
လက်တွဲညီကာ ဒီမိုကရေစီ တိုက်ပွဲသို့ ဦးတည်သွားလာနေသော ပြည်သူ/ပြည်သား၊ နိုင်ငံရေးသမား၊ အဖွဲ့အစည်းအသီးသီးများ နှင့် ကဏ္ဍပေါင်းစုံမှ လူတန်းစားအသီးသီးသို့ ပန်ကြားခြင်း၊
သန်းရွှေကို လူလို့မထင်လိုက်ပါနှင့်။
တကယ်တော့ သန်းရွှေဆိုတာ လူမဟုတ်ဘူး။
ဘီလူး။ တကယ့် အသားစားဘီလူး၊ ရဟန်း၊ ကျောင်းသား၊ ပြည်သူ အားလုံးစားသော ဘီလူး။
ခင်ဗျားတို့သိပါတယ်။ သန်းရွှေဆိုတာ မြန်မာပြည်အတွက် အသုံးမတည့်သော လူတစ်ယောက်။
အန္ဓပုထုဇဉ်။ ခင်ဗျားတို့လက်ခံမယ်လို့ထင်ပါတယ်။ သန်းရွှေရှိနေသမျှ မြန်မာပြည်ဟာ ဖွတ် နိုင်ငံဖြစ်နေမှာပဲ။
ဒါကြောင့် သန်းရွှေကို မြန်မာပြည်က မောင်းထုတ်ပစ်ရမယ်။ သံဃာ့တပ်ပေါင်းစုကလဲ သာသနာအဖြစ်မှ ကြဉ်ဖယ်လိုက်ပြီ။
အဲ့အတွက် သန်းရွှေသည် ဗုဒ္ဓဘာသာမဟုတ်တော့ပါဘူး။ သန်းရွှေသည် မိစ္ဆာဒိဌိ ပဲ။
သန်းရွှေကို မြန်မာပြည်က မောင်းထုတ်ကြပါစို့။
သန်းရွှေကို ပြည်သူအပေါင်းတို့ ၀ိုင်းဝန်းတိုက်ထုတ်ကြပါစို့။
သန်းရွှေ နှင့် တကွ အပေါင်းအပါတို့အား တိုက်ထုတ်ကြပါစို့။
အသုံးမကျတဲ့သူတွေ အုပ်ချုပ်နေသော မြန်မာပြည်မှ ပြည်သူပြည်သားများ လွတ်လပ်ခြင်းအငွေ့အသက်တွေကို ရှူရှိုက်ဖို့အတွက်
သန်းရွှေ နှင့် တကွ စစ်အာဏာရှင်များအား ရဟန်း၊ ရှင်လူ၊ ပြည်သူ၊ ပြည်သား၊ ကျောင်းသား၊ အလုပ်သမား၊
မြန်မာတစ်မျိုးသားလုံး ၀ိုင်းဝန်း၍ မောင်းထုတ်ကာ နိုင်ငံတကာ ကြိုးမိန့်သို့ ပို့ဆောင်ပေးကြပါ။
ကိုခမိခဆဲမှ မျှဝေပေးသည်
No comments:
Post a Comment