Tuesday, October 6, 2009

ရန်ကုန်၊ မန္တလေး၊ စစ်တွေမြို့တွေမှာ ဆုတောင်းပွဲတွေပြုလုပ်

ရန်ကုန်၊ မန္တလေးနဲ့ စစ်တွေမြို့တွေမှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲတွေ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲတွေကို သံဃာ တော်တွေက ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ သောတုဇနဘက္ခု စာသင် သံဃာတော်များသမဂ္ဂနဲ့ ရဟန်းပျိုသမဂ္ဂက သံဃာတော်တွေက နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲကို ဒီကနေ့ နေ့လယ် ၃ နာရီခန့်မှာ ပြု လုပ်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ပုံ၊ ရွှေဝါရောင်တော်လှန်ရေးတုန်းက သံဃာ တွေ စီတန်းလှည့်လယ် နေတဲ့ပုံတွေကို လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားက ဖြန့် ဝေခဲ့ကြပါတယ်။

ဆုတောင်းပွဲမှာ ပါဝင်တဲ့ ရဟန်းပျို တပါးကတော့ ဒီကနေ့ပြုလုပ်တဲ့ အစီအစဉ်ကို အခုလို မိန့်ပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကို ခြေကျင်းတွေ ခတ်ပြီးတော့ ဖမ်းဆီးထားတဲ့ ခေါင်းဝပ်နေတဲ့ပုံ၊ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေတဲ့ပုံ၊ ကိုရင်လေးတပါးလှောင်ချိုင့်ထဲမှာ နေရတဲ့ပုံ၊ ပြီးတော့ စက်တင်ဘာတုန်းက ဆန္ဒပြနေတဲ့ပုံတွေကို ဦးဇင်းတို့ ဘုရားပေါ်မှာ ဖြန့်တယ်။ ပြီးတာ့ ဘုရားပေါ်မှာ အမွှေးတိုင်နဲ့ ဆီမီးတွေ ပူ ဇော်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ ဆု တောင်းတယ်၊ နမော်တဿ သုံးကြိမ်ကတော့ပြီးတော့ ဗုဒ စိရံတိတ္ထရုနဲ့ အဆုံးသတ်လိုက်ပါတယ်။

ဦးဇင်းတို့ အင်းအား ဘယ်လောက် ရှိပါသလဲ ဘုရား။

“သိပ်တော့ မများဘူး အင်းအားကတော့ ဦးဇင်းတို့ ဒီမှာ ၅ဝ လောက်ပဲ ရှိတယ်။

အရှင်ဘုရားတို့ လုံခြုံရေး အခြေအနေ ဘယ်လို ရှိပါသလဲ ဘုရား။

“လုံခြုံရေး အခြေအနေကတော့ သံဃာတွေစုနေတဲ့အချိန်မှာ ရဲ၊ အက်စ်ဘီ တွေက သံဃာတွေ စုနေပြီး ဘာလုပ်ကြမလဲလို့မေးတယ်။ ဦးဇင်းတို့က ဘုရားလာ ဖူးတာလို့ ပြန်ပြောလိုက်တယ်။ အနှောင့်အယှက်တော့ မရှိဘူး။ အပေါ်နဲ့အေက်မှာ လုံခြုံရေးတွေ တင်းကျပ် ချထားတာတော့ တွေ့ရတယ်။ သံဃာတော်တွေ ဆုတောင်းဝတ်ပြုနေချိန်မှာ ဟန့်တားနှောင့်ယှက်မခံရဘူးလို့ မိန့်ကြားသွားတာပါ။ ရန်ကုန်က သံဃာတွေရဲ့ လုံခြုံရေးအခြေအနေကိုလဲ အဆို ပါ ရဟန်းပျိုကဘဲ အခုလို ဆက်လက်မိန့်ကြားပါတယ်။

“ကံဆောင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ သံဃာ့နယက ထဲက ရှိတဲ့ ကျောင်းတွေကို စာတွေရောက်ထားတာ ရှိတယ်။ တခြား ကျောင်းတိုက်တွေက သံဃာတွေကို သွားပြီးတော့ ပဝါရဏာပြုတာတို့သွားလုပ်ရင် အချိန်မရွေး ဖမ်းဆီးနိုင်တယ် ဆိုတဲ့ပုံစံမျိုးတွေ ခြိမ်းခြေက်ထားတာ ရှိတယ်။ အချို့စာသင်တိုက်ကြီးတွေ ဆိုရင် ဆုတောင်းပွဲအတွက် ဘုရားပေါ်ကို ခေါ်လို့ မရဘူး။ လုံးဝ ပိတ်ထားတယ်။

သိမ်တွေမှာကော ကံဆောင်တာတွေ ရှိပါသလားဘုရား။

“ဒါကတော့ ပတ္တနိက္ကုဇ္ဇနကံ ဆိုတာ ဦးဇင်းတို့ သပိတ်မှောက် ကံဆောင်ပြီးသားပါ။ မြန်မာတနိုင်ငံလုံး ထေရဝါဒ ဗုဒ္ဒဘာသာ တခုလုံးက လူတွေ၊ သံဃာတွေ အကုန်လုံး သပိတ်မှောက်ပြီးသားလေ။

ရန်ကုန်က ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ လှိုင်နဲ့ အင်းစိန်မြို့နယ် တွေက ကျောင်းတိုက် သိမ်တွေမှာလည်း သံဃာတွေ ကံဆောင်ကြတယ်လို့ သိရပါ တယ်။ မန္တလေးမြို့မှာလည်း သံဃာတွေဟာ ရန်ကုန်ကသံဃာတွေနဲ့ တချိန်တည်း အလားတူ ဆုတောင်းပွဲတရပ်ကို ဘုရားမှာ ပြုလုပ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ပေါ်ပေါက်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး အစဖြစ်တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း ရခိုင်ပြည်လုံးဆိုင်ရာ ရဟန်းပျိုအစည်းအရုံးက သံဃာတွေ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့ကြပါတယ်။

“ဦးဇင်းတို့ရဲ့ ဒီကံဆောင်မှုကို ပြည်တွင်း ပြည်ပမှာရှိတဲ့ သံဃာတော်များနှင့်တကွ ပြည်သူ အားလုံး ဿာရဆကသအုး သြဘာ ပေးကြပါလို့ ဦးဇင်း အနေနဲ့ ပြောချင်ပါ တယ်။ ပြီးရင် ဦးဇင်းတို့ရဲ့ ဒီ ကံဆောင်မှုနဲ့အတူ၊ သံဃာ့ လှုပ်ရှားမှုနဲ့ ပြည်သူတ ရပ်လုံး မြန်မာနိုင်ငံရဲ့ ရည်မှန်းချက် အစစ်အမှန်ကို လိုလားတယ်ဆိုရင် ဦးဇင်းတို့နဲ့ အတူတကွ ပူးပေါင်းကြပါ၊ သံဃာတော်ရဲ့ တောင်းဆိုမှုကို အသက်သွင်းကြပါ လို့ ဦးဇင်းအနေနဲ့ တောင်းဆိုချင်ပါတယ်။

ရခိုင်ပြည်လုံးဆိုင်ရာ ရဟန်းပျိုအစည်းအရုံးက ကံဆောင်ပွဲတွေကို လျှို့ဝှက် ပြုလုပ်ကြသလို တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကြီးမှတဆင့် ဒီမိုက ရေစီ အသွင်ပြောင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေညာချက်တစောင်ကို ထုတ်ဝေလိုက် ပါတယ်။ အဲဒီကြေညာချက်ကို သပိတ်မှောက် ကံမဆောင်မီ လူစည်ကားရာ နေရာ တွေမှာ ဖြန့်ဝေတယ်လို့ ကံဆောင်သံဃာတပါးက မိန်းကြားပါတယ်။

သံဃာတွေရဲ့ တတိယအကြိမ် ကံဆောင်သပိတ်ကို ရဟန်းရှင်လူ ပြည်သူတရပ်လုံး အားပေးထောက်ခံဖို့နဲ့ ပူးပေါင်းပါဝင်ဖို့ကိုလည်း စစ်တွေက ကံဆောင် သံဃာတပါးက တောင်းဆိုလိုက်ပါတယ်။

သူရိန်စိုး

No comments:

Post a Comment