
ဒီ အပြေးပြိုင်ပွဲ ဖြစ်မြောက်အောင် တာဝန်ယူခဲ့တဲ့ Partner အဖွဲ့ကတဆင့် နယ်စပ်ဒုက္ခသည်တွေကို ငွေကြေး ပေးပို့ ကူညီသွားဖို့ရှိကြောင်း အဲဒီအပြေးပြိုင်ပွဲမှာ ကိုယ်တိုင်ဝင်ပြေးခဲ့တဲ့ ကရင်တိုင်းရင်းသူ ဇိုရာဖန်းက ပြောပါတယ်။
ဇိုရာဖန်း။ ။“မြန်မာပြည်သူပြည်သားတွေအတွက် Run for Burma ဆိုပြီး အပြေးပြိုင်ပွဲကို ရံပုံငွေအတွက် လုပ်နေတာပါ။ ဒီရံပုံငွေကို Partner ဆိုတဲ့ အဖွဲ့အစည်းကို သူတို့လှူမယ်။ ပြီးတော့က ပြည်တွင်းထဲမှာ ဒုက္ခသည်တွေကို ပြန်ပြီးတော့ ကူညီမယ်။ အဓိကတော့ ပြည်တွင်းက IDP ရွာပုန်းရွာရှောင်တွေအတွက်ပါ။ နောက် နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေ အတွက်လည်းပါတယ်”
မြန်မာပြည်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို စကော့တလန် နိုင်ငံသားတွေ ပိုပြီး သိရှိလာစေ ဖို့အတွက် Run for Relief in Burma လို့အမည်ပေးထားတဲ့ ဒီ အပြေးပြိုင်ပွဲတွေကို လွန်ခဲ့တဲ ၂ နှစ်လောက်ကတည်းက စကော့တလန်နိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး အခုအချိန်ထိ ရံပုံငွေ ဗြိတိန် စတာလင်ပေါင် ၇၆ဝဝ ရရှိခဲ့ပြီလို့ သိရပါတယ်။
http://www.rfa.org/burmese/news မှဖြစ်ပါသည်။
No comments:
Post a Comment