Friday, October 16, 2009

Generation Wave (မျိုးဆက်သစ်လူငယ်အစည်းအရုံး)က ဆက်တိုက်နေဆဲ

Generation Wave (မျိုးဆက်သစ်လူငယ်အစည်းအရုံး)


ကျနော်တို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ
အောက်တိုဘာလ ၁၅ ရက်၂၀၀၉ ခုနှစ်တွင် ရန်ကုန်- ပြည် ကားလမ်းတွင်ရှိသော ရွှေတောင်၊ ၀က်ပုတ်၊ အင်းမ၊ ပေါင်းတည်၊ နတ္တလင်း၊ ဇီကုန်း စသောမြို့  များ၏ အုတ်နံရံများ၊ အုတ်ခုံများ၊ တံတားဘောင်များတွင် FREE-GW စားတန်းအားဆေးမှုတ်၍ အဖွဲ့ဝင်များနှင့် အခြားနိုင်ငံရေးအကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုများ အားပြုလုပ်ခဲ့ပါသည်။ Generation Wave (မျိုးဆက်သစ်လူငယ်အစည်းအရုံး) အဖွဲ့ ဝင်များအား နအဖစစ်အာဏာရှင်မှ မတရားဖမ်းဆီးနှိပ်စက်ထောင်ချခြင်းအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အသိပေးအပ်ပါသည်။

www.gwave-network.co.cc မှ ဖြစ်ပါသည်။

No comments:

Post a Comment