Monday, October 26, 2009

ဒေါ်အောင်ဆန်းစုကြည်ကို သက်ဆင်နဲ့ နှိုင်းလို့ ထိုင်းဝန်ကြီးချုပ် ကာကွယ်

အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဟွာဟင်းမြို့မှာ ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို နှိုင်းယှဉ်ပြောဆိုလိုက်တဲ့အတွက် ထိုင်းဝန်ကြီးချုပ် အဘီဆစ်က မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူနဲ့မှ နှိုင်းယှဉ် မရနိုင်ဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို လူအများက ပြောနေကြသလိုပဲ သက်ဆင်အကြောင်း ဘာကြောင့် ပြောလို့ မရနိုင်ရမှာလဲ၊ ဒါကို တခြားနိုင်ငံရဲ့အရေးကို ဝင်ရောက် စွက်ဖက်တယ်လို့ မယူဆနိုင်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် အဘီဆစ်က အခုလို တုန့်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မစ္စတာသက်ဆင်ကို လူသားချင်းစာနာတဲ့ အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ဧည့်သည်အဖြစ် ခိုလှုံခွင့်ပေးပြီး စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေးဖို့ ရာထူးကမ်းလှမ်းမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ်က နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆင်တို့ကို အခြေအနေချင်း အတူတူပဲလို့ ထင်မြင်ယူဆတဲ့သူ များများစားစား ရှိမှာမဟုတ်ကြောင်း၊ ဒီလို နှိုင်းယှဉ်ယူဆတာဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် အနေနဲ့ တကယ့် အခြေအနေကို နားလည်မှု လွဲနေတယ်ဆိုတာ ထင်ထင်ရှားရှား ပြသလိုက်တာပဲလို့လည်း ပြောဆိုသွားပါတယ်။

RFA

No comments:

Post a Comment