Wednesday, October 21, 2009

ဒီဇာတ်လမ်းနဲ့ ပက်သက်ပြီး မီဒီယာတိုက်ပွဲ ကျောင်းသားတိုက်ပွဲ ဆင်နွဲသင့်ပြီ

နအဖ က `အာရုံဦး မှာဖူးသည့်ကြာ´ဆိုတဲ့ အမည်နဲ့ ၈၈ အကြောင်း ဇက်လမ်းထွင် ရိုက်ကူးနေပါသည်။
ဒီဇာတ်ကားမှာ ဒါရိုက်တာက တင်သန်းဦး ပါ သရုပ်ဆောင်တွေကတော့ ယခုနာမယ် ကြီးနေတဲ့မင်းသား မင်းသမီးမော်ဒယ် အစုံပါပဲ ပရိတ်သတ်ကြိုက်အောင် လုပ်ထားတာပါ။ ဒီဇာတ်ကားမှာပါတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကျောင်းသားတွေက ကျောင်းသားသမဂ္ဂ၀င်းထဲတွင် ကျောင်းသား သမဂ္ဂ အလံထောင်ပြီး ရေခဲရေရောင်းတဲ့မိန်းကလေးကို ရေထဲ အဆိပ်ခတ်တယ် ဆိုပြီး ခေါင်းဖြတ်တဲ့ ရိုက်ကွင်းပါ။တကယ်လဲ ကျောင်းသား သမဂ္ဂ၀င်းထဲမှာ ရိုက်တာပါ။ သူတို့ ကတော့ လုပ်နေမှာပါပဲ ကျွန်တော်တို့တွေကလဲ ပြန်တိုက်ရမယ်။ ဒါနဲ့ပက်သက်ပြီး အကြောင်းအချက် ခိုင်ခိုင် လုံလုံ နဲ့ ပြန်တိုက်သင့်ပါတယ်။ ကျောင်းသား အမြင်နဲ့ကြည့်ရင်တော့ တော်တော့်ကို စော်ကားတယ်လို့ မြင်ပါတယ်။ ကျောင်းသားဆိုတာ အချိန်တိုင်း တိုက်ပွဲတိုင်း တော်လှန်ရေးတိုင်း အမြဲပေးဆပ်ခဲ့ကြတာပါ။ ဒီလိုတော့ မစော်ကားသင့်ဘူး လို့ထင်ပါတယ်။မီဒီယာကလည်း မီဒီယာအလျှောက် ကျောင်းသားကလဲ ကျောင်းသား အလျှောက် ပြန်တိုက်ကိုတိုက်သင့်ပါတယ်။


ဖိုးရှုပ်လေး

1 comment:

  1. အော်ဖြစ်မှဖြစ်ရလေ သူတို့ကများ ရိုက်ရဲသေးတယ် ရွာတွေ မီးရို့တာ မုဒိမ်းကျင့်တာ သံဃာသတ်တာတွေကိုလဲ ရိုက်ပြသင့်တယ်လေ..၀င်သရုပ်ဆောင်တဲ့သူတွေလည်း တော်တော်ဦးနှောက်မဲ့တာပဲ..

    ReplyDelete