေတော့သည်။
ရုက္ခစိုး။ ။ ကြွက်ချုပ်ကြီးတို့လည်း တော်တော်လေး အရေထူတာပဲနော်။ ဒီလောက် ဆဲသွားတာတောင် ဘာမှ မဖြစ်ဘူး။
ကြွက်ချုပ်။ ။ ဒါကတော့ဗျာ … ။ ပြည်သူချဉ်တဲ့ … အဲ … ပြည်သူချစ်တဲ့ အဖွဲ့အစည်းတရပ်ဖြစ်အောင် ကြိုးစား စွမ်းဆောင်တဲ့ နေရာမှာ ဒီလောက်တော့ မျက်နှာပြောင်ရမှာပေါ့။ အဓိက လိုရင်းက ဒါရဖို့ပဲ မဟုတ်လား။
ကြွက်ချုပ်ကြီးက လက်ညှိုးနှင့် လက်မကို ဝိုင်းပြလိုက်သည်။
ရုက္ခစိုး။ ။ သြော် တမှုတော့ ရှင်းသွားပြန်ပြီ …။ ခင်ဗျားတို့ ကူညီတဲ့ နည်းကတော့ သဘောကျတယ်ဗျာ။
မောင်ပြူး။ ။ သဘောမကျနဲ့ဦး ဒါ အစပဲရှိသေးတာ။ ကျုပ်တို့က ပြည်သူနဲ့ တသားတည်း ဖြစ်အောင် ဘယ်လို နေတယ်၊ ပြည်သူ့ဘက်က အမြဲ ဘယ်လိုရပ်တည်တယ် ဆိုတာတွေ တွေ့ရဦးမှာ။
ဖိုးရှုပ်။ ။ အတွေ့အကြုံရအောင် ကျနော်တို့ကို ပြောပြပါလားခင်ဗျာ။
မောင်ပြူး။ ။ ကျုပ်တို့မှာ ဆောင်ပုဒ်ရှိတယ်ဗျ … “ပြည်သူနဲ့ တသားတည်းကျအောင် အနှိပ်ခန်းတွေထောင်” “ပြည်သူ့ဘက်က အမြဲရပ်တည် KTV က ဆက်ကြေးတောင်းမည်” တဲ့။
ကြွက်ချုပ်။ ။ ခုလို ကျုပ်တို့ရဲ့ ကြွက် နှစ်ပတ်လည်နေ့မှာတော့ တောင်းတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တွေ၊ အမှုမရှိတဲ့ကြားက ကြံဖန် အမှုရှာတဲ့ ကြွက်တွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်တယ်ခင်ဗျ။ ပြီးတော့ စားလို့ဝါးလို့ ဝ ရဲ့သားနဲ့ နောက်လူကို ဖယ်မပေးချင်တဲ့ ကြွက်တွေကိုလည်း ရာထူးက ဖယ်ရှားပြီး တခြားကြွက်တွေကို နေရာပေးပြီး စားခိုင်းပါသေးတယ်။
ကြွက်စုတ်။ ။ သြော် ရန်ကုန်တိုင်း ကြွက်မှူးကြီးနဲ့ အဖွဲ့က ဒါကြောင့် ထွက်ပြေးရတာကိုး။
မောင်ပြူး။ ။ ဒါတင် ဘယ်ကဦးမလဲ ကျုပ်တို့ ကြွက်တွေရဲ့ ဆောင်ရွက်ချက်ကို ပြောရရင် ပြည့်တံဆာအိမ်၊ ဖဲဝိုင်း၊ အရက်ပုန်းချက်ရောင်းသူမှသည် မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ အထိ သူတို့ ပေးတာယူပြီး ခွင့်ပြုနေ ပါတယ် ခင်ဗျ။ အနှိပ်ခန်း၊ ကာရာအိုကေ၊ ချဲဒိုင်၊ နှလုံးဒိုင်၊ ဘောလုံးဒိုင် စတဲ့ကုမ္ပဏီကြီးတွေ သဒ္ဓါသရွေ့ လှူတာလေးနဲ့ အသက်ဆက်ကြရပါတယ်။
ကြွက်ချုပ်။ ။ ဟုတ်ပါတယ်။ နှစ်စဉ် မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးနေတဲ့ ပုံတွေဆိုလည်း သတင်းစာထဲမှာ အမြဲတွေ့ရမှာပါ။ အဲဒီလို အရည်အတွက်ပြည့်မီအောင် မီးရှို့ဖျက်ဆီးနိုင်ဖို့ တောင်းထားတဲ့ ပိုက်ဆံတွေနဲ့ ဒေသခံ တွေဆီက မူးယစ်ဆေးဝါးတွေ မနည်းကို လိုက်ဝယ်ရပါတယ်။ ဒါတောင် သူတို့က သိပ်ရောင်းချင်တာ မဟုတ်ဘူး ဗျ။ အကုန်မရှို့ပါဘူး နည်းနည်းလောက်ပဲရှို့ပြီး ချန်ထားပေးပါမယ်ဆိုမှ ရောင်းတာပါ။
မောင်ပြူး။ ။ ကဲ ကြွက်ချုပ်ရေ စကားပြောလို့ကလည်း ကောင်းတယ်။ အခန်းအနားက စတော့မှာထင်တယ်။ မိန့်ခွန်းပြောရဦးမယ်။ သွားကြရအောင်။ ဦးရုက္ခစိုးတို့ကို ဘာထပ်ကူညီရဦးမလဲ ပြောပါ အားမနာနဲ့နော်။
ရုက္ခစိုး။ ။ ရ … ရပါပြီ … လုံလောက်ပါပြီ။
ကြွက်ချုပ်။ ။ မလိုတော့ရင်လည်း သွားရအောင်ဝန်ကြီးရေ။
ထို့နောက် ခန်းမထဲမှ လွင့်ပျံ့လာသည့် သီချင်းကို မောင်ပြူးက ရှေ့မှ ဦးဆောင်ကာ သီဆိုရင်း လက်ကလေး ချိုးကာ၊ ချိုးကာ က၍ ထွက်သွားလေရာ ကြွက်ချုပ်ကြီးကလည်း အားကျမခံ သူ့ခန္ဓာကိုယ်ကြီးကိုမှ အားမနာ ခုန်ဆွခုန်ဆွ ပြုလုပ်၍ ဟာမိုနီလိုက်ရင်း နောက်ကလိုက်သွားလေတော့သည်။
“ကူညီပါရစေ … ကူညီပါရစေချင့် … ” “ပေး” “ကူညီပါရစေ … ကူညီပါရစေ ခင်ည” “ပေး”
အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်
ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ်ကျောင်းဆောင်၌ နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့
ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက်စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ်ကျခံစေရန် အင်းစိန် အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိသံဃာတော် (၁) ပါးအား ဆက်လက်စစ်ဆေးနေဆဲဟု ဆရာတော်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။
သံဃာတော်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအများစု သိရှိနေသော်လည်း ၎င်းသံဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူးလျှို့ဝှက်ထားသည်။
“အပရဂေါယာန ကျောင်းဆောင်ဝန်းကျင်ကို ဘယ်ဝန်ထမ်းမှ ကပ်လို့မရဘူး။ အထူးကန့်သတ်နယ်မြေပေါ့။ သံဃာတော်တွေက သက်တော် (၂၅) နှစ်ဝန်းကျင်တွေလို့ ကြားရတယ်။ သတင်းတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်ဝန်ထမ်းမှ မမြင်ဖူးကြဘူး” ဟု သာသနာရေးဝန်ကြီးဌာန အရာထမ်းတဦးက ပြောသည်။
ယခုကျန်ရှိသံဃာ (၁) ပါးအား ဆွမ်းကွမ်းဝေယျာဝစ္စကအစ သတင်းတပ်ဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး အနီးကပ်စောင့်ကြည့်စစ်ဆေးလျက်ရှ
အဆိုပါသံဃာတော်တို့သည် ပြည်ပခရီးသို့ တရားဝင်ဗီဇာများဖြင့် ထွက်ခွာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံအသီးသီးမှ ပြန်လာစဉ် သတင်းအရ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ပြည်ပနိုင်ငံအသီးသီးဟု ဆိုသော်လည်း အများစုမှာ ဘန်ကောက်ခရီးစဉ်မှ ဖြစ်နိုင်သည်ဟု သာသနာရေး ၀န်ကြီးဌာနမှ ၀န်ထမ်းများက ယူဆကြသည်။
ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူအနီး၌ ကျောင်းဆောင် (၄) ဆောင်ရှိရာ မဟာနာယကကျောင်းဆောင်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးအနက် အချို့ဆရာတော်များ သီတင်းသုံးနေသည်။ ဖမ်းဆီးထားသော သံဃာများအား စစ်ဆေးရာတွင် အပရဂေါယာနကျောင်းဆောင်ကို အသုံးပြုပြီး ယခုအခါ ပြည်တွင်းမှ ဖမ်းဆီးထားသော သံဃာတော်အချို့ ရှိနေသည်ဟုလည်း သိရသည်။
၎င်းသံဃာတော်တို့ကို စစ်ကြောရေး (သို့မဟုတ်) အင်းစိန်အကျဉ်းဦးစီးသို့ မပို့မီ အပရဂေါယာနကျောင်းဆောင်၌ ဦးစွာစစ်ဆေးလေ့ရှိကြောင်း ၀န်ထမ်းတို့က ပြောသည်။
ယခင်က သာသနာပြုဘုန်းတော်ကြီးများ ပြည်ပခရီးထွက်ခွာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာမဟာနာယက၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြရသည်။
တင်ပြချက်အပေါ် (သာ-ထွန်း-ပြန့်) မှ စိစစ်ကာ ပြည်ပသာသနာပြုခရီးထွက်ခွာခွင့်
နယ်စပ်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သည်ဆိုသော စွပ်စွဲချက်သတင်းများ ထွက်ပေါ်အပြီး သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို နေပြည်တော် (သာ-ထွန်း-ပြန့်) မှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။
အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ သာသနာရေးခွင့်ပြုချက် လက်မှတ်ထိုးပေးခဲ့သော (သာ-ထွန်း-ပြန့်) ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့်ကိုလည်း ဌာနအတွင်း အရေးယူမှု (PE-DE) ပြုရန် နအဖအာဏာပိုင်တို့မှ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။